သင့်လက်တွဲဖော်ကို တစ်ချိန်တည်းမှာ ချစ်လည်းချစ် မုန်းလည်းမုန်းနေတဲ့အခါ
lifestylemyanmar.com
|
2021-11-09

တစ်ခါတလေမှာ ကျွန်မတို့ဟာ ကိုယ်ချစ်ရသူကို ချစ်လည်းချစ်၊ မုန်းလည်းမုန်းသလို တစ်ချိန်တည်း ခံစားရနိုင်ပါတယ်။ အဲဒီလို ဆန့်ကျင်ဘက် ခံစားချက်တွေကို တပြိုက်နက်တည်း ခံစားရဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? တကယ်တော့ ဒီဟာက လုံးဝပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိပ္ပံပညာက ပြောပြထားပါတယ်။ ကျွန်မတို့ အများစုက ဒီခံစားချက်ကို ရင်းနှီးနေကြပုံရပါတယ်။ တကယ်တော့ အဲဒါကို သင်တွေးကြည့်တဲ့အခါ သင့်လက်တွဲဖော်ကို ဒေါသဖြစ်ခဲ့ရတဲ့ အချိန်တွေကို ပြန်မြင်ယောင်မိပါလိမ့်မယ်။ ဥပမာ- အပြင်းအထန် ငြင်းခုံတာမျိုး၊ နားလည်မှု လွဲမှားတာမျိုး (သို့) ကိုယ်ရေးကိုယ်တာကိစ္စ ရန်ဖြစ်တာမျိုးက အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို ခဏတာထုတ်ပေးနိုင်ပါတယ်။

သို့သော် လက်တွေ့မှာ သင့်ပါတနာက ဘာမှမလုပ်ဘဲ ဒီဆန့်ကျင်ဘက်ခံစားချက်ကို သင်တွေ့ကြုံရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ သူတို့နဲ့ နေရတာ ကိုယ့်ဘဝကြီး ရှုပ်ထွေးလွန်းသလို ခံစားရနိုင်ပါတယ် (သို့မဟုတ်) သူတို့အတွက် ကိုယ်အများကြီး စွန့်လွှတ်လိုက်ရသလို ခံစားရနိုင်ပါတယ်။

အထူးသဖြင့် ဘယ်အရာကိုမှ နောင်တရခြင်းမရှိပေမယ့် ဒီဝိရောဓိဖြစ်တဲ့ ဆန့်ကျင်ဘက်ခံစားချက်တွေကို ခံစားရလေ့ရှိပါတယ်။ ဒါက ဘာ့ကြောင့်လဲ? ရှင်းပြချက်ရှိသလား? လေ့လာကြည့်ရအောင်။

စုံတွဲတွေမှာ အချစ်အမုန်းရောယှက်နေရတဲ့ အကြောင်းရင်း

သင့်ရဲ့လက်တွဲဖော်ကို တစ်ချိန်တည်းမှာ ချစ်လည်းချစ် မုန်းလည်းမုန်းတာက လုံးဝဖြစ်နိုင်ချေရှိတယ်ဆိုတာ ယခုသင်သိပါပြီ။ ဒါ့အပြင် ဒီစိတ်ခံစားချက်အတွေ့အကြုံက သင်ထင်သလောက် ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ တကဘ်တော့ သင့်အနေနဲ့ ကိုယ့်သားသမီးတွေ၊ ကိုယ့်မိဘတွေကို အရမ်းချစ်ပေမယ့် ဒေါသထွက်၊ အမြင်ကတ်တဲ့ အချိန်မျိုးတွေလည်း ရှိပါတယ်။ သင်လုပ်ဆောင်ရမယ့်အရာက သင့်ရဲ့ emotional intelligence ကို အတတ်နိုင်ဆုံး မြှင့်တင်ဖို့ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ဆန့်ကျင်ဘက် ခံစားချက်တွေကို လက်ခံဖို့ သင်ယူခြင်းပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒါတွေက သင့်စိတ်ခံစားမှုဆိုင်ရာ ဇာတ်ဝင်ခန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေလို့ပါ။

