Germini (မေထုန်ရာသီဖွား)တစ်ယောက်ရဲ့ အပြုသဘောဆောင်သော ကိုယ်ရည်ကိုယ်သွေးလက္ခဏာ (၁၀) ချက်
lifestylemyanmar.com
|
2021-09-13

Gemini ရာသီဖွားဆိုတာ မေလေ ၂၂ ရက်ကနေ ဇွန် ၂၀ ရက်အတွင်း မွေးဖွားသောသူမျိုးကို ဆိုလိုပါတယ်။ Gemini ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့ရာသီခွင်တွေကတော့ Scorpio, Aries, Aquarius, Libra , Leo, Sagittarius တို့ပဲဖြစ်ပါတယ်။ မလိုက်ဖက်တဲ့ ရာသီခွင်တွေကတော့ Pisces, Virgo, Capricorn, Taurus တို့ပဲဖြစ်ပါတယ်။ မေထုန်ရာသီဖွားတွေဟာ တော်တော်လေးစိတ်ဝင်စားစရာကောင်းသော အကျင့်လက္ခဏာတွေရှိနေကြပါတယ်။

အောင်မြင်ကျော်ကြားတဲ့ မေထုန်ရာသီဖွားတွေကတော့ – Angelina Jolie, Venus Williams, Marilyn Monroe, Kanye West, Donald Trump တို့ဖြစ်ပါတယ်။

မေထုန်ရာသီဖွားတစ်ယောက်ရဲ့ အပြုသဘောဆောင်သော ကိုယ်ရည်ကိုယ်သွေး(၁၀) ချက်

၁။ လူမှုရေးလိပ်ပြာတစ်ကောင်ဖြစ်ပြီး ပါတီတွေရဲ့ အသက်ဖြစ်ပါတယ်


မေထုန်ရာသီဖွားတွေမှာ introvert ဆိုတာ အတော်လေးရှားပါတယ်။ ဒီရာသီခွင်က လူသစ်တွေနဲ့ တွေ့ဆုံပြီး အချိန်ဖြုန်းရတာကို တော်တော်လေးသဘောကျတဲ့ ရာသီခွင်ဖြစ်ပါတယ်။ တစ်ယောက်တည်းနေရတာထက် အမြဲလူအုပ်ကြီးနဲ့ ဝန်းရံနေရတာကို ကြိုက်သူမျိုးပါ။

မွေးဖွားလာတဲ့နေ့ကတည်းက လူအများရဲ့ အာရုံစူးစိုက်မှုဗဟိုဖြစ်ခဲ့ပါတယ်။ ခေတ်ရေစီးကြောင်းကို ဦးစားပေးသူများဖြစ်ကြပြီး လူတွေက သူတို့နဲ့အပေါင်းအသင်းဖြစ်ရတာကို နှစ်သက်သူတွေပါ။ အထက်တန်းကျောင်းသူ/သား ဘဝမှာလည်း အတန်းထဲမှာ နာမည်အကြီးဆုံးတွေဖြစ်ခဲ့ပြီး လူတိုင်းရဲ့ စိတ်ကူးထဲမှာ ချစ်သူဖြစ်ဖူးကြသူတွေပါ။ (ဖြည့်စွက် – စာရေးသူလည်း Gemini ပါ။ ဒါပေမယ့် အထက်တန်းတုန်းကဆိုရင်တော့ အတန်းထဲက သူငယ်ချင်းတွေက ကိုယ့်ကိုယ် ရှိလို့ရှိနေမှန်းတောင် မသိပါဘူး။ စိတ်ကူးထဲမှာရှိနေတာမျိုးဆိုရင်တော့ မပြောတတ်ပါဘူး)။

၂။ မြင့်မားသော ဉာဏ်ရည်ကို ပိုင်ဆိုင်ရခြင်း


မေထုန်ရာသီဖွားတိုင်းရဲ့ အကြီးမားဆုံးအားသာချက်က အရမ်းထက်မြက်ကြတာပါပဲ။ မေထုန်ရာသီဖွားတိုင်းက ပညာတတ်တွေလို့မဆိုလိုပေမယ့် အမှန်တရားကို လူအများစုထက် ကြိုတင်မြင်နိုင်တဲ့ စွမ်းအင်ရှိပါတယ်။ မေထုန်ရာသီဖွားတွေက သဘာဝအားဖြင့် ဉာဏ်ရည်မြင့်မားရုံတင်မကဘဲ လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်လည်း မြင့်မားသူတွေပါ။

၃။ လိုက်လျောညီထွေစွာ နေထိုင်တတ်ခြင်း (ချိန်ညှိတတ်ခြင်း)

