အိပ်ရာမဝင်ခင် တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးများ
lifestylemyanmar.com
|
2021-12-06

အိပ်ရာမဝင်ခင် တရားထိုင်ခြင်းက အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ အထူးသဖြင့် အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက်ပါ။ ထို့အတူ အိပ်စက်မှုပြဿနာမရှိသူတွေမှာလည်း ဒီနည်းနဲ့ ကောင်းမွန်စွာ အနားယူနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ကောင်းကောင်းအိပ်မပျော်နိုင်ကြတဲ့ လူသန်းပေါင်းများစွာရှိကြပါတယ်။ ဒါက နေ့စဉ်ဘဝရဲ့ ဖိအားတွေ များလာတာကြောင့်ပါ။ တစ်ခါတရံမှာ အိပ်ပျော်ဖို့အတွက် အချိန်အကြာကြီး ယူရပြီး တစ်ခါတစ်ရံမှာ ညဘက်် အိပ်ရာက နိုးတာ (ဒါမှမဟုတ်) ပင်ပန်းနွမ်းနယ်တဲ့ ခံစားချက်နဲ့ မနက်ခင်းမှာ နိုးလာတာ ဖြစ်တတ်ပါတယ်။

အိပ်ရာမဝင်ခင် တရားထိုင်ခြင်းက အရမ်းထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မှန်မှန်ကန်ကန်နဲ့ ပုံမှန်လေး လေ့ကျင့်မယ်ဆိုရင် အိပ်ဆေး (ဒါမှမဟုတ်) စျေးကြီးတဲ့ မွေ့ယာတွေထက်တောင် ပိုကောင်းပါတယ်။ ဒါ့အပြင် တရားထိုင်ခြင်းက နောက်နေ့မှာ သင့်စိတ်ခံစားချက်ပေါ်လည်း သက်ရောက်မှုရှိပါတယ်။ အခြားသော သုတေသနပြုချက်တွေအရ နေ့ခင်းဘက် တရားထိုင်ခြင်းက အိပ်စက်မှုအရည်အသွေးကို မြှင့်တင်ပေးတယ်လို့ အခိုင်အမာဆိုထားပါတယ်။ တဖန် အိပ်ရာမဝင်ခင် တရားထိုင်ခြင်းက hypothalamus ရဲ့လုပ်ဆောင်ချက်ကို လျော့နည်းစေတာကြောင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။

အိပ်ရာမဝင်ခင်တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးများ

အိပ်ရာမဝင်ခင် တရားထိုင်ခြင်းက တကယ်အနားယူဖို့ လိုအပ်တဲ့ အတွင်းပိုင်းအခြေအနေတွေကို ကောင်းဆုံးဖြစ်အောင် ဖန်တီးပေးပါတယ်၊။ ဒီအလေ့အကျင့်က ခန္ဓာကိုယ်နဲ့ စိတ်ကို အေးချမ်းစေကြောင်း သိပ္ပံနည်းကျ အထောက်အထားတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် သူက အရေးကြီးတဲ့ ဇီဝကမ္မ ပြောင်းလဲမှုတွေကို ထုတ်ပေးပါတယ်။

၁။ အိပ်ရာမဝင်ခင် တရားထိုင်ခြင်းက ခန္ဓာကိုယ်ကို အေးချမ်းစေပါတယ်

တရားထိုင်ခြင်းက အိပ်စက်မှုအစောပိုင်းအဆင့်တွေမှာ ဖြစ်ပေါ်တဲ့ တူညီသော ဇီဝကမ္မဆိုင်ရာ သက်ရောက်မှုတွေကို ထုတ်ပေးပါတယ်။ နှလုံးခုန်နှုန်း နှေးကွေးလာပါတယ်။ အချို့သော သူတွေမှာ သွေးပေါင်ချိန် နိမ့်ကျလာပါတယ်။

