ပျင်းစရာကောင်းသော တနင်္ဂနွေနေ့တွေမှာ ဆိုဖာပေါ်မှာ အရိုးမရှိတဲ့သတ္တဝါတစ်ကောင်လိုမျိုး လှဲနေတာနှင့် နေ့တိုင်းအပျင်းကြီးနေတာနဲ့ မတူပါဘူး။ ပျင်းတာက အောင်မြင်မှုရဲ့ အကြီးမားဆုံးရန်သူဖြစ်ပြီး ထမင်းငတ်ခြင်းရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်ပါတယ်။ လူဖြစ်လာရင် မပျင်းသင့်ပေမယ့် လူတိုင်းက အနည်းနဲ့အများ ပျင်းကြပါတယ်။ ဒါပေမယ့် အကယ်၍ သင်ဟာ အလွန်အကျွံပျင်းရိသူတစ်ယောက်ဖြစ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?
၁။ နောက်ဆုံးမိနစ်အထိ အရာအားလုံးကို ရွှေ့ဆိုင်းထားဆဲ

အချိန်ဆွဲခြင်းက မလိုအပ်ဘဲ အလုပ်တစ်ခုခု (သို့) တစ်ခြားတာဝန်အချို့ကို ဆန္ဒအလျောက်ရွေ့ဆိုင်းထားခြင်းမျိုးဖြစ်ပြီး အနှောင့်အယှက်ဖြစ်စေသော ဆိုးကျိုးတွေရှိနိုင်ပါတယ်။ တစ်ချို့လူတွေက အချိန်ဆွဲတတ်သူတွေဟာ ဖိအားတွေအောက်မှာသာ ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီလိုဆိုရင် ဒီအလုပ်က ဒီနေ့ပြီးမှ ပြီးပါ့မလား? ဆိုတဲ့ မလိုအပ်တဲ့စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အလုပ်လုပ်ရတာ ထိုက်တန်ရဲ့လား? အထူးသဖြင့် သင့်မှာ သင့်ကို အားကိုးနေရတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုရင် သူတို့မှာရော သင့်ကြောင့် ပူပန်မှုတွေရှိနေတာ ဖြစ်သင့်ရဲ့လား?
အချိန်ဆွဲခြင်းဟာ တစ်ခြားလူတွေရဲ့ အလုပ်တွေကိုပါ ထိခိုက်လာတဲ့အခါ ပြဿနာဖြစ်လာနိုင်ပါတယ်။ မပေးချေရသေးသော ငွေတောင်းခံလွှာများ၊ မလျှော်ရသေးသော အဝတ်အစားတွေနဲ့ ရှုပ်ပွနေသော အိမ်နှင့် မဆေးကြောရသေးသော ပန်းကန်တွေကြောင့် သင့်အိမ်ဟာ ပြဿနာတွေစုပုံရာနေရာတစ်ခုဖြစ်လာပါလိမ့်မယ်။
ကျွန်မတို့အားလုံးက တစ်ခါတလေမှာတော့ အချိန်ဆွဲကြပါတယ်။
ငါနောက်မှ လုပ်လိုက်ပါမယ်လေ
ဆိုတာမျိုးက မန္တန်တစ်ခုဖြစ်လာတဲ့အခါ ပျင်းရိခြင်းဆီကို တစ်ဖြည်းဖြည်းလျှောကျလာနေပါပြီ။ ဒါ့ကြောင့် အခုလုပ်ဖို့ လိုအပ်တာတွေကို ချက်ချင်းလုပ်ပြီး အချိန်ဆွဲတတ်တဲ့အကျင့်ကို ဖျောက်ပါ။
၂။ လေ့ကျင့်ခန်းလုပ်ရမယ့်အရေးမှာ အကြောင်းပြချက်တစ်သန်းလောက်နဲ့ နေ့ရွေ့ညရွေ့

