ရုံးတက်နေရတဲ့မိန်းကလေးတွေအတွက် လတ်တလောခေတ်စားနေတဲ့ Pants ဖက်ရှင်များ
mystylemyanmar.com
|
2021-10-05

ရုံးတက်နေရတဲ့မိန်းကလေးတွေအတွက် လတ်တလောခေတ်စားနေတဲ့ Pants ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖက်ရှင်ကျကျဝတ်ရတာကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီဖက်ရှင်လေးက လုံလုံခြုံခြုံနဲ့ စတိုင်လ်ကျလှပနေမှာပါ။

ခြေမျက်စိအထက်ရှိတဲ့ pant တွေကိုဝတ်မယ်ဆိုရင် ကိုယ်ကျပ်အင်္ကျီလှလှလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ စတိုင်လ်ကျပြီး လှနေလို့ ရုံးတက်ဖက်ရှင်အတွက် အလိုက်ဖက်ဆုံးပါပဲ။


Pant တွေကို ဒီလိုအင်္ကျီလှလှလေးတွေနဲ့ တွဲဝတ်တာက စတိုင်လ်ကျပြီး ကြော့ရှင်းလှနေစေပါတယ်။ ရုံးတက်ဖက်ရှင်အတွက်ဆို confident ရှိနေစေမယ့် ဖက်ရှင်မျိုးပါ။


Color pant လေးတွေကို ဒီလိုအင်္ကျီလေးတွေနဲ့တွဲဝတ်တာက အရမ်းလှပြီး တည်ငြိမ်တဲ့ပုံစံလေး ဖြစ်စေလို့ ရုံးတက်ဖက်ရှင်အတွက် ကွက်တိပါပဲ။


အခုနောက်ပိုင်းမှာခေတ်စားနေတဲ့ pant နဲ့ အင်္ကျီဝမ်းဆက်လေးတွေဆိုရင်လည်း တချို့ဟာလေးတွေက ရုံးတက်ဖက်ရှင်အတွက် အရမ်းအဆင်ပြေပါတယ်။ ဝမ်းဆက်ဆိုတော့ တွဲဝတ်စရာ တကူးတကစဉ်းစားနေစရာ မလိုတော့ဘူးပေါ့။


ပေါ့ပါးတဲ့ freestyle မျိုးဝတ်ချင်တဲ့အခါမှာဆိုရင်လည်း စတိုင်လ်ကျတဲ့ pant လေးတွေကို တီရှပ်နဲ့တွဲဝတ်နိုင်ပါတယ်။


Pant လေးတွေကို ကြိုးတစ်လုံးနဲ့တွဲဝတ်ပြီး အပေါ်ကနေ ကုတ်ထပ်ဝတ်တာမျိုးကတော့ စမတ်ကျပြီးမိုက်နေမယ့် ဖက်ရှင်ပါပဲ။ ရုံးတက်ဖက်ရှင်အနေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။


ဒီလို pant နဲ့ coat ဝမ်းဆက်လေးတွေဆိုလည်း ရုံးတက်ဖက်ရှင်အတွက် အလိုက်ဖက်ဆုံးပါပဲ။ confident အပြည့်နဲ့ စတိုင်လ်ကျပြီးကို လှနေမှာပါ။


ဒီလို pant အရှည်အပွကြီးတွေကို လက်ရှည်အင်္ကျီလှလှလေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်သာစီးလိုက်မယ်ဆိုရင်တော့ ကြော့ရှင်းလှပတဲ့ပုံစံလေး ဖြစ်နေမှာပါ။


ဒီလိုအင်္ကျီလေးတွေဆိုရင် ဝတ်ရတာပေါ့ပါးမှုရှိစေလို့ pant လေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ရာသီဥတုပူတဲ့နေ့တွေမှာ ဝတ်လို့ကောင်းတဲ့ ဖက်ရှင်ပါပဲ။


အင်္ကျီအဖြူလှလှလေးတွေကို pant နဲ့တွဲဝတ်တာကတော့ ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။ ဒါကြောင့်လည်း ရုံးတက်ဖက်ရှင်အတွက်ဆို အဆင်ပြေပါတယ်။


photo source:www.pinterest.com


#အလှအပရေးရာ
#fashion
#Pants

Some text some message..