လူနှစ်ယောက်ကြားက Chemistry (နက်နဲတဲ့ပြောင်းလဲမှု)ဟာ ဒီလက္ခဏာ (၅)ရပ်ပေါ် မူတည်ပါတယ်
lifestylemyanmar.com
|
2021-11-11

အချစ်ရေးနဲ့ ပတ်သတ်ပြီး လူနှစ်ယောက်ကြားက chemistry (နက်နဲတဲ့ ပြောင်းလဲမှု) အကြောင်းကို လူတွေပြောလေ့ရှိကြပါတယ်။ chemistry ဆိုတာက တစ်ယောက်နဲ့ တစ်ယောက်ကြားက စိတ်ခံစားချက်ချင်း ဆက်သွယ်မှုတစ်ခုဖြစ်ပါတယ်။ ဒါက ဖော်ပြဖို့နဲ့ နားလည်ဖို့ ခက်ခဲနိုင်ပါတယ်။ စုံတွဲတစ်တွဲကြားမှာ ဘာ chemistry မှမရှိရင် relationship တစ်ခုကို အောင်မြင်နိုင်တဲ့ နည်းလမ်းမရှိပါဘူး။

Romantic chemistry ဆိုတာဘာလဲ?

ပေါင်းသင်းဆက်ဆံရေးတိုင်းမှာ အတက်၊ အကျတစ်ချို့ရှိမှာ ဖြစ်ပေမယ့် chemistry အားကောင်းတဲ့ အချစ်ရေးမှာဆိုရင် အတက်က ဘယ်လောက်ပဲ မြင့်မားနေပါစေ သာယာကြည်နူးကြပြီး အကျဘက်ရောက်ရင်လည်း မြန်မြန်ပြန်ကောင်းလာနိုင်ပါတယ်။

ဘယ်အရာက လူနှစ်ယောက်ကြားမှာ chemistry ဖြစ်စေသလဲဆိုတာ သိပ္ပံနည်းကျ တိတိကျကျ မရှိပါဘူး။ သို့သော် အချစ် chemistry အားကောင်းမှုနှင့်အတူ အချစ်ရေးမှာ ရှိသင့်တဲ့ အင်္ဂါရပ်အချို့တော့ ရှိပါတယ်။

၁။ အပြန်အလှန် စွဲလမ်းမှု

Chemistry ရဲ့ပထမလက္ခဏာက လက်တွဲဖော်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရိုမန်တစ်ဆန်သော ညှို့ယူမှုတွေကို မျှဝေတဲ့အခါ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားမှုက ပုံမှန်စကားပြောဆိုနေတဲ့ အကြောင်းအရာတွေနဲ့ သာယာမှုတွေထက် ကျော်လွန်နေတာကြောင့် သူတို့မှာ သာမာန်ပြောစရာတွေ မကျန်တော့ပါဘူး။ Romantic chemistry ရှိတဲ့ လက်တွဲဖော်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုရမယ့် အရာတွေမှာ စစ်မှန်တဲ့ စိတ်ဝင်စားမှုနဲ့ ရင်းနှီးမြုပ်နှံမှု ရှိလာပါလိမ့်မယ်။


၂။ စာနာမှု အားကောင်းခြင်း

စာနာမှုဆိုတာ အခြားသူတစ်ယောက်ရဲ့ ခံစားချက်ကို မျှဝေပြီး နားလည်ပေးနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ လူအတော်များများက ကိုယ်ချင်းစာတတ်တဲ့ သဘာဝရှိပြီး ဘယ်သူ့ကိုမဆို စာနာနားလည်ပေးတတ်ကြပါတယ်။ အချစ် chemistry ရှိသူတွေကြားမှာ စာနာမှုမျိုးက သာမန်စာနာမှုမျိုးထက် များစွာနက်နဲ့ပါတယ်။

