သိပ္ပံနည်းကျလေ့လာချက်တွေအရ စာဖတ်ဝါသနာအိုးတွေမှာရှိတဲ့ စူပါပါဝါ (၅)ခု
lifestylemyanmar.com
|
2021-09-20

စာဖတ်ခြင်းက ကျွန်တော်တို့ကို နေ့စဉ်ဘဝရဲ့ ရှုပ်ထွေးပွေလီမှုတွေကနေ လွတ်မြောက်စေနိုင်ပါတယ်။ ကျွန်တော်တို့ကို ပညာပေးနိုင်ပြီး အတွေ့အကြုံသစ်တွေကိုလည်း သင်ပေးနိုင်ပါတယ်။ ‘စာဖတ်ဝါသနာပါသူတွေဟာ (တစ်ချို့က စူပါပါဝါတွေလို့တောင် ပြောလို့ရမယ့်) သူတို့ရဲ့ပင်ကိုယ်စရိုက်ကို တိုးတတ်စေနိုင်တယ်’လို့ ပြသထားတဲ့ လေ့လာမှုတွေ အများကြီးရှိပါတယ်။

စူပါပါဝါ ၁- စာဖတ်ဝါသနာပါသူတွေဟာ စိတ်ဖိစီးမှု ပိုနည်းပါတယ်

ကျွန်တော်တို့အားလုံးက စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေကြရပါတယ်။ ဒါက ကျွန်တော်တို့ကို စာဖတ်ဝါသနာပါခြင်းကနေ တားဆီးပေးပါတယ်။ သို့သော် စာဖတ်ခြင်းက စိတ်ဖိစီးမှုနည်းတဲ့ ဘဝနဲ့ ဆက်စပ်နေကြောင်း သိပ္ပံနည်းကျ လေ့လာမှုတွေ ရှိပါတယ်။

အရမ်းကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် (သို့) ဆွဲဆောင်မှုရှိတဲ့ မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်က သင့်ကို အခြားနယ်ပယ်တစ်ခုသို့ ပို့ဆောင်ပေးနိုင်တယ်ဆိုတာ ငြင်းမရနိုင်ပါဘူး။ သင့်ကို လက်ရှိအခိုက်အတန့်မှာ အာရုံပျံ့လွင့်မှု ထိန်းထားပေးနိုင်ပြီး စိတ်ဖိစီးမှုကို ပြေလျော့စေတယ်၊ သင့်စိတ်ကို အပန်းပြေစေနိုင်တယ်လို့ အာရုံကြောပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။


စူပါပါဝါ ၂- ပုံမှန်စာဖတ်ခြင်းက သင့်ကို ဗဟုသုတပိုရစေနိုင်တယ်

စိတ်သက်သာရာရှာတဲ့ ဒီအကျင့်က စာဖတ်ဝါသနာအိုးတွေအတွက် နောက်ထပ်အကျိုးကျေးဇူးတွေရှိပါတယ်။ Brain Connectivity ဂျာနယ်မှာ Emory တက္ကသိုလ်မှ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ဝတ္တုရှည်မှာ စွဲလမ်းလာခြင်းဟာ ဦးနှောက်လုပ်ဆောင်မှုကို တိုးတတ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သင်ဖတ်သမျှ အရာအားလုံးက အချက်အလက်သစ်တွေနဲ့ သင့်ခေါင်းထဲကို ဖြည့်ပေးပါတယ်။ ဒါက ဘယ်အချိန်မှာ အသုံးဝင်လိမ့်မယ်ဆိုတာကို သင်မသိပါဘူး၊ ဒါပေမယ့် သင့်မှာ ဗဟုသုတများများရှိလေလေ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုကောင်းလေ ဖြစ်ပါလိမ့်မယ်။


စူပါပါဝါ ၃- အပြောနဲ့ အရေးမှာ စကားကြွယ်လာပါလိမ့်မယ်

ဒါကတော့ စာဖတ်ဝါသနာအိုးတွေရဲ့ စူပါပါဝါနောက်တစ်ခုပါ။ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဝတ္တုရှည်ဖတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ဦးနှောက်ဘယ်ဘက်ခြမ်းရှိ cortex မှာ register လုပ်ပါတယ်။ ဒါက ဘာသာစကားလက်ခံမှုအတွက် သုံးတဲ့ ဦးနှောက်ရဲ့ဧရိယာဖြစ်ပါတယ်။

