လက်တွေ့ကျသော လူတစ်ယောက်ရဲ့ စိတ်ဓါတ်ရေးရာ ထူးခြားသော ပင်ကိုလက္ခဏာ (၆)ချက်
lifestylemyanmar.com
|
2021-12-06

လက်တွေ့ကျခြင်းမှာ လက်တွေ့ဘဝနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေ၊ စိတ်ကူးတွေ ပါဝင်ပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာမျိုးလို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။ လက်တွေ့ကျတဲ့ လူဆိုတာ စိတ်ကူးမယဉ်တတ်ကြပါဘူး၊ အလုပ်ဖြစ်အောင် ၊ ရလဒ်ထွက်အောင် စနစ်တကျ အစီအစဉ်ချမှတ်ပြီး အဖြေကောင်းထွက်အောင် လုပ်ကိုင်ကြသူတွေဖြစ်တယ်။ ဒါတွေကတော့ သူတို့ရဲ့ အတွေးအမြင်၊ အပြုအမှုတွေကို သတ်မှတ်ပေးတဲ့ လက်တွေ့ကျသောလူတွေရဲ့ စရိုက်ခုနှစ်ခုပါ။

၁။ သူတို့က စိတ်ကူးယဉ်ဆန်လွန်းတဲ့သူတွေ မဟုတ်ပါဘူး

လက်တွေ့ကျတဲ့ လူတွေမှာ ပေါ်လွင်ထင်ရှားတဲ့ စရိုက်တစ်ခု ရှိနေရင် အဲ့ဒါက သူတို့ဟာ စိတ်ကူးယဉ်ဆန်တဲ့သူတွေ မဟုတ်တာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ဟာ ဘဝဒဿနအဖြစ် လက်တွေ့ဝါဒ (သို့) ရုပ်ဝါဒကို လက်ခံကျင့်သုံးဖွယ်ရှိပါတယ်။ လက်တွေ့ကျတဲ့ သဘောထားကို လက်ခံသူတွေဟာ လက်တွေ့ဘဝအပေါ် အခြေခံပြီး သူတို့ရဲ့စိတ်ကူးတွေနဲ့ လုပ်ဆောင်ချက်တွေကို ဖွံ့ဖြိုးစေပါတယ်။ ဒါက သူတို့ရဲ့တွေးခေါ်ပုံနဲ့ လုပ်ဆောင်ချက်ကို ထိရောက်စွာ လုပ်ဆောင်နိုင်စေဖို့နဲ့ တိကျမှုကို ခွင့်ပြုပေးတဲ့ သူတို့ရဲ့အစမှတ်ဖြစ်ပါတယ်။

၂။ လက်တွေ့ကျတဲ့သူက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပါတယ်

လက်တွေ့ကျတဲ့သူတွေက အများအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာကြောင့် သူတို့ရဲ့ ဆုံးဖြတ်ချက်အားလုံးက အောင်မြင်မှုကို ဦးတည်ပါတယ်။ လက်တွေ့ကျတဲ့လူတွေဟာ ယေဘုံယျအားဖြင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုက သူတို့ရဲ့ အိုင်ဒီယာတွေ ၊ အတွေးအမြင်တွေအတွက် self-confidence တိုးလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် self-esteemက နည်းလမ်းအမျိုးမျိုးဖြင့် သူတို့မှာ ထင်ရှားစေပါတယ်။ ဥပမာ-

သူတို့က ကိုယ့်ရဲ့အကျင့်ကောင်း၊ အကျင့်ဆိုးတွေကို သိကြပါတယ်

သူတို့က ကိုယ်ပိုင်အောင်မြင်မှုတွေကို ဂုဏ်ယူတတ်ကြပါတယ်

လက်တွေ့ကျတဲ့လူတွေဟာ ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်

သူတို့က အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေပေါ်မှာ မမှီခိုတတ်ပါဘူး

သူတို့က ကိုယ့်ရဲ့အားထုတ်မှုကို ယုံကြည်စိတ်ချကြပြီး ကိုယ့်ကြိုးစားအားထုတ်မှုက အောင်မြင်လိမ့်မယ်ဆိုတာ ယုံကြည်ကြပါတယ်။

သူတို့ လိုချင်တဲ့အရာကို မရတဲ့အခါ ကျရှုံးမှုကနေ အလွယ်တကူ ပြန်တတ်လာနိုင်ပါတယ်။

တခြားသူတွေရဲ့ အိုင်ဒီယာကို အလွယ်တကူ မယိမ်းယိုင်တတ်ပါဘူး။

၃။ သူတို့က စနဈကကြွပါတယျ

စနစ်ကျခြင်းက လက်တွေ့ကျသူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ဒီစရိုက်ကို ထင်ရှားစေတဲ့ နည်းလမ်းတစ်ခုက အချိန်စီမံခန့်ခွဲမှုအားဖြင့် ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့လူတွေဟာ သူတို့ရဲ့အချိန်ကို ကောင်းမွန်စွာ စီစဉ်လေ့ရှိပြီး သူတို့နေ့စဉ်လုပ်ချင်တဲ့ ဒီအရာတွေအတွက် အချိုးကျနေရာပမာကို ပေးပါတယ်။

