
အပျိုစင်သင်္ကတဖြစ်တဲ့ Virgos တွေဟာ စွမ်းအားကြီးတယ်လို့ သိကြပါတယ်။ သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ကြားမွေးဖွားသူတွေဟာ ဒီကြယ်လက္ခဏာအောက်မှာ ကျရောက်ပါတယ်။ ကမ္ဘာမြေသင်္ကတ(Earth sign)တစ်ခုအနေနဲ့ ကန်ရာသီဖွားတွေဟာ နှိမ့်ချမှုရှိတယ်၊ လက်တွေ့ကျပြီး ယုံကြည်စိတ်ချရသူတွေ ဖြစ်ကြပါတယ်။ သူတို့မှာ တာဝန်သိစိတ်ရှိကြပါတယ်။ သူတစ်ပါးကို ကူညီရာမှာ ယုံကြည်ချက်ရှိပါတယ်။ သူတို့ရဲ့ တည်ငြိမ်မှုနဲ့ စနစ်တကျရှိတဲ့ သဘာဝက သူတို့ကို ထူးချွန်တဲ့ မန်နေဂျာတွေ ဖြစ်စေပါတယ်။ ဒီရာသီခွင်တွေဟာ ပေးကမ်းခြင်းသဘောသဘာဝရှိပြီး အချစ်ကြီးတယ်လို့ အများသိကြပါတယ်။ သို့သော် ကန်ရာသီဖွားတွေမှာ တခြား နေလက္ခဏာ(sun sign) တွေလို အားနည်းချက်အချို့လည်းရှိပါတယ်။ သူတို့ဟာ ပြီးပြည့်စုံသောဝါဒီ(perfectionists )တွေ ဖြစ်နိုင်ပါတယ်။

ကန်ရာသီဖွားရဲ့ မကောင်းသော အမူအကျင့် (၁၅)ချက်
ကန်ရာသီဖွားတွေမှာ အပြုသဘောဆောင်တဲ့ စရိုက်လက္ခဏာများရှိသလို နက္ခတ်ဗေဒင်အရ သူတို့ရဲ့ စွမ်းရည် အပြည့်အဝရရှိခြင်းကနေ Virgo ကိုကျောခိုင်းသွားနိုင်တဲ့ အားနည်းသော စရိုက်လက္ခဏာ အနည်းငယ်လည်းရှိပါတယ်။
၁။ သူတို့က အမှားတစ်ခုအတွက် ခရေစေ့တွင်းကျလိုက်သူတွေပါ
ကန်ရာသီဖွားတွေက မဖြစ်နိုင်တဲ့ မြင့်မားသော စံနှုန်းဖြင့် သူတို့ကိုယ်သူတို့ ထိန်းထားပါတယ်။ သူတို့က အရာအားလုံးကို ပြီးပြည့်စုံချင်ကြပါတယ်။ ပြီးပြည့်စုံမှုကို ရှာဖွေဖို့ အရာရာကို over-analyze လုပ်တတ်ကြပါတယ်။ သူတို့က အလုပ်တွေမှာ ထူးချွန်နေတတ်ပေမယ့် လုပ်ငန်းစဉ်တွေမှာ သူတို့ကိုယ်သူတို့ လွန်လွန်ကဲကဲ ဖိအားပေးတတ်ကြပါတယ်။ ကန်ရာသီဖွားတွေဟာ အကောင်းဆုံး ရလဒ်ကို ရရှိဖို့ သူတို့ကိုယ်သူတို့ ပြန်းထန်စွာ အကဲဖြတ်တတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ မလိုအပ်ဘဲ စိတ်ဖိစီးမှုများလာကြပါတယ်။

၂။ သူတို့က အလွန်အမင်း အပြစ်ရှာသူ ဖြစ်နိုင်ပါတယ်
