
The Myers Briggs Type Indicator ဆိုတာ extroversion (သို့) introversion၊ အာရုံခံနိုင်စွမ်း (သို့) အလိုလိုသိစိတ်, တွေးခေါ်ခြင်း (သို့) ခံစားချက်၊ ဝေဖန်သုံးသပ်ခြင်း (သို့) သိမြင်မှုအပေါ် အခြေခံပြီး လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို စမ်းသပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။
ENTJs ကို “စစ်သေနာပတိ”တွေအဖြစ် လူသိများပြီး လူဦးရေ ၃ % ခန့်သာ ဒီလိုကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ extrovert တွေဖြစ်ပြီး အလိုလိုသိစိတ်၊ တွေးခေါ်နိုင်စွမ်းရှိခြင်းနှင့် ဝေဖန်ဆုံးဖြတ်နိုင်စွမ်းကို အားသာတွေဖြစ်ပါတယ်။ သူတို့ကို အောင်မြင်နိုင်ခြေအများဆုံး ကိုယ်ရည်ကိုယ်သွေးအမျိုးအစားအဖြစ် သတ်မှတ်ထားကြပြီး စိတ်ပိုင်ဖြတ်နိုင်စွမ်းအဆင့်မြင့်မားပြီး စိန်ခေါ်မှုတွေကို နှစ်သက်သူတွေလည်းဖြစ်ပါတယ်။
ENTJ တွေရဲ့ ကိုယ်ကျင့်လက္ခဏာတစ်ချို့ကို ကြည့်ပြီး သင်ရော သူတို့ထဲက တစ်ယောက်ဖြစ်မလားဆိုတာ စစ်ဆေးကြည့်ရအောင်။
၁။ ကျွမ်းကျင်မှုနဲ့အတူ ထက်မြက်ပြီး ယုံကြည်စိတ်ချရသူတွေ

သူတို့ဟာ ထက်မြက်သူတွေဖြစ်သလို အလုပ်အကိုင်နဲ့ ပတ်သက်လာရင် ဘယ်လိုစိန်ခေါ်မှုမျိုးမှာမဆို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်သူတွေပါ။ သူတို့ကို တာဝန်ပေးထားရင် အလုပ်မပြီးမြောက်မှာတော့ လုံးဝမပူပန်ရပါဘူး။ ၎င်းတို့ကို အမှတ်ပြည့်အထက်စီးကနေ တစ်ခြားလူတွေအပေါ်ကနေ အမှားအယွင်းမရှိကျော်လွန်သွားကြပြီး အားကောင်းသော အဖွဲ့ခေါင်းဆောင်တွေအဖြစ် မကြာခဏမြင်တွေ့ရမှာပါ။ သူတို့ရဲ့ အလုပ်အပေါ် အပြည့်အဝကတိကဝတ်ပြုထားပြီး ဦးစားပေးအရာမှန်သမျှကို ဟန်ချက်ညီအောင် လုပ်နိုင်သူတွေပါ။ အလုပ်အကိုင်နဲ့ ပတ်သက်ရင် လုံးဝပြီးပြည့်စုံသူတွေလို့လည်း ဆိုနိုင်ပါတယ်။
၂။ ယုံကြည်ချက်အပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲသေချာနေသူတွေ

ENTJ တွေ အလွန်အကျွံအောင်မြင်ရတဲ့ အကြောင်းရင်းတစ်ခုက ၎င်းတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကြောင့်ဖြစ်ပါတယ်။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်တာမျိုး မရှိဘူးလို့ မဆိုလိုပေမယ့် သူတို့ကိုယ်သူတို့ ကန့်သတ်မထားတာက သူတို့ရဲ့ အားသာချက်တစ်ခုပါ။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိကြသလို သူတို့ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုဖို့ ဝန်မလေးသူတွေပါ။
အလွယ်တကူစိတ်ဓာတ်မကျခြင်းကလည်း ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုဖြစ်မယ်ထင်ပါတယ်။ ကျရှုံးတယ်ဆိုတာ သူတို့သမိုင်းမှာ မရှိသလောက်ပါပဲ။
၃။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ Go-Getter တစ်ယောက်