၂။ စိတ်ကို အေးချမ်းစေပါတယ်

ပုံမှန်အားဖြင့်တော့ အိပ်ရာမဝင်ခင်မှာ သင့်စိတ်က အရမ်းတတ်ကြွနေသေးတာကြောင့် အိပ်ပျော်ဖို့ မဖြစ်နိုင်ပါဘူး ။ ဒါက ဦးနှောက်ကို နိုးကြားစေတဲ့ စိတ်ဖိစီးမှုတွေ ရှိနေလို့ပါပဲ။ အိပ်ရာမဝင်ခင် တရားထိုင်ခြင်းက စိတ်ဟာ အရာတစ်ခုကို အာရုံစူးစိုက်စေပြီး အတွေးတစ်ခုကနေ အခြားတစ်ခုကို ခုန်မကူးစေပါဘူး။ တဖန် ဒါက အနှောက်အယှက်ဖြစ်စေတဲ့ အတွေးတွေကို လျှော့ချပေးပြီး စိတ်ပိုင်းဆိုင်ရာကို ပြေလျော့စေပါတယ်။


၃။ သင့်ရဲ့သတိဉာဏ်နဲ့ မယ်လတိုနင် ထုတ်လုပ်မှုကို တိုးတတ်စေပါတယ်

အခြားသုတေသနပြုချက်တွေက အိပ်ရာမဝင်ခင် (သို့) တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို တရားထိုင်ခြင်းက အာရုံစူးစိုက်မှုနဲ့ သမာဓိကို တိုးစေကြောင်း ထောက်ပြထားထားပါတယ်။ အာရုံစူးစိုက်မှုက စိတ်ကို ပိုတည်ငြိမ်စေတဲ့အတွက် ပိုကောင်းတဲ့ အနားယူမှုကို ဖြစ်စေပါတယ်။

အခြားတစ်ဖက်မှာ အချို့သော သုတေသနပြုချက်တွေအရ အိပ်ရာမဝင်ခင် တရားထိုင်ခြင်းက မယ်လတိုနင် ထုတ်လုပ်မှုကို အထောက်အကူဖြစ်စေတယ်လို့ အကြံပြုထားပါတယ်။ ဒီဟော်မုန်းက ပုံမှန်အိပ်စက်ခြင်း သံသရာအတွက် မရှိမဖြစ်လိုအပ်ပါတယ်။


တရားထိုင်နည်း

အိပ်ရာမဝင်ခင် တရားထိုင်ဖို့ နည်းလမ်းပေါင်းများစွာရှိပါတယ်။ အခြေခံအချက်လေးတွေကို မျှဝေပေးသွားမှာဖြစ်ပေမယ့် ပြီးပြည့်စုံတဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြစ်ပါတယ်၊ အောက်ပါအဆင့်တွေကို မှတ်သားထားပါ။

၁။ အဆင့်သတ်မှတ်ပါ။

ပထမဆုံး အိပ်တော့မယ်ဆိုရင် အခန်းတွင်းရှိ အလင်းရောင်ကို လျှော့ချပြီး screen အားလုံးကို ပိတ်ပါ။ ကြိုက်နှစ်သက်ပါက ခေါင်းအုံးထဲသို့ လာဗင်ဒါဆီအနည်းငယ်ထည့်ပါ၊ ဒါမှမဟုတ် လာဗင်ဒါဆီအနည်းငယ် ရှုပေးပါ။ အိပ်ဖို့ အသံလိုအပ်ရင် မိုးရေကျသံ (သို့) ရေစီးသံလို အသံလွင်လွင်လေးတွေ ဖွင့်ထားပါ။ ပြီးနောက် အိပ်ရာဝင်ပါ။

