
လက်ထပ်ခြင်းဆိုတာ တစ်စုံတစ်ယောက်နဲ့အတူ တစ်သက်တာခရီးကို လျှောက်လှမ်းရတဲ့ လေးနက်ပြီး ထိရှလွယ်တဲ့ကတိသစ္စာပြုခြင်းပါပဲ။ ဒါ့ကြောင့်မို သင့်က ချစ်ပြီးတော့ သင့်ကို ပြန်လည်ချစ်မြတ်နိုးသူ၊ ယုံကြည်ရသူ၊ ပျော်ရွှင်မှုပေးနိုင်တဲ့ ခေါင်းဆောင်တစ်ဦး၊ သင့်အနားမှာ အေးအတူပူအမျှ ရပ်တည်ပေးမယ့် သင့်နဲ့အတူ ပျော်ရွှင်ငြိမ်းချမ်းခြင်းဘဝကို မျှဝေခံစားပေးနိုင်မယ့် တစ်စုံတစ်ယောက်ကို သေချာရွေးချယ်သင့်ပါတယ်။
H.Jackson Brown,Jr. က “ကိုယ့်ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ သေချာစဉ်းစားပြီး ရွေးချယ်ပါ။ သင့်ရဲ့ ပျော်ရွှင်မှု ဒါမှမဟုတ် စိတ်ဆင်းရဲမှုအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဒီဘဝပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ။
၁။ အမျိုးသမီးတွေအပေါ် အပျော်သဘောသက်သက်မြင်တတ်တဲ့ ယောင်္ကျားမျိုး

မိန်းမတွေကို ပျော်ပါးစရာအရုပ်တစ်ရုပ်လိုမြင်တတ်တဲ့ ယောင်္ကျားမျိုးကို လုံးဝရှောင်ပါ။ သင့်ကို ဖန်စီကားတစ်စီးလို (သို့) အလှကြည့် နာရီတစ်လုံးလိုမျိုးချစ်မှာဖြစ်ပြီး သူ့ရဲ့ လိုအပ်ချက်တွေကို သင်ဖြည့်ဆည်းပေးနိုင်သရွေ့လောက်ပဲ သင့်အနားမှာရှိနေပါလိမ့်မယ်။ ပျော်ရွှင်မှုဆိုတာကလည်း အပေါ်ယံလောက်ပဲ သင်ခံစားရပါလိမ့်မယ်။
သင့်ကို လူတစ်ယောက်လို ဆက်ဆံမှာမဟုတ်သလို သင့်အတွက် စိတ်ပိုင်းဆိုင်ရာအရလည်း လွတ်လပ်ခွင့်ရမှာမဟုတ်သလို သင့်ရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကိုလည်း ထုတ်ဖော်ခွင့်ရမှာမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်ခံစားမှုတွေကလည်း ပင်ပန်းညစ်နွမ်းမှုတွေနဲ့သာ ကြုံတွေ့ရပါလိမ့်မယ်။ အိမ်ထောင်ရေးလိုမျိုး အရေးကြီးသော အရာတစ်ခုခုနှင့် ကြုံတွေ့လာရရင် ဒီလိုလူမျိုးဟာ ကိုယ်ကျိုးကြည့်ပြီး ခေါင်းရှောင်မယ့်လူမျိုးပါ။
၂။ ကိုယ်ကလွဲပြီး ဘယ်သူ့အတွက်မှ ခေါင်းထဲမထည့်ထားတဲ့ ယောင်္ကျားမျိုး

ဆက်ဆံရေးဆိုတာ နှစ်လမ်းသွားလမ်းဖြစ်ပါတယ်။ ရက်ရောစွာ ပေးကမ်းခြင်းနှင့် ကြင်နာစွာ လက်ခံခြင်းတို့ပါဝင်ပါတယ်။ ကိုယ်အချစ်ခံရဖို့ပဲ တွေးနေတတ်ပြီး တစ်ဖက်ပါတနာကို ချစ်ပေးဖို့ မစဉ်းစားတတ်တဲ့ ယောင်္ကျားမျိုးရှောင်ပါ။ သင်ဘာကြောင့်ရှောင်သင့်တယ်ဆိုတာ အရှင်းကြီးပဲလေ။ ဒီလိုယောင်္ကျားမျိုးက သူတို့လိုချင်တာပဲကြည့်ပြီး သူတို့ကိုယ်သူတို့ ဖြည့်ဆည်းဖို့ပဲ စဉ်းစားမှာပေါ့။ ဒီလိုအစွန်းရောက်သူမျိုးက ကိုယ့်အတွက် အဆိပ်သင့်စေတယ်လေ။
၃။ ရုပ်ဝါဒ လွှမ်းမိုးခြင်းခံထားရတဲ့ ယောင်္ကျားမျိုး

