သင့်ရဲ့ အိမ်မက်တွေကို ဘာကြောင့် ဘယ်တော့မှ လက်မလွှတ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း (၈) ချက်
lifestylemyanmar.com
|
2021-12-06

အိပ်မက်တွေဟာ နှစ်များတစ်လျှောက် အသက်အရွယ်အလိုက်ပြောင်းလဲသွားတတ်ပါတယ်။ ငယ်ငယ်ကတော့ တစ်ခုခုအပေါ် အရမ်းစိတ်စွဲပြီး လုပ်ချင်တာမျိုးတွေရှိခဲ့ပါလိမ့်မယ်။ အသက်အရွယ်ရလာတာနဲ့အမျှ လိုက်လျောညီထွေဖြစ်မှု၊ ဖြစ်နိုင်ခြေမြင့်မားမှုတွေအပေါ် မူတည်ပြီး သင့်ရဲ့ စိတ်ဝင်စားမှုတွေကလည်း ပြောင်းလဲသွားပါလိမ့်မယ်။

တစ်ချို့ကလည်း ငယ်ငယ်ကတည်းက စွဲစွဲမြဲမြဲမက်လာခဲ့တဲ့ အိပ်မက်တွေရှိပါလိမ့်မယ်။ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ခြင်းက သင့်ဘဝအတွက် အဓိပ္ပာယ်ရှိစေပြီး အရာအားလုံးကို ပိုကောင်းစေနိုင်ပါတယ်။ အမှန်တကယ်တော့ သင့်ရည်မှန်းချက်တွေကို အရှုံးမပေးသင့်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာအားဖြင့် ဒီလိုအချက်တွေပါ။

၁။ လုံးဝမကြိုးစားတာထက် ကျရှုံးပြီး သင်ခန်းစာယူရတာက ပိုကောင်းပါတယ်


လူတစ်ချို့က ကျရှုံးမှာကြောက်ကြတဲ့အခါ သူတို့ရဲ့ အိပ်မက်တွေကို စွန့်လွှတ်လိုက်ကြပါတယ်။ တကယ်က ကျရှုံးမှုဆိုတာ ဘဝရဲ့ ပုံမှန်အစိတ်အပိုင်းဖြစ်ပါတယ်။ သင်ကျရှုံးတဲ့အခါ သင်ဟာ သင်ယူဖို့ အခွင့်အရေးများများပိုရပြီး သင်လုပ်ရမယ့်အရာကို ကောင်းကောင်းသိလာပါလိမ့်မယ်။ သင်ဟာ ကြိုးစားမယ်၊ ကျရှုံးမယ်၊ ဘဝဟာ ဒီလိုပဲသွားပါတယ်။ ဒီလိုနဲ့ပဲ ဖြည်းဖြည်းချင်း တိုးတက်လာရပြီး သင့်ရဲ့ အိပ်မက်တွေနဲ့ ပိုပိုပြီးနီးကပ်လာမှာဖြစ်ပါတယ်။

ကြားဖူးနေကျတွေကို အများကြီးပြောရတာ ပျင်းဖို့ကောင်းပါတယ်။ ဒီတော့ အဓိကက လုံးဝမကြိုးစားတာထက် ကျရှုံးပြီးမှ သင်ခန်းစာယူပြီး ရှေ့ဆက်ပါ။

၂။ အိပ်မက်တွေကို လိုက်ရှာခြင်းက ဘဝရဲ့ အဓိပ္ပာယ်ဖြစ်တာကြောင့် ဘယ်တော့မှ အရှုံးမပေးပါနဲ့


ပျော်ရွှင်မှုဆိုတာ ပန်းတိုင်ကို ရှာတွေ့သွားတဲ့အခါမှ ဖြစ်ပေါ်လာတဲ့အခါ ခံစားချက်မျိုးမဟုတ်ဘဲ ပန်းတိုင်ကို ရှာဖွေချိန်မှာ ဖြစ်ပေါ်နေတဲ့ ကြိုးစားမှုနှင့် မျှော်လင့်ချက်တွေကို ပေါင်းစည်းထားတဲ့ ပီတိမျိုးကို ပျော်ရွှင်မှုလို့ခေါ်ပါတယ်။ သင့်ရဲ့ ပန်းတိုင်ကို လျှောက်ရာလမ်းတစ်လျှောက်မှာ အမှတ်တရတွေနဲ့ ခင်မင်မှုအသစ်တွေကိုလည်း တွေ့လာရပါလိမ့်မယ်။

သင့်ရဲ့ အရည်အချင်းတွေ ဖွံ့ဖြိုးလာမယ်၊ ဘဝသင်ခန်းစာတွေ သင်ယူပြီး အချစ်ခံရမယ်။ ဘဝဆိုတာ ရည်မှန်းချက်ပန်းတိုင်ဆီရောက်သွားတာမျိုးမဟုတ်ဘဲ ၎င်းကို အကောင်အထည်ဖော်ရာမှာ ဖြစ်ပျက်သမျှအရာတွေဖြစ်ပါတယ်။ ဒီအရာတွေက သင်အမြဲတမ်းသတိရနေမယ့်အရာတွေလည်းဖြစ်ပါတယ်။

သင့်အိပ်မက်တွေ အရမ်းအလှမ်းဝေးတယ်ဆိုရင်တောင် လက်မလျှော့ပါနဲ့။ လမ်းတစ်လျှောက်မှာ သင့်ဘဝကို ပြီးပြည့်စုံစေပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုရှိမလာဘူးလို့ မပြောနိုင်ပါဘူး။ ဘဝကို တန်ဖိုးထားချင်ရင် သင်ဝါသနာပါရာကို လိုက်နာရပါမယ်။

