
လှည့်စားမှု၊ ဖောက်ပြန်မှုဆိုတာကို ကျွန်မတို့ကောင်းကောင်းသိကြပါတယ်။ ဒီလိုမလေးစားခြင်းကိစ္စတွေကြောင့် ကျွန်မတို့ချစ်တဲ့လူတွေရဲ့ ယုံကြည်မှုတွေကို ရိုက်ချိုးရင်း ဒီလိုနည်းတွေနဲ့ပဲ ဆုံးရှုံးခဲ့ရပါတယ်။ ဖောက်ပြန်ခြင်းမှာ အပြုသဘောဆောင်တဲ့ ရှုထောင့်က မရှိသလောက်ပါပဲ။ လှည့်စားခြင်းမှာ နည်းလမ်းမျိုးစုံရှိပြီး ဆိုရှယ်မီဒီယာမှာ ပေါ်လာပြီးနောက် လှည့်စားခြင်းတွေဟာ နည်းလမ်းအသစ်တွေပိုလာခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမှာ သိသာထင်ရှားမှုမရှိတဲ့ ဖောက်ပြန်ခြင်းနည်းလမ်းတွေကို ကြည့်ရအောင်။
၁။ စာတွေကို ဖျက်ခြင်း

အမှိုက်ဖြစ်နေတဲ့အရာတွေကို ရှင်းလင်းပစ်လိုက်ချင်တာကောင်းပါတယ်။ ဒါပေမယ့် သင့်ဖုန်းထဲမှာ အရင်က မက်ဆေ့ချ်အဟောင်းတွေမတွေ့ဘူးဆိုရင် တစ်ဖက်ပါတနာက အမျိုးမျိုးစဉ်းစားပါလိမ့်မယ်။ စာသားမက်ဆေ့ချ်တွေကို ဖျက်ခြင်းက သူတို့လုပ်နေသမျှတွေကို ဖုံးကွယ်ထားပြီး သင့်အပေါ်လုံးဝရိုးသားမှုမရှိခြင်းဖြစ်ပါတယ်။ ဒီလိုလူက ယုံကြည်ရပါ့မလား? တစ်ဆက်တည်းမှာ သူတို့ဖုံးကွယ်ထားတဲ့အရာတွေက သင့်ကို စိတ်ဆိုးစေလိမ့်မယ်လို့ သူတို့ထင်နေတယ်ဆိုရင် လှည့်စားခြင်းဖြစ်နိုင်ခြေရှိပါတယ်။
၂။ လိုအပ်တာထက် ပိုပြီး ရင်းနှီးလွန်းသော သူငယ်ချင်းတစ်ဦးရှိခြင်း

လက်ရှိကမ္ဘာမှာ ကိုယ့်ရဲ့ ချစ်သူရည်းစားကြောင့် သူငယ်ချင်းကိုစွန့်လွှတ်ရမယ်ဆိုတာမျိုးက မဖြစ်သင့်ပေမယ့် ပေါင်းသင်းဆက်ဆံရင်း သင့်အပေါ်ထူးခြားတဲ့စိတ်ခံစားမှုတွေဖြစ်ပေါ်လာစေနိုင်တဲ့၊ အပြောင်းအလဲမြန်လွန်းတဲ့ လူတွေနဲ့ ခပ်ခွာခွာနေသင့်ပါတယ်။
အမျိုးသမီးသူငယ်ချင်းတစ်ဦးဦးနဲ့ အရမ်းနီးကပ်နေလွန်းခြင်းကို ဘယ်လိုတွဲဖက်အမျိုးသမီးက သဘောကျမှာမဟုတ်သလို အမျိုးသားတစ်ဦးနဲ့ ခေါင်းပုတ်ခြေပုတ် ရဲတင်းရင်းနှီးလွန်းရင်လည်း ဘယ်လိုပါတနာကမှ နှစ်သက်မှာမဟုတ်ပါဘူး။ ဒီတော့ သင်ဟာ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ သူငယ်ချင်းလိုမနေတတ်တဲ့ သူငယ်ချင်းကို သတိထားပေါင်းသင်းရင်း ကိုယ့်ရဲ့ ပါတနာကို လေးစားပါ။
၃။ ချိန်းတွေ့တဲ့ website တွေမှာ အရမ်းတက်ကြွနေတယ်

လူတွေက ရည်းစားကြီးငုတ်တုတ်ထားပြီး သူတို့ကိုယ်သူတို့ချိန်းတွေ့တဲ့ ဆိုဒ်တွေမှာ ပရိုဖိုင်တစ်ခုလုပ်ထားပြီဆိုရင် အကြောင်းရင်းက သူတို့နဲ့ ပတ်သက်ဖို့ နောက်ထပ်တစ်ယောက်ယောက် (သို့) အနည်းဆုံးတစ်ညတာ အတူနေဖို့ ရည်းစားရှာချင်တာကြောင့်ပါ။ ဒီအရာကို ဖောက်ပြန်ခြင်းလို့ ခေါင်းစဉ်မတပ်ရင် ဘယ်အရာကို စကားထဲထည့်ပြောရတော့မလဲ?
အကယ်၍ အရင်ကချစ်သူမရှိခင် တင်ထားတယ်ဆိုရင်တောင် ပြန်ဖျက်သင့်တယ်မဟုတ်လား?
၄။ တစ်ခြားလူတွေကို စိတ်ဝင်တစားအကဲခတ်စစ်ဆေးနေခြင်း