တကယ်တော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာ၊ ထာဝရ ချစ်နေကြမယ်ဆိုတာ ဒဏ္ဍာရီပုံပြင်တွေထဲမှာပဲ ရှိပါတယ်။ လက်တွေ့ဘဝမှာ ကျွန်မတို့ဟာ ဆန့်ကျင်ဘက်တွေ၊ နေ့စဉ်ပဋိပက္ခတွေနဲ့ ပုံမှန်ဖြစ်တည်မှု အတတ်အကျတွေအားလုံးကို ရင်ဆို်ငဖြေရှင်းရမှာ ဖြစ်ပါတယ်။ နောက်ပြီး သူတို့ဆီကနေ ကျွန်မတို့ အများကြီး သင်ယူရပါတယ်။


ကိလေသာနဲ့ မနှစ်သက်ခြင်းကြားက မျဉ်းပါးပါး

၂၀၀၉ခုနှစ်မှာ လန်ဒန်ကောလိပ်တက္ကသိုလ်က အရမ်းထင်ရှားတဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီအလုပ်မှာ သူတို့ဟာ အမုန်းတရားရဲ့ အာရုံကြောဆိုင်ရာ ဆက်နွှယ်မှုတွေကို စူးစမ်းလေ့လာခဲ့ပါတယ်။ တကယ်တော့ ရိုမန်တစ်ဆန်တဲ့အချစ်က ဒီစိတ်ခံစားချက်နှင့်အတူ တူညီတဲ့ ဒေသတွေကို မျှဝေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီနေရာတွေက cerebral subcortex , putamen, နှင့် cerebral insula တို့ဖြစ်ပါတယ်။ အမုန်းက အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်ဖြစ်တယ်လို့ ကျွန်မတို့ ယူဆထားပေမယ့် အမှန်က အချစ်နဲ့ အမုန်းဟာ အချို့သော အာရုံကြောဆိုင်ရာ ဖွဲ့စည်းပုံတွေကို ဝေမျှကြောင်း ဒီလေ့လာမှုရဲ့ စာရေးဆရာZeki နဲ့ Romaya မှ ထောက်ပြထားပါတယ်။ သူတို့ကို ထုတ်လုပ်တဲ့ အာရုံကြောဆိုင်ရာ စိတ်လှုပ်ရှားမှုက အရမ်းပြင်းထန်ပြီး တူညီတဲ့ ဦးနှောက် နေရာတွေမှာ လုပ်ဆောင်ရတဲ့အခါ တစ်စုံတစ်ယောက်အတွက် တစ်ချိန်တည်းမှာပဲ ခံစားချက် နှစ်ခုစလုံးကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။


တစ်ချိန်တည်းမှာ သင့်လက်တွဲဖော်ကို ချစ်လည်းချစ်၊ မုန်းလည်းမုန်းတဲ့အခါ သိမြင်မှု သဘောထားကွဲလွဲခြင်းရဲ့နာကျင်မှု

သင့်လက်တွဲဖော်ကို တစ်ချိန်တည်းမှာ ချစ်လည်းချစ် မုန်းလည်းမုန်းခြင်းက လုံးဝပုံမှန်ဖြစ်စဉ်တစ်ခုလို့ ဘယ်သူမှ သင့်ကို မပြောခဲ့ပါဘူး။ ဒါ့ကြောင့် သင်တွေ့ကြုံခံစားရတဲ့အခါ ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုကို မေးခွန်းထုတ်လာနိုင်ပါတယ်။ ဒါက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ အကြောင်းရင်းတစ်ခုမှာ သင့်ရဲ့ယုံကြည်ချက်တွေနဲ့ အတွေးအမြင်တွေ ညီညွတ်စေဖို့အတွက်က သင့်ရဲ့မွေးရာပါ လိုအပ်ချက်ဖြစ်ပါတယ်။ သင်ချစ်ရသူအပေါ် တစ်စုံတစ်ရာ ငြင်းပယ်တာမျိုးနဲ့ ဒေါသ ခံစားရတဲ့အခါမျိုးမှာ သင်ဟာ ပဋိပက္ခတစ်ခုထဲကို ဝင်ရောက်သွားပါတယ်၊ သိမှုကွဲလွဲခြင်းလို့ခေါ်တဲ့ ဝေဒနာတစ်ခု ပေါ်လာပါတယ်။

