သူတို့ရဲ့မျိုးရိုးပေါ် အခြေခံတဲ့ ကြောင်လေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း
lifestylemyanmar.com
|
2021-12-02

မျိုးရိုးတူကြောင်လေးတွေက ရုပ်ချင်းဆင်ရုံသာမက အလားတူပြုမှုကြပါတယ်။ အချို့သော အိမ်မွေးတိရိစ္ဆာန်လေးတွေက စပ်စုကြပြီး စွန့်စားရတာကို နှစ်သက်ကြပါတယ်။ အချို့က active ဖြစ်တဲ့ ကစားနည်းတွေ လိုအပ်တတ်ကြပြီး အချို့သော ကြောင်လေးတွေက တစ်နေ့တာလုံး အိပ်ရတာကို နှစ်သက်ကြပါတယ်။ ဒီနေ့မှာတော့ ကြောင်ချစ်သူလေးတွေအတွက် သူတို့ရဲ့ မျိုးရိုးပေါ်မူတည်ပြီး ကြောင်လေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ Siamese

Siamese ကြောင်မျိုးတွေမှာ ကျဉ်းမြောင်းတဲ့ သပ်ပုံသဏ္ဍာန်ခေါင်းတွေ၊ ကြော့ရှင်းတဲ့ခြေထောက်လေးတွေနဲ့ အမြီးပါးပါးလေးတွေ ရှိကြပါတယ်။ သူတို့ရဲ့နားတွေ၊ ဦးခေါင်းနဲ့ ခြေထောက်တွေက ကျန်သူတို့ရဲ့ကျန်ခန္ဓာကိုယ်ထက် ပိုနက်မှောင်တဲ့ အရောင်ပုံစံရှိပါတယ်။ ဒီကြောင်လေးတွေမှာ အရမ်းတောက်ပတဲ့ အပြာရောင်မျက်လုံးတွေ ရှိကြပါတယ်။

သူတို့သခင်တွေနဲ့ အချိန်ဖြုန်းရတာကို နှစ်သက်ကြပြီး အထူးသဖြင့် အတူကြီးပြင်းလာပါက အခြားကြောင်တွေနဲ့ အတူနေနိုင်ကြပါတယ်။

အထီးကျန်ဆန်တာကို မကြိုက်ကြပါဘူး ။ ပိုင်ရှင်ပျောက်နေတဲ့ ကြောင်တွေဟာ အဖျက်သဘောဆောင်တဲ့ အပြုအမှုကို ပြသပါလိမ့်မယ်။

ထက်မြက်ပါတယ် ။ Siamese ကြောင်မျိုးတွေက ကစားရတာကို ပိုစိတ်ဝင်စားသလို ပိုကောင်းမွန်တဲ့ ပုံစံရှိစေဖို့ ကူညီပေးတဲ့ အမိန့်တွေကိုလည်း သင်ယူနိုင်ပါတယ်။

လှုပ်ရှားတတ်ကြွနေတတ်ပါတယ်။ Siamese ကြောင်လေးတွေဟာ သူတို့ရဲ့ စွမ်းအင်ကို လောင်ကျွမ်းဖို့ အရုပ်လေးတွေ လိုအပ်တတ်ပါတယ်။

သူတို့မှာ အရမ်းကျယ်လောင်တဲ့အသံ ရှိတတ်ပါတယ်။ Siamese ကြောင်လေးတွေက သူတို့သခင်တွေနဲ့ ဆက်သွယ်ပြောဆိုရတာကို နှစ်သက်ကြပါတယ်။


၂။ Persian

Persian ကြောင်တစ်ကောင်ရဲ့အသွင်အပြင်မှာ အမွေးအရှည်၊ ခြေတံတိုနဲ့ မျက်နှာဝိုင်းစက်ပါတယ်။မျက်လုံးကြီးကြီးနဲ့ ချွန်နေတဲ့ နှာခေါင်းတွေကြောင့် သူတို့မျက်နှာလေးတွေက ဝမ်းနည်းနေပုံ (ဒါမှမဟုတ်) အနည်းငယ် အံ့သြသွားပုံပေါက်စေပါတယ်။ ပါရှန်ကြောင်တွေက အရောင်အမျိုးမျိုးနဲ့ လာနိုင်ပါတယ်။

