
ဂီတဆိုတာ စိတ်ဝိညာဉ်ကို ဖော်ပြနိုင်သော ပြင်ပဘာသာစကားတစ်ခုဖြစ်ပြီး ၎င်းတို့ရဲ့ မရေမတွက်နိုင်သော သီချင်းအမျိုးအစားများ၊ စည်းချက်တွေက ဖန်တီးသူတွေရဲ့ ခံစားချက်တွေနဲ့ နားထောင်သူတွေရဲ့ အတွေးကလည်း တူညီနေမှာတော့မဟုတ်ပါဘူး။
အကယ်၍ သင်နားထောင်တဲ့သီချင်းကနေ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း ပြောပြနိုင်မယ်ဆိုရင် အံ့ဩသွားမလား?ရှေးခေတ်လူသားတွေဟာ ငှက်တွေနဲ့ တစ်ခြားတိရစ္ဆာန်တွေရဲ့ တေးသံတွေကို ကြားပြီးကတည်းက လူတွေက သူတို့ရဲ့ စိတ်ကြိုက်တေးသံတွေကို နားဆင်ရတာ ကြိုက်နှစ်သက်ခဲ့ကြတာဖြစ်ပါတယ်။
အစောပိုင်းလူသားတွေဟာ လူ့နှလုံးခုန်သံတွေနဲ့ သဘာဝအသံတွေကို တုပဖန်တီးဖို့ ကျောက်တုံးတွေနဲ့ တုတ်တွေကို အသုံးပြုခဲ့ကြပါတယ်။ သင့်အကြိုက်ဆုံးတေးသီချင်းတွေကို နားထောင်ခြင်းက သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး သင့်ကို အကောင်းမြင်မှုကို ပိုခံစားရစေပြီး ကမ္ဘာကြီးအပေါ် အမြင်တွေကိုပါ သက်ရောက်စေပါတယ်။ အများကြီးမိတ်ဆက်မနေတော့ဘဲ ကိုယ့်ကြိုက်တဲ့ ဘယ်လိုသီချင်းတွေက ကိုယ့်ရဲ့ ဘယ်လိုအရည်အသွေးကို ဖော်ထုတ်နိုင်မလဲဆိုတာမျိုးကို မျှဝေပေးပါ့မယ်။
၁။ Dancing Songs နားထောင်ခြင်း

စိတ်တွေကို အရမ်းတက်ကြွစေသော အရှိန်အဟုန်ပြင်းတဲ့ Dancing Songs တွေက သင့်နားထောင်နေကျ သီချင်းစာရင်းတွေမှာ နေရာအပြည့်ယူထားလား? သင့်ရဲ့ စာရင်းမှာ ခန္ဓာကိုယ်ကို လှုပ်ရှားစေသော တီးလုံးတွေရှိနေမယ်ဆိုရင် သင့်မှာ တက်ကြွပြီး ပြတ်သားသော ကိုယ်ရည်ကိုယ်သွေးရှိနိုင်ပါတယ်။ အမှန်တကယ်ကြင်နာတတ်သူဖြစ်ပေမယ့် အဆုံးသတ်မှာ နည်းနည်းလေး ကြမ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။
၂။ Classical Tunes

ဂန္တဝင်ဂီတက သင့်ရဲ့ စတိုင်လ်ဖြစ်တယ်ဆိုရင် တစ်ချို့သော ရှုတ်ထွေးမှုတွေကို ဘယ်လိုဖြည်ရမယ်ဆိုတာ သင်သိပါလိမ့်မယ်။ ဘယ်လိုအချိန်အခါမျိုးမှာမဆို သင့်အတွက် Beethoven,Bach,Mozart,Chopin တွေသာမက တစ်ခြားသော ဂန္တဝင်ဂီတအမျိုးအစားတွေက သင့်ကို အေးချမ်းစေပါလိမ့်မယ်။ ဂန္တဝင်ဂီတပရိတ်သတ်တွေဟာ ၎င်းရဲ့ အရေပြားလေးတွေကအစ အေးချမ်းတည်ငြိမ်နေပြီး ဖန်တီးမှုနှင့် ရောင်ပြန်ဟပ်မှုက အထင်သားပေါ်လွင်နေတတ်ပါတယ်။
၃။ Pop သီချင်းများ

