
နေ့တာ ပိုတိုလာပြီး အရွက်တွေပြောင်းလဲလာပြီဆိုရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နှင့် နေထိုင်မှုပုံစံတွေကလည်း အပြောင်းအလဲတစ်ချို့ကို ပြလာပြီဆိုရင် ဆောင်းရောက်လာပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ သင့်ရဲ့ အသားအရေတွေ ဘယ်လောက်ပဲခြောက်သွေ့လာပါစေ၊ ဆံပင်တွေ ဘယ်လိုပဲကျွတ်နေပါစေ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ နှစ်တစ်နှစ်ရဲ့ ဒီလိုကာလမှာ သိပ္ပံနည်းကျရှင်းပြနိုင်မယ့် တစ်ခြားပုံမှန်အကျိုးသက်ရောက်မှုတွေလည်း တွေ့ကြုံခံစားရပါဦးးမယ်။ ဒီလိုပြောင်းလဲမှုတွေဟာ လူတစ်ဦးနှင့်တစ်ဦး တူညီမှာတော့ မဟုတ်ပါဘူး။
ဆောင်းရာသီမှာ လူတွေဟာ ဘာတွေပြောင်းလဲသွားကြသလဲ? ခန္ဓာကိုယ်မှာ ဘယ်လိုအရာတွေဖြစ်ပျက်သွားသလဲ? ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?
၁။ သင့်ရဲ့ အရေပြားဟာ စတင်ခြောက်သွေ့လာသလို ခံစားရမယ်

ဆောင်းဦးရာသီရဲ့ အထင်ရှားဆုံးသက်ရောက်မှုတွေထဲကတစ်ခုက အရေပြားခြောက်သွေ့ခြင်းပါပဲ။ အရေပြားရောဂါဗေဒပညာရှင်တွေက ရာသီဥတုအလိုက် အပူချိန်ပြောင်းလဲမှုတိုင်းက ကျွန်မတို့အရေပြားရဲ့ ပုံမှန်ဓာတုဗေဒဟန်ချက်ကို အနှောင့်အယှက်ဖြစ်စေပြီး ခြောက်သွေ့မှုကို ဖြစ်စေကြောင်း သက်သေပြခဲ့ပါတယ်။ ဆောင်းဦးရာသီရောက်လာခြင်းကတော့ ချွင်းချက်မရှိပါဘူး။
အကြံပြုချက် – ရေသောက်ခြင်းနှင့် ရေဓာတ်များသော အစားအစာတွေကို စားသုံးပေးပြီး ရေဓာတ်ထိန်းသိမ်းပါ။ Moisturizer သုံးဖို့လည်း မမေ့ပါနဲ့။
၂။ ဆံပင်တွေကလည်း အရည်အသွေးကျပြီး ကျွတ်နိုင်ပါတယ်

ဒီကိစ္စကလည်း တော်တော်လေးဖြစ်ကြပြီး တစ်ချို့လူတွေက ပြောင်သွားသည်အထိ ဆံပင်ကျွတ်နေချိန်မှာ တစ်ချို့က ဒီရာသီမှာ ပုံမှန်ပဲလို့ ယူဆကြပါတယ်။ ဆောင်းရာသီမှာ ဆံပင်ကျွတ်ခြင်းရဲ့ နောက်ကွယ်မှာ ဆင့်ကဲဖြစ်စဉ်ရဲ့ လက်ကျန်တွေဖြစ်ပါတယ်။ ဆိုလိုတာက နွေရာသီမှ ဦးရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ ဆံပင်အပိုလိုအပ်ပေမယ့် ကာကွယ်မှုမလိုအပ်တော့တဲ့အခါ ဆံပင်တွေကျွတ်လာကြပါတယ်(ထူးဆန်းတယ်နော်)။
အကြံပြုချက် – ဆောင်းဦးရာသီမှာ ဆံသားကျန်းမာသန်စွမ်းဖို့အတွက် ရေဓာတ်ထိန်းထားဖို့၊ ရေနွေးရှောင်ပြီး ဦးရေပြားကို ပုံမှန်နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။
၃။ ပုံမှန်ထက် ပိုအိပ်လာတယ်

ဆောင်းရာသီမှာ သင်ဟာ အရင်ကထက် ပိုအိပ်လာတာကို ကိုယ့်ကိုယ်ကိုယ်သတိထားမိလာပါလိမ့်မယ်။ ဘာကြောင့်လဲ? ဆောင်းရာသီမှာ နေ့အလင်းရောင် လျော့နည်းခြင်းက ခန္ဓာကိုယ်ရဲ့ အိပ်စက်ခြင်းစက်ဝန်းကို လွှမ်းမိုးပါတယ်။ နေ့ခင်းဘက်မှာ အလင်းရောင်နည်းပါးလေလေ ပင်ပန်းနွမ်းနယ်မှုကို ပိုခံစားရလေဖြစ်ပါလိမ့်မယ်။
အကြံပြုချက် – ဒီအကြောင်းနဲ့ပတ်သက်ပြီး သင်လုပ်နိုင်တာ အများကြီးမရှိပါဘူး။ တစ်ဖက်မှာလည်း တတ်နိုင်သမျှ နေရောင်ခြည်ရနိုင်တဲ့နေရာတွေကို သွားပြီး တတ်နိုင်သမျှများများအနားယူပါ။ ဘယ်လိုဆိုးကျိုးမှတော့ မရှိပါဘူး။
၄။ စွမ်းအင်လွန်ကဲသော အစားအသောက်တွေကို ပိုစားလာတယ်

