လူကြီးတွေနဲ့ ကလေးတွေမှာ Screen Time ဘယ်လောက်ဆို အဆင်ပြေလဲ?
lifestylemyanmar.com
|
2021-12-01

အီလက်ထရောနစ် စက်ပစ္စည်းတွေက ဒီနေရာမှာ တည်ရှိနေမှာ သေချာပြီး လူအများစုက ဆိုရှယ်မီဒီယာက တဆင့် (သို့) အကြောင်းအရာတွေကို တိုက်ရိုက်ကြည့်ရှု့ခြင်းမှတဆင့် နာရီပေါင်းများစွာ ကြာအောင် သုံးစွဲလေ့ရှိကြပါတယ်။ သို့သော် Screen ကိုအကြာကြီးကြည့်ခြင်းနဲ့ ဆက်စပ်နေတဲ့ ဆိုးကျိုးတွေကို ရှောင်ရှားဖို့ ဒီအချိန်ကို ကန့်သတ်ထားဖို့ အရေးကြီးပါတယ်။ ဒီနေ့မှာတော့ လူကြီးတွေ၊ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် အကြံပြုထားတဲ့ Screen Time ကို ပြောပြပေးပြီး သင်နဲ့ သင့်ကလေးတွေရဲ့ ကျန်းမာရေးအတွက် အသုံးဝင်နိုင်တဲ့ အကြံပြုချက်အချို့ကို မျှဝေပေးပါမယ်။

၁။ လူကြီးတွေ

အရွယ်ရောက်ပြီးသူတွေမှာ screen time များလွန်းခြင်းက အိပ်မပျော်ခြင်း၊ မျက်စိညောင်းညာခြင်း၊ ခေါင်းကိုက်ခြင်း၊ စွဲလမ်းစေတဲ့ အပြုအမှုတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုအဆင့်တွေ လျော့ကျခြင်းစတဲ့ ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် screen ရှေ့မှာ ၆နာရီ (သို့) ဒီထက်ပိုကြာတဲ့ လူကြီးတွေဟာ စိတ်ဓါတ်ကျနိုင်ခြေ ပိုများတယ်လို့ သုတေသနအရ သိရပါတယ်။

ကွန်ပျူတာနဲ့ အလုပ်လုပ်ရရင် မော်နီတာရှေ့မှာ ရှိနေရခြင်းက ရှောင်လွှဲလို့မရပေမယ့် ကျန်းမာရေးကျွမ်းကျင်သူတွေက အိမ်မှာ screen time ကို ၂နာရီ (သို့) ဒီထက်နည်းအောင် ကန့်သတ်ထားပြီး အားလပ်ချိန်တွေမှာ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုမှုကို တစ်ရက်လျှင် မိနစ် ၃၀အထိ လျှော့ချခြင်းက လူတစ်ယောက်ရဲ့ ကောင်ကျိုးချမ်းသာကို တိုးတတ်စေခြင်းဖြင့် သိသိသာသာ ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။


screen timeကို လျှော့ချပြီး စီမံခန့်ခွဲနည်း

အီလက်ထရွန်နစ် စက်ပစ္စည်းတွေက သင့်နေ့စဉ်ဘဝရဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သော်လည်း သုံးစွဲတဲ့ အချိန်ပမာဏကို လျှော့ချဖို့ (သို့) manage လုပ်ဖို့ စဉ်းစားနိုင်တဲ့ တိကျတဲ့ အတိုင်းအတာတွေရှိပါတယ်။ ဒါ့အပြင် ဒီနည်းဗျူဟာတွေက ဆိုးကျိုးအချို့ကို ကာကွယ်ဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

Screen ရှေ့မှာ မစားပါနဲ့။

ဖုန်း၊ တီဗီ (သို့) တက်ဘလက်နဲ့ ဘယ်လောက်ကြာကြာ အပြန်အလှန်တုံ့ပြန်လဲဆိုတာကို မှတ်သားပြီး ထိုအချိန်အချို့ကို ကိုယ်လက်လှုပ်ရှားမှုနဲ့ အစားထိုးပါ (သို့) အခြားသူတွေနဲ့ ဆက်သွယ်ပါ။