ဇန်နဝါရီ (၁) ရက်နေ့မှာတော့ သင့်ရဲ့ ကြုံးဝါးသံက ဒီနှစ်က ငါ့ရဲ့ နှစ်ပဲ၊ ဘယ်သူ့အတွက်မှ မဖြစ်စေရဘူး အားမာန်အပြည့်နဲ့ လက်သီးလက်မောင်းတန်းလိုက်ပါတယ်။ နှစ်သစ်နှင့်အတူ စိတ်ရော လူပါပြောင်းလဲပစ်မယ်။ ဒါပေမယ့် ဇန်နဝါရီ ၁၇ ရက်နေ့ကို
နှစ်သစ်ဆုံးဖြတ်ချက်တွေရဲ့ အဆုံးနေ့
လို့ခေါ်ကြပါတယ်။ အကြောင်းရင်းကတော့ ၎င်းနေ့မှာ လူအများစုက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို စွန့်ပစ်ကြတဲ့နေ့ဖြစ်တာကြောင့်ပါ။
၎င်းဆုံးဖြတ်ချက်တွေထဲကတစ်ခုကတော့ ကိုယ်အလေးချိန်လျှော့ချဖို့ (သို့) အလုံးစုံကျန်းမာအောင်နေထိုင်ဖို့ဖြစ်ပါတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်းက မရေမတွက်နိုင်လောက်အောင် အကျိုးကျေးဇူးတွေများပါတယ်။ ဒါတောင်မှ တစ်နည်းနည်းနဲ့ မလုပ်ဖြစ်ဖို့ အဆုံးမဲ့အကြောင်းပြချက်တွေပေးနေပါလိမ့်မယ်။
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးလို့ ငြီးနေပြီး အင်စတာဂရမ်နှင့် Tik Tok မှာတော့ ကချိန်ရော/ရွချိန်ပါ ရပါလိမ့်မယ်။ ဒါပေမယ့် ပင်ပန်းနေတာကြောင့်များလား? တကယ်တော့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အားအင်အသစ်တွေ ရလာတတ်ပါတယ်။ တကယ်တော့ ပျင်းနေလို့ပါ။
၃။ အသစ်တစ်ခုခုကို စမ်းသပ်ဖို့ စောင့်ဆိုင်းနေဆဲ

သင်ကြိုးစားကြည့်ချင်တဲ့စိတ်လှုပ်ရှားစရာကောင်းသော အရာတစ်ခုခုအတွက် သင့်ခေါင်းထဲမှာ စိတ်ကူးပေါင်းများစွာရှိကောင်းရှိပါတယ်။ ယောဂ၊ စေတနာ့ဝန်ထမ်း၊ coding ၊ အနုပညာလုပ်ငန်းတစ်ခုခု စသဖြင့်ပေါ့။ ဒါပေမယ့် ခုချိန်ထိ သင်တစ်ခုမှ မလုပ်ရသေးဘူး။ ဒါပေမယ့် သင်ကတော့ အသစ်တစ်ခုခုစတင်ဖို့ အချိန်တစ်ခုလိုတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ပျင်းရိခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
နောက်ထပ်အကြောင်းအရင်းတစ်ခုက အပြောင်းအလဲကို ကြောက်ရွံ့ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ အပြောင်းအလဲနှင့် ဆက်စပ်သော မရေရာမသေချာမှုနှင့် ထိန်းချုပ်မှုမရှိခြင်းက အစပျိုးမှုနှင့် ယုံကြည်မှုတစ်ချို့လိုအပ်ပါတယ်။
၄။ သင်ဟာ အမြဲတမ်းပျင်းနေတယ်

သင့်မှာ တစ်နေ့တာလုပ်စရာစာရင်းစာရွက်ကြီးကိုင်ထားပြီး ဘာလုပ်ရမလဲဆိုတာ စဉ်းစားလို့မရဘူး။ တီဗီကြည့်တော့လည်း စိတ်ဝင်စားစရာ ဘာမှမရှိဘူး။ သွားစရာနေရာလည်း မရှိဘူး။ ဘာဆိုဘာမှ လုပ်စရာမရှိပေမယ့် စိတ်တွေက လေးလံပင်ပန်းနေတယ်။ ဒီလိုဆိုရင် ပျင်းရိနေတာကြောင့် ဖြစ်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင်လုပ်တာ ဘာမှမရှိဘူး။ ကြိုးစားတာမျိုးမရှိဘူး။ ဒီလိုဘဝက စုတ်ပြတ်သတ်နေရာကနေ ရုန်းထွက်ရပါမယ်။ ကိုယ်ရေးကိုယ်တာကိစ္စမှာပဲဖြစ်စေ၊ ပရော်ဖက်ရှင်နယ်လုပ်ငန်းမှာပဲဖြစ်စေ ပန်းတိုင်တစ်ချို့သတ်မှတ်ပါ။ လွယ်ကူပါစေ။ ပြီးနောက် ၎င်းပန်းတိုင်ကို ဖြစ်အောင်လုပ်ပါ။
၅။ ချက်ပြုတ်နိုင်ပြီး ပိုကောင်းတာတွေစားနိုင်ပါလျှက် ဘေးဖြစ်စေသော အစားအသောက်များ စားခြင်း

