
လမ်းခွဲပြီးနောက်ပိုင်းမှာ ကိုယ့်နှလုံးသားကို ပြန်ကုစားတာ ၊ relationship အသစ်လိုက်ရှာတာက လုံးဝပုံမှန်ပါပဲ။ ဒါပေမယ့် သင့်မှာ နောက်ဆုံး relationship ကနေ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ ရှိနေသေးရင် နောက်တစ်ယောက်နဲ့တွေ့ဖို့ အချိန်ကောင်းမဟုတ်သေးပါဘူး။ ဒါဆိုရင် သင်ပြန်ချိန်းတွေ့ဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေပြီလားဆိုတာ ဘယ်လိုပြောနိုင်မလဲ? ဒီလက္ခဏာတွေကို ရှာကြည့်ပါ။
၁။ ရည်းစားဟောင်းနဲ့ပတ်သတ်တဲ့အရာတွေကို ဖယ်ထုတ်လိုက်ပါပြီ
သူ့ရဲ့hoodie တွေအပါအဝင် ရည်းစားဟောင်းနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ အရာအားလုံးကို ရှင်းပစ်လိုက်ပြီးပြီ။ Ex နဲ့ ကိုယ့်ရဲ့မတော်တရော်ပုံတွေလည်း ဖျက်ပစ်လိုက်ပြီးပြီ။ ကိုယ့်ဖုန်းလော့ခ်စခရင်မှာလည်း ချစ်စရာကောင်းတဲ့ခွေးပုံလေးနဲ့ အစားထိုးလိုက်ပြီ။ တကယ်လို့ သင်ဟာ သင့်ရည်းစားဟောင်းရဲ့ပစ္စည်းတွေကို ဖယ်ထုတ်လိုက်ပြီး (သူတို့ကိုလည်း မလွမ်းတော့ဘူးဆိုရင်) သင်ပြန်ချိန်းတွေ့ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ လက္ခဏာကောင်းတစ်ခုဖြစ်နိုင်ပါတယ်။

၂။ ရယ်မောဖို့ အမှတ်တရအသစ်တွေ ဖန်တီးနိုင်လာပါပြီ
Relationship တစ်ခုစီတိုင်းမှာ နှစ်ယောက်တည်းသာ နားလည်နိုင်တဲ့ ဟာသလေးတွေ ရှိကြပါတယ်။ တစ်ခါတစ်ရံ သင်နဲ့ သင့် Ex မျှဝေခဲ့တဲ့ ဟာသတွေကို အမှတ်ရစေတဲ့ အရာတစ်ခုခုကို သင်ကြားနိုင်၊ မြင်နိုင်ဦးမှာ ဖြစ်ပါတယ်။ သင့်ရည်းစားဟောင်းကို သံယောဇဉ်လက်ကျန် ရှိနေသေးတဲ့အခါ ဒီအစပျိုးမှုတွေက သင့်ကို စိတ်ခံစားမှုတွေ ဖြစ်စေနိုင်ပါတယ်။ သို့သော် မန်မိုရီအသစ်တွေကိုပဲ အာရုံစိုက်လာတဲ့အခါ သင်ရှေ့ဆက်လျှောက်လှမ်းနေပြီဆိုတာ သိလာပါလိမ့်မယ်။
၃။ EXအကြိုက်ဆုံး စားသောက်ဆိုင်တွေကို ရှောင်မနေတော့ဘူး
သင့်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်က အဆင်ပြေလာတာနဲ့အမျှ သူအကြိုက်ဆုံး စားသောက်ဆိုင်တွေ သွားရမှာ မကြောက်တော့ပါဘူး။ သင့်ရည်းစားဟောင်းဆီကို ပြေးတာမျိုး (သို့) ရှောင်တာမျိုး ရှိနေသေးဆဲဆိုရင် သင်ရှေ့ဆက်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ရည်းစားဟောင်းနဲ့ မထင်မှတ်ပဲ ပတ်ပင်းတိုးမှာကို စိတ်မပူပဲ ကိုယ့်လုပ်ရိုးလုပ်စဉ်ကို ပြန်သွားနိုင်ပြီဆိုရင် စိတ်ခံစားမှုဆိုင်ရာ ကုစားခြင်းက လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။

၄။ EX အတွက်မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်ပဲ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ပါတယ်
လူအများစုက လမ်းခွဲပြီးရင် သူတို့ရည်စားဟောင်းကို တူးဆွဖို့ နည်းလမ်းအဖြစ် ဆိုရှယ်မီဒီယာကို သုံးတတ်ကြပါတယ်။ လမ်းခွဲပြီးနောက်ပိုင်း ကိုယ် ဘယ်လောက်ပျော်နေလဲဆိုတာကို ရည်းစားဟောင်းအား မြင်စေချင်ပါတယ်။ ရည်းစားဟောင်းက ကိုယ့်ရဲ့ stories ကိုမြင်လား/မမြင်လား (သို့) ကိုယ့်ပို့စ်တွေကို Like လုပ်လား/မလုပ်လား ဆိုတာကို အဆက်မပြတ် စစ်ဆေးတတ်ကြပါတယ်။ ဆိုရှယ်မီဒီယာမှတဆင့် ရည်းစားဟောင်းရဲ့ အတည်ပြုချက် မလိုအပ်တော့တဲ့နေရာကို ရောက်ရှိနိုင်ပါက သင်ဟာ အသစ်တစ်ယောက်နဲ့ ချိန်းတွေ့ဖို့ အသင့်ဖြစ်နိုင်ချေရှိပါတယ်။ (ဆိုရှယ်မီဒီယာမှာ ရည်းစားဟောင်းကို အမြဲ block ထားနိုင်ပါတယ်)။ ဒါက အနာဂတ်မှာ ဒရာမာနဲ့ အသည်းကွဲခြင်းကို ရှောင်ရှားဖို့ အမြန်နည်းတစ်ခုပါ။

