သင်ဟာ သင့်မိသားစုရဲ့ အပယ်ခံဖြစ်ကြောင်း ပြသနေသော အရာ (၉) ချက်
lifestylemyanmar.com
|
2021-11-01

မိသားစုထဲမှာ သိုးမည်းဖြစ်ရတဲ့ ခံစားချက်ကို သိလား? ကိုယ်တိုင်ခံစားဖူးတဲ့ ဘယ်သူမဆို ဒီခံစားချက်က အရမ်းဆိုးရွားတဲ့အရာဖြစ်တယ်ဆိုတာ ကောင်းကောင်းနားလည်ကြမှာပါ။ ကိုယ့်ကိုယ် လူရာမသွင်းတဲ့ အဖွဲ့အစည်း (သို့) ကိုယ့်အတွက် အဆိပ်အတောက်ပဲဖြစ်စေတဲ့ လူ့အဖွဲ့အစည်းထဲမှာ ရှင်သန်ရတာ ဘယ်လိုနေမယ်ထင်လဲ?

လူ့ဘဝအစပြုရာ အဖွဲ့အစည်းတစ်ခုမှာ ပိုကောင်းတဲ့ အဖွဲ့ဝင်တွေ၊ ကျန်းမာပြီး စိတ်သဘောထားဖြူစင်တဲ့ မိသားစုဝင်တွေနဲ့သာ ဆုံစည်းခွင့်ရမယ်ဆိုရင် လူတစ်ယောက်အတွက် ကျန်းမာသော စိတ်နေသဘောထားနှင့်အတူ ကိုယ့်ကိုယ်ကိုယ်လေးစားမှုတွေနဲ့ ကြီးပြင်းခွင့်ကို ပိုင်ဆိုင်ရမှာပါ။ ဒါတွေတင်မကဘဲ အနာဂတ်အတွက် ကောင်းမွန်ပြီး လက်တွေ့ကျသော ပန်းတိုင်အချို့ကို ချမှတ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

အခြားတစ်ဖက်မှာလည်း အဆိပ်အတောက်ဖြစ်စေတဲ့ မိသားစုနဲ့ တွေ့ခဲ့ရမယ်ဆိုရင်တော့ ရလဒ်တွေက ကပြောင်းကပြန်ဖြစ်ကုန်မှာပေါ့။ ဟုတ်ပါပြီ၊ ဒီလိုဆို အဆိပ်အတောက်ဖြစ်စေတဲ့ မိသားစု (သို့) ကိုယ့်ကိုယ် လူရာမသွင်းတဲ့ အဖွဲ့အစည်းဆိုတာ ဘယ်လိုမျိုးလဲ?

၁။ အချစ်ခံရတယ်လို့ မခံစားရဘူး ပြီးတော့ လေးစားခံရတယ်လို့ မခံစားမိဘူး


တက်ကြွပြီး ကျန်းမာသော မိသားစုတစ်ခုမှာ မိသားစုဝင်တိုင်းက အချင်းချင်းအပြန်အလှန် ချစ်ကြတယ်၊ လေးစားကြတယ်လို့ ခံစားရသင့်ပါတယ်။ ကျန်းမာသောမိသားစုတစ်ခုအတွက် အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ သင်က အိမ်မှာ ရှိသင့်တဲ့အချိန်မျိုးမှာ အဝေးရောက်နေတဲ့အခါ သူတို့ သင့်ကို ဖုန်းခေါ်သင့်ပါတယ် ဒါမှမဟုတ် မေးလ်ပို့တာမျိုး၊ ဆိုရှယ်မီဒီယာမှာ မက်ဆေ့ချ်ပို့တာမျိုးတွေ လုပ်သင့်ပါတယ်။ ဒါက သူတို့ သင့်အကြောင်းတွေးနေတယ် (သို့) သင့်ကို လွမ်းနေကြောင်း ပြသနည်းတစ်မျိုးဖြစ်တာကြောင့်ပါ။

