
လမ်းခွဲပြီးနောက်ပိုင်းမှာ အမျိုးသားတွေ အသည်းကွဲနေလား (သို့) ဒီအတိုင်းအေးအေးဆေးဘဲ ဘဝကို ဖြတ်သန်းနေလားဆိုတာ အမျိူးသမီးတော်တော်များများးသိချင်ကြပါလိမ့်မယ်။ သူတို့အရမ်းနာကျင်နေရမလား (သို့) ထင်သလောက်မဟုတ်ဘူးလား? တကယ်မချစ်ခဲ့ဘူးလား? ရေရှည်ဆက်ဆံရေးမှာ ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်။ အိမ်ထောင်ပြုတာနဲ့ လမ်းခွဲပြတ်စဲတာပါပဲ။
သင်ဘာတွေ ဖတ်ဖူးမလဲ (သို့) ကြားဖူးမလဲမသိပေမယ့် သူတို့တကယ်ချစ်ခဲ့ကြတဲ့ ယောင်္ကျားလေးတိုင်း မိန်းကလေးတွေလိုပဲ နာကျင်ခံစားကြရပါတယ်။ သူတို့အသည်းကွဲနေကြောင်း ဘယ်လိုသိနိုင်မလဲ ကြည့်ကြရအောင်။
၁။ ဆိုရှယ်မီဒီယာမှာ သင့်ကို unfriend လုပ်လိုက်တယ်

လမ်းခွဲပြီးနောက်ပိုင်း သင့်ရဲ့ instagram အကောင့်မှာ သူဟာ follower တစ်ယောက်မဟုတ်တော့ဘူးလား? facebook မှာရော သူငယ်ချင်းမဖြစ်တော့ဘူးလား ? ဘယ်လိုဆိုရှယ်မီဒီယာပလက်ဖောင်းမှာမဆို ဒီအတိုင်းပဲ ဖြစ်ပျက်နေတာလား? ပုံမှန်အားဖြင့် ချက်ချင်းသင်စိတ်ဆိုးမိပါလိမ့်မယ်။ နောက်မှ ထပ်တွေးမိတာက သင်နဲ့ သူနဲ့က ဘာမှ မဆိုင်တော့ဘူးဆိုတာပါပဲ။
တကယ်ဒီအချက်က သူတို့ဟာ နာကျင်မှုကို မခံစားနိုင်ဖြစ်နေပြီး အသည်းကွဲခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ပိုလွယ်ကူစေဖို့ သူကိုယ်တိုင်ဖိနှိပ်ထားတဲ့ နာကျင်မှုတွေဖို့ ဖုံးကွယ်ဖို့ သင့်ရဲ့ ဆိုရှယ်မီဒီယာက အကောင့်မှန်သမျှမှာ unfriend လုပ်လိုက်တာဖြစ်ပါတယ်။ ဒါမှမဟုတ် သူမူးနေချိန်မှာ သင့်ဆီစာတွေပို့မိမှာ စိုးရိမ်တာကြောင့် ဒီလိုလုပ်လိုက်တာလည်းဖြစ်နိုင်ပါတယ်။
ဒါ့အပြင် သူတို့အင်တာနက်သုံးနေချိန်မှာ သင့်ဓာတ်ပုံကို ထပ်တွေ့ရမယ်ဆိုရင် သူတို့ထပ်ပြီး နာကျင်ရသလို အသည်းထပ်ကွဲရပါလိမ့်မယ်။ သင့်မျက်နှာကို မြင်နေရတာ သင်တို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို တရိပ်ရိပ်ပေါ်စေတာကြောင့် တစ်ချိန်လုံးငိုကြွေးမနေချင်တော့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ သူဟာ သူရဲဘောကြောင်သူ၊ သူ့ရဲ့ အပြစ်တွေကို ရင်မဆိုင်နိုင်သူဖြစ်တာကြောင့် သင့်ကို မတွေ့ချင်တော့တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်ပဲဖြစ်ဖြစ် ဇာတ်လမ်းကို အဆုံးထိ လုံးဝအဆုံးသတ်လိုက်ချင်နေတာဖြစ်ပါလိမ့်မယ်။
