
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတွေဟာ ပရမ်းပတာကြားထဲမှာ အေးအေးဆေးဆေး နေတတ်ကြသူတွေပါ။ သူတို့မှာ အဖြေအားလုံး မရှိလို့လည်းအရေးမကြီးပါဘူး။ အခြေအနေအရ သူတို့ရဲ့စိတ်ခံစားချက်တွေကို အလွယ်တကူ manage လုပ်နိုင်ပါတယ်။ အဆင်မပြေတဲ့ အခြေအနေတွေကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတm ကောင်းကောင်းသိပြီး သူတို့ရဲ့စိတ်ကို တည်ငြိမ်အောင် ထားတတ်ကြပါတယ်။ ဒီကျွမ်းကျင်မှုက နေ့ချင်းညချင်း မဖွံ့ဖြိုးသော်လည်း အချိန်ကြာလာတာနှင့်အမျှ အလုပ်နဲ့ လိုက်လျောညီထွေရှိလာပြီး ကျင့်သားရလာတာပါ။ စိတ်ပို်ငးဆိုင်ရာ ရင့်ကျက်မှုတချို့ကို တည်ဆောက်ချင်တယ်ဆိုရင် ဒီအကြံပြုချက်လေးတွေကို လိုက်နာကြည့်ပါ။
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုလက္ခဏာများ
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတွေနဲ့ မရင့်ကျက်သူတွေကြား ခြားနားချက်က စိတ်ပို်ငးဆိုင်ရာ မရင့်ကျက်သူတွေဟာ သူတို့ရဲ့ အသက်အပိုင်းအခြားမှာရှိတဲ့ အပြုအမှုအတွက် လူမှုအဖွဲ့အစည်းရဲ့ မျှော်မှန်းချက်တွေနဲ့ မကိုက်ညီတာဖြစ်ပါတယ်။ စိတ်ပို်ငးဆိုင်ရာ ရင့်ကျက်သူတွေဟာ ဝေဖန်မှုကို ဘယ်လိုလက်ခံရမယ်ဆိုတာ သိကြပြီး သူတို့ရဲ့ အနာဂတ်ကိုလည်း အားစိုက်ထုတ်နိုင်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သူတွေကတော့ ဒါနဲ့ ရုန်းကန်ရလေ့ရှိပါတယ်။ ဒါတွေကတော့ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သူတွေရဲ့ နောက်ထပ် အပြုအမှုဆိုင်ရာ လက္ခဏာအချို့ ဖြစ်ပါတယ်။
၁။ စိတ်မြန်လက်မြန် ပြုမှုကြပါတယ်
စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သူတွေဟာ မခန့်မှန်းနိုင်တာတွေ ပြုလုပ်တတ်ကြသလို လူမှုရေးဆန့်ကျင်တဲ့ နည်းလမ်းနဲ့လည်း ပြုမှုတတ်ကြပါတယ်။ အများအားဖြင့် စိတ်မြန်တတ်ကြတဲ့ ကလေးတွေကို မြင်ယောင်ကြည့်ပါ၊ သူတို့က သူတို့ပတ်ဝန်းကျင်ရှိ တခြားလူတွေကို ဘယ်လို သက်ရောက်မလဲဆိုတာ မစဉ်းစားဘဲ ပြောတတ်ကြပါတယ်၊ သူတို့မလုပ်သင့်တဲ့ အရာတွေကို ထိတွေ့တတ်ပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက ဒီတွန်းအားတွေ ထိန်းချုပ်ဖို့ မသင်ပေးထားဘူးဆိုရင် အရွယ်ရောက်လာတဲ့အခါမှာလည်း ဒီအပြုအမှုကို ရှင်းရှင်းလင်းလင်း မြင်လာနိုင်ပါတယ်။

၂။ သူတို့က တခြားသူတွေကို စော်ကားတဲ့ နာမည်တွေ သုံးပြီး အနိုင်ကျင့်ကြပါတယ်
တစ်စုံတစ်ယောက်က ကလေးဘဝမှာ ဆိုးသွမ်းခဲ့မယ်ဆိုရင် သူတို့က စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရှိဘူးလို့သာ ဆိုလိုပါတယ်။ self-awareness ကို ဂရုမစိုက်ဘဲ ကြီးပြင်းလာတဲ့အခါ သူတို့အနေနဲ့ ကလေးလိုပဲ ဒေါသအမျက်ထွက်မှုပေါ်မှာ မှီခိုနေတတ်ပါတယ်။ အထူးသဖြင့် အငြင်းအခုံတစ်ခု အနိုင်ရဖို့(သို့) ငြင်းပယ်ခြင်းကို ဖြစ်ပေါ်စေဖို့ (သို့) ဖြစ်ရပ်မှန်ကို ဦးတည်ထည့်မစဉ်းစားဘဲ ရှုံ့ချဖို့ စော်ကားတဲ့ နာမည်တွေကို အသုံးပြုတတ်ပါတယ်။
၃။ အာရုံစူးစိုက်မှု ရရှိအောင် နည်းလမ်းတွေ ရှာဖွေတတ်ကြပါတယ်
ကလေးတွေ ပျင်းလာတဲ့အခါ အပျက်သဘောဆောင်တဲ့ အပြုအမှုဖြစ်နေရင်တောင် လူကြီးတွေရဲ့အာရုံစိုက်မှုရအောင် လုပ်ဆောင်မှုတွေ လုပ်တတ်ကြပါတယ်၊ စိတ်ပို်ငးဆိုင်ရာ မရင့်ကျက်တဲ့ လူကြီးတွေမှာလည်း အလားတူပါပဲ။ သူတို့ရဲ့ ဆိုလိုရင်းက negative မဖြစ်နိုင်ပေမယ့် အာရုံစိုက်မှုရဖို့ စကားဝိုင်းကို အနှောက်အယှက် ဖြစ်စေတာ (သို့) မသင့်လျော်တဲ့ ပြက်လုံးတွေနဲ့ ဖြိုခွင်းတာ လုပ်လာနိုင်ပါတယ်။