လူအများစုက သူတို့အတွက်ဘယ်လောက်တောင် ခက်ခဲနေတယ်ဆိုတာ သိတာတောင်မှာ comfort zone ကနေ ရုန်းထွက်ဖို့ ခက်ခဲတဲ့အချိန်တစ်ခုရှိတတ်ကြပါတယ်။ ဒါပေမယ့် Gemini ကတော့ မပါပါဘူး။ အကြောင်းကတော့ ၎င်းရဲ့ အမှတ်သင်္ကေတလက္ခဏာက လေ

ဖြစ်နေတာကြောင့်ပါ။ အပြောင်းအလဲတွေကို သဘောကျတတ်တဲ့ မေထုန်ရာသီဖွားတွေဟာ သူတို့လက်ရှိနေရာကနေ သူတို့မသိတဲ့ ဘယ်လိုနေရာကိုမဆို ခုန်ထွက်ဖို့ အသင့်ပါပဲ။ သင်ဟာ မေထုန်ရာသီခွင်တစ်ယောက်ဖြစ်တယ်ဆိုရင် အလုပ်ပြောင်းတာတွေအတွက် စိတ်မပူပါနဲ့။ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။

၄။ ဟာသဉာဏ်နှင့် အကောင်းမြင်တတ်တဲ့ ပင်ကိုယ်အရည်အသွေး(Funny, positive vibe)


ဟာသအမြင်ကောင်းကောင်းရှိသူတွေဖြစ်ပြီး အကောင်းမြင်တတ်တဲ့စိတ်နေသဘောထားတွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒီလူတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် ပျော်တတ်သူတွေဖြစ်ပြီး သူတို့ရဲ့ ပျက်လုံးတွေအောက်မှာ ဘယ်သူကမှ တောင့်မခံနိုင်ကြပါဘူး။ ဒါပေမယ့် ထက်မြက်တဲ့လူတွေကသာ သူတို့ရဲ့ ဟာသဉာဏ်နှင့် ထေ့လုံးတွေကို နားလည်ပါလိမ့်မယ်။

ဒါ့ကြောင့်လည်း Gemini တွေက သူတို့အကြောင်းမသိသူတွေက အထင်လွဲတာတွေကို မကြာခဏခံရလေ့ရှိကြပါတယ်။ သူတို့စနောက်တာတွေကို တစ်ဖက်လူက အတည်ယူပြီး မှားယွင်းစွာ ကောက်ချက်ချတတ်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့နေပြီး ပျင်းနေရမှာမျိုးတော့ တွေးမပူပါနဲ့။ သူတို့ဟာ ပါတီရဲ့ အသက်၊ သူတို့နဲ့တွေ့ရင် မရယ်ရတဲ့လူ ကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိပါဘူး။

၅။ စွန့်စားခန်းတွေ နှစ်သက်သူ


လွတ်လပ်ပေါ့ပါးပြီး၊ ဖော်ရွေလွယ်ရုံသာမက လိုက်လျောညီထွေနေတတ်တာကြောင့် မေထုန်တွေဟာ စွန့်စားချင်စိတ်အပြည့်ရှိသူတွေလို့ဆိုနိုင်ပါတယ်။ အသစ်တစ်ခုခုကို စတင်ဖို့ မကြောက်ကြသလို ယဉ်ကျေးမှုအသစ်အဆန်းတွေကို ရှာဖွေတတ်ကြပြီး အရဲရင့်ဆုံးလူသားတွေဆိုရင် မေထုန်ရာသီဖွားတွေကို ပြောနိုင်ပါတယ်။ အလုပ်မှာ အကြောင်းပြချက်ရေရေရာရာမရှိဘဲ အလုပ်ကထွက်ဖို့လုပ်နေတယ်ဆိုရင် သေချာပါတယ် Gemini တစ်ယောက် ကမ္ဘာတစ်ဝန်းကို ခရီးထွက်ဖို့ ကြံစည်နေပါပြီ။ ရှေ့မှာ ဖြစ်လာမယ့်အရာတွေထက် သူတို့က သူတို့ရဲ့ ဝင်သက်ထွက်သက်တွေတိုင်းကို တန်ဖိုးထားသူတွေဖြစ်ပါတယ်။

၆။ တီထွင်ဖန်တီးသူ


မေထုန်တွေရဲ့ ဆွဲဆောင်မှုအရှိဆုံးလက္ခဏာတစ်ခုက လူအုပ်နဲ့ကွဲထွက်ပြီး အမြဲတီထွင်ဆန်းသစ်နေတာပါပဲ။ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ထက်မြက်သောစိတ်ဓာတ်နှင့် ပင်ကိုယ်စိတ်ဓာတ်ကောင်းမွန်ခြင်းက ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ သင်ဒုက္ခရောက်တဲ့အခါတိုင်း gemini တွေက အချိန်တိုတိုအတွင်း ၎င်းမှ လွတ်မြောက်ဖို့နည်းလမ်းကို ရှာပါလိမ့်မယ်။ ဘယ်သူမှ မတွေးထားတဲ့အဖြေတစ်ခုကို သင့်ကို ချပြပါလိမ့်မယ်။