တကယ်လို့ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရပါက မိနစ် ၂၀တိုင်း အဝေးသို့ မျှော်ကြည့်ကာ အရာတစ်ခုကို စက္ကန့် ၂၀ကြာအောင် အာရုံစိုက်ကြည့်ပါ။ ဒီလိုလုပ်ခြင်းက မျက်လုံးညှောင်းညာခြင်းကို သက်သာစေပါတယ်။

ဖုန်းကို အားကိုးနေမယ့်အစား နှိုးစက်နာရီကို သုံးပါ။ ဖုန်းကို အိပ်ခန်းအပြင်ဘက်မှာ ထားပါ။

သင့်ဖုန်းပေါ်မှာ အချိန်ပိုမသုံးမိအောင် နိုတီတွေနဲ့ သတိပေးချက်တွေကို ပိတ်ထားပါ။

စခရင်ရှေ့မှာ ရှိတဲ့အခါ timer သတ်မှတ်ထားပြီး အချိန်ပြည့်တာနဲ့ ဒစ်ဂျစ်တယ်ပစ္စည်း အသုံးပြုတာကို ရပ်လိုက်ပါ။

လမ်းလျှောက်တာနဲ့ အိမ်မှုကိစ္စတွေ လုပ်လို့ရပါတယ်။ (သို့) လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားပါ။


၂။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ

ယနေ့ခတ်က ဒစ်ဂျစ်တယ်ကိရိယာတွေဖက်ပြီး မွေးဖွားလာတဲ့ခေတ်ဖြစ်တာကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို ဖုန်းသုံးစွဲတဲ့အချိန် ထိန်းချုပ်ဖို့ အရမ်းခက်ခဲစေပါတယ်။ အချို့သော screen time တွေက ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေ (သို့) လူမှုရေးဖွံ့ဖြိုးတိုးတတ်မှုတွေမှာ အရေးပါနိုင်သော်လည်း ဒီစက်ပစ္စည်းတွေကို အလွန်အကျွံသုံးတာက အိပ်ရေးပျက်ခြင်း၊ သင်ယူမှုစွမ်းရည် ခက်ခဲခြင်း၊ အဝလွန်ခြင်းနဲ့ အပြုအမှုဆိုင်ရာ ပြဿနာတွေကို ဦးတည်စေပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်သူတွေက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို တစ်နေ့လျှင် အသုံးပြုနိုင်တဲ့ screen time ပမာဏနှင့် ပတ်သတ်လို့ အောက်ပါတို့ကို အကြံပြုထားပါတယ်။


အသက် ၂နှစ်အောက် ကလေးတွေ – လူကြီးတစ်ယောက်ရဲ့ ရှေ့မှာ တစ်နာရီအောက် ဖြစ်ပါတယ်။ ဥပမာ- သူတို့က မိသားစုဝင်တွေနဲ့ ဗီဒီယိုချက်(video-chat)ချင်နိုင်ပါတယ်။

အသက် ၂နှစ်မှ ၅နှစ်အထိ ကလေးတွေ – တစ်နာရီ (သို့) ထိုထက်နည်းရပါမယ်၊ ဥပမာ – သူတို့အနေနဲ့ အကြမ်းဖက်မှုမရှိတဲ့ ပညာပေးမီဒီယာကို အသုံးပြုနိုင်ပါတယ်။