၂။ သင်နဲ့ မျက်နှာချင်းမဆိုင်တော့ဘူး

လမ်းခွဲပြီးနောက်မှာ နှစ်ယောက်စလုံးက စိတ်ရှုတ်ထွေးစရာတွေ၊ စိတ်နာကျင်မှုတွေနဲ့ အရာအားလုံးက အဓိပ္ပာယ်မဲ့သွားသလိုဖြစ်နေပြီး နှစ်ယောက်စလုံးပြန်လည်တွေ့ဆုံမိတိုင်း တွန့်ဆုတ်နေပါလိမ့်မယ်။ လမ်းခွဲပြီပြီးချင်း သိပ်မကြာခင်မှာပဲ ဖြစ်လေ့ရှိကြပါတယ်။
အမျိုးသားတွေအတွက်က အချိန်တော်တော်ကြာသွားရင်တောင် ဒီလိုဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ ex က သူဖြစ်ပျက်နေတာတွေကို မကိုင်တွယ်နိုင်ဘူးဆိုတာ သင့်ကို မသိစေချင်ဘူး။ သူက နာကျင်နေတယ်၊ ဒေါသထွက်နေတယ်၊ စိတ်ရှုပ်နေတယ် သင်က ဒီနာကျင်မှုတွေရဲ့ အဓိကအကြောင်းရင်းဖြစ်တာကြောင့် သင့်ကို ဒေါသတွေနဲ့ ပေါက်ကွဲမိဖို့ ပိုများပါတယ်။
ဒါ့ကြောင့် သင်နဲ့ လမ်းမှာတွေ့တဲ့အခါ မျက်နှာလွဲသွားနိုင်သလို နှုတ်ဆက်မယ်ဆိုရင်တောင် မလုံမလဲဖြစ်နေပါလိမ့်မယ်။ သူ့မှာ ပြောစရာတွေရှိနေလျှင် စကားပြောနှုတ်ဆက်နိုင်ပါတယ်။ မျက်နှာဘယ်နားထားရမှန်းမသိတဲ့ အမူအယာနဲ့ပေါ့။
၃။ သင်ကြိုက်တဲ့နေရာတွေကို သွားတယ်

တစ်ခါတရံမှာ လမ်းခွဲပြီးနောက်ပိုင်းမှာ ယောင်္ကျားလေးတွေရဲ့ အမူအကျင့်တွေက ပွင့်လင်းလွန်းပါတယ်။ အတူရှိနေစဉ်က သင်နဲ့ဘယ်တုန်းကမှ မသွားဘူးတဲ့ သင်ကြိုက်တဲ့ကော်ဖီဆိုင်တစ်ဆိုင်ကို သွားပါလိမ့်မယ်။ သင်နဲ့ တွေ့တဲ့အခါ အံ့ဩစရာတိုက်ဆိုင်မှုလိုမျိုး ဟန်ဆောင်တယ်။ ဘာပဲဖြစ်ဖြစ် အရာအာလုံးဟာ ကြိုတင်ပြင်ဆင်မှုတွေသာဖြစ်ပါတယ်။ သင့်ကို သူ့ခေါင်းထဲက ချက်ချင်းထုတ်လို့မရတာကြောင့် ဖြည်းဖြည်းချင်းထုတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
မဟုတ်ရင်လည်း သင့်ကို မမေ့နိုင်သေးမယ့်အတူတူ သင့်မျက်နှာကို မြင်ချင်သေးတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