ဘာမှမလုပ်ခင်မှာ ကန်ရာသီဖွားတွေဟာ သူတို့လုပ်သမျှ မှန်တယ်ဆိုတာကို သေချာစေဖို့ သုတေသနများစွာ လုပ်တတ်ကြပါတယ်။ Virgo တွေဟာ သူတို့ပတ်ဝန်းကျင်က လူတွေ သူတို့အတိုင်းမလုပ်ရင် အဲဒီ့လူရဲ့ အရည်အချင်းကို အကဲဖြတ်၊ ဝေဖန်နိုင်ပါတယ်။ ဝေဖန်မှုတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က အဲ့ဒီလူတွေကို ထိခိုက်စေဖို့ မဟုတ်ဘဲ သူတို့ မှန်မှန်ကန်ကန်လုပ်အောင် ကူညီဖို့ပါပဲ။ သူတို့ရဲ့ထက်မြတ်ပြီး ဝေဖန်ပိုင်းခြားနိုင်သော စဉ်းစားတွေးခေါ်နိုင်စွမ်းကြောင့် ကန်ရာသီဖွားတွေဟာ အခြားသူတွေ လွဲချော်နိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို မကြာခဏ သတိပြုမိတတ်ကြပါတယ်။ သူတို့မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိပေမယ့် ကန်ရာသီဖွားတွေဟာ သူတစ်ပါးကို ဝေဖန်တတ်သူတွေအဖြစ် မကြာခဏ ကြုံရပါတယ်။
၃။ သူတို့ကို အပိုစွမ်းအင်မရှိသူတွေအဖြစ် တွေ့ရနိုင်ပါတယ်
ကန်ရာသီဖွားတွေဟာ စနစ်ဇယားကျတဲ့ ဘဝကို ဦးဆောင်နေတတ်ပြီး အရာအားလုံးကို စေ့စပ်သေချာစွာ plan ချတတ်ကြပါတယ်။ များသောအားဖြင့် သူတို့က အလုပ်အရမ်းများနေတတ်ပြီး သူတို့ဘဝရဲ့ ကဏ္ဍတိုင်းကို ထိန်းချုပ်နေတတ်လို့ ပျော်ဖို့တောင် မေ့နေတတ်ကြပါတယ်။ အသေးအမွှားကိစ္စလေးတွေကတောင် သူတို့ရဲ့ စိတ်အေးချမ်းမှုကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ ခဏလောက် အနားရအောင် စိုးရိမ်ပူပန်မှုတွေကို လွှတ်ချဖို့က သူတို့အတွက် ခက်ခဲနိုင်ပါတယ်။

၄။ သူတို့က ကြေးများသူတွေ ဖြစ်နိုင်ပါတယ်
သူတို့က ဘဝမှာ အရာအားလုံးကို ဇီဇာကြောင်နိုင်ပါတယ်။ လက်တွေ့ဆန်ခြင်းက သူတို့ရဲ့ စိတ်ခံစားချက်တွေကို အလွယ်တကူ ဘေးဖယ်ထားနိုင်ပါတယ်။ အဲ့ဒါက သူတို့ကို အရာအားလုံးနှင့်ပတ်သတ်ပြီး သေးသိမ်စွာ အပြစ်ရှာဖို့ ဖြစ်ပေါ်စေပါတယ်။ ဒါက သူတို့ကို အလိုက်ဖက်ဆုံးလက်တွဲဖော်ကို ရွေးချယ်ဖို့ ကူညီကောင်း ကူညီနိုင်ပေမယ့် သူတို့ရဲ့ ကောင်းကင်လောက်မြင့်မားတဲ့ စံနှုန်းတွေနဲ့ လူတစ်ယောက်ကို ရှာဖို့ဆိုတာ သူတို့အတွက် အချိန်ကြာနိုင်ပါတယ်။
၅။ သူတို့က ဘဝမှာ မကျေမနပ် ဖြစ်နိုင်ပါတယ်