ဆောင်းရာသီရောက်လာတတဲ့အခါ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က အင်ဆူလင်ဓာတ်ကို ပိုတောင့်တလာပြီး အချက်ပြမှုတွေရောက်လာပါတယ်။ ခန္ဓာကိုယ်က အဆီထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ဆောင်းရာသီအတွက် ပြင်ဆင်ကာ အအေးပိုသော အပူချိန်မှာ ရှင်သန်နိုင်ဖို့ အဆီတွေကို စတင်သိုလှောင်ပါတော့တယ်။ ဒါ့ကြောင့် ရာသီဥတု နည်းနည်းအေးလာတာနဲ့အမျှ ကာဗိုဟိုက်ဒရိတ်နှင့် အဆီများတဲ့ စားစရာတွေကို အာသီတဖြစ်လာတယ်ဆိုပါတော့။
အကြံပြုချက် – သင်လုပ်နိုင်တဲ့ အကောင်းဆုံးအရာကတော့ တတ်နိုင်သမျှ တက်ကြွနေဖို့နှင့် ကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့ သင်ပုံမှန်စားသုံးနေတဲ့အရာကို ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။
၅။ စိတ်သောကတွေများလာတဲ့အခါ ရောဂါလက္ခဏာတွေလည်း ပိုများလာနိုင်တယ်

ဒီကာလတွေမှာ ကျွန်မတို့ရဲ့ စိတ်နှင့် ချမ်းသာသုခကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ၎င်းကို ရာသီအလိုက် စိတ်ခံစားမှုဆိုင်ရာ ရောဂါ (SAD) လို့ ခေါ်ပါတယ်။ ဆောင်းဦးရာသီမှာ အကြောင်းအမျိုးမျိုးကြောင့် နောင်တရမှုတွေ၊ စိတ်ဖိစီးမှုတွေရှိလာနိုင်တယ်လို့ ကျွမ်းကျင်တယ်လို့ ဆိုကြပါတယ်။
အကြံပြုချက် – ဒီရာသီမှာ စိတ်ဓာတ်ကျနေမယ်ဆိုရင် ပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး နေရောင်ခြည်ကို တတ်နိုင်သမျှ ခံစားကြည့်ပါ။ ဗီတာမင် D က စိတ်ခံစားချက်ကို ထိန်းညှိပေးပြီး စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ရာမှာ ကြီးမားသော အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
၆။ ဆောင်းဦးရာသီနေရောင်ခြည်ဟာ သင့်ရဲ့ မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်

ဆောင်းဦးရာသီမှာ သင့်မျက်လုံးတွေကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင် မျက်လုံးကို ထိခိုက်နိုင်ပါတယ်။ ဒီရာသီကို ရောက်ရှိလာခြင်းဟာ ကျွန်မတို့ရဲ့ မျက်လုံးတွေနှင့် ထိခိုက်စေနိုင်ပြီး photokeratitis လိုမျိုး ပြင်းထန်တဲ့မျက်လုံးအခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။
အကြံပြုချက် – တံခါးအပြင်ဘက်ကို မထွက်မှီ နေကာမျက်မှန်တပ်ပြီး သင့်မျက်လုံးတွေကို ကာကွယ်ပါ။ ဦးထုပ်၊ ခေါင်းဆောင်း (သို့) visor စသဖြင့် ဝတ်ဆင်ပါ။
၇။ အထူးသဖြင့် သင့်ခန္ဓာကိုယ်ဟာ တုပ်ကွေးရောဂါကို ခံနိုင်ရည်ရှိလာပါတယ်

ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ အပူချိန်တွေကလည်း ပြောင်းလဲနေပါတယ်။ ဒီလိုရာသီဥတုပြောင်းလဲမှုတွေကြောင့် ဗိုင်းရပ်စ်မျိုးစုံအတွက် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်တာကြောင့် ဆောင်းဦးရာသီမှာ လူတွေပိုမိုဖျားနာလေ့ရှိကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
အကြံပြုချက် – ဒီရာသီအတွင်း ဖြစ်ပွားနိုင်သော ဖျားနာမှုတွေကို ကာကွယ်ဖို့အတွက် သင်ဟာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ရိုးလုပ်စဉ်ကို ပုံမှန်လိုက်နာသင့်ပြီး နေ့စဉ်ကျန်းမာစေသော အလေ့အတွေကို ထည့်သွင်းထားသင့်ပါတယ်။ သင့်ရဲ့ ဇိဝဖြစ်ပျက်မှုကို မြှင့်တင်ဖို့ ကာကွယ်ဆေးထိုးဖို့လည်း မမေ့ပါနဲ့။
ဆောင်းရာသီမှာ အထက်ပါအချက်တွေအပြင် စာဖတ်သူတို့မှာ တစ်ခြားဘာတွေများ ပြောင်းလဲသွားသေးလဲ? comment မှာ မျှဝေခဲ့ပါဦးနော်။
Lifestyle_Myanmar
Nyein_Thu
ref-brightsidem