မိန်းကလေးတိုင်းအတွက် လိုအပ်တဲ့ Bra (၈) မျိုး
mystylemyanmar.com
|
2021-10-10

မိန်းကလေးတိုင်းအတွက် လိုအပ်တဲ့ Bra (၈) မျိုး

Bra အမျိုးအစားတွေကတော့ အများကြီးရှိပါတယ်။ Bra ကို ၁ မျိူး၊ ၂ မျိူးလောက်ပဲ ဝယ်ထားတာထက်စာရင် အမျိုးအစားစုံစုံလင်လင်ရှိတော့ အဝတ်အစားတိုင်းအတွက် အဆင်ပြေတာပေါ့။ ဒါကြောင့် bra အမျိုးအစားတွေအများကြီးထဲကမှ မိန်းကလေးတိုင်းအတွက် လိုအပ်တဲ့ bra (၈) မျိုးကို ရွေးပြီးဖော်ပြပေးလိုက်ပါတယ်။

Push-Up Bra


Push-Up Bra ကတော့ ရင်သားကိုပင်တင့်ပေးပြီး ရင်သားပိုလှစေတဲ့အတွက် မရှိမဖြစ်လိုအပ်တဲ့ bra အမျိုးအစားပါပဲ။ အင်္ကျီအဝတ်အစားတိုင်းနဲ့လည်း အဆင်ပြေတဲ့ bra ဖြစ်ပါတယ်။

Strapless Bra


မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ bra ဖြစ်ပါတယ်။ ကြိုးတစ်လုံးအင်္ကျီအဝတ်အစားတွေ၊ shoulder off တွေဝတ်တဲ့အခါမှာ ကြိုးပါတဲ့ bra တွေဝတ်ပြီး ကြိုးပေါ်နေတာမျိုးမဖြစ်အောင် strapless bra ကိုဝတ်ပါ။

Stick On Bra


Stick On Bra ကျတော့ ကျောပြောင်တွေ၊ လည်ပင်းအရမ်းဟိုက်တာတွေ၊ လက်မောင်းပေါက်ကျယ်တာတွေ ဝတ်တဲ့အခါမှာ အရမ်းအသုံးဝင်တဲ့ bra ဖြစ်လို့ မိန်းကလေးတိုင်းအတွက် လိုအပ်ပါတယ်။

Minimizer Bra


Minimizer Bra ကျတော့ အရမ်းပါးတဲ့အင်္ကျီတွေဝတ်တဲ့အခါ၊ မြန်မာဝတ်စုံတွေဝတ်တဲ့အခါမှာ အသုံးဝင်စေလို့ တစ်ထည်လောက်တော့ ရှိထားသင့်တဲ့ bra ပါ။ ရင်သားကြီးတဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေတဲ့ bra ဖြစ်ပါတယ်။

Seamless U-Plunge bra


Seamless U-Plunge bra ကတော့ ရင်ဘတ်အရမ်းဟိုက်ပြီး လည်ပင်းအောက်အရမ်းကျတဲ့ အင်္ကျီတွေတွေဝတ်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့ bra ဖြစ်ပါတယ်။

Backless bra


Backless bra ဆိုရင် ကျောပြောင်အင်္ကျီတွေဝတ်တဲ့အခါမှာ အသုံးဝင်စေတဲ့ bra ဖြစ်ပါတယ်။ Stick On Bra မဝတ်ရဲရင် backless bra ကို ဝတ်လို့ရပါတယ်။

Bandeau Bra


Bandeau Bra ကိုတော့ အများစုက ရင်ခံလို့ပဲခေါ်ပါတယ်။ ဒီရင်ခံ bra ကလည်း မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တာပါ။ အနည်းဆုံး ၂ ထည်လောက် ရှိထားသင့်ပါတယ်။

Sports Bra


Sports Bra ကတော့ မရှိမဖြစ်လိုအပ်တာမျိုးမဟုတ်ပေမယ့် အားကစားလုပ်တတ်တဲ့သူတွေ၊ ခပ်ဟော့ဟော့ဝတ်တတ်တဲ့ သူတွေအတွက်တော့ လိုအပ်တဲ့ bra ပါပဲ။


#ဘဝနေထိုင်မှု
#အထွေထွေဗဟုသုတ
#အလှအပရေးရာ
#မိန်းကလေး

Some text some message..