ENTJ တွေရဲ့ နောက်ထပ်လေးစားစရာအချက်တစ်ခုက ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခေါင်းထဲမှာ ဖျစ်ညှစ်ထည့်မထားတတ်တာပါ။ သူတို့မှာ ကြီးမားသော အတွင်းစိတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဝေဖန်မှုတွေကို ခေါင်းထဲထည့်မထားရုံသာမက လူရာမဝင်တဲ့ထင်မြင်ချက်တွေကိုလည်း ဆုပ်ကိုင်ထားဖို့ စိတ်မဝင်စားသူတွေပါ။ တစ်စုံတစ်ယောက်က ENTJ တွေရဲ့ စိတ်ကို ပြောင်းလဲချင်တယ်ဆိုရင် သူတို့လို ထက်မြက်အောင်လုပ်ဖို့နှင့် သူတို့မှားကြောင်း သက်သေပြနိုင်ဖို့ လိုအပ်ပါတယ်။
ပန်းတိုင်ကို အာရုံစိုက်ဖို့ အမြဲအဆင်သင့်ဖြစ်နေပြီး ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ပြီးတာနဲ့ မရပ်မနားလုပ်ပါလိမ့်မယ်။
၄။ စိတ်လှုပ်ရှားမှု မရှိသလောက် စိတ်ခံစားမှုကင်းမဲ့သူတွေ

ENTJ တွေက extrovert တွေဖြစ်ကြတာကြောင့် အထင်ကြီးလောက်စရာ တွေးခေါ်နိုင်စွမ်းရှိပေမယ့် ၎င်းတို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကိုတော့ လျစ်လျူရှုလေ့ရှိကြပြီး တစ်ခြားလူတွေကို စာနာဖို့လည်း ကိုယ်ကိုယ့်ကိုယ် အင်မတန်တွန်းအားပေးရပါတယ်။ တစ်ချို့ကိစ္စတွေမှာ ဘက်မလိုက်တာက ကောင်းမွန်တဲ့ကိစ္စပေမယ့် ငွေကြေးကိစ္စတွေမှာ အစွန်းရောက်သူတွေပါ။
ENTJ တွေက အမြဲတမ်းအသည်းမာပြီး ရက်စက်နေတာမျိုးမဟုတ်ဘဲ တစ်ခါတရံနူးညံ့နေတာမျိုးလည်း ရှိတတ်ပါတယ်။ သို့ပေမယ့် သူတို့ကိုယ်တိုင်က စိတ်ခံစားတွေကို ဦးစားပေးရင် မအောင်မြင်နိုင်ဘူးဆိုတဲ့ လော့ဂျစ်ကြောင့်မို့ တစ်ခြားလူတွေရဲ့ စိတ်ခံစားမှုတွေကို နားလည်မပေးနိုင်တာလည်း ဖြစ်ပါလိမ့်မယ်။
၅ ။ စကားပြောကျွမ်းကျင်သူတွေ

သူတို့ရဲ့ စိတ်ခံစားချက်တွေနဲ့ ပတ်သက်တာတွေ ထည့်မပြေသရွေ့ သူတို့ဟာ အင်မတန်စကားကြွယ်သူတွေပါ။ အချက်အလက်သမားတွေဖြစ်တာကြောင့် ယုတ္တိတန်သော ငြင်းခုံမှုတွေက ထိပ်ဆုံးက ဦးဆောင်နေပါလိမ့်မယ်။ ယုံကြည်မှုပြင်းထန်လွန်းသူတွေပဲ မဟုတ်လား? သူတို့နဲ့ ဆက်ဆံတဲ့အခါ ရိုးသားတာက အကောင်းဆုံးပါပဲ။
၆။ လှုံ့ဆော်နိုင်စွမ်းနှင့် ဆွဲဆောင်နိုင်စွမ်း
ENTJ တွေက ဦးဆောင်ရတာကို နှစ်သက်ကြပြီး လူတွေက သူတို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ရတာကို အတော်လေးကြိုက်ကြပုံပါပဲ။ သူတို့ရဲ့ လှုံ့ဆော်နိုင်စွမ်းနှင့် စွဲဆောင်နိုင်စွမ်းတွေကြောင့် သဘာဝအတိုင်းခေါင်းဆောင်နိုင်စွမ်းက တစ်ယောက်တည်းလုပ်နိုင်တာထက် အများကြီးပိုပြီး ပြီးမြောက်နိုင်ပါတယ်။ သူတို့ရဲ့ လှုံ့ဆော်အားပေးနိုင်စွမ်းကို သူတို့ရဲ့ ခေါင်းဆောင်မှုကို အကောင်းဆုံးအသုံးချသူတွေပါ။
၇။ တဲ့တိုးသမားတွေဖြစ်ပြီး ဘွင်းဘွင်းသာ ပြောသူတွေ

