စုံတွဲတွေအနေနဲ့ လက်မထပ်ခင် ဆွေးနွေးဖို့ မေ့နေတတ်တဲ့ အချက် (၁၀)ချက်
lifestylemyanmar.com
|
2021-10-01

လိုက်ဖက်မှုမရှိခြင်း ၊ ပြောဆိုဆက်ဆံမှုမရှိခြင်းဟာ လူတွေ ကွာရှင်းပြတ်စဲရတဲ့ အကြောင်းရင်း ၂ခုဖြစ်တယ်လို့ ဆိုပါတယ်။ ရာသက်ပန်အိမ်ထောင်ရေးသို့ ဝင်ရောက်လိုသူတိုင်းဟာ “ငါလက်ထပ်မယ်”လို့မပြောခင်မှာ ကိုယ့်ရဲ့မျှော်လင့်ချက်တွေနဲ့ ရာဇဝင်ကို သေချာဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။ ဒီနည်းအားဖြင့် သူတို့ဟာ အိမ်ထောင်ဖက်တွေအနေနဲ့ ဘယ်အတားအဆီးကိုမဆို ရင်ဆိုင်ဖို့ အနည်းဆုံးပြင်ဆင်ထားနိုင်ပါတယ်။

၁။ “ငွေရေးကြေးရေးကို ဘယ်လိုပေါင်းစပ်ကြမလဲ”

လင်ရယ်မယားရယ် ဖြစ်လာပြီဆိုရင် ဝင်ငွေနှစ်ခု ပေါင်းစပ်မှု ဖြစ်လာပါပြီ။ ဒီတော့ သင်တို့ နှစ်ယောက်စလုံးရဲ့ငွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို စီစဉ်ထားဖို့က အရေးကြီးလာပါပြီ။ လင်မယားနှစ်ဦးစလုံးမှာ လစဉ်လတိုင်း ထည့်ဝင်ရမယ့် အိမ်သုံးစရိတ်အပြင် တစ်ဦးချင်းစီဟာ ကိုယ့်ဘာသာ သီးသန့် စုဆောင်းသိမ်းဆည်းထားဖို့လည်း လိုအပ်နိုင်ပါတယ်။ လစာရတဲ့ အပေါ်မှာ မူတည်ပြီး လစဉ်ဘယ်လောက်သုံးမလဲ၊ ဘယ်လောက်ကုန်မလဲဆိုတာကို ဆွေးနွေးနိုင်ပါတယ်။ ဒါ့အပြင် သင်တို့ရဲ့ ပူးတွဲငွေကြေးကနေ ပိုက်ဆံကို ဘယ်အခါမှာ သုံးနိုင်သလဲ ဆိုတာကို ဆုံးဖြတ်ခြင်းကလည်း မှန်ကန်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။


၂။ ” အကြွေးအတိအကျ ဘယ်လောက်ရှိသလဲ”

လက်မထပ်ခင်မှာ တစ်ယောက်နဲ့တစ်ယောက် အကြွေးအတိအကျ ဘယ်လောက်ရှိသလဲ ဆိုတာကို အတည်ပြုခြင်းက အကြွေးဘယ်လို ဆပ်ရမယ်ဆိုတာကို ကြိုတင်စီစဉ်ဖို့ ကူညီနိုင်ပါတယ်။ လက်ထပ်ပြီးမှ အိမ်ထောင်ဖက်ရဲ့အကြွေးတွေနဲ့ ခြုံခိုတိုက်ခိုက်ခံရတာကို ဘယ်သူမှ ပျော်မှာ မဟုတ်ပါဘူး။ မင်္ဂလာဆောင်ပြီးမှ ကိုယ့်အိမ်ထောင်ဖက်မှာ အကြွေးတွေ အများကြီးရှိတာကို သိရရင် ဘယ်သူမဆို သစ္စာဖောက်ခံရသလို ခံစားရပါလိမ့်မယ်။ ဒါ့အပြင် လက်တွဲဖော်အပေါ်ထားတဲ့ ယုံကြည်မှုကို တကယ်ထိခိုက်စေနိုင်ပါတယ်။