သင်ဘာတွေပဲလုပ်နေပါစေ သူတို့အမြဲ အားပေးသင့်ပါတယ်။ တစ်ခါတရံမှာ သဘောမတူတာတွေ၊ အမြင်မတူတာတွေဖြစ်နိုင်ပါတယ်။ ဒါကလည်း လုံးဝပုံမှန်ကိစ္စတစ်ခုဖြစ်သလို မိသားစုတွေဆိုတာ ဒီလိုပဲ ငြင်းခုံနေကြတာပါပဲ။ သို့ပေမယ့်လည်း ငြင်းခုံအော်ဟစ်ပြီးသွားတဲ့အခါ ဘာမှမဖြစ်သလိုမျိုး ပြုမူနေထိုင်လိုက်ကြတာပါပဲ။ ကိစ္စတွေက ဒီလိုပဲ ပြီးသွားတယ်ဆိုပါတော့။ ဒါကို မိသားစုလို့ ခေါ်ပါတယ်။

၂။ သင်လိုအပ်တဲ့ အချိန်တိုင်း အဲဒီ့နေရာမှာ သူတို့ဘယ်တော့မှ ရှိမနေဘူး


မိသားစုအခြေအနေတိုင်းမှာ ကောင်းတဲ့အချိန်တွေရှိသလို ဆိုးတဲ့ ကာလတွေလည်းရှိပါလိမ့်မယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အတူတကွလက်တွဲပြီး တစ်ဦးနှင့်တစ်ဦး အကြီးမားဆုံးကူညီမှုဖြစ်ဖို့ လိုအပ်ပါတယ်။

အကယ်၍ သင့်မိသားစုက သင့်ပင်ပန်းချိန်တိုင်း သင့်အနားမှာမရှိပေးဘူးဆိုရင် (သို့) သင်နှင့် သင့်ရဲ့ လိုအပ်ချက်တွေအတွက် အချိန်မပေးနိုင်ဘူးဆိုရင် ဒီအချက်က သင့်မိသားစုဟာ သင်နှင့် သင့်ရဲ့ လိုအပ်ချက်တွေအတွက် ဂရုမစိုက်ဘူးဆိုတဲ့ ရိုးရှင်းသော လက္ခဏာတစ်ချက်ပါ။

သင့်ရဲ့ များပြားလှသော အလုပ်အချိန်ဇယားတွေရှိနေတာတောင် သူတို့အတွက် အချိန်ပေးသင့်သလို အပြန်အလှန်အနေနဲ့ သူတို့လည်း ဒီလိုပဲလုပ်ပေးသင့်ပါတယ်။ တစ်စုံတစ်ယောက်အတွက် အချိန်ပေးခြင်းက သူတို့အတွက် အမှန်တကယ်ရိုးသားစွာဂရုစိုက်ကြောင်း ပြသခြင်းနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

၃။ သင့်ရဲ့ ခံစားချက်တွေနဲ့ ထင်မြင်ချက်တွေကို ဂရုမစိုက်ဘူး


တကယ်တော့ သင့်ရဲ့ ထင်မြင်ချက်တွေက သူတို့နဲ့ ထပ်တူအရေးပါသင့်ပါတယ်။ တစ်ခြားမိသားစုဝင်အားလုံးက အရေးကြီးသော ဆုံးဖြတ်ချက်တွေ ချနေချိန်မှာ သင်လည်း ထပ်တူပါဝင်သင့်ပါတယ်။

အကယ်၍ သူတို့က သင့်ရဲ့ ထင်မြင်ချက်တွေ (သို့) သင့်ရဲ့ ခံစားချက်တွေကို ဂရုမစိုက်ဘူးဆိုရင် ၎င်းက သင့်ရဲ့ အရာအားလုံးကို ဂရုမစိုက်ဘူး (သို့) စိတ်မဝင်စားဘူးလို့ ဆိုလိုပါတယ်။ ဒါဟာ ကျန်းမာတဲ့လက္ခဏာမဟုတ်သလို သင့်ဘဝတစ်လျှောက်မှာ ထိခိုက်မှုတွေများစေပါလိမ့်မယ်။ အနိုင်ကျင့်မှုတွေ၊ စော်ကားမှုတွေကို လက်မခံပါနဲ့။ ဒီအရာတွေက သင်နဲ့ လုံးဝမထိုက်တန်ပါဘူး။ ဒီကိစ္စတွေအတွက် သင်အဆင်မပြေကြောင်းပြောပါ။ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေက သင့်အတွက် ဘယ်လိုအရေးပါကြောင်း ဝင်ဆွေးနွေးသင့်ပါတယ်။