ကန်ရာသီဖွားတွေက သူတို့အတွက်နဲ့ သူတို့နားက တခြားသူတွေအတွက်ပါ မြင့်မားတဲ့ စံနှုန်းတွေ ချမှတ်တတ်ပါတယ်။ သို့သော် သူတို့ရဲ့စံနှုန်းတွေက ပြည့်မီဖို့ မဖြစ်နိုင်တာကြောင့် အားမရတာမျိုး၊ မကျေနပ်တာမျိုး ဖြစ်ပေါ်စေပါတယ်။ သူတို့ရဲ့ သတိပြုမိတတ်ခြင်းက အခြားသူတွေရဲ့ အားနည်းချက်တွေကို အလွယ်တကူ ဖော်ထုတ်နိုင်ပါတယ်။
၆။ သူတို့က ခေါင်းမာနိုင်ပါတယ်
ကန်ရာသီဖွားတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို အတွေးများစွာ ထည့်သွင်းတတ်ပါတယ်။ သူတို့ဟာ အများဆန္ဒမရခင် အသေးစိတ်အားလုံးကို ချိန်ဆတတ်ကြပါတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ပါတယ်။ ဒါပေမယ့် သူတို့တစ်ခုခုကို ဆုံးဖြတ်ချက်ချပြီးရင် အဲ့ဒါကိုပဲ စွဲစွဲမြဲမြဲ ရှိနေတတ်ပါတယ်။ သူတို့က အခြေအနေများစွာမှာ အကောင်းဆုံးကို သိကောင်းသိနိုင်ပေမယ့် အမှားတွေကိုလည်း ကျူးလွန်တတ်ကြပါတယ်။ သို့သော် ကန်ရာသီဖွားတွေက သူတို့အမှားတွေကို လက်ခံဖို့ အခက်အခဲရှိတတ်ပါတယ်။ သူတို့ရဲ့ ယုံကြည်ချက်တွေကို ပြောင်းလဲဖို့ အခက်အခဲရှိတဲ့အတွက် တစ်ယောက်ယောက်က အမြင်မတူတာ တင်ပြရင်တောင် ဒေါသထွက်တတ်ကြပါတယ်။ နောက်တစ်ခုက ကန်ရာသီဖွားတွေဟာ စိတ်မထင်ရင် မထင်သလို ကလန်ကဆန်လုပ်တတ်ကြပါသေးတယ်။

၇။ သူတို့က အလွန်အမင်း ညှာတာတတ်ကြပါတယ်
ကန်ရာသီဖွားတွေဟာ ယုံကြည်စိတ်ချရပြီး လူတွေကို ကူညီဖို့ အလွန်အကျွံ အရေးတယူရှိတတ်ကြပါတယ်။ သူတို့ချစ်ရတဲ့သူတွေမှာ ပြဿနာရှိနေရင် ကိုယ်ကျိုးမငဲ့ဘဲ ဖြေရှင်းဖို့ ကြိုးစားတတ်ကြပါတယ်။ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းကို အမြဲတမ်းပျော်ရွှင်အောင် လုပ်ရတာကို နှစ်သက်ပါတယ်။ ဒါပေမယ့် လူတိုင်းကို ပျော်ရွှင်အောင် ကြိုးစားရာမှာ ကန်ရာသီတွေဟာ တစ်ခါတစ်ရံ ကိုယ့်အတွက်ကိုယ် လုပ်ဖို့မေ့နေနိုင်ပါတယ်။
၈။ သူတို့က အရမ်းအမှီအခိုကင်းသူတွေ ဖြစ်နိုင်ပါတယ်
ကန်ရာသီတွေဟာ မှန်ကန်တဲ့အရာတွေကို ပြုလုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ့်ဘာသာကိုယ် လုပ်ရမယ်လို့ မကြာခဏ ယုံကြည်ကြပါတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ ‘မရဲဘဲနဲ့ ကျွဲပြဲစီးသလို’ မနိုင်နင်းမှန်းသိလျက်နဲ့ ဒုက္ခတွေ့နိုင်သည့် ကိစ္စကို မဝံမရဲ လုပ်မိစေနိုင်ပါတယ်။ သူတို့ဟာ ခက်ခဲတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖို့ အတော်လေး အစွမ်းအစရှိပေမယ့် တစ်ခါတရံမှာ စိတ်ထိခိုက်မှုကို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် အကူအညီရှာမယ့်အစား သူတို့က တတ်လမ်းတိုင်းကို စူးစမ်းဖို့ ၊ ကိုယ့်အခြေအနေကိုယ် စိစစ်ဖို့ ရွေးချယ်တတ်ကြပါတယ်။
၉။ သူတို့က လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲပါတယ်
ကန်ရာသီဖွားတွေဟာ ဘဝမှာ Plan တစ်ခုရှိပြီး အဲဒါကိုပဲ ဆုပ်ကိုင်ထားတတ်ပါတယ်။ ချောမွေ့သော ခရီးလမ်းတစ်ခု ရှိပြီး ခလုတ်ကန်သင်းတွေကို ရှောင်ရှားဖို့ အရာအားလုံးကို စနစ်တကျ organize လုပ်တတ်ကြပါတယ်။ သူတို့ရဲ့ comfort zone ကိုကျော်လွန်းတာမျိုး မကြိုက်ကြတာကြောင့် မမျှော်လင့်ထားတဲ့ စိန်ခခေါ်မှုမှန်သမျှကို ကိုင်တွယ်ဖို့ သူတို့အတွက် ခက်ခဲနိုင်ပါတယ်။ သူတို့က အနည်းငယ်ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာမှာ အဆင်ပြေသော်လည်း သူတို့က ကောင်းမွန်စွာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ လိုက်ချင်ကြပါတယ်။ မရင်းနှီးသော အခြေအနေတွေက သူတို့အတွက် ခြိမ်းခြောက်မှု ဖြစ်နိုင်ပါတယ်။ ကန်ရာသီဖွားတစ်ယောက်ကို ကောက်ခါငင်ကာ စွန့်စားခရီးသွားဖို့ သင်သွားဖိတ်ရင် သူတို့ပါဝင်ဖို့ ဝန်လေးနေနိုင်ပါတယ်။

၁၀။ သူတို့က self-esteem နည်းနိုင်ပါတယ်
သူတို့က တတ်နိုင်သလောက် ရလဒ်ကောင်းရဖို့ မဆုတ်မနစ် အလုပ်လုပ်တတ်ကြပြီး အကောင်းဆုံးတွေကိုပဲ ပေးဖို့ အမြဲကြိုးစားတတ်ကြပါတယ်။ ကန်ရာသီဖွားတွေဟာ သူတို့ရဲ့ မျှော်မှန်းချက်တွေ ပျက်တဲ့အခါတိုင်း သူတို့ရဲ့ self-esteem ကို ထိခိုက်စေနိုင်ပါတယ်။ ပြီးပြည့်စုံခြင်းအတွက် ကြိုးပမ်းမှုက သူတို့ရဲ့အတ္တတွေကို ပျက်စီးလွယ်စေပါတယ်။ ဒါ့ကြောင့် ဘယ်တုံ့ပြန်ချက်ကိုမဆို အပြုသဘောဆောင်ပြီးယူဖို့ သူတို့အတွက် ခက်ခဲနိုင်ပါတယ်။ သူတို့က ဝေဖန်မှုတွေ၊ အပျက်သဘောဆောင်တဲ့ ဝေဖန်ချက်တွေကို ထိလွယ်ရှလွယ်ပါတယ်။ ကန်ရာသီဖွားတွေဟာ ချစ်ချင်ကြတယ်၊ အချစ်ခံချင်ကြပါတယ်။ ဒါ့ကြောင့် တစ်စုံတစ်ယောက်က သူတို့ကို ငြင်းလိုက်ရင် စိတ်ဓါတ်ကျသွားနိုင်ပါတယ်၊
