
PTSD လက္ခဏာတွေက တစ်ခြားသော စိတ်ကျန်းမာရေးချို့ယွင်းမှုတွေနဲ့ ဆင်တူနိုင်သော်လည်း ၎င်းက တုန်လှုပ်ဖွယ်အဖြစ်အပျက်တစ်ခုကနေ ပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။ ဘဝဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်တာကြောင့် စိတ်ဒဏ်ရာတွေနှင့် ဝမ်းနည်းပူဆွေးစရာအခြေအနေတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် အတိတ်ကာလမှာ စစ်ပွဲတွေအကြား နေထိုင်ခဲ့ရသူတွေ (သို့) မတော်တဆရှော့ခ်ဖြစ်ခဲ့ရသူတွေက PTSD ဖြစ်နိုင်ခြေမြင့်မားတယ်လို့ ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းက ယုံကြည်ထားကြပါတယ်။
အရိုးရှင်းဆုံးပြောရရင် PTSD ဆိုတာ အတိတ်က တုန်လှုပ်ချောက်ချားဖွယ်ရာအဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရပြီး ၎င်းက ပစ္စုပ္ပန်ကို သိသိသာသာလာရောက် ထိခိုက်စေတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ကားမတော်တဆဖြစ်ဖူးသူတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရသူတွေ၊ စစ်ပွဲတွေအကြားက လူတွေနဲ့ ဆုံးရှုံးမှုမြင့်မားခဲ့သူတွေမှာ ဖြစ်လေ့ရှိသော အရာမျိုးဖြစ်ပါတယ်။ တကယ်တော့ PTSD လက္ခဏာတွေကို လုံးဝလျစ်လျူမရှုသင့်ပါဘူး။
၁။ ဖြစ်ပျက်ခဲ့သမျှတွေကို ရှောင်ဖို့ကြိုးစားခြင်း

လူတွေက နာကျင်စရာအဖြစ်အပျက်တစ်ခုကို ကြုံတွေ့ပြီးချိန်မှာ အဲ့ဒီ့အရာနဲ့ ပတ်သက်တဲ့နေရာတွေ၊ အလားတူအဖြစ်အပျက်မျိုးတွေ၊ လူတွေကို ရှောင်ကြဉ်လေ့ရှိကြပါတယ်။ ဒီအရာက PTSD ရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပြီး ဒါက မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ ဒီလိုရှောင်ကြဉ်နေသရွေ့ သင့်အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေတဲ့အရာက ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်ပူပန်မှုတွေနဲ့အတူ သင့်ဘဝကို ချိန်ညှိဖို့ နည်းလမ်းရှာနေတာက ကိစ္စတွေကို ပိုမိုဆိုးရွားစေပါတယ်။
၂။ အိပ်မက်ဆိုးတွေဟာ အဖြစ်အများဆုံး PTSD လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်

PTSD က စိုးရိမ်ပူပန်မှုကို အခြေခံတာကြောင့် သင့်ရဲ့ ကြောက်ရွံ့မှုတွေဟာ သင့်မသိစိတ်မှာ လွှမ်းမိုးနေတာကြောင့် သင့်ရဲ့ ညဘက်တွေမှာ အိပ်မက်ဆိုးတွေနဲ့ နှိုးထနေရပါလိမ့်မယ်။ သင့်ရဲ့ ပုံမှန်မဟုတ်သော နှလုံးခုန်သံတွေ၊ ချွေးထွက်လွန်ပြီး ဘဝမှာ အရာအားလုံးပြောင်းလဲသွားတဲ့ အခိုက်အတန့်တွေကို ပြန်လည်ခံစားရင်း ထိတ်လန့်တကြားနိုးထလာရတာ မဆန်းပါဘူး။
စိတ်မကောင်းစရာက သင့်အိပ်မက်ဆိုးတွေအတွက် မှော်ဆေးပြားမရှိပါဘူး။ သင့်အတွေးတွေကို အကောင်းမြင်စိတ်နဲ့ ညဘက်မှာ အနာဂတ်အတွက် မျှော်လင့်ထားအိပ်ပြီး နေ့ဘက်တွေမှာ ထိန်းချုပ်ဖို့ ကြိုးစားကြည့်ပါ။
၃။ အလွန်အကျွံသတိထားခြင်း

