သင်ခန္ဓာကိုယ်တစ်ခုလုံးနှင့် စိတ်ခံစားမှုတွေကို အပန်းပြေစေဖို့ အကောင်းဆုံးအနားယူနည်း (၅) မျိုး
lifestylemyanmar.com
|
2021-11-15

အနားယူခြင်းဆိုတာ အိပ်စက်ခြင်းထက် များစွာပိုပါတယ်။ အနားယူမယ်လို့တွေးလိုက်တဲ့အခါတိုင်း လှုပ်ရှားမရှိဘဲ ငြိမ်ငြိမ်လေးနေသင့်တယ်လို့ တွေးကောင်းတွေးပါလိမ့်မယ်။ ဒီအရာက သင်တွေးနေကျ အနားယူနည်းတစ်မျိုးဖြစ်ပါလိမ့်မယ်။ အမှန်တကယ်တော့ အနားယူခြင်းမှာ တစ်ခြားအမျိုးအစားတွေလည်းရှိနေပါသေးတယ်။ ဥပမာ – ဒီလိုအချက်တွေပေါ့။

၁။ ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း


ရုပ်ပိုင်းဆိုင်ရာအရ အနားယူဖို့လိုအပ်နေပြီဆိုတာ သိဖို့က အင်မတန်ရိုးရှင်းပါတယ်။ သင့်ရဲ့ မျက်လုံးတွေကို ဖွင့်ဖို့ ခက်ခဲလာတဲ့အခါ ခန္ဓာကိုယ်က အလုပ်တွေအများကြီးလုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြန်သယ်ဖို့ ခက်ခဲလာတဲ့အခါ အနားယူဖို့လိုအပ်နေပြီဆိုတဲ့ လက္ခဏာတွေပါပဲ။

ကျန်းမာရေးကို ထိန်းသိမ်းဖို့နှင့် ဖျားနာခြင်းကနေ ကာကွယ်ဖို့ လူတွေက အနားယူဖို့ လိုအပ်ပါတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာအနားယူခြင်းမှာ စွမ်းအင်ကို သုံးစွဲဖို့ လိုအပ်ပြီး ကိုယ်လက်လှုပ်ရှားမှုတစ်ချို့လုပ်ပေးဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့ ဒီလိုရုပ်ပိုင်းဆိုင်ရာ အနားယူခြင်းတစ်မျိုးကို လျစ်လျူရှုထားမယ်ဆိုရင် နောက်ပိုင်းမှာ လုပ်နိုင်စွမ်းတွေကို သိသိသာသာဆုံးရှုံးလာပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ အကြာကြီးထိုင်ပြီး အနားယူတာမျိုးပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကို ဆန့်ထုတ်တာပဲဖြစ်ဖြစ်၊ အသက်ပြင်းပြင်းရှူတာမျိုးတွေ၊ တစ်ရေးတမောအိပ်ခြင်းစတဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အနားယူမှုတွေ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုရာအနာယူခြင်းရဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့။ ပုံမှန်ထက် တစ်နာရီစောပြီး အိပ်ရာဝင်ပါ။ အီလက်ထရွန်းနစ်ကိရိယာတွေ မပါဘဲ ညဘက် ကောင်းကောင်းအိပ်ပါ။

၂။ စိတ်ခံစားမှုဆိုင်ရာ အနားယူခြင်း


စိတ်ခံစားမှု လွန်ကဲခြင်းက သင့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ သင့်ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာအနားယူခြင်းက သင့်ရဲ့ စိတ်ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ရောင့်ရဲမှုနှင့် သန့်ရှင်းမှုကို ပျိုးထောင်ရာမှာ အရေးကြီးသော အစိတ်အပိုင်းက ပါဝင်ပါတယ်။

သင့်အနေနဲ့ သင့်ရဲ့ ရှင်သန်မှုအများစုက သင့်ရဲ့ ခံနိုင်ရည်ရှိမှုတွေအပေါ်မှာ မူတည်ပါတယ်။ လူတော်တော်များများက စိတ်ခံစားချက်တွေကို ဖိနှိပ်ချုပ်ချယ်ရာမှာ အလွန်အကျွံအသုံးပြုနေကြတာကြောင့် လက်ရှိအချိန်မှာ စိတ်ပိုင်းဆိုင်ရာအနားယူမှုဟာ ကျွန်မတို့အားလုံးလိုအပ်နေတဲ့အရာဖြစ်ပါတယ်။

သင့်ရဲ့ ခံနိုင်စွမ်းအားတွေကို ခဏမေ့ပျောက်ပြီး သင့်ခံစားရသမျှကို ထုတ်ဖော်ပြောဆိုပါ။ ဖော်ပြပါ။ ဂျာနယ်တစ်စောင်ရေးခြင်း၊ ကိုယ့်ကိုယ်ကိုယ်စကားပြောခြင်း(သို့) ခက်ခဲသော ခံစားချက်တွေကို တစ်စုံတစ်ဦးနှင့် မျှဝေခြင်း စသဖြင့် နေ့ရက်တိုင်းကို သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးတွေကို သက်သာစေပါ။

စိတ်ပိုင်းဆိုင်ရာ အနားယူခြင်းမှာ ဒေါသထွက်ခြင်း၊ ငြူစူစောင်းမြောင်းခြင်း၊ အရှက်ကွဲခြင်း၊ အပြစ်ရှိခြင်း နောက်ဆုံး စိတ်အလိုမကျခြင်းစတဲ့ အဆိုးမြင်စိတ်တွေကို လှုံ့ဆော်ပေးသောသူတွေနဲ့ အဆက်ဖြတ်ခြင်းလည်း ပါဝင်ပါတယ်။