၁၁။ သူတို့က အေးတိအေးစက်နိုင်ပါတယ်
ကန်ရာသီဖွားတွေဟာ နှလုံးသားထက် ဦးနှောက်နဲ့ ဦးဆောင်ပါတယ်။ ဒါပေမယ့် အပြင်ပန်းဝေဖန်မှုတွေ၊ အခက်အခဲတွေအောက်မှာ သူတို့ဟာ ထိခိုက်လွယ်နိုင်တဲ့ သိမ်မွေ့သော နှလုံးသားတစ်ခုရှိပါတယ်။ ဒါ့ကြောင့် သူတို့ကိုယ်သူတို့ ထိခိုက်နာကျင်မှုကနေ ကာကွယ်ဖို့ သူတို့အနေနဲ့ ဖွင့်ပြောဖို့ အချိန်ယူရပါတယ်။ သူတို့က မနီးစပ်ခင်မှာ အဲဒီလူနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို အကဲဖြတ်တတ်ကြပါတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ အေးစက်စက်နိုင်ပြီး ဝေးကွာသလို ဖြစ်စေနိုင်ပါတယ်။ သူတို့ရဲ့ နှလုံးသားကို ဖွင့်ပေးပြီး တခြားသူကို ဝင်ခွင့်ပြုရင်တောင် ကန်ရာသီဖွားတွေက သူတို့ရဲ့ခံစားချက်အစစ်အမှန်ကို ထုတ်ဖော်ပြောဖို မလွယ်ကူပါဘူး။ အားနည်းချက်ဖြစ်ခြင်းက သူတို့ကို ကြောက်ရွံ့စေပြီး သူတို့ရဲ့ ခံစားချက်အစစ်အမှန်ကို ထုတ်ဖော်ဖို့ ခက်ခဲစေပါတယ်။

၁၂။ သူတိုက အတွေးလွန်လေ့ရှိပါတယ်
ကန်ရာသီဖွားတွေက ဘယ်ဆုံးဖြတ်ချက်ကိုမဆို မဆုံးဖြတ်ခင် ဖြစ်နိုင်သမျှ ရှု့ထောင့်အမျိုးမျိုးကနေ အခြေအနေကို ကြည်ပါတယ်၊ ရလဒ်အနေနဲ့ သူတို့ဟာ အတွေးလွန်သွားနိုင်ပါတယ်။ သူတို့ဟာ အတိတ်က အမှားတစ်ခုအတွက် ဆွေးနွေးဖို့ နာရီပေါင်းများစွာ အချိန်ဖြုန်းနိုင်ပါတယ်။။ အလွန်အကျွံစားမြုံ့ပြန်ခြင်းက အသေးအမွှားကိစ္စတွေနဲ့ ပတ်သတ်လို့ စိတ်ဖိစီးမှုအရမ်းဖြစ်စေပြီး သူတို့ကို အိပ်ရေးပျက်စေနိုင်ပါတယ်။
၁၃။ သူတို့က အရမ်းသံသယဝင်တတ်ကြပါတယ်
ကန်ရာသီဖွားတွေမှာ ခွဲခြားစိတ်ဖြာနိုင်သော စိတ်နဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် သူတို့ဟာ တစ်ခုခုဆိုရင် သက်သေသာဓက ခိုင်မာမှသာ ယုံကြည်ကြပါတယ်၊ အတင်းအဖျင်းတွေနဲ့ တဆင့်စကားတွေကို နားမယောင်တတ်ကြပါဘူး။ ပရော်ဖက်ရှင်နယ်ပဲဖြစ်ဖြစ်၊ ပါစင်နယ်ပဲဖြစ်ဖြစ် ဘယ် relationship မှာမဆို ယုံကြည်မှုက အရေးကြီးပါတယ်။ တကယ်လို့ ကန်ရာသီဖွားက တခြားသူတွေ ပြောတဲ့၊ လုပ်တဲ့အရာမှန်သမျှကို အဆက်မပြတ်မေးနေရင် သူတို့ နာကျင်ပြီး စိတ်မကျေမနပ် ဖြစ်စေခဲ့နိုင်ပါတယ်။