ဒါ့ကြောင့် စာအုပ်ချစ်သူတွေဟာ နေ့စဉ်သုံးဘာသာစကားမှာ သူတို့သုံးတဲ့ စကားလုံးအရေအတွက် တိုးလာနိုင်ဖွယ်ရှိပါတယ်။ ဦးနှောက်ရဲ့ ဒီဧရိယာတစ်ခုတည်းမှာရှိသော Neuronsတွေဟာ စိတ်ကို embodied cognition လို့ခေါ်တဲ့ ဖြစ်ရပ်တစ်ခုသို့ လှည့်စားခြင်းနှင့်အတူ ဆက်စပ်မှုရှိပါတယ်။ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ပါမောက္ခ Gregory Berns ရဲ့အဆိုအရ “အခြားသူရဲ့နေရာကနေ ဝင်ခံစားနိုင်မှုက စိတ်ရဲ့သီအိုရီကို တိုးတတ်စေတယ်”လို့ ဆိုပါတယ်။

စိတ်ကူးယဉ်စာအုပ်တွေကို ဖတ်ခြင်းက စာရေးသူနဲ့ ဇာတ်ကောင်တွေရဲ့ ဝါဟာရကို expose ဖြစ်စေရုံသာမက သင်ယူမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ စိတ်ကူးယဉ်မဟုတ်တဲ့ စာအုပ်တွေကို ဖတ်တာက ဘာသာစကားအသစ်တွေကို ရယူနိုင်သလို သူတို့ရဲ့ စကားပြောနဲ့ အရေးစွမ်းရည်ကို တိုးတတ်စေမယ့် စကားအသုံးအနှုန်းတွေေကို ထိတွေ့ခွင့်ရစေနိုင်ပါတယ်။


စူပါပါဝါ ၄- မှတ်ဉာဏ် တိုးတတ်လာပါလိမ့်မယ်

သတင်းအချက်အလက်သစ်တွေ ရရှိခြင်းက စာဖတ်သူတွေကို ပိုမိုကောင်းမွန်တဲ့ မှတ်ဉာဏ်စွမ်းအားကို ပေးစွမ်းပါတယ်။ သင်စာဖတ်တဲ့အခါ ဇတ်ကောင်တွေ၊ အခြေအနေတွေ၊ သီအိုရီတွေနဲ့ နောက်ခံသမိုင်းတွေ စသဖြင့် အချက်အလက်တွေ အများကြီး သိုလှောင်ဖို့ လိုအပ်ပါတယ်။ သင်ဖန်တီးတဲ့ memory အသစ်တိုင်းက ဦးနှောက်လမ်းကြောင်းသစ်တွေကို ရှေ့သို့တိုးလာစေပါတယ်။ ရှိပြီးသားတွေကို အားကောင်းစေပါတယ်။ ဒါက ရေတိုမှတ်ဉာဏ်ကို ပြန်လည်မှတ်မိစေပြီး စိတ်တည်ငြိမ်စေပါတယ်။ ဒါ့ကြောင့် စာဖတ်ဝါသနာအိုးတွေဟာ သတိရစရာ informationတွေ အများကြီးရှိနေရင်တောင် မှတ်ဉာဏ်တိုးတတ်လာတာကို တွေ့ရနိုင်ပါတယ်။ ဒါက ကျွန်တော်တို့ဦးနှောက်ဟာ သတင်းအချက်အလက်သစ်တွေကို လက်ခံရယူဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ဖြစ်ပါတဘ်။