၃။ စိတ်ပိုင်းဆိုင်ရာ အနားယူခြင်း


စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီလား? ဒါဆိုရင် သင်ဟာ စိတ်ပိုင်းဆိုင်အရာ အနားယူဖို့လိုအပ်နေပါပြီ။ သင့်ရဲ့ အတွေးလွန်နေမှုတွေ၊ အတိတ်ထဲမှာပဲ တစ်ချိန်လုံးရှိနေခဲ့တာတွေ၊ ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမှန်းမသိတဲ့အခြေအနေတွေကို ကြုံတွေ့နေရပြီလား?

စိတ်ပိုင်းဆိုင်ရာအနားယူမှုနည်းပါးခြင်းက စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေဖြစ်စေပါတယ်။ လေ့လာမှုတွေအရ နာတာရှည်အိပ်ရေးပျက်ခြင်းက မှတ်ဉာဏ်စွမ်းဆောင်ရည်ကို ဆိုးရွားစွာချို့ယွင်းပျက်စီးစေနိုင်တယ်လို့ဆိုကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနားယူဖို့ လိုအပ်နေတဲ့ လက္ခဏာတွေက ဆုံးဖြတ်ချက် မချနိုင်ခြင်း၊ ဂနာမငြိမ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ အလုပ်မှာ အမှားအယွင်းတွေများပြားလာြခင်းတို့ပြဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနားယူဖို့ ပုံမှန်တရားထိုင်ခြင်း (သို့) စိတ်ငြိမ်စေသော မန္တန်တစ်ချို့ကို ရွတ်ဆိုခြင်းအပြင် သဘာဝတရားထဲမှာ အချိန်အတော်ကြာဖြုန်းတီးပေးခြင်းက သင့်လိုအပ်သော အနားယူမှုတွေကို ပေးစွမ်းနိုင်ပါတယ်။

၄။ အာရုံခံနိုင်မှုဆိုင်ရာ အနားယူခြင်း


နည်းပညာအသုံးပြုမှု တိုးလာခြင်းနှင့် screen time ပမာဏများလာခြင်းတို့ကြောင့် အာရုံခံစွမ်းအား ကုန်ခမ်းလာခြင်းက ဒီဘက်ခေတ်မှာ ပိုမိုများပြားလာပြီး ပင်ပန်းနွမ်းနယ်ရခြင်းအတွက် အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုဖြစ်လာပါတယ်။ လည်ပင်းနာခြင်းနှင့် မျက်လုံးများ ဝေဝေဝါးဝါးဖြစ်လာခြင်းစတဲ့ ရုပ်ပိုင်ဆိုင်ရာဆိုးကျိုးတွေဖြစ်လာစေနိုင်ပြီး intimacy ပြဿနာကြောင့် ဆက်ဆံရေးတွေမှာလည်း အခက်အခဲရှိလာနိုင်ပါတယ်။ လေ့လာမှုတွေအရ screen time အဆင့်မြင့်မားလာခြင်းက မကျန်းမာသော စားသုံးမှုနဲ့ဆက်စပ်နေပြီး စိတ်ကျရောနှင့် ဘဝအရည်အသွေးနိမ့်ကျခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ်။

၅။ လူမှုရေးဆိုင်ရာ အနားယူခြင်း


တစ်ချို့လူတွေက ပေါင်းသင်းဆက်ဆံရေးဆိုတာ သူတို့အတွက် အင်မတန်ခက်ခဲတဲ့အရာတစ်ခုလို ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့ ပေါင်းသင်းဆက်ဆံရေးဟာ ကျွန်ုပ်တို့ရဲ့ စွမ်းအင်အပိုတွေကို ဖျစ်ညှစ်ယူနေတာတော့ အမှန်ပါပဲ။

အောင်မြင်ကျော်ကြားသူတွေ၊ ဆိုရှယ်မီဒီယာမှာ လူသိများသူတွေအနေနဲ့ ဒီလိုမျိုး လူမှုရေးဆိုင်ရာ အနားယူမှုတွေက အင်မတန်အရေးပါပါတယ်။ လူမှုရေးဆိုင်ရာအနားယူခြင်းဆိုတာ သင့်တစ်နေ့တာကို စိတ်အပန်းပြေစေပြီး သင့်နှလုံးသားထဲကအတိုင်း ထုတ်ပြောနိုင်မယ့် တစ်စုံတစ်ဦးနှင့် ထိတွေ့ခြင်းကို ဆိုလိုပါတယ်။ လူမှုရေးအရ အနားယူခြင်းမှာ ဆိုရှယ်မီဒီယာနှင့် ခဏတာ အဆက်အသွယ်ဖြတ်ပြီး သင့်တစ်နေ့တာကို အထီးကျန်ခြင်းနှင့် ပေါင်းစပ်ဖြေရှင်းဖို့ဖြစ်ပါတယ်။ အမှန်တကယ် အထီးကျန်ခြင်းကို ရွေးချယ်မယ်ဆိုရင် အထီးကျန်ခြင်းက စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

ref-themindjournal


#ခန္ဓာကိုယ်
#လေ့ကျင့်ခန်း
#အလုပ်
#လက္ခဏာ
#မျက်လုံး

Some text some message..