ဒီအခြေအနေတွေကို ကျိုးကြောင်းရှာဖွေဖို့နဲ့ သင့်ရဲ့ရောထွေးနေတဲ့ ခံစားချက်တွေကို လက်ခံဖို့ လိုပါတယ်။ နောက်တစ်ခုက လူ့ဆက်ဆံရေးမှာ မတင်မကျဖြစ်တဲ့ ခံစားချက်တွေက တဒင်္ဂပါ။ တစ်နည်းဆိုရရင် ဒီခံစားချက်တွေက ကြာရှည်မခံပါဘူး။ အများအားဖြင့် အချစ်က လွှမ်းမိုးပါတယ်။ ဘာလို့လဲဆိုတော့ အမုန်းတရားက မတည်ငြိမ်တာကြောင့်၊ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ မီးခိုးငွေ့တွေလို ကွယ်ပျောက်သွားတတ်တာကြောင့်ပါ။


ဘယ်သူမှ ပြီးပြည့်စုံမှာ မဟုတ်သလို ကျွန်မတို့ရဲ့ စိတ်ခံစားမှုကလည်း ပြီးပြည့်စုံမှာ မဟုတ်ပါဘူး

သင့်ရဲ့လက်တွဲဖော်ကို တစ်ချိန်တည်းမှာ မုန်းလည်းမုန်း၊ ချစ်လည်းချစ်တဲ့အခါ သူတို့က သင့်ရဲ့အချစ်ရေးအစမှာ ထင်ထားသလို ပြီးပြည့်စုံတဲ့ လူမဟုတ်ဘူးဆိုတာ သိလာပါလိမ့်မယ်။ သို့သော် သင်လည်း မပြည့်စုံပါဘူး။ တကယ်တော့ ကျွန်မတို့အားလုံးမှာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ ဝါသနာတွေ၊ အားသာချက် အားနည်းချက်တွေရှိတတ်ကြပြီး တစ်ခါတစ်ရံမှာ ရန်ဖြစ်တတ်ကြပါတယ်။ ဒါ့အပြင် စိတ်အားထက်သန်မှုနဲ့ မကျေနပ်မှုတို့ကို တစ်ချိန်တည်း ခံစားရခြင်းက သင့်ကိုယ်သင် ရှာဖွေတွေ့ရှိဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါက အဲဒီကွဲပြားမှုလေးတွေကို သင်လုပ်ဆောင်နိုင်ပြီး သဟဇာတမျှတမှုကို ရောက်ရှိနို်ငတယ်လို့ ဆိုလိုတာပါ။

တကယ်တော့ အချစ်ဆိုတာ စိတ်ခံစားမှု ရိုလာကိုစတာပေါ်မှာ နေထိုင်တာကို ဆိုလိုတာပါ။ စွဲလမ်းမှုကနေ ငြီးငွေ့မှုအထိ၊ ထင်ယောင်ထင်မှားဖြစ်မှုကနေ စက်ဆုပ်ရွံရှာဖွယ်အထိ အမျိုးမျိုးသော စိတ်ခံစားချက်တွေကို သင်တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒါက ချစ်ခြင်းမေတ္တာအပြင် နားလည်မှု၊ ဂရုစိုက်မှု၊ စာနာမှု စသဖြင့်ပါ။ တကယ်တော့ တဒင်္ဂ မတင်မကျ၊ စိတ်နှစ်ခွ ခံစားချက်တွေလိုပဲ ဘယ်အရာကမှ လူသားကို မသတ်မှတ်ကြောင်း လက်ခံဖို့ သင်ယူပါမယ်။


Lifestyle_Myanmar

LM_Nandar

Source-exploringyourmind


#ချစ်သူ
#အချစ်ရေး
#ခံစားချက်
#ရည်းစား
#လက်တွဲဖော်

Some text some message..