အမျိုးသားတစ်ယောက်က ပေါ့ပေါ့တန်တန်နေပြီး ရုပ်ဝါဒဆန်သူဖြစ်တယ်ဆိုရင် သူက ဘယ်တော့မှ လူသားတွေရဲ့ ခံစားချက်တွေနဲ့ ဘဝရဲ့ ရှုပ်ထွေးပွေလီမှုတွေကို နားလည်မှာမဟုတ်ဘူး။ သူဟာ ပေါ့ပေါ့တန်တန်အရာတွေကိုပဲ စိတ်ဝင်စားပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေ၊ လက်ဆောင်တွေအပေါ်မှာပဲ အာရုံရောက်နေပါလိမ့်မယ်။ သူ့ရဲ့ ကြီးကျယ်ခမ်းနားသော မျက်နှာဖုံးအတွက်ပဲ သီးသန့်ရှင်သန်ပါလိမ့်မယ်။ စစ်မှန်မှုတွေ၊ အားနည်းချက်တွေကို သူကိုင်တွယ်ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။
အကယ်၍ သင့်အနေနဲ့ ရေတိမ်မှာ ရေနစ်ပြီး တစ်ဘဝလုံးမဆုံးရှုံးချင်ဘူးဆိုရင် သူ့လိုယောင်္ကျားမျိုးနဲ့ ဝေးဝေးနေပါ။
၄။ ပါတီတိရစ္ဆာန်ကောင်လို ယောင်္ကျားမျိုး
အိမ်ထောင်သည်ဘဝ အခက်အခဲတွေကို ဖြေရှင်းဖို့ ဒီလိုကောင်လေးမျိုးက အရမ်းနုနယ်နေပါလိမ့်မယ်။ သင်ကပဲ ရှေ့က ဦးဆောင်ပြီး နောက်ကတောင် လိုက်မလာဘူးဆိုရင် သင်ပိုပင်ပန်းရပါလိမ့်မယ်။ ရင့်ကျက်မှုနည်းလွန်းသော ယောင်္ကျားတွေကို ရှောင်ပါ။
၅။ အရမ်းချုပ်ချယ်လွန်းတဲ့ ယောင်္ကျားမျိုး

သင့်ရဲ့ အဝတ်အစားအခြေအနေ၊ သင့်ရဲ့ အလုပ်အကိုင်၊ သင်အခုရောက်နေတဲ့နေရာ ၊ သင်ပေါင်းသင်းနေတဲ့ သူငယ်ချင်းစသဖြင့် အရာအားလုံးကို စူးစမ်းပြီး နေရာတကာ ထိန်းချုပ်တတ်တဲ့ ကောင်လေးမျိုးကို ရှောင်ပါ။ ပုံမှန်အားဖြင့် ဒီလိုယောင်္ကျားမျိုးက သူသာ သင့်ထက်အရာရာသာတဲ့လူလိုမျိုး ယုံကြည်နေပြီး သင်လုပ်သမျှကို ထိန်းချုပ်မှာဖြစ်ပါတယ်။
ဒီတော့ အကျိုးဆက်က ဒီလိုယောင်္ကျားမျိုးကို ပေါင်းသင်းမိရင် သင့်ရဲ့ လွတ်လပ်မှုနှင့် ကိုယ်ပိုင်အရည်အချင်းကို ဆုံးရှုံးရမှာဖြစ်ပြီး သင်ခံစားရတာနဲ့ မတန်ပါဘူး။
၆။ မလုံခြုံမှုတွေရှိနေတဲ့ ယောင်္ကျားမျိုး