၄။ သူတို့က အရေးကြီးတဲ့ တာဝန်တွေကို မယူပါဘူး
အထက်မှာဖော်ပြခဲသလိုပဲ စိတ်ပိုင်းဆိုငရာ မရင့်ကျက်သူတွေဟာ သူတို့အနာဂတ်ကို ဘယ်လိုစီစဉ်ရမယ်ဆိုတာ လုံးဝမသိနိုင်ပါဘူး။ သူတို့ဘဝရဲ့ အခြားရှုထောင့်တွေအပြင် ကတိသစ္စာပြုထားတဲ့ ဆက်ဆံရေး၊ ပရော်ဖက်ရှင်နယ်ဘဝ၊ အိမ်ပိုင်ဆိုင်မှု (သို့) ရင်းနှီးမြှုပ်နှံမှုတွေမှာတောင် ဒီလူတွေဟာ အခြားသူတွေပါ် မှီခိုနေရပြီး ဒီအပြုအမှုကို များသောအားဖြင့် Peter Pan syndrome လို့ခေါ်ပါတယ်။

စိတ်ပို်င်းဆိုင်ရာ ရင့်ကျက်မှု ဖွံ့ဖြိုးလာစေဖို့ အကြံပြုချက်များ
၁။ မိမိကိုယ်ကို တိုးတတ်အောင် လုပ်ဆောင်ပါ
ရင့်ကျက်သူတွေက ကိုယ့်ကိုယ်ကို ဖွံဖြိုးတိုးတတ်တာကို နှစ်သက်ကြပြီး ကိုယ့်ရဲ့စိတ်နဲ့ တခြားသူတွေရဲ့စိတ်ကို ကောင်းကောင်း နားလည်ကြပါတယ်။ သူတို့ဘဝရဲ့ ကဏ္ဍပေါင်းစုံကနေ ရရှိသမျှ အတွေ့အကြုံတွေကို သင်ယူပြီး လက်တွေ့အသုံးချဖို့ ပွင့်လင်းပါတယ်။ သူတို့ဘဝရဲ့ အခြေခံမှုတွေကို လိုက်နာတာကြောင့် သူတို့ကို အဲ့ဒါက သူတို့ကို ပိုပြီးသတိရှိစေပါတယ်။

၂။ တခြားသူတွေကို စာနာမှု ပိုထားပါ
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတွေဟာ တတ်နိုင်သလောက် ကောင်းမှုပြုပြီး သူတို့ပတ်ဝန်းကျင်က တခြားသူတွေကိုလည်း မြှင့်တင်ပေးခြင်းဖြင့် ဘဝကို ရှင်သန်ကြပါတယ်။ သူတို့က တစ်စုံတစ်ယောက်ရဲ့နေရာကနေ ဝင်ခံစားပေးတတ်ပြီး တတ်နိင်လောက် ကူညီပေးပါတယ်။

၃။ အားနည်းချက်တွေကို မကြောက်ပါနဲ့
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတွေဟာ ပွင့်လင်းဖို့ မကြောက်တတ်ကြပါဘူး။ တဖက်လူကို အထီးကျန်မှု နည်းစေဖို့အတွက် မိမိရဲ့ ရုန်းကန်ရမှုတွေကို လွတ်လပ်စွာ မျှဝေတတ်ကြပါတယ်။ ပြီးပြည့်စုံတယ်လို့ ခံယူဖို့ကို ဂရုမစိုက်ပါဘူး။ သူတို့က အခြားသူတွေကြား ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ သူတို့ရဲ့ခံစားချက်တွေပါ်မှာ အရမ်းရိုးသားကြပါတယ်။

၄။ ကျန်းမာတဲ့ နယ်နိမိတ်တွေ သတ်မှတ်ပါ
ဒါက မိမိကိုယ်ကို ချစ်ခြင်းနှင့် လေးစားခြင်းရဲ့ အရေးကြီးသော ပုံစံတစ်ခုဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ ရင့်ကျက်သူတွေက မျဉ်းတစ်ကြောင်းကို ဘယ်အချိန်မှာ ဘယ်လိုဆွဲရမယ်ဆိုတာ သိကြပြီး အခြားသူတွေကို ဖြတ်ကျော်ခွင့် မပြုပါဘူး။ တစ်ယောက်ယောက်က သူတို့ကို နှိမ့်ချရင် အဲ့ဒီအတွက် သည်းခံမနေပါဘူး။ သူတို့အသံကို သေချာနားထောင်စေပါတယ်။

၅။ တာဝန်ခံမှု ယူပါ
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတွေဟာ ကိုယ့်တန်ဖိုးကိုယ် အမြဲသိကြပါတယ်။ တစ်ခုခုမှားသွားရင် တခြားသူတွေကို လက်ညှိုးမထိုးတတ်ပါဘူး၊ သဘာဝအားဖြင့် နှိမ့်ချတတ်ကြပါတယ်၊ ညည်းတွားနေမယ့်အစား လက်တကမ်းမှာရှိနေတဲ့ အခြေအနေတွေကို တိုးတတ်ကောင်းမွန်အောင် အမြဲလုပ်ဆောင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-5minutecraf