၁၄။ သန့်ရှင်းမှုနှင့်ပတ်သတ်ပြီး အစွဲအလမ်းကြီးတတ်ကြပါတယ်
ကန်ရာသီဖွားတွေက တစ်ကိုယ်ရေသန့်ရှင်းမှုမှာ စည်းကမ်းကလနားကြီးသူတွေပါ။ သူတို့က ရှုပ်ပွနေတဲ့အရာတွေကို ရှင်းလင်းပြီး အရာအားလုံးကို သပ်သပ်ရပ်ရပါနဲ့ စနစ်တကျ စီစည်တတ်ကြပါတယ်။ ပတ်ဝန်းကျင်ကို သပ်ရပ်နေစေလိုတဲ့ ဆန္ဒက လေးစားစရာကောင်းတဲ့ အရာတစ်ခုဖြစ်သော်လည်း ကန်ရာသီဖွားတွေဟာ တစ်ခါတစ်ရံမှာ အလှမ်းကွာလွန်းပါတယ်။ သူတို့နားမှာ စိတ်ညစ်စရာတွေတွေ့ရင် စိတ်ပျက်ပြီး အကြောင်းမဲ့ ကြောက်နေနိုင်ပါတယ်။

၁၅။ သူတို့က ကပ်စေးနှဲသူတွေ ဖြစ်နိုင်ပါတယ်
ကန်ရာသီဖွားတွေက တခြားအရာတွေလိုပဲ ငွေနှင့်ပတ်သတ်လာရင် ဂရုစိုက်တတ်ကြပါတယ်။ သူတို့က အသုံးစရိတ်ထဲကို အတွေးအများကြီး ထည့်တယ်၊ အများဆုံးပြန်လည်ရရှိဖို့အတွက် ရင်းနှီးမြှုပ်နှံတတ်တယ်။ ဒီအချက်က သူတို့ရဲ့လက်တွေ့ကျသောစရိုက်ကနေ အဓိက အရင်းခံပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အဆိုးဆုံးဖြစ်နိုင်ချေရှိတဲ့ အခြေအနေအတွက် အမြဲစီစဉ်တတ်ပြီး ငွေကို ပုံမှန်အတိုင်း သုံးစွဲတတ်ပါတယ်။ သို့သော် ပိုက်ဆံအိတ်ဖွင့်ဖို့ တုံ့ဆိုင်းနေတတ်ကြပြီး ငွေနဲ့ပတ်သတ်လို့ အမြဲပူပင်သောက ရှိနေတတ်ပါတယ်။ သူတို့ပတ်ဝန်းကျင်က လူတွေက သူတို့ကို “ကပ်စေးနှဲသူ”အဖြစ် တံဆိပ်ကပ်စေနိုင်ပါတယ်။
Sun sign ကန်ရာသီဖွားတွေက ယေဘုယျ ချို့ယွင်းချက်တွေနဲ့ ဆက်စပ်နေနိင်သော်လည်း ကန်ရာသီဖွားတိုင်းက ဒီအပျက်သဘောဆောင်တဲ့ အပြုအမှုတွေတစ်ခုစီကို ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို မောင်းနှင်စေတဲ့ sun sign တွေထက် ကျော်လွန်သော အချက်များစွာ ရှိပါတယ်။ သင်သိတဲ့ ကန်ရာသီဖွားတစ်ယောက်မှာ ဒီချို့ယွင်းချက်တစ်ချို့ကို မြင်ရင်တောင် ဒါက သူတို့ရဲ့ စရိုက်လက္ခဏာတစ်ခုပဲဆိုတာ သတိရဖို့ အရေးကြီးပါတယ်။ သူတို့မှာ လူတစ်ယောက်ရဲ့ အမြတ်နိုးရဆုံးပုဂ္ဂိုလ်ဖြစ်စေတဲ့၊ သစ္စာရှိသော သူငယ်ချင်းတစ်ယောက်ဖြစ်စေတဲ့ အပြုသဘောဆောင်သော အရည်အသွေးတွေ အများကြီးရှိပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-momjunction.