အကြောင်းအမျိုးမျိုးကြောင့် သူ့ကိုယ်သူ မလုံခြုံမှုတွေခံစားနေရတာ စိတ်မကောင်းစရာဖြစ်ပေမယ့် သင်နဲ့ လာပတ်သက်ရင်တော့ သင့်အတွက် အဆိပ်အတောက်ဖြစ်စေမယ့်လူမျိုးပဲ ဖြစ်လာပါလိမ့်မယ်။ သူ့ကိုယ်သူ သိမ်ငယ်နေတဲ့လူတစ်ယောက်က သူဟာ ပြည့်စုံသူတစ်ဦးမဟုတ်ဘူး(သို့) ထိုက်တန်သူတစ်ယောက်မဟုတ်ဘူးဆိုတဲ့ အတွေးက သူ့မှာ အချိန်ပြည့်ရှိနေပါလိမ့်မယ်။
ဘာတွေဖြစ်လာမလဲဆိုရင် သူ့ကိုယ်သူ အားမရတိုင်း သင့်ကို မသင်္ကာဖြစ်ပြီး သင်ဟာ ဖောက်ပြန်သူတစ်ယောက်လို့ စွပ်စွဲပြီး သူ့ရဲ့ မလုံခြုံမှုတွေကို ဖြေသိမ့်ပါလိမ့်မယ်။ သူ့ရဲ့ ပြဿနာတွေကို သူ့ဘာသာသူဖြေရှင်းပါစေ။ ကယ်တင်ရှင်ဖြစ်ပေးတာတွေ၊ အတိုင်ပင်ခံလုပ်ပေးတာတွေကို သွားမလုပ်မိပါစေနဲ့။
၇။ ကတိစကားပြောရမှာ ကြောက်တဲ့ ယောင်္ကျားမျိုး

ယောင်္ကျားလေးဘက် ကတိပေးတာမျိုးလုံးဝမရှိဘူးဆိုရင် သူနဲ့ လုံခြုံတဲ့ အနာဂတ်ကို သင်မျှော်လင့်လို့မရပါဘူး။ ဒီလိုယောင်္ကျားမျိုးတွေက ဘယ်သူနဲ့မှ မချည်နှောင်ချင်သလို သူတို့ကိုယ်တိုင်က သူတို့ပင်ကိုယ်စည်းမျဉ်း စည်းကမ်းတွေနဲ့ အသက်ရှင်ချင်ကြပါတယ်။ ဘယ်လိုမိန်းကလေးနဲ့မဆို အလွယ်တကူစိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရဖို့ လွယ်ကူကြပြီး သင့်အနေနဲ့ ရေရှည် လုံးဝပြီးပြည့်စုံတဲ့ဆက်ဆံရေးမျိုးကို တည်ဆောက်ချင်တယ်ဆိုရင် သူတို့နဲ့ ဝေးဝေးနေပါ။
၈။ သင်နဲ့ စကားပြောဖို့ ဘယ်ကအစပျိုးရမှန်း မသိတဲ့ ယောင်္ကျားမျိုး

ဆက်ဆံရေးတစ်ခုမှာ သဘောထားကွဲလွဲမှုတွေဟာ အမြဲလိုလိုရှိမှာဖြစ်ပြီး ရင့်ကျက်သောလူနှစ်ဦးက ၎င်းကို ကောင်းမွန်သော ဆွေးနွေးမှုတွေပြုလုပ်ပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာသောနည်းလမ်းဖြင့် စကားစပြောဖို့ အရမ်းကြိုးစားနေရတဲ့ အရွယ်မရောက်သေးတဲ့ ယောင်္ကျားမျိုးနဲ့ အတူရှိနေရင်တော့ သင်ပင်ပန်းရပါလိမ့်မယ်။ အပြုသဘောဆောင်သော ဆွေးနွေးမှုတွေနဲ့ ပြဿနာကို ဖြေရှင်းဖို့ မရင့်ကျက်သေးသူတွေပါ။ ရှောင်ပြေးချင်သူတွေဆိုလည်း မမှားပါဘူး။
ဒီတော့ ဒီလိုယောင်္ကျားမျိုးနဲ့ ပေါင်းသင်းမိရင် သူနဲ့ ပတ်သက်တဲ့ ပြဿနာတွေမှာတောင်မှ သူ့ဆီက အကူအညီမရဘဲ တစ်ယောက်တည်းအကြိမ်ကြိမ်ဖြေရှင်းနေရပါလိမ့်မယ်။ ဒါ့ကြောင့် ဝေးဝေးနေလိုက်တာ ပိုကောင်းပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-themindjournala