အေးအေးဆေးဆေးနဲ့ ငြိမ်ငြိမ်လေးနေရတာကို နှစ်သက်ကြပါတယ်။

သူတို့က နူးညံ့ပါတယ်။ သူတို့က သခင်တွေနဲ့ တပူးတွဲတွဲ နေလေ့ရှိပါတယ်။ လူတွေရဲ့ ရင်ခွင်ထဲမှာ အိပ်ရတာကို နှစ်သက်ကြပါတယ်။

ကလေးတွေနဲ့ အဆင်ပြေပါတယ်။

သူတို့က သခင်ဆီက အာရုံစိုက်မှုတွေ အများကြီး မလိုအပ်ပါဘူး။ သူတို့ တစ်ကောင်တည်းလည်း နေတတ်ပါတယ်။

အထူးသဖြင့် သူတို့နဲ့ ရင်းနှီးလာတဲ့အခါ သူတို့က ခွေးလေးတွေအပါအဝင် တခြားတိရိစ္ဆာန်တွေနဲ့လည်း မိတ်ဆွေ ဖြစ်နိုင်ပါတယ်။

သိပ်မထက်မြတ်ပါဘူး။ လေ့ကျင့်ရခက်ပါတယ်။ သူတို့က သခင်တွေဆီက လိုချင်တဲ့အရာကို အမြဲနားမလည်ကြတာကြောင့် မုဆိုးကောင်းတွေ ဖြစ်ခဲပါတယ်။


၃။ Maine Coon

မိန်းကွန်းလေးတွေက အမွေးအရမ်းထူတဲ့ ကြောင်ကြီးတွေ ဖြစ်ကြပါတယ်။ နားတွေက သူတို့ရဲ့ အကြီးမားဆုံး အင်္ဂါရပ်ဖြစ်ပါတယ်။ နားတွေက ကြီးတယ်၊ ကျယ်တယ်၊ ချွန်ပါတယ်။ သူတို့ရဲ့နှာတံတွေက အမြဲတမ်းဖြောင့်စင်းနေပြီး မပြားပါဘူး။ သူတို့ရဲ့မျက်လုံးအရောင်က သူတို့အမွေးအရောင်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

သူတို့က ခင်မင်တတ်ပါတယ်။ ခွေးလေးတွေလိုပဲ ကြိုဆိုတတ်ကြတယ်၊ ချစ်စရာကောင်းပါတယ်။

သူတို့က လူတွေနဲ့ သူငယ်ချင်းအသစ်တွေ အထူးသဖြင့် ကလေးတွေနဲ့ ခွေးတွေကို ချစ်တတ်ကြပါတယ်။

Maine Coons တွေက တတ်ကြွပြီး ခုန်ပေါက်မြူးတူးတတ်ကြပါတယ်၊ သူတို့က မုဆိုးကောင်းတွေ ဖြစ်ကြပါတယ်။

ရေကို နှစ်သက်ကြပါတယ်။ ကြောင်အများစုနဲ့ မတူဘဲ သူတို့က ရေနက်ပိုင်းမှာ ရေကူးရတာကိုတောင် နှစ်သက်ကြပါတယ်။

သစ္စာရှိကြပါတယ်။ ဒီကြောင်တွေက ခွေးတွေလိုပဲ သူတို့ပိုင်ရှင်တွေကို အန္တရာယ်ကနေ အမြဲကာကွယ်ပေးပါတယ်။

သိပ်စိတ်မရှည်တတ်ကြပါဘူး၊ သူတို့က သူတို့သခင်တွေကို ချစ်ကြပေမယ့် တခြားကြောင်တွေလို အမြဲတစေ အာရုံစိုက်နေဖို့ မလိုအပ်ပါဘူး။

ထက်မြက်ကြပါတယ်။ လှည့်ကွက်တွေကို သင်ယူနိုင်ပြီး ရှုပ်ထွေးတဲ့ အရုပ်တွေနဲ့ ကစားနိုင််ကြပါတယ်။


၄။ Exotic

Exotic အမွေးတိုလေးတွေက ပါရှန်ကြောင်တွေနဲ့ ဆင်ပါတယ်။ ဒါပေမယ့် သူတို့မှာအမွေးတိုပါတယ်။ သူတို့မှာ ခေါင်းဝိုင်း၊ မျက်လုံးကြီးပြီး နှာခေါင်းသေးသေးလေးတွေနဲ့ နားရွက်ဝိင်းလေးတွေ ရှိပါတယ်။ သူတို့က အရပ်ပုပေမယ့် ခြေသည်းတွေ သန်မာပြီး အမွေးထူပါတယ်။