အပေါ်က ကိုယ်ရည်ကိုယ်သွေးအရ သူတို့မှာ နူးညံ့သိမ်မွေ့မှုဆိုတာ မရှိသလောက်ဖြစ်နေတာ အားလုံးသတိထားမိမှာပါ။ ဒီလိုပါပဲ လိုအပ်ရင် ပြတ်သားဖို့ ဝန်မလေးသူတွေပါ။ အရာရာကို အပြစ်အနာအဆာကင်းဖို့ မျှော်လင့်ကြပြီး ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ လူမျိုးတွေပေါ့။ တစ်ခါတရံမှာ မလိုအပ်လည်း ခပ်တည်တည် ခပ်ကြမ်းကြမ်းဆက်ဆံနိုင်ပါတယ်။
၈။ ဗျူဟာမြောက်ပြီး ဉာဏ်ရည်ထက်မြက်ခြင်း
လုပ်သင့်လုပ်ထိုက်တာမှန်သမျှ မဟာဗျူဟာကျကျ အဆုံးသတ်သူတွေဖြစ်ကြတယ်ဆိုပါတော့။ ဉာဏ်အမြော်အမြင်အကြီးဆုံးလူသားတစ်ချို့ထဲမှာ ENTJ တွေက ထိပ်ဆုံးက ပါဝင်ပါတယ်။
၉။ စည်းရုံးနိုင်စွမ်းအား ကောင်းသူတွေ

ENTJ တွေက သူတို့ရဲ့ အိမ်တွေ၊ ကိုယ်ပိုင်ဘဝတွေကနေတစ်ဆင့် အရာအားလုံးကို ၎င်းတို့ရဲ့ ပရော်ဖယ်ရှင်နယ် ကြိုးပမ်းအားထုတ်မှုတွေအထိ ထိရောက်ပြီး စနစ်တကျရှိစေချင်ကြပါတယ်။ ဒီအတွက် သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းနှင့် ကြိုတင်ခန့်မှန်းနိုင်စွမ်းကို ရရှိထားပါတယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖန်တီးခြင်းနှင့် အကောင်အထည်ဖော်ရာမှာ ကောင်းမွန်တဲ့အပြင် ၎င်းတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်စေနိုင်မယ့် နည်းလမ်းနဲ့ အသင်းအဖွဲ့တွေကို စီမံခန့်ခွဲရာမှာ ထူးချွန်သူတွေဖြစ်ပါတယ်။
၁၀။ ကိုယ့်ကိုယ်ကိုယ်ရော တစ်ခြားလူတွေပါ တွန်းအားပေးခြင်း (သို့) မောင်းနှင်လွန်းခြင်း

ENTJ တွေက ဆုံးဖြတ်ချက်ချရာမှာ ဆရာကြီး/ဆရာမကြီးတွေဖြစ်ပြီး အစီအစဉ်တွေကို အကောင်အထည်ဖော်ရာမှာလည်း ပါရမီရှင်ကြီးတွေဖြစ်ပါတယ်။ အကျိုးဆက်ရလဒ်က ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးလွန်းပြီး ဒီ့ထက်ပိုပြီးမြောက်အောင်ဖို့ အဆက်မပြတ်ကြိုးစားနေတတ်ပါတယ်။ သူတို့အောင်မြင်ရခြင်းရဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုပါ။ သူတို့မှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အောင်မြင်မှုတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်ပဲ အာရုံစိုက်ကြပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလို ENTJ တွေအနားမှာ သူတို့ကို ထိန်းညှိပေးနိုင်မယ့်၊ သူတို့ဟန်ချက်ကို မျှတစေမယ့် တစ်စုံတစ်ယောက်ကတော့ ရှိသင့်ပါတယ်။ သူတို့ဘဝမှာ တစ်ယောက်တည်းရပ်တည်ဖို့က ထင်သလောက်မလွယ်ကူပါဘူး။
Lifestyle_Myanmar
Nyein_Thu
Ref- interestingpsychology