သင့်ရဲ့ မိုဘိုင်းဖုန်းထဲက သီချင်းတွေထဲကမှ ပေါ့ပ်ဇယားက ထိပ်တန်းနေရာမှာရှိနေပါသလား? သင်ဟာ လက်ရှိအချိန်မှာနေထိုင်ပြီး ခေတ်ရေစီးကြောင်းကို နှစ်သက်သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သင့်စာရင်းတွေအရ အလိုလိုစွန့်စားမှုရှိပြီး ပေါ့ပ်စတိုင်လ်တွေကလည်း အလိုလိုကွဲပြားသွားကြပါတယ်။
တစ်ဖက်မှာလည်း ဂန္တဝင်ဂီတတွေကို နှစ်သက်သူတွေလောက် တီထွင်ဖန်တီးမှုမှာတော့ အနည်းငယ် အားနည်းပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားမှု မြှင့်တင်တဲ့အခါ မကြာခဏစိတ်မသက်မသာ ခံစားရလေ့ရှိပါလိမ့်မယ်။ သတင်းကောင်းကတော့ သင်ဟာ သင့်ဘဝအပေါ် အကောင်းမြင်စိတ်အပြည့်ရှိပြီး စိတ်ဖိစီးနေချိန်မှာ peppy တီးလုံးတွေက သင့်ကို ကူညီပေးနေတာပဲဖြစ်ပါတယ်။
၄။ Rock & Heavy Metal

Rock & Roll ဆိုတာ ၁၉၅၀ ခုနှစ်တွေမှာ ကိုယ်ပိုင်ဂီတအမျိုးအစားအသစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး ဖန်တီးမှုအပြည့်ဖြင့် ဂီတစတိုင်လ်တော်တော်များများကို ရောစပ်ထားပြီး ဘယ်တော့မှ ခေတ်နောက်ကျမကျန်ခဲ့သော စတိုင်လ်အမျိုးအစားဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ၆၀ ကျော် ၇၀ ခုနှစ်တွေမှာ metal Rock နှင့် shock rock တွေအဖြစ်ကို အမျိုးအစားတွေဖြာထွက်လာခဲ့ပါတယ်။ ၈၀ ခုနှစ်တွေမှာတော့ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာက ပန့်ခ်ရော့ခ်နှင့် တစ်ခြားရော့ခ်စတိုင်တွေကို နှစ်သက်ခဲ့ပါတယ်။ သင်ဟာ rocker ? headbanger?
သင့်ရဲ့ သီချင်းစာရင်းတွေထဲက မှာ rock & metal တွေက နေရာယူထားမယ်ဆိုရင် သင့်မှာ လှပသော ဖန်တီးမှုတွေနဲ့ လှုံ့ဆော်မှုလုပ်နိုင်သူတစ်ယောက်လို သတ်မှတ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း တစ်ချို့ရော့ခ်စတိုင်လ်တွေဟာ ရန်လိုမှုရဲ့ အစွန်းတစ်ဖက်မှာ လျှို့ဝှက်သော နူးညံ့သိမ်မွေ့မှုရှိနေတတ်ပါတယ်။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးမှာ ပုန်းအောင်းနေတဲ့ နူးညံ့မှုလေးရှိတယ်ဆိုပါစို့။
၅။ Blues, Soul, Jazz