အချစ် chemistry ရှိတဲ့ အချစ်ရေးမှာ လက်တွဲဖော်တစ်ယောက်အတွက် စာနာမှုဆိုတာ တစ်ယောက်နာကျင်မှုကို တစ်ယောက်က ခံစားရတာကို ဆိုလိုတာပါ။ ဒီစိတ်ခံစားချက်ချင်း ဆက်သွယ်မှုက romantic chemistry အားကောင်းတဲ့ ပါတနာတွေကြားမှာ အလိုအလျောက် ဖြစ်လာပါလိမ့်မယ်။


၃။ စိတ်ခံစားချက် ဆက်နွယ်မှု

ဘဝကို အတူတူဖြတ်သန်း ကြီးပြင်းလာတဲ့ ချစ်သူတွေအနေနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကနေတဆင့် အချင်းချင်းရဲ့ ခံစားချက်တွေကို သဘာဝအတိုင်း ထင်ဟပ်စေမှာ ဖြစ်ပါတယ်။ သူတို့က လက်တွဲဖော် ကြုံတွေ့နေရတဲ့ ဖိစီးမှုနဲ့ ဝမ်းနည်းမှု ဝန်ထုပ်ဝန်ပိုးတွေကို ခံယူကြပါလိမ့်မယ်။ ဒီလိုအချစ်လက်တွဲဖော်မျိုးတွေဟာ တစ်ယောက်အောင်မြင်မှုတွေကို တစ်ယောက်က ပျော်ရွှင်ပေးပြီး ဝမ်းနည်းစရာရှိရင် ငိုဖို့ ပခုံးဖြစ်ပေးပါလိမ့်မယ်။


၄။ ထပ်တူထပ်မျှဖြစ်ခြင်း

ဒါတွေက စည်းလုံးတဲ့ စုံတွဲတွေ အတူတူလုပ်ကြတဲ့ သမားရိုးကျ အရာတွေအားလုံး ဖြစ်ပါတယ်။ တစ်ယောက်စကားကို တစ်ယောက် လက်ခံခြင်း၊ ဖွင့်ဟမပြောဘဲ တစ်ဖက်သား ဘာတွေးနေလဲဆိုတာ သိခြင်း၊ တစ်ယောက် ဝါသနာကို တစ်ယောက်က ခံယူခြင်း၊ ခန္ဓာကိုယ်ဘာသာစကားမှတဆင့် ပြောဆိုဆက်ဆံခြင်း စသဖြင့်ပါ။ romantic chemistry အားကောင်းတဲ့၊ သူတို့အချစ်ကို ပြုစုပျိုးထောင်ဖို့ နှစ်တွေကြာခဲ့တဲ့ စုံတွဲတွေဟာ ရှေ့သွားနောက်လိုက် ညီပါလိမ့်မယ်။ ဒါက သဘောထားကွဲလွဲမှုတွေ၊ ပွတ်တိုက်မှုတွေ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ ထပ်တူထပ်မျှဖြစ်ခြင်း ဆိုသည်မှာ ချစ်ခြင်းမေတ္တာနဲ့ ရိုးသားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ရှာဖွေခြင်းပင် ဖြစ်ပါတယ်။


၅။ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု

ကျွန်မတို့အများစုက ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ လူများစွာကို တွေ့ကြရသော်လည်း အဲဒါက ရုပ်ရည်နဲ့ မဆိုင်ပါဘူး။ romantic chemistry ရှိသူတွေကြား လိင်ဆွဲဆောင်မှုက ရင်းနှီးကျွမ်းဝင်မှု ၊ လက်တွဲဖော်တစ်ဦးစီရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးအားလုံးနှင့် ပတ်သတ်ပါလိမ့်မယ်။


Lifestyle_Myanmar

LM_Nandar

Source-yourtango


#အချစ်ရေး
#ပေါင်းသင်းဆက်ဆံရေး
#စုံတွဲ
#relationship
#လက်တွဲဖော်

Some text some message..