၄။ လက်တွေ့ကျတဲ့လူဟာ စွန့်စားဖို့ မကြောက်ပါဘူး

ဒါက ယခင်စရိုက်နဲ့ ကွဲလွဲနိုင်ပေမယ့် လက်တွေ့ကျတဲ့လူတွေဟာ reality ကို စိတ်ထဲမှာအမြဲမှတ်ထားတတ်ပါတယ်။ လက်တွေ့ဘဝက တောင်းဆိုလာတဲ့အခါ စွန့်စားရမှာ မကြောက်ကြပါဘူး။ သို့သော် သူတို့က အချိန်တိုင်း စွန့်စားနေတယ်လို့တော့ မဆိုလိုပါဘူး။ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချဖို့ကိုလည်း မကြောက်ကြပါဘူး၊။ ဆုံးဖြတ်ချက်မချခင်မှာ အားသာချက်၊ အားနည်းချက်တွေကို အကဲဖြတ်တတ်ကြပါတယ်။ ဒီနည်းအားဖြင့် သူတို့ကြုံတွေ့နေရတဲ့အရာတွေနဲ့ ကိုက်ညီမယ့် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်က သူတို့ရဲ့ စံနှုန်းတွေနဲ့တောင် ဆန့်ကျင်နေနိုင်သော်လည်း အခြေအနေနဲ့ အသင့်တော်ဆုံးဖြစ်ရင် ရွေးချယ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ဒါက လက်တွေ့ကျသော လူတွေကို အကျပ်အတည်း (သို့) အရေးပေါ်ကာလတွေမှာ ခေါင်းဆောင်ကောင်းတွေ (သို့) ကူညီပံ့ပိုးသူတွေ ဖြစ်စေပါတယ်။

၅။သူတို့က နည်းလမ်းတိုင်းမှာ ရိုးရှင်းမှုကို လက်ခံပါတယ်

ဥပမာအားဖြင့် သူတို့ဟာ အဝတ်အစားမှာ ၊ပြောဆိုဆက်ဆံမှုမှာနဲ့ သူတို့ရဲ့ အကြိုက်မှာ ရိုးရှင်းစွာကျင့်သုံးပါတယ်။ အရိုးရှင်းဆုံးက လက်တွေ့အကျဆုံးဖြစ်တာကြောင့် လက်တွေ့ကျတဲ့လူတွေဟာ ရိုးရှင်းသော ဘဝလမ်းစဉ်တွေကို ဖန်တီးပါတယ်။ သို့သော် သူတို့က အမြဲတမ်းနှုတ်ဆိတ်နေတယ် (သို့) သူတို့ရဲ့ စိတ်ဝင်စားမှုတွေက အသေးအဖွဲတွေ ဖြစ်တယ်လို့ မဆိုလိုပါဘူး။ အဆုံးမှာ အရေးမကြီးဘူးလို့ သူတို့ယူဆရတဲ့ အရာတစ်ခုပေါ်မှာ အချိန်အများကြီး မပေးချင်ကြတာပါ၊

ဥပမာအားဖြင့်- လက်တွေ့ကျတဲ့လူဟာ ညဘက်အပြင်ထွက်ရင် ဘာဝတ်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ဗီဒိုရှေ့ တစ်နာရီ (သို့) နှစ်နာရီ ကြာလိမ့်မှာ မဟုတ်ပါဘူး။ သူတို့က စနစ်ကျတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ စိတ်ကူးယဉ်မဆန်ဘူး၊ စွန့်စားရမှာကိုလည်း မကြောက်တာကြောင့် ဒီဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချနိုင်ကြပါတယ်။

သူတို့ချဉ်းကပ်ပုံကလည်း ရိုးရှင်းလေ့ရှိပါတယ်၊ လက်တွေ့ကျတဲ့လူဟာ အများအားဖြင့် ပေါ့ပေါ့ပါးပါးပါပဲ။ သူတို့ရဲ့ စိတ်ခံစားချက်တွေက သူတို့ကို မလွှမ်းမိုးထားတာကြောင့် စိတ်ဖိစီးမှုနဲ့ တင်းမာမှုတွေက သူတို့ဘဝတစ်ခုလုံးကို အကျုံးမဝင်ပါဘူး။ သူတို့က အချိန်အများစုမှာ ပျော်ရွှင်နေတတ်ပြီး အရမ်းရှုပ်ထွေးတဲ့အရာတွေကို ရှောင်တတ်ပါတယ်။

၆။ လက်တွေ့ကျတဲ့လူတွေက ပြတ်သားပါတယ်

သူတို့ရဲ့ ဆုံးဖြတ်ချက်တွေမှာ စွန့်စားရရင်တောင်မှ လက်တွေ့ကျတဲ့လူဟာ တိကျပြတ်သားတဲ့ သဘောထား အမြဲရှိပါလိမ့်မယ်။ ဒီသဘောထားက သူတို့ကို ခိုင်မာစေဖို့ ဒီဇိုင်းထုတ်ထားတဲ့ လုပ်ဆောင်ချက်တွေမှတဆင့် ဆုံးဖြတ်ချက်တွေကို အားဖြည့်ပေးနိုင်ပါတယ်။

တစ်နည်းဆိုရသော် ဆုံးဖြတ်ချက်တစ်ခုချရုံဖြင့် မကျေနပ်ကြပါဘူး။ ပြိုင်တူရွေးချယ်မှုတွေ၊ လုပ်ဆောာင်ချက်တွေဖြင့် အောင်မြင်မှုရရှိဖို့ တတ်နိုင်သလောက် လုပ်ဆောင်ကြပါတယ်။ သူတို့ပြောသမျှ၊ လုပ်သမျှကို တာဝန်ခံတတ်ကြပါတယ်။ အမှားတစ်ခုက နောက်ဆုံးရလဒ်ဖြစ်လာရင် ဆင်ခြေမပေးတတ်ကြပါဘူး။ သူတို့ရဲ့ အမှားကို ဝန်ခံဖို့၊ တောင်းပန်ဖို့နဲ့ သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ခံယူဖို့ ပွင့်လင်းကြပါတယ်။

Lifestyle_Myanmar

LM_nandar

Source-steptohealth.


#အောင်မြင်မှု
#ဆုံးဖြတ်ချက်
#စရိုက်
#အရာ
#အချိန်

Some text some message..