၃။ “ပင်စင်ယူပြီးတဲ့အခါ ဘယ်လိုချွေတာကြမလဲ”

လူတိုင်းက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အလုပ်ကနေ အနားယူကြရပါမယ်။ လက်ထပ်ခြင်းဆိုတာက ကိုယ့်ရဲ့ပင်စင် အစီအစဉ်တွေေမှာ တစ်ယောက်နဲ့တစ်ယောက် ထည့်သွင်းဖို့ လိုအပ်ခြင်းကို ဆိုလိုပါတယ်။ သင်တို့နှစ်ယောက်အတွက် လုံလောက်အောင် အစီအစဉ်ချဖို့နဲ့ နေမကောင်းဖြစ်ရင် သုံးရမယ့် ဆေးကုသစရိတ်တွေ ထည့်သွင်းဖို့ လိုအပ်ပါလိမ့်မယ်။


၄။ “ကလေးတွေယူဖို့ အစီအစဉ် ရှိသလား”

အိမ်ထောင်ပြုချင်တဲ့သူတိုင်းက ကလေးယူချင်ကြတာ မဟုတ်ပါဘူး။ လင်မယားနှစ်ယောက်လုံးက ကလေးလိုချင်ရင်တောင် မိဘအုပ်ထိန်းမှုပုံစံတွေ၊ ကလေးက မသန်စွမ်းဖြစ်နေရင် ဘာလုပ်ရမလဲ၊ သူတို့က ကိုယ်မျှော်လင့်ထားတာထက် ကွာခြားပြီး ကြီးပြင်းလာရင် ဘယ်လိုတုံ့ပြန်မလဲ? ကဲ့သို့သော ဆွေးနွေးရမယ့် တခြားအကြောင်းအရာတွေ ရှိပါသေးတယ်။


၅။ “ငါတို့ကလေးမရခဲ့ရင် မင်းဘာလုပ်မလဲ”

အချို့လူတွေအတွက် ကလေးယူခြင်းက မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့ကြောင့် အကြောင်းတစ်ခုခုကြောင့် စုံတွဲတွေဟာ ကလေးမမွေးနိုင်ရင် သူတို့ဘာဆက်လုပ်ရမယ်ဆိုတာကို စဉ်းစားဖို့ လိုပါလိမ့်မယ်။ ကလေးမွေးစားဖို့၊ အငှားကိုယ်ဝန်ဆောင်ဖို့၊ ဖန်ပြွန််သန္ဓေသားယူဖို့ (သို့) ကွာရှင်းဖို့၊ အခြားတစ်ယောက်နဲ့လက်ထက်ဖို့ ရွေးချယ်နိုင်ပါတယ်။

၆။ “ငါတို့အိမ်မှုကိစ္စတွေကို ဘယ်လိုခွဲကြမလဲ”

အိမ်မှုကိစ္စတွေက မပြောပလောက်တဲ့အရာတစ်ခု ဖြစ်ပုံရပေမယ့် သူတို့က ရန်ပွဲတစ်ခု လုံးလုံးလျားလျားဖြစ်ပေါ်ဖို့အတွက် အစပျိုးမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ အိမ်မှုကိစ္စအားလုံးကို တစ်ယောက်တည်း သိမ်းကျုံးလုပ်ရရင် ဝမ်းနည်းမိပါလိမ့်မယ်။ အိမ်ထဲမှာ ငြိမ်းချမ်းမှုရှိစေဖို့အတွက် အိမ်မှုကိစ္စတွေကို ကိုယ်စီတာဝန်ယူဖို့ ဆွေးနွေးတာက ပိုကောင်းပါလိမ့်မယ်။


၇။ “မင်းရဲ့စိတ်ကူးအိမ်မက်နဲ့ အနာဂတ် အစီအစဉ်က ဘာတွေလဲ”