တည်ငြိမ်ပြီး စိတ်ရှည်ပါတယ်၊ ဒီကြောင်လေးတွေက ကလေးတွေနဲ့ အရမ်းကောင်းပါတယ်။

သူတို့က သခင်တွေနဲ့ အချိန်ဖြုန်းရတာနှစ်သက်ပြီး မတူညီတဲ့ ဂိမ်းတွေမှာ ပါဝင်ရတာမျိုးကို နှစ်သက်ကြပါတယ်။

ဆက်သွယ်ပြောဆိုတာကို နှစ်သက်ကြပါတယ် ၊ ခွေးတွေ၊ တခြားကြောင်တွေနဲ့ အတူနေနိုင်ပေမယ့် အဲဒါကို သိပ်တော့မပျော်ပါဘူး၊ သူတို့က တခြားတိရိစ္ဆာန်တွေထက် လူတွေနဲ့ ဆက်သွယ်ရတာကို ပိုစိတ်ဝင်စားပါတယ်။

သူတို့က ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ကြပါတယ်။


၅။ Ragdoll

Ragdolls ကြောင်မျိုးတွေဟာ အိမ်မွေးကြောင်ကြီးတွေထဲမှ တစ်ချို့ဖြစ်ပါတယ်၊ သူတို့မှာ ပိုးသားလို ပျော့ပျောင်းတဲ့ အမွေးတွေနှင့်အတူ ရှည်လျားတဲ့ ခန္ဓာကိုယ်ကြွက်သားတွေ ရှိပါတယ်။ သူတို့မျက်လုံးတွေက အပြာရောင်ဖြစ်ပြီး သူတို့ရဲ့အမွေးအရောင်က ကြောင်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

သူတို့က နူးညံ့ပါတယ်။ ဒီကြောင်တွေက သခင်တွေနဲ့ ဆက်သွယ်ပြောဆိုရတာ၊ ရင်ခွင်ပေါ်မှာ ထိုင်ရတာကို နှစ်သက်ကြပါတယ်။

သစ္စာရှိကြပါတယ်။ Ragdoll တွေက ပိုင်ရှင်တွေကို အရမ်းတွယ်တာကြပါတဘ်၊ အနောက်ကနေ တကောက်ကောက်လျောက်လိုက်တတ်ကြသလို သခင်နဲ့ တညလုံးအတူအိပ်ကြပါတယ်၊ ခွေးလေးတွေလို တခါးဝကနေ ကြိုဆိုကြပါလိမ့်မယ်။

ဒီကြောင်တွေက သူတို့ဘဝတစ်လျှောက်လုံး ခုန်ပေါက်မြူးတူးဆော့ကစားတတ်ကြပါတယ်။

သည်းခံတတ်ကြပါတယ်။ သူတို့က တခြားတိရိစ္ဆာန်လေးတွေနဲ့ အတူနေထိုင်နိုင်ပါတယ်။

အာရုံစိုက်ပေးတာမျိုးကို နှစ်သက်ကြပေမယ့် အရမ်းတောင်းဆိုတာမျိုးက ရှားပါတယ်။

ကြမ်းပြင်ပေါ်မှာ နေရတာကို နှစ်သက်ကြပါတယ်၊ အမြင့်တတ်ရတာ မကြိုက်ပါဘူး၊တစ်ခါတစ်ရံ ပိုင်ရှင်တွေနဲ့ အနားယူဖို့ ကုတင်၊ ဆိုဖာပေါ်မှာ ခုန်တတ်ကြပါတယ်။

၆။ Scottish fold

Scottish fold တွေမှာ သန်မာတဲ့ ကိုယ်ထည်တွေရှိပါတယ်။ လည်ပင်းတိုတွေနဲ့ မျက်လုံးကြီးကြီး၊ သေးငယ်တဲ့ နားရွက်တွေရှိပါတယ်၊ ဦးခေါင်းဝိုင်းပါတယ်။ မျက်လုံးနဲ့ အမွေးအရောင်က ကွဲပြားနိုင်ပါတယ်။ အမွေးတွေက များသောအားဖြင့် တိုပေမယ့် ရှည်နိုင်ပါတယ်။

သူတို့က တခြားကြောင်လေးတွေ၊ ခွေးတွေ၊ ကလေးတွေနဲ့ အဆင်ပြေပါတယ်။

များသောအားဖြင့် သခင်တစ်ဦးတည်းကိုသာ ရွေးချယ်ကြပြီး သခင်ကို ချစ်ကြ၊ ယုံကြည်ကြပါတယ်။