သင့်ရဲ့ဦးနှောက်က ကြွက်သားတစ်ခုနဲ့ တူတယ်လို့ ဘာသာစကားသိပ္ပံပညာရှင် Ken Pugh Ph.D ကပြောပါတယ်။ ဒါက မှတ်ဉာဏ်တင်မကဘဲ ကောင်းမွန်တဲ့ work out တစ်ခုကနေ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဦးနှောက်အစိတ်အပိုင်းတွေက အမြင်အာရုံ၊ ဘာသာစကားနဲ့ သင်ယူမှုတို့လို သီးခြားလုပ်ဆောင်ချက်တွေအတွက် ပြောင်းလဲဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအရာက” စာဖတ်ခြင်းအတွက် အထူးအာရုံကြောပတ်လမ်း “မှာချိတ်ဆက်တယ်လို့ Pugh ကပြောပါတယ်။


စူပါပါဝါ ၅ – အာရုံစူးစိုက်မှုနဲ့ သမာဓိကို တိုးတတ်စေနိုင်ပါတယ်

Maryanne Wolf ရဲ့”စာဖတ်ခြင်းဦးနှောက်ရဲ့ သိပ္ပံနှင့် ပုံပြင်”လို့ခေါ်သော လေ့လာမှုတစ်ခုရှိခဲ့ပါတယ်။ “သင်စာဖတ်တဲ့အခါ စဉ်းစားဖို့ အချိန်ရှိပါတယ်။ ဒါ့ကြောင့် သတင်းအချက်အလက်ကို စီမံဖို့ သင့်မှာ အချိန်ပိုရှိတယ်”လို့ သူမက ကောက်ချက်ချထားပါတယ်။ တစ်ချိန်တည်းမှာ သင့်ဦးနှောက်က သတင်းအချက်အလက်တွေကို စုပ်ယူရတဲ့အပြင် စာသားနဲ့ engage လုပ်ဖို့၊ နားလည်ဖို့ ခက်ခဲတာကြောင့် နှစ်ဆပိုအလုပ်လုပ်ရတဲ့အတွက် သင့်ရဲ့အာရုံစူးစိုက်မှုက ပိုတိုးတတ်လာစေပါတယ်။

အင်တာနက်ခေတ်မှာ အာရုံစူးစိုက်မှု အားနည်းလာကြပြီး စာတိုတွေပဲ ဖတ်လာကြပါတယ်။ အီးမေးလ်တွေကို စစ်ဆေးခြင်း၊ အလုပ်တစ်ခုခုလုပ်ခြင်း၊ တစ်ချိန်တည်းမှာ အားလုံးနဲ့ ဖုန်းပြောခြင်းက ကျွန်တော်တို့ရဲ့ ကုန်ထုတ်စွမ်းအားကို နိမ့်ကျစေနိုင််ပါတယ်။ သို့သော် ဒစ်ဂျစ်တယ်နည်းဖြင့်ဖြစ်စေ၊ ပုံနှိပ်စာအုပ်နှင့်ဖြစ်စေ စာဖတ်ခြင်းက story ပေါ်မှာ ခဏတာအာရုံစူးစိုက်နိုင်ပါလိမ့်မယ်။


ဒါ့ကြောင့် သင်ဟာ စာဖတ်ဝါသနာအိုးတစ်ယောက်မဟုတ်ရင် အဲဒါကို အလေးအနက်စဉ်းစားဖို့ လိုပါလိမ့်မယ်။ ဒီစူပါပါဝါတွေကို ကိုယ်ကိုယ်တိုင် တည်ဆောက်နိုင်ပြီး အချိန်အများကြီး ပေးစရာမလိုပါဘူး။ သင်လိုအပ်တာက ၁၅မိနစ်- မိနစ် ၂၀လောက်ပါ။ ပြတင်းပေါက်တစ်ခုမှာ ၊ ရထားအသွားအလာပေါ်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စာဖတ်ခြင်း အကျိုးကျေးဇူးတွေက သင့်ကိုယ်ရည်ကိုယ်သွေးကို ဘယ်လိုအကျိုးသက်ရောက်စေပြီး ဦးနှောက်ကို ဘယ်လိုတိုးတတ်စေနိုင်တယ်ဆိုတာ သင်အံ့သြသွားနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-learning-mind


#ဘဝနေထိုင်မှု
#အထွေထွေဗဟုသုတ

Some text some message..