Hypervigilance ဆိုတာ ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုကြုံပြီးတိုင်း တစ်ချိန်လုံးနိုးကြားနေတတ်တာမျိုးကို ဆိုလိုပါတယ်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆိုတဲ့ စကားလိုမျိုးပါပဲ။ သင့်ပတ်ဝန်းကျင်အပေါ် သံသယကြီးကြီးနဲ့ သတိထားနေရင်း အမှန်တကယ်ပြဿနာက ကိုယ်မထင်မှတ်ထားတဲ့နေရာကနေ ဝင်လာတတ်ပါတယ်။ သင့်အတွေးထဲမှာ အန္တရာယ်တွေကို သတိပေးနေသလို ခံစားနေရနိုင်ပါတယ်။ တကယ်တော့ ဒီအရာတွေက အမှန်တကယ်မဟုတ်ပါဘူး။ ဒီလိုပဲ တစ်ချိန်လုံးနိုးကြားကြောက်ရွံ့နေရင် သင့်အတွက် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။
၄။ အာရုံစူးစိုက်မှုတွေကို ဆုံးရှုံးစေနိုင်ပါတယ်
သင့်ခန္ဓာကိုယ်ဟာ နိုးနိုးကြားကြားဖြစ်နေပြီဆိုရင် အာရုံမစိုက်နိုင်တာက သိပ်ပြီးမထူးဆန်းပါဘူး။ သင့်စိတ်နဲ့ ကိုယ် ကပ်နေဖို့က တော်တော်မလွယ်တဲ့ကိစ္စပါ။ စိတ်ထိခိုက်စရာအဖြစ်အပျက်တစ်ခုပြီးနောက် ဘဝကို ပြန်လည်ပြင်ဆင်ခြင်းက ဘယ်လိုအရာနှင့်မှ တူမှာမဟုတ်တာကြောင့် သင့်မှာ စိန်ခေါ်မှုများစွာရှိနိုင်ပါတယ်။ သင်ကြုံတွေ့ခဲ့ရတာတွေက အရမ်းအားကောင်းပြီး သင့်ရဲ့ ဖြစ်တည်မှုကို ပြောင်းလဲစေနိုင်ပါတယ်။
၅။ လူမှုဆက်ဆံရေးစိုးရိမ်မှုနှင့် အထီးကျန်မှု

သင့်ရဲ့ နာကျင်စရာအမှတ်တရတွေက PTSD လက္ခဏာတွေကို ပိုတိုးလာစေပြီး စိန်ခေါ်မှုအရှိဆုံးတစ်ခုက လူမှုရေးဆိုင်ရာစိုးရိမ်မှုဖြစ်ပါတယ်။ အကယ်၍ စားသောက်ဆိုင်ထိုင်နေရင်း ဓားပြတိုက်ခံရရင် ဘယ်လိုလုပ်မလဲ? အပေါင်းအသင်းတွေထဲက တစ်ယောက်ယောက် သစ္စာဖောက်ပြီး နောက်ကျောဓားနဲ့ထိုးရင်ရော? စသဖြင့် ကြောက်ရွံ့မှုတွေက သင့်ကို ပိုဆိုးစေပြီး လေးဘက်လေးတန် နံရံတွေပြည့်နေတဲ့ အခန်းကျဉ်းလေးက သင့်တွက် ပိုလုံခြုံမယ်လို့ မြင်ပါလိမ့်မယ်။
၆။ ချစ်ရသူတွေနဲ့ လှုပ်ရှားမှုတွေကို ရှောင်ပါ
PTSD လက္ခဏာတွေထဲက တစ်ခုက တစ်ချိန်က ကိုယ့်ကိုယ်ပျော်ရွှင်စေခဲ့တဲ့လူတွေကို ရှောင်ရှားတတ်လာခြင်းဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ စားသောက်ဆိုင်တွေသွား၊ ပါတီပွဲတွေကို ပျော်ပျော်ပါးပါးသွားကြည့်ပေမယ့် ခံစားချက်တွေက အရင်လိုမဟုတ်တော့ပါဘူး။
၇။ ရိုင်းစိုင်းကြမ်းတမ်းသော အတွေးများ

ပူပန်သောကတွေက ကြီးစိုးနေတာကြောင့် အတွေးတွေကလည်း အပြုသဘောမဆောင်တာတွေဖြစ်လေ့ရှိပါတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားဖို့က သင့်ရဲ့ အတွေးတွေကို ပြောင်းပြန်ပြောင်းလဲပြီးတွေးသင့်ပါတယ်။
၈။ ကိုယ့်ကိုယ်ကိုယ်နှင့် လောကအပေါ် အဆိုးမြင်စိတ်
PTSD လက္ခဏာတွေအားလုံးကို စဉ်းစားတဲ့အခါ သင်ကိုယ်တိုင်နဲ့ သင့်ပတ်ဝန်းကျင်ကမ္ဘာပေါ်မှာ အဆိုးမြင်စိတ်တွေဖြစ်လာနိုင်ပါတယ်။ ကမ္ဘာကြီးကို မှန်ဘီလူးနဲ့ ကြည့်ပြီး ပြဿနာသေးသေးလေးကို ရှာဖွေနေတတ်တဲ့လူတစ်ယောက်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သင့်ကိုယ်တိုင်အပေါ်နှင့် သင့်ရဲ့ ပတ်ဝန်းကျင်ကို အကောင်းမြင်တတ်လာစေဖို့ ပြန်လည်ကြိုးစားပါ။ အိပ်မပျော်ခြင်းကလည်း PTSD လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။
၉။ စိတ်ဓာတ်ကျပြီး စိတ်တိုလွယ်ခြင်း
သင့်မှာ စိုးရိမ်သောကတွေများလာတဲ့အခါ စိတ်ဓာတ်ကျလွယ်လာတာနဲ့ စိတ်တိုဒေါသထွက်လာတာကို ခံစားရလေ့ရှိပါတယ်။ သင့်မှာ လုံလောက်သော အိပ်ချိန်မရှိခြင်း၊ အထီးကျန်ခြင်းနှင့် သင့်ကို အလွန်အကျွံနာတာရှည်စိုးရိမ်ပူပန်မှုတွေရှိနေမယ်ဆိုရင် သင့်စိတ်ခံစားချက်တွေကို ထိခိုက်လာစေတာက သဘာဝဖြစ်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-powerofpossivity