ဒီအရာတွေက အစပိုင်းမှာတော့ ရူးကြောင်ကြောင်နိုင်ကောင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ယုံကြည်ပါ။

၇။ အမှီအခိုင်ကင်းခြင်း၊ လွတ်လပ်ခြင်း


Gemini တွေက ဘယ်လောက်ဖော်ရွေတယ်၊ ရင်းနှီးပွင့်လင်းတယ်ဆိုတာ သင်သိပြီးပါပြီ။ ဘယ်လောက်ပဲ လူတွေဝန်းရံနေပါစေ သူတို့ဟာ အလွန်လွတ်လပ်ကြပါတယ်။ Gemini တစ်ဦးနှင့် သင်နှစ်ပေါင်းများစွာပေါင်းသင်းဖူးတယ်ဆိုရင် သူဟာ သင့်ရဲ့ အရမ်းသစ္စာရှိတဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ နှလုံးသားစစ်စစ်နဲ့ သင့်ကို ချစ်ပါလိမ့်မယ်။

မည်သို့ပင်ဖြစ်စေကာမူ gemini တစ်ယောက်ဟာ သင့်ကို ဘယ်တော့မှ မလိုအပ်ပါဘူး။ သူတို့နဲ့အတူရှိနေစဉ်အတွင်း သင့်ကို ကူညီမယ်။ သူကလည်း သင့်အကူအညီတွေယူမယ်။ ဒီလိုပဲ အပြန်အလှန်ပေါင်းသင်းဆက်ဆံမှုတွေရှိမယ်။ တွယ်ကပ်နေမှာတော့ မဟုတ်ပါဘူး။

၈။ ကြီးမြတ်တဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ

တစ်ခါတလေ အင်မတန်စကားများသူတွေဖြစ်ပြီး တစ်ခါတရံမှာ သူတို့ဟာ စကားများလွန်းတာကြောင့် သူတို့ကိုယ်သူတို့ ပြန်သတိထားမိပြီး လန့်နေသူတွေပါ။ မေထုန်ရာသီဖွားတွေဟာ လူမှုဆက်ဆံရေးမှာ အင်မတန်ကောင်းမွန်သူတွေပါ။ သူတို့ရဲ့ စိတ်ထဲမှာရှိတာတွေကို ထုတ်ပြဖို့နှင့် သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ဖော်ပြဖို့ ဘယ်သူမှ တားလို့မရပါဘူး။

၉။ multi-tasker


အလုပ်များစွာကို တစ်ပြိုင်နက်ထဲလုပ်နိုင်တဲ့ အံ့ဖွယ်စက်ရုပ်လူသားတွေပါ။ သင့်အနေနဲ့ သူတို့ကိုဂရုတစိုက်စောင့်ကြည့်နေရင်း သူတို့ဘယ်လိုတွေတောင် မြန်ဆန်ပြီး ထိထိရောက်ရောက်လုပ်နိုင်လဲဆိုတာ မယုံနိုင်ပါဘူး။ ဖိအားတွေရှိနေချိန်မှာတောင် အကောင်းဆုံးလုပ်ဆောင်နိုင်ပြီး သူတို့ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်တွေကို ယူနိုင်သူတွေပါ။

၁၀။ စောင့်ကြည့်ရေးသမား

သူတို့ရှေ့မှာ ဘယ်တော့မှ မလိမ်မိပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုပဲလိမ်လိမ် နောက်ဆုံးမှာ အမှန်တရားက ပေါ်လာမှာမို့ပါ။ Gemini တွေဟာ သင်လိမ်နေတယ်ဆိုတာ တစ်ချိန်လုံးသိနေပါတယ်။ သူတို့မှ မယုံနိုင်စရာကောင်းတဲ့ မှတ်ဉာဏ်တွေရှိပါတယ်။ သူတို့က ဘယ်သူမှ သတိမထားမိတဲ့အရာတွေကို သတိပြုမိနိုင်ပါတယ်။

ဘာမှမသိဟန်ဆောင်နေနိုင်ပေမယ့် သူတို့ရဲ့ စူးရှတဲ့မျက်လုံးတွေကို သတိထားပါ။ သူတိုဟာ လူတွေကို အရူးလုပ်တဲ့နေရာမှာ အလွန်တော်ပြီး လူတစ်ဦးကို ကောင်းကောင်းအကဲဖြတ်နိုင်တဲ့ ဆဌမအာရုံကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Lifestyle_Myanmar

Nyein_Thu

Ref-herway


#ရာသီခွင်
#အထွေထွေဗဟုသုတ

Some text some message..