၄။ သင့်ကို စွဲစွဲလမ်းလမ်း မက်ဆေ့ချ်တွေ ဆက်တိုက်ပို့တယ်
သင့်ကို ခေါင်းထဲကနေ မထုတ်နိုင်တဲ့အဆုံး သူက အဆင်ပြေသလိုဟန်ဆောင်ပါလိမ့်မယ်။ ဘာလုပ်နေလဲ ? ဘယ်နေရာမှာလဲ ? ဘာတွေစားနေလဲ? ဆိုတာမျိုး တစ်မိနစ်ခြားတစ်ခါ စာပို့နေပါလိမ့်မယ်။ လမ်းခွဲပြီးချိန်မှာတောင် သင့်နောက်ကိုလိုက်ပြီး စုံထောက်လုပ်နေတာမျိုးပေါ့။ သင့်ကို ပြန်လိုချင်နေတာမျိုးပေါ့။ သင်နဲ့ ပတ်သက်ပြီး ခံစားချက်တွေရှိနေသေးသရွေ့ သူ့ကိုယ်သူ ကောင်းကောင်းစီမံခန့်ခွဲတတ်ဦးမှာ မဟုတ်ပါဘူး။ သူ့ကိုယ်သူရှေ့ဆက်နိုင်ဖို့ စကားစမြည်လာပြောနေတာလည်းဖြစ်နိုင်ပါတယ်။
၅။ လမ်းခွဲရတာနဲ့ ပတ်သက်ပြီး တလွဲဇာတ်လမ်းတွေ ဖန်တီးတယ်

လမ်းခွဲပြီးနောက်ပိုင်း အမျိုးသားတွေဖြစ်တတ်တဲ့ အပြုအမူတွေထဲက တစ်ခုက အမှန်တရားကို ကပြောင်းကပြန်လုပ်တာမျိုးပါ။ ရှင်းရှင်းပြောရရင် သူဘာလုပ်ခဲ့လဲဆိုတာ သင်သိတယ်၊ သူကိုယ်တိုင်လည်း သိတယ်။ ကိုယ့်ကိုယ်ကိုယ်လိမ်နေစရာမလိုတဲ့ကိစ္စပါ။ ဒါပေမယ့် လက်တွဲဖော်တစ်ယောက်က လမ်းခွဲမှုရဲ့ နောက်ဆက်တွဲကိစ္စတွေကို မကိုင်တွယ်နိုင်တဲ့အခါ သူတို့ရဲ့ အမှန်တရားကို ကိုယ်ပိုင်ပုံစံနဲ့ ဖန်တီးလေ့ရှိပါတယ်။ ဒီလိုလုပ်တာက အရာတွေကို ပိုမိုလွယ်ကူစေဖို့နှင့် တစ်ခြားလူတွေရဲ့ အမြင်မှာ ကြည့်ကောင်းစေဖို့ ဖြေရှင်းနည်းယန္တရားတစ်ခုဖြစ်ပါတယ်။
ဖြစ်ပျက်ခဲ့တာတွေကို မပြောင်းလဲနိုင်ပေမယ့် သူ့ရဲ့ ကိုယ်ပိုင်ဗားရှင်းကို သေချာပြောနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် bad guy အဖြစ်မှ ကာကွယ်ယူနေခြင်းဖြစ်ပါတယ်။ ဒီအပြုအမူဟာ ကျန်းမာရေးနဲ့ မညီညွှတ်ရုံတင်မကဘဲ သင့်အတွက် ဘယ်လောက်တောင်အဆိပ်အတောက်ဖြစ်စေတယ်ဆိုတာ သူနဲ့ တွေ့ပြီး ပြောခွင့်ရအောင် လုပ်ပါ။
၆။ သူက အရူးတစ်ယောက်လို ဘာမဆိုလုပ်သူတွေ ဖြစ်လာတယ်