၂။ အိပ်ရာမဝင်ခင် တရားထိုင်ခြင်း – သတိဖြင့် ခန္ဓာကိုယ် စကင်န်ဖတ်ခြင်း

သင့်အတွက် သက်တောင့်သက်သာရှိသော အနေအထားမှာ လှဲလျောင်းပြီး အသက်ရှုတာကို အာရုံစိုက်ပါ။ ပြီးရင် အိပ်ရာနဲ့ ထိတွေ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အာရုံစိုက်ပါ။ အဲဒီကနေ သင့်စိတ်က ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားပါ။


၃။ ဝင်သက် ထွက်သက်မှတ်ပါ

အထက်ဖော်ပြပါအားလုံးကို သင်လုပ်ဆောင်နေချိန်မှာ နက်ရှိုင်းစွာ အသက်ရှူသွင်းပြီး ဖြည်းညှင်းစွာ ရှူထုတ်ဖို့ ကြိုးစားပါ။ ပိုပြီး အေးချမ်းတဲ့ အခြေအနေကို ရောက်ဖို့ဆိုရင် အကောင်းဆုံးက နှာခေါင်းကို လေရှူသွင်းလိုက်တဲ့အခါမှာ ၅စက္ကန့်ကြာအောင် ထိန်းထားဖို့ ဖြစ်ပါတယ်။ ပြီးနောက် ၅အထိ ရေတွက်ရင်း ပါးစပ်ဖြင့် အသက်ရှုထုတ်ပါ။

၄။ စိတ်ကူးပုံဖော်မှုကို သုံးပါ

သင့်စိတ်ကို ငြိမ်းချမ်းစေမယ့် မြင်ကွင်းတစ်ခုပေါ်မှာ သင့်စိတ်ကို အာရုံစိုက်ပါ။ တစ်နည်းဆိုရသော် သင်ဟာ စိတ်ကို အေးချမ်းစေမယ့် သဘာဝ၊ ရေ၊ ဒြပ်စင်တွေနဲ့ ရှုခင်းကို ရေးဆွဲသင့်ပါတယ်။ ဒီအချိန်မှာ အသက်ကို ပြင်းပြင်းရှုပါ။

အိပ်ရာမဝင်ခင် တရားထိုင်ခြင်းအတွက် တခြားကိရိယာများ

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့် တခြားကိရိယာတွေလည်း ရှိပါတယ်။

ရေတွက်ခြင်း – ၁ မှ ၁၀အထိ ၊ ၁၀ ကနေ ၁ အထိ စိတ်ထဲကနေ ရေတွက်ပါ။ ဒါက သင့်စိတ်ကို တစ်နေရာတည်းမှာ အာရုံစိုက်မိစေဖို့ ကူညီပေးပါတယ်။

တစ်နေ့တာကို ပြန်သုံးသပ်ခြင်း – တစ်နေ့တာအတွင်း သင်လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို မမြင်နိုင်တဲ့ စာရင်းကနေ စစ်ဆေးခြင်းက ခန္ဓာကိုယ်ကို စကင်န်မဖတ်ခင်နဲ့ ဝင်သက်ထွက်သက်မမှတ်ခင် ပုံမှန်လုပ်ရိုးလုပ်စဉ်ကို ပိတ်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း မှတ်ဉာဏ်တစ်ခုမှာ စက္ကန့် ၂၀ထက် ပိုမနေပါနဲ့။


ကျေးဇူး နေ့စဉ်မှတ်တမ်းရေးခြင်း – အိပ်ရာမဝင်ခင် တရားထိုင်ခြင်းက ကျေးဇူး နေ့စဉ်မှတ်တမ်းရေးခြင်းနှင့်အတူ စတင်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အိပ်ရာမဝင်ခင် ကိုယ့်ရဲ့တစ်နေ့တာ ကျေးဇူးတင်မိတဲ့ အရာအားလုံးကို ချရေးပါ။

Lifestyle_Myanmar

LM_Nandar

Source-steptohealth.


#ခန္ဓာကိုယ်
#အရာ
#အချိန်
#အနာ
#အာရုံ

Some text some message..