ဒါက အင်တာဗျူးမေးခွန်းတစ်ခုနဲ့ တူပုံရပေမယ့် လူတစ်ဦးရဲ့ ရည်မှန်းချက်က ပျော်ရွင်သော အိမ်ထောင်ရေးဖြစ်ဖို့ သူတို့ပါတနာရဲ့ ဆိုလိုရင်းအဓိပ္ပာယ်နဲ့ မကိုက်ညီနိုင်ပါဘူး။ ဥပမာ- လူတစ်ယောက်ဟာ ကြီးကြီးမားမားမလုပ်ခင်မှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ရုန်းကန်ချင်စိတ် ရှိကောင်းရှိနိုင်ပါတယ်။ အခြားတစ်ယောက်က ပုံမှန်ဝင်ငွေလေးနဲ့ တည်ငြိမ်သော ဘဝကိုသာ လိုချင်နိုင်ပါတယ်။ ဒီမေးခွန်းကို မေးခြင်းအားဖြင့် သူတို့မျှဝေထားတဲ့ ဘဝက ဘယ်လိုဖြစ်လာမယ်ဆိုတာကို ပုံဖော်ဖို့ လူတွေကို ကူညီနိုင်ပါတယ်။


၈။ “မင်းမိဘတွေကို ဂရုစိုက်/ထောက်ပံ့ဖို့ ဘယ်လို စီစဉ်ထားသလဲ”

မိဘတွေ အသက်ကြီးလာပြီး မကျန်းမမာ ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာက သူတို့ကို ဂရုစိုက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ သူတို့နဲ့ အတူနေချင်သည်ဖြစ်စေ/မနေချင်သည်ဖြစ်စေ၊ သူတို့ကို ဘယ်သူပြုစုစောင့်ရှောက်မှာလဲ? (ဒါမှမဟုတ်) သူတို့အတွက် ဘယ်လောက် ထောက်ပံ့ပေးချင်သလဲ? ဆိုတဲ့ဆုံးဖြတ်ချက်တွေက လက်မထပ်ခင် စုံတွဲတိုင်း စဉ်းစားသင့်တဲ့အရာတွေ ဖြစ်ပါတယ်။


၉။ “မင်းရဲ့ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး ရာဇဝင်က ဘာလဲ”

ဇီဝဗေဒ သဟဇာတဖြစ်ခြင်းက အရေးကြီးပါတယ်။ အထူးသဖြင့် သင်တို့နှစ်ယောက်စလုံးက ကလေးယူဖို့ မျှော်လင့်ထားရင် ဖြစ်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ သက်ဆိုင်ရာ မိသားစုတွေအပါအဝင် တစ်ယောက်ချင်းစီရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ရာဇဝင်နှင့်ပတ်သတ်ပြီး ရိုးသားနိုင်ကြပါတယ်။ ဒီနည်းအားဖြင့် နှစ်ယောက်စလုံးက အနာဂတ်မှာ ဖြစ်လာနိုင်မယ့် အရာတွေအတွက် စိတ်ပို်ငးဆိုင်ရာ ပြင်ဆင်နိုင်ပါလိမ့်မယ်။

၁၀။ “အတူတူ အချိန်ဘယ်လောက်ကုန်ဆုံးချင်သလဲ”

လက်ထပ်ခြင်းက များသောအားဖြင့် အတူတကွ နေထိုင်ခြင်းလို့ အဓိပ္ပာယ်ရပေမယ့် လင်မယားနှစ်ယောက်လုံးက ၂၄နာရီ ၇ရက်လုံး အတူတူ အချိန်ကုန်ဆုံးဖို့ မဆိုလိုပါဘူး။ သူတို့က ကိုယ်ပိုင်လိုအပ်ချက်နဲ့ individual ဖြစ်နေဆဲပါပဲ။ တစ်ခါတစ်ရံမှာ သူတို့က တစ်ယောက်ကို တစ်ယောက် နေရာပေးဖို့၊ အချိန်ပေးဖို့ လိုပါလိမ့်မယ်။ အချို့လူတွေက အခြားလူတွေထက် နေရာပိုလိုချင်နိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ထောင်မကျခင်မှာ တစ်ယောက်မျှော်လင့်တဲ့အရာကို တစ်ယောက်က သိထားသင့်ပါတယ်။


Lifestyle_Myanmar

LM_Nandar

Source-brightside.


#ကျန်းမာရေး
#ကလေး
#ငွေကြေး

Some text some message..