လမ်းခွဲပြီးနောက်ပိုင်းမှာ ယောင်္ကျားတွေဟာ ပြီးပြည့်စုံတဲ့အရူးတွေဖြစ်လာကြပါတယ်။ “ငါ နာကျင်ခံစားရသလိုမျိုး နင်လည်း ပြန်ခံစားစေရမယ်”လို့ အငြိုးထားတာမျိုး။ သူတို့ရဲ့ ex နာမည်ကို အကျယ်ကြီးအော်ခေါ်ပြီး အရက်တွေအကြီးအကျယ်သောက်နေတာမျိုး၊ မြည်တမ်းညည်းညူးနေတာမျိုးတွေက သူတို့ရဲ့ နာကျင်မှုတွေကို ဖော်ပြတဲ့နည်းလမ်းတွေဖြစ်ပါတယ်။
ဒီအချက်က အဆိုးဆုံးအပြုအမူတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒါဟာ တစ်ဖက်က ချစ်သူဟောင်းကို လေးစားမှုမရှိခြင်းကို ပြသပြီး သူတို့ရဲ့ စိတ်ခံစားမှုတွေကို ကိုင်တွယ်တဲ့နေရာမှာ တော်တော်လေးဆိုးရွားတဲ့အပြုအမူဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲဆိုတာ သူတို့နားမလည်နိုင်ဘူး(သို့) လက်မခံနိုင်ဘူး။ နောက်ဆုံးတော့ ရန်သူတွေဖြစ်သွားတယ်ဆိုပါတော့။
၇။ ဆက်ဆံရေးအသစ်ထဲသို့ ချက်ချင်းခုန်ချခြင်း

လမ်းခွဲပြီးနောက်မှာ ထူးဆန်းတဲ့ယောင်္ကျားလေးတွေက ဆက်ဆံရေးအသစ်တစ်ခုကို ချက်ချင်းတည်ဆောက်ကြပါတယ်။လေးနက်တဲ့ ဆက်ဆံရေးတစ်ခုဆိုတာထက် ဒီအတိုင်း တစ်ညတာဆက်ဆံရေးမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီအချက်ကတော့ ယောင်္ကျားတစ်ယောက်ရဲ့ အတ္တကနေ ဖြစ်တည်လာခြင်းဖြစ်ပါတယ်။ နာကျင်ခံစားနေမယ့်အစား သူဟာ ဘယ်လောက်မာကျောပြီး ယောင်္ကျားပီသကြောင်းပြဖို့ တစ်ခြားကောင်မလေးတစ်ယောက်နဲ့ တွေ့တာဖြစ်ပါတယ်။ သူဘယ်လောက်အဖြစ်ရှိကြောင်း လူတိုင်းကို ကြွားပါလိမ့်မယ်။ ဒီကောင်မလေးမရှိရင် နောက်ထပ်ကောင်မကောင်းအသစ်တစ်ယောက်ပေါ့ဆိုတာမျိုးပါ။
ဘယ်လောက်ပဲ အသစ်အသစ်တွေရှိနေပေမယ့် အဟောင်းကိုတော့ တလည်လည်ဖြစ်နေပါလိမ့်မယ်။ ဒါက ရေတိုဖြေရှင်းနည်းတစ်ခုပါပဲ။ ဒါပေမယ့်လည်း ဒီအရာက သူ့ဘဝနှင့် သူ့ရဲ့ ရွေးချယ်မှုပါ။ သူ့ရဲ့ ထင်မြင်ချက်တွေနဲ့ သူကိုယ်ပိုင်ကိစ္စတွေသာဖြစ်ပါတယ်။ ဆိုးသွမ်းသော ယောင်္ကျားလေးတွေဟာ သူတို့ရဲ့ ယောင်္ကျားပီသမှုကို အင်မတန်ရှေ့တန်းတင်ချင်ကြပြီး ခေါင်းမာတတ်ကြပါတယ်။ သူ့ရဲ့ ချစ်သူသစ်နဲ့ ပျော်ရွှင်နေတယ်ဆိုတိုင်း အမှန်တကယ်မဟုတ်ဘဲ အဆင်ပြေသလို ဟန်ဆောင်နေတာလည်းဖြစ်နိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-herway