လူတော်တော်များများဟာ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာစားကြပါတယ်။ သို့ပေမယ့် အစာဖြစ်ရုံ စားနေတာထက် ဗိုက်ပြည့်ရုံဖြည့်နေတာက ကိုယ့်ရဲ့ ကျန်းမာရေးကို ဖျက်ဆီးနေသလိုပါပဲ။ အစားအစာနဲ့ ပတ်သက်လာရင် ကျွန်မတို့မှာ ရွေးချယ်စရာတွေများစွာရှိပါတယ်။ ပိုက်ဆံတွေပိုနေတာကြောင့် အပြင်မှာစားနိုင်တယ်၊ အပြင်စာတွေပဲ မှာစားမယ် ဒီတော့ ပင်ပန်းစရာလည်း မလိုဘူး။ အခု သင်ဘာစားနေလဲ? ဒီလိုကိုယ့်ရဲ့ အစားအစာရွေးချယ်မှုက ကိုယ့်အကြောင်းတွေအများကြီး ပြောပြနိုင်ပါတယ်။
၆။ ညဘက်မှာ မျက်နှာမသစ်/သွားမတိုက်ခြင်း

အထူးသဖြင့် ကောင်မလေးတွေပါ။ မင်းရဲ့ မျက်လုံးအောက်က mascara တွေက ချစ်စရာအဖတ်လေးတွေမဟုတ်ပါဘူး။ အသားအရေအတွက်လည်း တော်တော်လေးမကောင်းတဲ့အရာပါ။ ဒါ့ကြောင့် မျက်နှာကို ပုံမှန်သစ်ပေးပြီး မိတ်ကပ်ဖျက်ပြီးမှ အိပ်တာကောင်းပါလိမ့်မယ်။ အစာစားပြီးတိုင်း သွားမတိုက်တဲ့ အကျင့်ကို ပြင်ပါ။ ဒီလိုလုပ်လိုက်ရတော့ ဘာမှ အပန်းမကြီးပါဘူး။ ဒါဟာ သင့်ရဲ့ အသွင်အပြင်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အရေးကြီးပါတယ်။
၇။ ငါဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာမျိုး အမြဲတွေးတယ်
သင့်ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားနေရတယ်။ ပြောင်းလဲဖို့ လိုအပ်နေပြီလို့ မကြာခဏတွေးနေပေဖို့ မလုပ်ရသေးဘူးဖြစ်နေတယ်။ ငါက ဘာကြောင့် ဒီလိုဖြစ်နေရတာလဲလို့ တွေးမိတိုင်း ရယ်စရာလိုမျိုးဖြစ်နေတယ်။ ဒါပေမယ့် အသိအမှတ်ပြုတာက ပထမခြေလှမ်းဖြစ်ပါတယ်။ အတွေးတင်ရပ်မထားဘဲ ဆက်ပြီး ကြိုးစားရပါမယ်။ ပျင်းရိခြင်းက sexy ကျခြင်းမဟုတ်သလို ကိုယ့်ရဲ့ ပန်းတိုင်တွေအတွက်လည်း အတားအဆီးတွေဖြစ်ပါတယ်။ ကြိုးစားမှုရဲ့ ဆုလာဘ်တွေက တော်တော်ချိုမြိန်ပါတယ်။
ဒါ့ကြောင့် သင့်ရဲ့ ပျင်းရိမှုက သင့်ရဲ့ ပန်းတိုင်တွေကို မရောက်နိုင်ဘူးဆိုရင် ဒါမှမဟုတ် သင့်မှာ ပန်းတိုင်မရှိသေးရင် ကိုယ့်ကိုယ်ကိုယ်အဆင်သင့်ဖြစ်အောင် လုပ်ပါ။ လောကမှာ အလှအပတွေများစွာရှိပြီး ၎င်းတို့ကို ခံစားဖို့ ပျင်းပြီး အချိန်မဖြုန်းပါနဲ့။
Lifestyle_Myanmar
Nyein_Thu
ref-interestingpsychology
သင်ဟာ အပျင်းကြီးသူတစ်ယောက်ဖြစ်ကြောင်း လျှို့ဝှက်စွာပြောပြနေသော အရာများ