အပန်းဖြေအနားယူဖို့အကောင်းဆုံး တေးသွားကတော့ Jazz ဂီတဆိုတာ မှားစရာမရှိပါဘူးနော်။ ဂျက်ဇ်ဂီတလှုပ်ရှားမှုက အမေရိကမှာဆိုရင် ကြီးကျယ်ခမ်းနားပြီး blues တို့ soul တို့နှင့် အမြဲချိတ်ဆက်နေပါတယ်။ ဒီဂီတအမျိုးအစားတတွေက စိတ်ခံစားမှုနှင့် ဝိညာဉ်စွမ်းအင်ကို ကိုယ်စားပြုတဲ့ ဂီတအမျိုးအစားတွေဖြစ်ပါတယ်။
Jazz ဂီတရဲ့ ပရိတ်သတ်အများစုက extrovert တွေဖြစ်ကြပြီး ဖန်တီးနိုင်စွမ်းရှိသူ ဟာသဉာဏ်မြင့်မားသူတွေဖြစ်လေ့ရှိပါတယ်။ ဒီစတိုင်လ်က ကိုယ်ရဲ့ old soul ကို ခေါ်တတ်ကြသူတွေဖြစ်ပြီး bass သံနှင့် saxophone ရဲ့ ညည်းသံကို ကြားရတဲ့အခါ သူတို့ရဲ့ အတွင်းစိတ်(သို့) old soul နဲ့ ချိတ်ဆက်မိပြီးသားဖြစ်သွားတတ်ပါတယ်။
၆။ Rap & Hip-Hop Playlist

နားထဲ စွဲလွယ်၊ မှတ်မိလွယ်သော စည်းချက်မှန်နေတဲ့ စကားလုံးတွေနှင့်အတူ ဖန်တီးမှုစွမ်းရည်အပြည့်နဲ့ ကာရံတွေကို ထည့်သွင်းနိုင်ဖို့က ပါရမီရှင်တစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ ရက်ပ်က များသောအားဖြင့် melody lineမရှိပေမယ့် ၎င်းရဲ့ ဝမ်းကွဲ ဟစ်ဟော့ပုံစံလိုမျိုး သွားပါတယ်။ ဟစ်ဟော့တေးဂီတကို သင့်ကို ကခုန်စေမယ့် ရက်ပ်တေးသွားတွေနဲ့ ရောစပ်နိုင်ပါတယ်။
ရက်ပ်နှင့် ဟစ်ဟော့ပ်ကို နှစ်သက်တွေက အများအားဖြင့် သင်ဟာ ထက်မြက်သော ကိုယ်ရည်ကိုယ်သွေးရှိနိုင်တယ်လို့ ပြောတတ်ကြပြီး ဒရမ်စည်းချက်တွေအတိုင်း ကခုန်ဖို့ မကြောက်သူတွေဖြစ်ပြီး တီထွင်ဖန်တီးနိုင်သူတွေပါ။
၇။ Country Playlist

