introvert တစ်ဦးရဲ့ ရိုးသားသော ထုတ်ဖော်ဝန်ခံမှု (၇) ချက်
lifestylemyanmar.com
|
2021-10-31

သင်ဟာ သင့်ကိုယ်သင် introvert တစ်ယောက်ဖြစ်ကြောင်း ဘယ်တုန်းက သိခဲ့တာလဲ? သူငယ်ချင်းတစ်ယောက်ရဲ့ မွေ့နေ့အတွက် စာအုပ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ၊ အပင်လေးတွေ ပေးဖူးခဲ့တုန်းကတည်းက သတိထားမိခဲ့လား? ဒါမှမဟုတ် အတန်းရှေ့ စကားပြောရတိုင်း တုန်လှုပ်ချောက်ချားနေကတည်းက ကိုယ့်ကိုယ်ကိုယ်မုန်းမိနေခဲ့သလား? တစ်ခုခုမှားနေပြီလို့ ခံစားနေရလား? တကယ်တော့ ဘယ်သူမှ မမှားပါဘူး။ extrovert ကမ္ဘာမှာ introvert တစ်ယောက်အတွက် ခက်ခဲတတ်တာ ပုံမှန်ပါပဲ။ မတူကွဲပြားတာကလည်း အဆင်ပြေပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် introversion အနေနဲ့ လက်ခံတတ်ဖို့တော့ သင်ယူရပါမယ်။

introvert တွေကို နားလည်မှုလွဲတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် သင်သာ introvert တစ်ယောက်ဖြစ်မယ်ဆိုရင် ရိုးသားဖို့နှင့် သင့်သူငယ်ချင်း introvert တွေကို နားလည်ပေးနိုင်ဖို့ introvert တွေရဲ့ ပြဿနာတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ အသေးအဖွဲကိစ္စတွေကို ဆွေးနွေးနေတာက သူတို့အတွက် အင်မတန်ပျင်းဖို့ကောင်းတယ်


ဟုတ်ပါတယ်။ လူ့လောကကြီးက ဒီလိုအသေးအဖွဲကိစ္စတွေကို အရေးလုပ်စကားပြောဆိုပြီး လူ့အဖွဲ့အစည်းအဖြစ် ပေါင်းသင်းနေထိုင်ကြရတာဖြစ်ပါတယ်။ introvert တွေအတွက်ကတော့ ဒီလိုကိစ္စတွေက အင်မတန်စိတ်ပျက်ဖို့ကောင်းပါတယ်။ ရာသီဥတုအခြေအနေက ဘယ်လိုလဲ၊ အိမ်နီးနားချင်းတွေ ဘာတွေဖြစ်နေလဲ၊ ဘာတွေရောင်းနေကြလဲ…စသဖြင့် ဒီအကြောင်းအရာတွေက introvert တွေအတွက် မဟုတ်ပါဘူး။

သူတို့ဟာ တတ်နိုင်သမျှ စကားအနည်းဆုံးပြောဆိုကြပြီး စကားဝိုင်းတစ်ခုမှာ အဓိပ္ပါယ်ရှိရှိ ပါဝင်ကူညီနိုင်မှသာ စကားပြောကြပါတယ်။ စစ်မှန်သော စကားဝိုင်းအနည်းငယ်က အဓိပ္ပာယ်မဲ့သော စကားဝိုင်းပေါင်းတစ်ထောင်ကျော်ထက် ပိုကောင်းတယ်လို့ ယုံကြည်ကြပါတယ်။

၂။ တစ်ယောက်တည်းနေရခြင်းက သူတို့ကို ပျော်ရွှင်စေတယ်


introvert တစ်ယောက်အတွက် တစ်ယောက်တည်းနေရခြင်းက စွမ်းအင်တွေ ပြည့်စေပါတယ်။ တစ်ကိုယ်တည်းအချိန်က သူတို့ရဲ့ အတွေး၊ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေ၊ စိတ်ခံစားမှုတွေကို လမ်းညွှန်ပေးနိုင်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် သူတို့အတွက် နေ့ရက်တိုင်း သူတို့ရဲ့ ကမ္ဘာစိတ်ကမ္ဘာကို လှပသာယာစေဖို့ တစ်ယောက်တည်းအချိန်ဆိုတာ တကယ်လိုအပ်ပါတတယ်။ တစ်ယောက်တည်း ဖုန်းသုံးနေမယ်၊ စာအုပ်ဖတ်နေမယ်၊ ချက်ပြုတ်နေမယ် ဒါမှမဟုတ် ဒီအတိုင်းလမ်းလျှောက်နေမယ်…စသဖြင့်ပေါ့။

