တူရာသီဖွားတွေရဲ့ အပျက်သဘောဆောင်သော အမူအကျင့်(၆)ချက်
lifestylemyanmar.com
|
2021-09-13

စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃ အတွင်း မွေးဖွားတဲ့ တူရာသီခွင်(Libra)ဟာ ကုံနဲ့ မေထုန်ရာသီခွင်တွေလိုပဲ လေဓါတ်ကြီးစိုးပါတယ်။ တူရာသီရဲ့ ကိုယ်ရည်ကိုယ်သွေးက လွတ်လပ်တက်ကြွပြီး ချည်နှောင်မှုကို မနှစ်သက်ပါဘူး။ သူတို့က ခံစားမှုကို ဖော်ပြနိုင်စွမ်းရှိသူ၊ စိတ်ကူးဉာဏ်ရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့ပတ်ဝန်းကျင်ကသူတွေကို ပေးကမ်းရက်ရောမှုတွေမှတဆင့် သူတို့ရဲ့နှလုံးသားကို ဖွင့်ပေးဖို့ အမြဲဆန္ဒရှိကြပါတယ်။

တူရာသီဟာ နက္ခတ်ဗေဒင်မှာ ၇ခုမြောက် ရာသီလက္ခဏာဖြစ်ပြီး relationships ၊ partnerships တို့နဲ့ဆက်စပ်နေပါတယ်။ ဗီးနပ်စ်အုပ်ချုပ်တဲ့ တူရာသီဟာ အချစ်နဲ့ အလှတရားကို တန်ဖိုးထားသော ရာသီခွင်တွေထဲမှ တစ်ခုဖြစ်ပါတယ်။ တူရာသီဖွားအများစုဟာ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ အကျည်းတန်မယ့် အခြေအနေတွေကို ရှောင်ရှားတတ်ကြပါတယ်။

တူရာသီဖွားတွေဟာ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကနေ အလုပ်အကိုင်တွေအထိ သူတို့ဘဝရဲ့ရှု့ထောင့်အားလုံးမှာ အေးချမ်းစေဖို့အတွက် ကြိုးစားကြပါလိမ့်မယ်။ သူတို့က လူတိုင်းကို အေးအေးဆေးဆေးနဲ့ အေးအေးချမ်းချမ်း နေစေချင်တာကြောင့် သူတို့က သူငယ်ချင်းအသိုင်းအဝိုင်းမှာ ငြိမ်းချမ်းရေးကို ဖန်တီးကြသူတွေ ဖြစ်ကြပါတယ်။ ရလဒ်အနေနဲ့ သူတို့ကို နှစ်လိုဖွယ်အကောင်းဆုံးလူတွေအဖြစ် မြင်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့အပြုသဘောဆောင်တဲ့ စရိုက်တွေကို အကူအညီဖြစ်စေတဲ့အပြင် အန္တရာယ်လည်း ဖြစ်စေနိုင်တဲ့ မကောင်းသောစရိုက်လက္ခဏာအချို့လည်း ရှိနေပါတယ်။

တူရာသီခွင်တွေရဲ့ အပျက်သဘောဆောင်သော အပြုအမှု (၆)ချက်

၁။ မိမိကိုယ်ကို အလိုလိုက်ခြင်း

တူရာသီဖွားတွေဟာ များသောအားဖြင့် အခန်းထဲမှာ အရက်ရောဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ တူရာသီဖွားတွေဟာ လုပ်ပိုင်ခွင့်ရှိရင် လူတစ်ယောက်ကို သူတို့လိုအပ်တဲ့အချိန်မှာ သူတို့လိုအပ်တာကိုပေးဖို့ တွန့်ဆုတ်နေမယ့် လူမျိုးမဟုတ်ပါဘူး။ သို့သော် တူရာသီဖွားတွေက မယုံနိုင်လောက်အောင် မိမိကိုယ်ကို စိတ်အလိုလိုက်နိုင်ပါတယ်။ သူတို့က ဘဝမှာ အကောင်းဆုံးအရာတွေကိုသာ နှစ်သက်ပါတယ်။ ဖက်ရှင်အသစ်တွေ၊ ပရိဘောဂသစ်တွေကို ဝယ်ဖို့ဆိုရင် သူတို့ရဲ့ ပေးကမ်းစွန့်ကြဲမှုဘက်ကို လျစ်လျူရှုဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။

၂။ ရေပေါ်ဆီ ဖြစ်ခြင်း

တူရာသီဖွားတွေဟာ ဘဝရဲ့အလှတရားကို နှစ်သက်တတ်ကြပါတယ်။ သူတို့ဟာ နယ်ပယ်တစ်ခုမှာ ခရမ်းရောင်ကို အသိအမှတ်ပြုတဲ့(သို့) ရုပ်ပုံကားတစ်ခုရဲ့ outlines(အကြမ်းဖျင်း) ကို တန်ဖိုးထားတဲ့ ပထမဆုံးသောသူ ဖြစ်ပါလိမ့်မယ်။ သူတို့ဟာ အလှအပကို နှစ်သက်ခြင်းဖြင့် စွဲလမ်းမှုတစ်ခု ရလာကြပါတယ်။ အဲ့ဒီစွဲလမ်းမှုက တူရာသီတွေအား လှတာမတွေ့ရင် ရှောင်ရှားတဲ့နေရာမှာ သူတစ်ပါးကို ဝေဖန်တဲ့ အပြုအမှုတွေကို ဦးတည်စေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အခြားသူတွေရဲ့ အသွင်အပြင်ကို ဝေဖန်တာမျိုး ပြုလုပ်လာနိုင်ပါတယ်။