၃။ လမ်းခရီးမှာ အောင်မြင်မှုသေးသေးလေးတွေ ရလာမယ်


နောက်ဆုံးအောင်မြင်ရမှ အောင်ပွဲခံထိုက်တာမဟုတ်ပါဘူး။ အောင်မြင်မှုလမ်းတစ်လျှောက်မှာ ခြေလှမ်းသေးသေးလေးတွေအများကြီးရှိပါလိမ့်မယ်။ အောင်မြင်မှုအသေးစားလေးတစ်ခုကြုံလာတိုင်း ယုံကြည်မှုတစ်ခုတိုးလာပြီး လိုရာပန်းတိုင်ဆီ ချီတက်နိုင်ပါတယ်။ အနည်းဆုံးတော့ သင်ပျော်ရပါလိမ့်မယ်။ ခြေလှမ်းတိုင်းအတွက် ကိုယ့်ကိုယ်ကိုယ်ဆုချပါ။ အဓိက လက်မလျှော့ဘဲ ကြိုးစားနေဖို့ဖြစ်ပါတယ်။

၄။ အောင်မြင်မှုဟာ ဘယ်လောက်အထိ နီးကပ်နေပြီဆိုတာ သင်မသိနိုင်ပါဘူး

အောင်မြင်မှုဆိုတာ ဘယ်လောက်နီးစပ်နေလဲဆိုတာ သင်မသိနိုင်လို့ အိပ်မက်တွေကို ဘယ်တော့မှ လက်မလျှော့ပါနဲ့။ အောင်မြင်မှုဆီမရောက်မချင်း မြဲမြံစွာ ကြိုးစားပါ။ စိတ်ရှည်ပါ။ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ စိတ်မျိုးမဝင်ပါစေနဲ့။

၅။ သင်လက်မလျှော့ခဲ့ဘူးဆိုရင် သင့်ကလေးတွေအတွက် စံပြတစ်ယောက်ဖြစ်လာပါလိမ့်မယ်


သင်လက်ခံသည်ဖြစ်စေ လက်မခံဘူးဖြစ်စေ လူတွေက သင်ဘာလုပ်နေလဲဆိုတာကို စိတ်ဝင်စားကြပြီး သင့်ဆီက နမူနာယူပြီး သင်ယူနေကြပါတယ်။ သင့်အိပ်မက်ကို လိုက်ရှာနေတာကို မြင်တဲ့အခါ တစ်ခြားလူတွေကလည်း မျှော်လင့်ချက်ရောင်ခြည်လေးတွေ သန်းလာပါလိမ့်မယ်။ အထူးသဖြင့် သင့်မှာ ကလေးတွေရှိလာမယ့်တစ်နေ့ သင့်မှာ ပြောပြစရာ ပုံပြင်ကောင်းတစ်ပုဒ်ရှိတာပေါ့။

၆။ သင့်ရည်မှန်းထားတဲ့ ဘဝနဲ့ သင်က ထိုက်တန်ပါတယ်

တစ်ခါတရံမှာ လူတွေက သူတို့အိပ်မက်တွေဟာ သူတို့နဲမထိုက်တန်ဘူးလို့ ထင်ကြတဲ့အခါ သူတို့အိပ်မက်တွေကို စွန့်လွှတ်လိုက်ကြပါတယ်။ သင်ဟာ အရင်က ဘယ်လိုလူဖြစ်ခဲ့ဖြစ်ခဲ့ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အချိန်တန်ပါပြီ။ ဘာပဲဖြစ်ဖြစ် သင်အမြဲတမ်း မက်ခဲ့ရတဲ့ ဘဝနဲ့နေဖို့ သင်က ထိုက်တန်ပါတယ်။

၇။ သင့်ရဲ့ အရည်အချင်းတွေကို အသုံးချနိုင်တယ်


သင့်အရည်အချင်းတွေက အများအားဖြင့် သင့်ရည်မှန်းချက်တွေနဲ့ ဆက်စပ်နေခြင်းမျိုးဖြစ်ပြီး အဲဒီ့အရာတွေကို ကောင်းကောင်းအသုံးချနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ပန်းတိုင်တွေနောက် မလိုက်နိုင်ရင် သင့်ရဲ့ ဘုရားပေးတဲ့ ပါရမီတွေက အလဟဿဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို အပြည့်အဝအသုံးချပါ။

၈။ လူ့ဘဝကို အဓိပ္ပာယ်ရှိရှိ ပြည့်ပြည့်ဝဝဖြတ်သန်းချင်တယ်ဆိုရင် သင့်ရည်မှန်းချက်တွေကို ဘယ်တော့မှ လွှတ်မချလိုက်ပါနဲ့

ပန်းတိုင်ရောက်ဖို့ အတော်လေးကြိုးစားရမှာဖြစ်ပြီး လမ်းတစ်လျှောက်မှာ အတားအဆီးတွေရှိနိုင်ပါတယ်။ အဆင်မပြေမှုတွေနဲ့ အခက်အခဲတွေကြုံလာရတဲ့အခါ အားလုံးစွန့်လွှတ်လိုက်ဖို့က လွယ်ကူပါတယ်။ သင်အိပ်မက်ကို ဆက်လက်ကြိုးစားနေသရွေ့ သင့်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာတွေ ကြီးထွားလာမှာဖြစ်ပါတယ်။ ဒီလိုတိုးတက်မှုနှင့် ပြောင်းလဲမှုအားလုံးနဲ့အတူ ပျော်ရွှင်မှုတွေလည်း ကပ်ပါလာပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

ref-powerofpossivity


#ရည်မှန်းချက်
#လက်မ
#ပန်းတိုင်
#အရာ
#ကြိုးစား

Some text some message..