Tennessee ရဲ့ တောင်ကုန်းတွေမှာ မွေးဖွားလာခဲ့သော အထင်ကရစတိုင်လ်ကို ခံစားရစေဖို့ အဲဒီ့တိုင်းပြည်မှာ သွားရောက်နေထိုင်ဖို့ မလိုအပ်ပါဘူး။ ၎င်းက မတူကွဲပြားသော အပြင်အဆင်နှင့် tempos တွေပါရှိသော ကြိုးတပ်တူရိယာတွေရဲ့ ဂီတပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်။ သီချင်းတွေက အများအားဖြင့် နေ့စဉ်ဘဝနေထိုင်မှုနှင့် အချစ်ရဲ့ အလှတရားတွေနဲ့ စမ်းသပ်မှုတွေအကြောင်း ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
သင့်ရဲ့ သီချင်းစာရင်းထဲမှာ country အမျိုးအစားက နေရာယူထားတယ်ဆိုရင် သင့်ရဲ့ ဆွဲဆောင်မှုက သမားရိုးကျနှင့် အလုပ်ကြိုးစားတဲ့သဘောကို ပေါ်လွင်စေနိုင်ပါတယ်။ သင်ဟာ စစ်မှန်သူ၊ ချစ်ခင်မြတ်နိုးတတ်သူဖြစ်ပြီး သင့်ဘဝမှာ ရိုးရှင်းမှုတွေကို ပိုလိုလားသူတစ်ယောက်ဆိုပါတော့။ ဒါပေမယ့် ခေတ်မှီသော တေးဂီတအမျိုးအစားတွေနဲ့ အကဘက်အားသန်သော သီချင်းတွေကိုလည်း စွန့်ပစ်မှာမဟုတ်ပါဘူး။
၈။ အင်ဒီတီးလုံးများ
ဒီနေ့ခေတ်မှာ သီချင်းထုတ်လွှင့်မှုဟာ အင်မတန်မှ လွတ်လပ်နေပြီဖြစ်တာကြောင့် အင်ဒီတီးလုံးတွေဟာ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေအတွက် အဓိကအကျဆုံး သီချင်းတွေထဲမှာ ပါဝင်လာနေပါပြီ။ အင်ဒီရော့ခ်နှင့် ပေါ့ပ်လိုမျိုး အမျိုးအစားကွဲတွေလည်းရှိပါတယ်။ ဒီသီချင်းအမျိုးအစားကို သင်ကြိုက်တယ်ဆိုရင် သင့်ရဲ့ လွတ်လပ်မှုနှင့် ထိန်းချုပ်မှုကို ထိန်းချုပ်တာကို မကြိုက်တဲ့လူမျိုးလို့ ဆိုနိုင်ပါတယ်။ သင်ဟာ ပါရမီရှင်တစ်ယောက်ဖြစ်သလို အနုပညာဝါသနာပါရုံမက စိတ်ကူးယဉ်ဆန်သူတစ်ယောက်ပါ။
၉။ ဓမ္မသီချင်းများ

ဘာသာရေးသီချင်းတွေကတော့ လူတွေက သူတို့ကိုးကွယ်တဲ့ဘာသာအလိုက် အထွဋ်အမြတ်ထားပြီး သီကုံးရေးဖွဲ့ထားကြတဲ့ သီချင်းတွေပါ။ ဒီလိုဓမ္မသီချင်းတွေနားထောင်ဖို့ ဘာသာရေးအစွန်းရောက်သူလို့ သတ်မှတ်လို့မရဘဲ အဓိကကတော့ ပိုမိုမြင့်မားသော စွမ်းအားကို မျှော်ကိုးပြီး အားလုံးအတွက် ကျေးဇူးတင်ကြောင်း ပြသခြင်းမျိုးဖြစ်ပါတယ်။ သင့်တစ်သက်တာမှာ ရည်ရွယ်ချက်တစ်ခုအပေါ် မျှော်လင့်ခြင်းကြောင့် သင့်စိတ်နှလုံးက အေးချမ်းနေပါလိမ့်မယ်။
၁၀။ ရိုးရာသီချင်းများ
ဒီသီချင်းအမျိုးအစားက သူတို့ရဲ့နေရာဒေသကိုလိုက်ပြီး သူတို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာများ၊ လူမျိုးတွေရဲ့ နေစဉ်ဘဝတွေကို အခြေခံထားသော သီချင်းအမျိုးစားတွေဖြစ်ပါတယ်။ ဒီလိုသီချင်းတွေကို နှစ်သက်သူတွေက အစဉ်အလာနဲ့ သမိုင်းကို တန်ဖိုးထားသူတွေပါ။ တစ်ခြားလူတွေရဲ့ ရုန်းကန်မှုတွေကို ကိုယ်ချင်းစာတတ်ပြီး သစ္စာရှိတဲ့ သူငယ်ချင်းတစ်ယောက်လို့လည်း သတ်မှတ်နိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-powerofpossivity