၄။ အလွဲသုံးစားလုပ်ခံရခြင်းရဲ့ တစ်ခြားသော အမျိုးအစားကွဲတွေကို ကြုံတွေ့နေရတယ်


မတရားအနိုင်ကျင့်ခံရခြင်းဆိုတာ ဘယ်လိုနေရာကနေပဲလာလာ လုံးဝခွင့်မပြုသင့်ပါဘူး။ လူတစ်ယောက်က သင့်ကို အမှန်တကယ်ဂရုစိုက်တယ်ဆိုရင် သင့်ကို ဘယ်တော့မှနာကျင်စေမှာမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာစော်ကားခံရခြင်းတစ်မျိုးတည်းဆိုလိုတာမဟုတ်ဘဲ သင့်မိသားစုက သင့်အပေါ်မှာ နည်းလမ်းအမျိုးမျိုးဖြင့် အနိုင်ကျင့်နိုင်ပါတယ်။ ဥပမာ စိတ်ပိုင်းဆိုင်ရာ (သို့) စိတ်ခံစားမှုဆိုင်ရာ အနိုင်ကျင့်ခြင်းမျိုးပေါ့။

သူတို့က သင့်ကို နာကျင်စေတယ်ဆိုရင် သင့်ကို ဂရုမစိုက်ကြောင်း လက္ခဏာတစ်ခုဖြစ်ပါတယ်။ သင့်မိသားစုရဲ့ ခြယ်လှယ်မှုဟာ သင့်ဘဝရဲ့ ဆုံးဖြတ်ချက်တစ်ချို့ကို ထိခိုက်စေနိုင်ပြီး သင့်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုတွေအပေါ် သက်ရောက်မှုတွေများစွာရှိနိုင်ပါတယ်။

၅။ သင်လိုချင်တာတွေက ဘယ်တော့မှ အရေးမပါဘူး


ပထမဆုံးအနေနဲ့ သင့်ရဲ့ လိုအပ်ချက်တွေက တစ်ခြားလူတွေလိုပဲ အရေးကြီးတယ်ဆိုတာ နားလည်ပါ။ သင့်အနေနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတယ်ဆိုရင် သူတို့က သင့်အတွက် ထပ်တူလုပ်ပေးသင့်ပါတယ်။

သင့်မိသားစုက သင့်ရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ဂရုမစိုက်ဘူး၊ စိတ်မဝင်စားဘူးလို့ ခံစားရမယ်ဆိုရင် အမှန်တကယ်ဂရုမစိုက်တာဖြစ်နိုင်ပါတယ်။

၆။ သင့်ကို အမြဲလိုလို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတယ်


စဉ်ဆက်မပြတ်ဝေဖန်ခြင်းက မိဘတွေလုပ်လေ့ရှိတဲ့ အမှားတွေထဲက တစ်ခုဖြစ်ပါတယ်။ ကံမကောင်းစွာပဲ တစ်ခါတရံမှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာကျန်းမာရေးအပေါ် သက်ရောက်နိုင်တဲ့ အကျိုးဆက်တွေကိုတောင် သတိမထားမိလောက်အောင်ပါပဲ။ သင်အမှားတစ်ခုခုလုပ်မိရင်တောင် သင့်မိသားစုက သင့်အမှားကို ထောက်ပြဖို့ နည်းလမ်းများစွာရှိပါတယ်။