အသက် ၅နှစ်မှ ၁၈နှစ်အထိ ကလေးတွေ – screen time က ကလေးတစ်ဦးစီ (သို့) ဆယ်ကျော်သက်တွေအတွက် လိုက်လျောညီထွေဖြစ်စေနိုင်ပေမယ့်လည်း မိဘအုပ်ထိန်းမှုစနစ် (သို့) ကြီးကြပ်မှုဖြင့် စစ်ထုတ်သင့်ပါတယ်။ အိမ်မှာ အသုံးပြုချိန်နဲ့ ပတ်သတ်တဲ့ စည်းမျဉ်းတွေကို သတ်မှတ်တဲ့အခါ အသက် ၅နှစ်ကလေးတွေက အိပ်ချိန် ၁၃နာရီအထိ လိုအပ်ပြီး ၁၈နှစ်အရွယ် ဆယ်ကျော်သက်တွေက ၁၀နာရီအထိ လိုအပ်နိုင်တာကို ထည့်စဉ်းစားပါ။ ဒါက အပန်းဖြေရေးနှင့်ဆိုင်တဲ့ screen time ကိုနာရီအနည်းငယ်သာ ခွင့်ပြုနိုင်စေပါတယ်။


မိဘတွေအတွက် Screen time အကြံပြုချက်များ

ဒီနည်းဗျူဟာတွေကို ထည့်စဉ်းစားခြင်းဖြင့် သင့်ကလေးရဲ့ Screen time ကိုကန့်သတ်ပါ။

အစာစားနေချိန် (သို့) အိပ်ခန်းထဲမှာ စခရင်မကြည့်ရဘူးဆိုတဲ့ device-free အချိန် နဲ့ ဇုန်တွေ သတ်မှတ်ပါ။

ကစားချိန်ကို ဦးစားပေးပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ လှုမှုဆက်ဆံရေးကို အားပေးပါ။

အိပ်ယာမဝင်ခင် စခရင်အားလုံးကို ပိတ်ပြီး အိပ်ခန်းအပြင်မှာ ထားခိုင်းဖို့ လိုအပ်ပါတယ်။

မေမေတို့ရဲ့ Screen time ကို ကန့်သတ်ပြီး သူတို့အသုံးမပြုချိန်မှာ Screen တွေပိတ်ထားခြင်းဖြင့် ကလေးအတွက် စံနမူနာကောင်း ဖြစ်စေပါ။

screen device အသုံးပြုနေစဉ် မိနစ် ၃၀တိုင်း အနားယူဖို့ ကလေးကို အားပေးပါ။


အောက်ပါအတိုင်းအတာတွေကို လုပ်ဆောင်ခြင်းဖြင့် အရည်အသွေးမြင့် screen time ကို သေချာစေပါ။

ကလေးကို ဖုန်းပေးမသုံးခင်မှာ (သို့) ဂိမ်းကစားခွင့်မပြုခင်မှာ အက်ပ်တွေ၊ ပရိုဂရမ်တွေနဲ့ ဂိမ်းတွေကဲ့သို့သော ဒစ်ဂျစ်တယ်မီဒီယာကို အစမ်းကြည့်ရှု့ပါ။

သူတို့လုပ်ဆောင်နေတာကို ကြီးကြပ်ဖို့ ကလေးတွေကို ဖုန်းအသုံးပြုနေစဉ် ကိုယ့်အနားမှာပဲထားပါ။

ဖန်သားပြင်ကို ငေးကြည့်နေရုံသာပါဝင်တဲ့ မီဒီယာတွေထက် သူတို့နဲ့ သင့်ကလေး ထိတွေ့ဆက်ဆံနိုင်စေမယ့် ဥပမာ- ကလေးသီချင်း၊ ကဗျာနှင့် ပညာရေးဆိုင်ရာ မီဒီယာမျိုးကို ရှာဖွေပါ။

violent မီဒီယာနဲ့ ကြော်ငြာ ကဲ့သို့သော မသင့်လျော်တဲ့ အကြောင်းအရာတွေကို စစ်ထုတ်ပါ (သို့) ဘလော့ထားပါ။

online safety နဲ့ privacy. အကြောင်း သင့်ကလေးကို သင်ပေးပါ။


Lifestyle_Myanmar

LM_nandar

Source- 5minutecrafts


#ဆိုးကျိုး
#ဒစ်ဂျစ်တယ်
#ဆယ်ကျော်သက်
#အရာ
#အချိန်

Some text some message..