၃။ ဂရုမစိုက်တတ်ခြင်း

စိတ်ခံစားမှု အရမ်းများတဲ့ လက္ခဏာတစ်ခုဆိုတာ သိကြပေမယ့်လည်း တူရာသီဖွားတွေဟာ လွယ်လွယ် အဆက်ဖြတ်နိုင်ကြပါတယ်။ သူတို့ကို ချစ်ခြင်းမေတ္တာနဲ့ တုံ့ပြန်ဖို့ သင်သိနိုင်တဲ့အခြေအနေမျိုးမှာ သူတို့က သူတို့စိတ်မဝင်စားတဲ့ အရာတစ်ခုအနေနဲ့ specific အခြေအနေလို့ ယူဆခဲ့ရင် ဘယ်အရာကိုမှ အာရုံမစိုက်တော့ပါဘူး။ ဒါက သူတို့ပတ်ဝန်းကျင်က ဖြစ်ရပ်မှန်တွေကို မကြာခဏ မျက်ကွယ်ပြုစေနိုင်ပါတယ်။

၄။ စိတ်ပိုင်းမဖြတ်နိုင်ခြင်း

ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီမှု ထိန်းသိမ်းခြင်းအတွက် ရှာဖွေရာမှာ တူရာသီဖွားတွေဟာ ဆုံးဖြတ်ချက် မပြတ်သားတတ်ကြပါဘူး။ ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်ချဖို့ မိနစ်ပေါင်းများစွာ ကြာပါလိမ့်မယ်။ ဝါယောဓါတ်ရဲ့ အပြောင်းအလဲမြန်သော သဘာဝကြောင့် သူတို့ဟာ ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်ကို တခြားဆုံးဖြတ်ချက်သို့ ပြောင်းလဲပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ စိတ်ပျက်စရာကောင်းနိုင်တဲ့ ယခင်ဆုံးဖြတ်ချက်ကို ပြန်သွားတတ်ပါတယ်။

၅။ အာဃာတထားတတ်ခြင်း

တူရာသီဖွားတွေက များသောအားဖြင့် ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ နှစ်သက်ကြပေမယ့် တစ်ခါတစ်ရံမှာ ဒေါသထွက်နေလေ့ရှိပါတယ်။ ဒီအရာက သူတို့ကို အာဃာတကြီးတဲ့ အပြုအမှုကို ဖြစ်ပေါ်စေပါလိမ့်မယ်။ တစ်စုံတစ်ယောက်က သူတို့ကို အမှားလုပ်ခဲ့တယ်(သို့) သူတို့ရဲ့ သံသယတွေက မှန်တယ်လို့ ခံစားရရင် တူရာသီဖွားတွေဟာ အဲ့ဒီလူနဲ့ပဲ လက်တွဲဖို့တောင် ကြိုးစားပါလိမ့်မယ်။ သူတို့ဟာ ကြိုးကိုင်ခြယ်လှယ်တတ်သူတွေ ဖြစ်လာနိုင်ပါတယ်၊ ဒါက အများအားဖြင့် ဒီရာသီခွင်တွေမှာ တွေ့ရလေ့မရှိတဲ့အရာ ဖြစ်ပါတယ်။

၆။ ထိန်းချုပ်ခြင်း

တူရာသီဖွားတွေဟာ သူတို့ရဲ့ပြဿနာအားလုံးအတွက် ငြိမ်းချမ်းသော အဖြေရှာနည်းတွေ တောင်းဆိုရာမှာ အာဏာရှင်ဆန်တတ်ပါတယ်။ ပဋိပက္ခမှန်သမျှကို အဆုံးသတ်ဖို့ မှန်ကန်တဲ့ နည်းလမ်းလို့ သူတို့ယုံကြည်ရာကို အခိုင်အမာပြောရဲကြပါတယ်။ သူတို့ပြောနေတဲ့စကားတွေကို လူတွေ မလိုက်နာဘူးဆိုရင် သူတို့လမ်းကြောင်းပေါ်ကို ရောက်အောင် အခြေအနေတွေကို ချယ်လှယ်ဖို့ သူတို့ရဲ့ ဆွဲဆောင်မှုကို သုံးရတဲ့အထိ ဒေါသထွက်မှာကို သိကြပါတယ်။

ရာသီခွင်လက္ခဏာအားလုံးလိုပဲ တူရာသီဖွားတွေဟာ ရှုပ်ထွေးကြပါတယ်။ သူတို့ရဲ့ negativeဆန်တဲ့ စရိုက်လက္ခဏာတွေက ကြောက်စရာကောင်းပေမယ့် သူတို့က အဆိုးမြင်စိတ်တွေနဲ့ အမြဲရှေ့ဆက်နေတာ မဟုတ်ပါဘူး။ အမှန်တော့ သူတို့ရဲ့ အကောင်းတွေကျန်နေဖို့ ဆန္ဒက အရမ်းလွှမ်းမိုးတာကြောင့် သူတို့ရဲ့ အပျက်သဘောလက္ခဏာတွေကို သိပ်မတွေ့ရတတ်ပါဘူး။

Lifestyle_Myanmar

LM_Nandar

Source-yourtango


#ရာသီခွင်
#စက်တင်ဘာ

Some text some message..