စပ်စုတတ်ကြပါတယ်။ ဒီကြောင်လေးတွေက မကြုံဖူးသေးတဲ့ နယ်မြေမျိုးကို နှစ်သက်ကြပါတယ်။

လေ့ကျင့်ရ လွယ်ပါတယ်။ သူတို့က ဂိမ်းတွေကို နှစ်သက်ကြပြီး သင်ကြားရတာကို နှစ်သက်ကြပါတယ်။

ပျင်းနေရင် (သို့) ကစားဖို့ နေရာအလုံအလောက်မရှိရင် ဖျက်လိုဖျက်ဆီးလုပ်တတ်ကြပါတယ်။


၆။ Sphynx

Sphynx ကြောင်မျိုးတွေက အမွေးမရှိသလောက်နီးပါးဖြစ်ပြီး medium- sizedတွေ ဖြစ်ကြပါတယ်။ သူတို့ထဲမှ တစ်ချို့က မျက်နှာ၊ ပခုံးနဲ့ နားတစ်ဝိုက်မှာ အမွေးအချို့ရှိနိုင်ပါတယ်။ ဒီကြောင်တွေမှာ မျက်လုံးကြီးကြီးနဲ့ နားရွက်ချွန်ချွန်တွေ ရှိပါတယ်။

သူတိုက သခင်တစ်ဦးတည်းပိုင် ကြောင်တွေဖြစ်ကြပါတယ် ။ မိသားစုဝင်အားလုံးထဲမှာ သခင်တစ်ဦးတည်းကိုသာ ရွေးချယ်ပြီး တွယ်တာကြပါတယ်။ ပိုင်ရှင်နောက်ကို တကောက်ကောက်လိုက်တတ်ကြပါတယ်။

communication လုပ်ရတာကို တကယ်နှစ်သက်ပါတယ်။ သင့်မှာ အလုပ်တွေအများကြီးရှိရင် တခြားကြောင် (သို့) ခွေးတစ်ကောင်လောက် မွေးဖို့ စဉ်းစားနိုင်ပါတယ်။

အရမ်းနူးညံ့ပါတယ်။ ဒီကြောင်တွေက ပိုင်ရှင်တွေနဲ့ ပွတ်သီးပွတ်သပ်နေရတာကြိုက်ပြီး သခင်နားမှာ ရှိနေရတာကို နှစ်သက်ကြပါတယ်။ သခင်တွေရဲ့ စောင်အောက်ကို ဝင်အိပ်ရတာမျိုး ကြိုက်ကြပါတယ်။


၇။ Oriental

Oriental ကြောင်မျိုးတွေမှာ ပိန်ပိန်ရှည်ရှည် ကိုယ်ထည်၊ နားရွက်ကြီးကြီး၊ သပ်ပုံသဏ္ဍန် ဦးခေါင်း၊ ရှည်လျားတဲ့လည်ပင်းနဲ့ ကြော့ရှင်းတဲ့ ခြေထောက်တွေ ရှိကြပါတယ်။ အမွေးတွေက တိုပြီး ပျော့ပျောင်းပါတယ်။ သူတို့ရဲ့အရောင်တွေက ကွဲပြားနိုင်ပါတယ်။

သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေက Siamese ကြောင်တွေလိုပါပဲ။

Orientals ကြောင်မျိုးတွေက သူတို့ရဲ့ အမျိုးအနွယ်တွေနဲ့ အတူနေရတာ၊ တခြားကြောင်တွေနဲ့ အချိန်ဖြုန်းရတာကို နှစ်သက်ကြပါတယ်။

တတ်ကြွပြီး ခုန်ပေါက်မြူးတူးတတ်ကြပါတယ်။ ပိုင်ရှင်တွေက ဒီအိမ်မွေးတိရိစ္ဆာန်တွေကို entertain မလုပ်ပေးနိုင်ရင် သူတို့က စွန်းစားခန်းတွေကို ကိုယ်တိုင်ရှာဖွေပါလိမ့်မယ်။ ဖျက်လိုဖျက်ဆီးလုပ်နိုင်ပါတယ်။

စပ်စုတတ်ကြပါတယ်။ ဒီကြောင်လေးတွေက လှည့်ကွက်တွေကို သင််ပေးနိုင်ပါတယ်။


Lifestyle_Myanmar

LM_Nandar

Source-5minutecrafts


#မျက်လုံး
#အချိန်
#အာရုံ
#လောက
#တိရိစ္ဆာန်

Some text some message..