၃။ အလွယ်တကူ စိတ်သောကရောက်နိုင်တယ်


introvert တို့ရဲ့ စိတ်ဟာ ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်အပေါ် လေးနက်သော အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေသော မြတ်နိုးဖွယ်နေရာတစ်ခုဖြစ်ပါတယ်။ ၎င်းက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဖျက်ဆီးနေသော အကြီးမားဆုံးနှင့် အဆိုးရွားဆုံးသော အတွေးလွန်သူတွေလည်းဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို အသေးအဖွဲကိစ္စတွေကို စကားထဲထည့်ပြောလေ့မရှိပေမယ့် အတွေးထဲမှာတော့ အဓိပ္ပာယ်မရှိသောအရာတွေနဲ့ ပြည့်ပြီး အတွေးလွန်စိတ်သောကရောက်နေတတ်ပါတယ်။

၄။ စိတ်ခံစားချက်တွေကို ဖော်ပြဖို့ အင်မတန်ခက်ခဲတယ်


သူတို့ရဲ့ အနီးကပ်ဆုံးလူတွေနဲ့ သူတို့ကို ဂရုအစိုက်ဆုံးလူတွေတောင် သူတို့ဘာတွေဖြစ်နေတယ်သိနိုင်ဖို့ ခက်ခဲပါတယ်။ တစ်ဖက်မှာ သူတို့ကိုယ်တိုင် သူတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို လျစ်လျူရှုခံရမှာ ကြောက်ရွံ့နေတာကြောင့် ထုတ်မဖော်ကြတာပါ။

၅။ သူတို့က တစ်ယောက်တည်း အတူရှိလိုကြတယ်


ခေါင်းစဉ်ကြီးက ထူးဆန်းနေပါလိမ့်မယ်။ ဆိုလိုတာက ကတိတွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးထဲ ဝင်ခဲ့မယ်ဆိုရင်တောင် တစ်ယောက်တည်းနေချင်တဲ့အချိန်တွေ ပိုများပါတယ်။ တစ်ချိန်လုံး အထီးကျန်နေမှာ မလိုလားကြသလို တစ်ချိန်လုံးအတူရှိနေဖို့လည်း ငြီးငွေ့ကြပါလိမ့်မယ်။ သူတို့အနေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို တန်ဖိုးထားကြပါလိမ့်မယ်။ ၎င်းဆက်ဆံရေးကို တည်ဆောက်ဖို့ ပျိုးထောင်ဖို့အတွက်လည်း ဘာမဆိုပေးဆပ်ဖို့ အသင့်ရှိနေသူတွေပါ။

၆။ introvert တွေဟာ တစ်ခါတလေ extrovert ဖြစ်ချင်ကြတယ်

မှန်ပါတယ်၊ introvert တွေဟာ လူမှုရေးနယ်ပယ်ကျယ်ပြန့်လွန်းတဲ့ extrovert တွေဖြစ်လိုကြပါတယ်။ extrovert တွေနဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အားစိုက်ထုတ်မှုတွေအများကြီးလုပ်ကြပါတယ်။ သူတို့ဟာ ပေါင်းသင်းကြပြီး ကျယ်လောင်စွာရယ်မောကြရုံသာမက အချိန်တိုင်းလိုလို သူတို့သူငယ်ချင်းတွေနဲ့ ပျော်နေကြပါတယ်။ တကယ်တော့ တစ်ဖက်က မြက်ခင်းက ပိုစိမ်းနေတယ်လို့ ထင်နေတာလည်းဖြစ်နိုင်ပါတယ်။ extrovert တွေကရော ဘဝကို ဘယ်လိုရှင်သန်ကြသလဲ?

၇။ ပျော်စရာတွေကို ကိုယ်တိုင်ဖန်တီးနိုင်တယ်


ပါတီမှာ သီချင်းဆိုပြီး ကခုန်နေရတဲ့ ပျော်ရွှင်မှုမျိုးထက် လူတွေကို လေ့လာရတာ၊ လူတွေရဲ့ တစ်ခြားဘက်ခြမ်းကို စူးစမ်းရတာတွေ၊ ယဉ်ကျေးမှုအသစ်တွေ၊ ရိုးရာဓလေ့အသစ်အဆန်းတွေကို ရှာဖွေဖော်ထုတ်ပြီး ပျော်ရွှင်ရတဲ့ ပျော်ရွှင်မှုမျိုးကို သင်ပိုမက်မောပါတယ်။ နောက်ပြီး ကြယ်တွေနှင့် တောင်တွေကို ငေးကြည့်ရတာ၊ ခွေးလေးတွေနဲ့ ကစားရတာကို ပိုပျော်ပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း သွားနေမယ့်အစား ကိုယ့်အကျိုးစီးပွားကိုပဲ အာရုံစိုက်နိုင်ပြီး လူတော်တော်များများအတွက် ငြီးငွေ့စရာတွေက introvert တွေအတွက် ပျော်စရာမြစ်တွေဖြစ်နိုင်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

ref-themindjournal


#ဘဝနေထိုင်မှု
#ပေါင်းသင်းဆက်ဆံရေး
#သူငယ်ချင်း
#ခံစားချက်
#သီချင်း

Some text some message..