၅။ ဝမ်းနည်းကြေကွဲမှုကို ကုစားဖို့၊ ခံစားချက်တွေကို ဖြတ်သန်းဖို့ အချိန်ယူခဲ့ရတယ်
သင့်ရဲ့လမ်းခွဲမှုက ရှုပ်ထွေးသည်ဖြစ်စေ (သို့) နှစ်ဦးနှစ်ဖက် ခွဲခွာခဲ့တာဖြစ်စေ သင်ရော၊ သင့်ရည်းစားဟောင်းပါ ခံစားချက်တွေကို စီမံဖို့ အချိန်တစ်ခု လိုပါလိမ့်မယ်။ ရက်အနည်းငယ်ကြာအောင် ငိုကောင်းငိုနိုင်သော်လည်း ကုသဖို့ လိုအပ်တဲ့အချိန်ကို လျှော့မတွက်ပါနဲ့ ။ စိတ်ခံစားချက်တွေကို ဖြတ််ကျော်ဖို့ လအနည်းငယ် (တစ်နှစ် (သို့မဟုတ်) ဒီထက်ပိုပြီး ဖြစ်နိုင်တယ်)ဆိုရင် ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ လမ်းခွဲပြီးနောက် ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ လေ့လာပြီးတာနဲ့ သင့်ရည်းစားဟောင်းကို တချိန်လုံး တွယ်တာမနေနိုင်လို့ ပြန်ချိန်းတွေ့ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

၆။ လက်တွဲဖော်ကို ဆွဲဆောင်ဖို့အတွက် ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေကို မပြောင်းလဲပါဘူး
ယောကျ်ားလေးတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ဖိအားတွေအများကြီးရှိပါတယ်။ ဥပမာ- သုံးပတ်လောက် အပြင်မသွားရတဲ့အခါ အပြင်မှာ သင်ဘယ်လောက်ချစ်ကြောင်း ချဲ့ကားပြောတာမျိုးပါ။ ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်ရဲ့စိတ်ဝင်စားတွေမှာ ယုံကြည်မှုရှိတယ်လို့ ခံစားရတဲ့အခါ သင့်ရဲ့ ချိန်းတွေ့မှုပရိုဖိုင်ကို “မြှင့်တင်ဖို့ ” လိုအပ်တယ်လို့ မခံစားရပါဘူး။ ချိန်းတွေ့ခြင်းလောကမှာ သင်ပိုကောင်းအောင် လုပ်နိုင်ပါလိမ့်မယ်။ ကိုယ့်အကျိုးစီးပွားအတွက် လိမ်နေစရာမလိုပါဘူး။ တူညီတဲ့ ဝါသနာအားလုံးကို တစ်စုံတစ်ယောက်နဲ့ မျှဝေဖို့ မလိုဘူးဆိုတာ သင်လက်ခံပါတယ်။ ဒါက အဆင်ပြေပါတယ်။

၇။ သင့်မှာ ရင်ဆိုင်ဖြေရှင်းရေးယန္တရားတွေ ရှိပါတယ်
တစ်ချို့က စိတ်ဖိစီးလာတဲ့အခါ junk food တွေကို စားတတ်ကြပါတယ်၊ အခြားသူတွေက ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် စျေးဝယ်ထွက်ခြင်းတို့နဲ့တောင် ကိုယ့်စိတ်ကိုယ် လှည့်စားကြပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ စိတ်ခံစားချက်တွေကိို ဘယ်လိုကိုင်တွယ်မလဲ? ပိုကျန်းမာတဲ့ ရင်ဆိုင်ဖြေရှင်းရေးယန္တရားတွေမှာ ပြေးတာ၊ တူရိယာတီးတာ ပါဝင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုကို ကောင်းကောင်းသက်သာစေနိုင်ပါတယ်၊ အသစ်တစ်ယောက်နဲ့ မတွဲခင်မှာ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျန်းမာတဲ့ နည်းလမ်းအချို့ရှိတာက အကြံကောင်းတစ်ခုဖြစ်ပါတယ်။

၈။ သင်ရှာဖွေနေတာတွေကို သင်သိပါတယ်
ဘဝမှာ သင်လိုချင်တဲ့အရာအတွက် Plans ရှိပါသလား? သင့်မှာ ဦးတည်ချက်သဘောမျိုးရှိပါသလား? ဒါမှမဟုတ် အနည်းဆုံးတော့ အလားအလာကောင်းတဲ့ ရွေးချယ်မှုနှစ်ခု ရှိပါသလား? အမျိုးသားတစ်ယောက်ဆီက သင်ဘာလိုချင်လဲဆိုတာ သင်သိလား? ရည်းစားဆီမှာ ဘယ်လိုပင်ကိုယ်စရိုက်ကို မြင်ချင်လဲ။ ဘဝမှာကော ချိန်းတွေ့ခြင်းမှာပါ ကိုယ် ဘာလိုချင်လဲဆိုတာကို သိပြီးတာနဲ့ အဲဒီကနေ ပြန်ထွက်ဖို့ အဆင်သင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင်နဲ့ သင့်ပန်းတိုင်တွေကို ပိုယုံကြည်လာမှာဖြစ်တဲ့အပြင် ချိန်းတွေ့ခြင်း ရွေးချယ်မှုတွေမှာ ပိုရွေးချယ်လာနိုင်မှာ ဖြစ်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-bolde.