စဉ်ဆက်မပြတ်ဝေဖန်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းက တစ်စုံတစ်ဦးအတွက် ၎င်းတို့ရဲ့ အမှားတွေကို ပြင်ဆင်ဖို့ အားပေးတဲ့နည်းလမ်းကောင်းမဟုတ်ပါ။ ၎င်းမှာ ဆိုးရွားသော ရလဒ်များစွာရှိပြီး ကလေးတွေကို ဆုံးမသွန်သင်နည်းလမ်းကောင်းလည်း လုံးဝမဟုတ်ပါဘူး။

၇။ သင့်ရဲ့ ကိုယ်ပိုင်နယ်နိမိတ်တွေကို မလေးစားဘူး


ဘယ်လိုဆက်ဆံရေးမှာမဆို ကျန်းမာသော ဆက်ဆံရေးမျိုးဖြစ်စေဖို့ နယ်နိမိတ်တစ်ချို့လိုအပ်ပါတယ်။ ဘယ်လောက်ပဲရင်းနှီးပါစေ ကိုယ်ပိုင်နေရာရှိဖို့ အမှန်တကယ်အရေးကြီးပါတယ်။

၈။ အမြဲလိုလို အရာရာတိုင်းဟာ သင့်အမှားတွေချည်းပဲ

သင့်စိတ်ထဲမှာ အရာရာတိုင်းအတွက် အမြဲတမ်းအပြစ်တင်ခံနေရတယ်လို့ ခံစားမိပါသလား? သင့်မိသားစုမှာ ဖြစ်ပျက်နေသမျှ ဆိုးရွားတဲ့ကံကြမ္မာတွေအားလုံးက သင့်ကြောင့်လို့ ခံစားနေရလား? တကယ်တော့ သင့်အပြစ်မဟုတ်ပါဘူး။ သင့်စိတ်ကို ဒီလိုဖြစ်အောင် ရိုက်သွင်းထားတဲ့ လူတွေရှိနေတာကြောင့်ပါ။ သင့်ကို ဆိုးရွားသော မိသားစုအခြေအနေအားလုံးအတွက် ယစ်ပူဇော်သော သိုးသူငယ်အဖြစ် အသုံးချနေတဲ့ အဆိပ်သင့်မိသားစုမှာ သင်နေထိုင်ရတာကြောင့်ပါ။

ကိုယ့်အမှားအတွက် တာဝန်မယူတတ်ကြဘဲ တစ်ခြားလူတွေကို အပြစ်တင်ဖို့ ပိုလွယ်တာကြောင့် အရာအားလုံးအတွက် သင့်ကို အပြစ်တင်ကြတာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရပ်တည်တတ်ဖို့ သင်ယူရပါမယ်။

၉။ သူတို့က သင့်ကို အိမ်နဲ့ပတ်သက်တာတွေ၊ သူတို့အကြောင်းတွေ ဘာမှ မပြောပြဘူး


ကိုယ်ချစ်မြတ်နိုးပြီး ဂရုစိုက်ရသူတွေကို ကိုယ့်ရဲ့ ခံစားချက်ကို မျှဝေခံစားရတာလောက် ပိုလှတဲ့ ခံစားချက်မျိုး ရှိပါဦးမလား? တကယ်တော့ ဒီအရာက ဘဝတစ်ခုလုံးရဲ့ အဓိကအကျဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။ အိမ်မက်တွေနဲ့ အဆုံးထိလျှောက်မယ့် ပန်းတိုင်တွေအကြောင်း သင်ချစ်ရတဲ့လူတွေကို အမှန်တကယ်ဝေမျှသင့်ပါတယ်။

သင့်မိသားစုက သင့်ကို သူတို့အကြောင်းတွေ မျှဝေခဲတယ်လို့ ခံစားရတယ်ဆိုရင် ဒီအချက်ကလည်း သင့်ကို ဂရုမစိုက်ကြောင်း အထင်ရှားဆုံးလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

ref-herway


#ဘ၀
#ဘဝနေထိုင်မှု
#ကလေး
#လက္ခဏာ
#ခံစားချက်

Some text some message..