သင့်ရှေ့မှာပဲဖြစ်စေ ၊ သင့်ကွယ်ရာမှာပဲ ဖြစ်ပါစေ တစ်ခြားလူတွေကို ပရောပရည်လုပ်ခြင်းက လက်ရှိပါတနာကို လှည့်စားခြင်းလို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ တစ်ယောက်ယောက်က သင့်ကို ဗီလိန်ဇာတ်သွင်းပြီး တစ်ခြားလူတွေအပေါ် ပရော်ပရည်သွားလုပ်တာက သင်ခွင့်ပြုသင့်တဲ့ ဖောက်ပြန်ခြင်းမျိုးမဟုတ်ပါဘူး။ သူသာ သင့်ကို အလေးအနက်ထားမယ်ဆိုရင် သူမျက်လုံးထဲမှာ သင်ပဲရှိရမှာပေါ့။
သင့်လက်ကို ဆုပ်ကိုင်ထားပြီး မီနီစကတ်ဝတ်ထားတဲ့ ကောင်မလေးကို လှမ်းကြည့်ပြီး တဏှာထနေရင်တော့ မမိုက်ပါဘူး။
၅။ ex နဲ့ ထိတွေ့ဆက်ဆံခဲ့မှုတွေကို သိမ်းဆည်းထားခြင်း

အထူးသဖြင့် ကိုယ့်မှာ အသစ်တစ်ယောက်ရှိနေတယ်ဆိုရင် ရည်းစားဟောင်းနဲ့ သူငယ်ချင်းအဖြစ် ဆက်ရှိနေဖို့က အတော်လေးမလွယ်တဲ့ကိစ္စပါ။ သင့်ရဲ့ ရည်းစားဟောင်းကို မကြာခဏ စာတိုပို့တာတွေ၊ ရည်းစားဟောင်းရဲ့ အမှတ်တရတွေအပေါ် တသသဖြစ်နေတာက တစ်ဖက်ပါတနာအပေါ် လေးစားမှုမရှိခြင်းမျိုးဖြစ်ပါတယ်။
တစ်ချိန်မှာ အဆိုးရွားဆုံးရင်းနှီးကောင်း ရင်းနှီးခဲ့နိုင်ပေမယ့် အဲဒီ့စိတ်ကူးယဉ်မှုကို ပြန်လည်အသက်သွင်းဖို့ ထင်သလောက်မလွယ်ကူပါဘူး။ အထူးသဖြင့် အသစ်တစ်ယောက်ရှိနေပြီးချိန်မှာပေါ့။
၆။ sex ကိစ္စအပြန်အလှန် စာတိုပို့ခြင်း (sex chatting)

ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမရှိပေမယ့် လက်ရှိလက်တွဲဖော်ကို ဖောက်ပြန်ဖို့ အနီးစပ်ဆုံးလှည့်စားမှုဖြစ်ပါတယ်။ သင့်ပါတနာက သင့်ရဲ့ မက်ဆေ့ချ်ဘောက်ထဲမှာ ကိုယ်လုံးတီးပုံများ အပြန်အလှန်ပေးပို့ထားကြခြင်းနှင့် တစ်ခြားတစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံခြင်းအကြောင်းတွေကို ရေးထားတာတွေ့ရင် သူဘယ်လောက်တောင် ကြေကွဲရမလဲ?
ချစ်တယ်ဆိုတဲ့ စကားလုံးနောက်မှာ ကတိကဝတ်ပြုခြင်း၊ သစ္စာရှိခြင်းတွေပါဝင်ရမှာဖြစ်ပြီး တစ်ခြားတစ်ယောက်နဲ့ လိင်ဆက်ဆံဖို့ စိတ်ကူးယဉ်တာက တော်တော်လေးသဘာဝမကျတဲ့ ဖြစ်ရပ်တစ်ခုပါ။
ဒီအရာက သစ္စာမရှိတဲ့ ဖောက်ပြန်မှုမျိုးဖြစ်ပါတယ်။ သင့်ဘက်က လက်ခံနိုင်သည်ဆိုဦး သင့်လက်တွဲဖော်နှင့် ဆွေးနွေးရမယ့် သီးသန့်နယ်နိမိတ်တွေကို သတ်မှတ်ထားသင့်ပါပြီ။ ရေရှည်မှာ အပြန်အလှန်ပျော်ရွှင်မှုအတွက်ပါ။
Lifestyle_Myanmar
Nyein_Thu
ref-herway