
အောင်မြင်တဲ့ ဆက်ဆံရေးတွေက သင့်တံခါးကို လာခေါက်မှာ မဟုတ်ပါဘူး။ အဲဒီအစား relationship ဆိုတာ ကြိုးစားအားထုတ်မှု၊ ကြီးမားတဲ့ သံယောဇဉ်၊ အချိန်နဲ့ အနစ်နာခံမှုများစွာ လိုအပ်တဲ့ အရာဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက်ချစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ခံစားရတဲ့အပြင် လက်တွဲဖော်နဲ့ အလားတူတန်ဖိုးတွေကို မျှဝေခြင်းက သင့်အချစ်ရေးအတွက် ကျန်းမာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ ကူညီပေးပါတယ်၊၊ သင်တို့နှစ်ယောက် မျှဝေသင့်တဲ့ အရေးကြီးဆုံး အခြေခံတန်ဖိုးတွေက ဘာတွေလဲ?
ဒါတွေကတော့ စုံတွဲတိုင်းမှာ ရှိသင့်တဲ့ relationship တန်ဖိုးတွေ ဖြစ်ပါတယ်။
၁။ အပြန်အလှန် လေးစားမှု
အပြန်အလှန် လေးစားမှုဆိုတာ စုံတွဲအများစုမှာ ပျောက်ဆုံးနေတတ်တဲ့ အရာဖြစ်ပြီး ဒီဆက်ဆံရေးတန်ဖိုးကင်းမဲ့ခြင်းက relationship ပြဿနာတွေကို မကြာခဏ သယ်ဆောင်လာပြီး နောက်ဆုံးမှာ ဇာတ်သိမ်းကို ယူဆောင်လာစေပါတယ်။
လေးစားခြင်းဆိုတာက တစ်ယောက်နဲ့ တစ်ယောက် privacy ပေးထားတာ၊ တစ်ယောက်ရဲ့ခံစားချက်နဲ့ လိုအပ်ချက်တွေကို တစ်ယောက်က တန်ဖိုးထားတာမျိုး ဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန် လေးစားမှုပေးဖို့ဆိုတာ လူပုဂ္ဂိုလ်ကိုပဲ လေးစားဖို့ လိုတာမဟုတ်ပါဘူး။ သူ့ရဲ့ဝါသနာ ၊ သူ့ရဲ့ဗီဇ ၊ သူ့ရဲ့ဆန္ဒ္ဒနဲ့ ၊ သူ့ရဲ့ခံစားမှု စတာတွေကိုပါ လေးစားနိုင်မှ အမှန်တကယ် လေးစားတယ်လို့ ဆိုရမှာပါ။
တစ်စုံတစ်ယောက်က သင့်ကို respect ထားတဲ့အခါ သင့်ကို ဘယ်တော့မှ နှိမ့်ချဆက်ဆံမှာ မဟုတ်ပါဘူး။ ဒီလူက သင့်ကို အထူးသဖြင့် တခြားသူတွေရဲ့ရှေ့မှာ ဘယ်နည်းနဲ့မှ စော်ကားမှာ မဟုတ်ပါဘူး။ အပြန်အလှန်လေးစားမှုရှိခြင်းဆိုတာက သင်ပြောသမျှကို ခေါင်းညိတ်ပြမယ့်အဖော်ရှိရမယ်လို့ မဆိုလိုပါဘူး၊ သင်တို့နှစ်ယောက်မှာ သဘောထားကွဲလွဲခွင့်တွေ ရှိနေဆဲဖြစ်ပါတယ်။

၂။ အပြန်အလှန် လက်ခံမှု
လေးစားမှုနဲ့ လက်တွဲသွားရမယ့် အဓိကတန်ဖိုးတစ်ခုက အပြန်အလှန် လက်ခံမှုလည်း ဖြစ်ပါတယ်။ သင်နဲ့ သင့်ပါတနာဟာ ကွဲပြားမှုတွေ အမြဲတမ်းရှိပါလိမ့်မယ်၊ ဒါက လုံးဝပုံမှန်ပါပဲ။ သင်တို့က မတူညီတဲ့ လူနှစ်ယောက်ဖြစ်ပါတယ်။ သဘောထား တူညီရမယ်၊ အမြင်တူရမယ်၊ အလေ့အထနဲ့ စိတ်ဝင်စားမှုတွေ တူရမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
ကိုယ်ချစ်ရသူကို ကိုယ်စိတ်ကူးယဉ်ထားတဲ့ ချစ်သူမျိုးအဖြစ် ပြောင်းလဲဖို့၊ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြုပြင်ပြောင်းလဲဖို့၊ ကိုယ့်စံနှုန်းအတိုင်း ပုံသွင်းဖို့ မကြိုးစားပါနဲ့။ သင့်ပါတနာက သင့်ရဲ့ ပရောဂျက်မဟုတ်ပါဘူး။ တကယ်တော့ သူတို့ဆီမှာ ကိုယ်မြင်နေရတဲ့ ဖြစ်နိုင်ခြေအချို့ကို မေ့ထားပြီး ကိုယ့်ရှေ့မှာရှိတဲ့အရာတွေကိုပဲ အာရုံစိုက်တာက အကောင်းဆုံးပါပဲ။သူတို့နဲ့ပတ်သတ်လို့ ကိုယ်မနှစ်သက်တဲ့အရာတွေရှိရင် ရွေးချယ်ခွင့်နှစ်ခုသာ ရှိပါတယ်၊ ထွက်သွားဖို့နဲ့ အခြေအနေကို လက်သင့်ခံဖို့ပါ။

၃။ ယုံကြည်မှု
Relationship တစ်ခုမှာ ယုံကြည်မှုက အရေးကြီးတဲ့အရာ ဖြစ်ပါလိမ့်မယ်။ သင့်ဘဝရဲ့ မိနစ်တိုင်းကို ဒီလူရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး အထူးသတိထားနေရတယ်ဆိုရင်၊ သင့်ကို ဘယ်တော့ နောက်ကျောကို ဓါးနဲ့ထိုးမလဲလို့ မျှော်လင့်နေရတယ်ဆိုရင် သင့်ဘဝက တကယ့်ငရဲဖြစ်သွားပါလိမ့်မယ်။ ဒီလူနဲ့ သေတပန်သက်တစ်ဆုံး အတူတူနေသွားဖို့ အစီအစဉ်ရှိတယ်ဆိုရင် ကိုယ့်ရဲ့ ကျန်ရှိတဲ့နေရက်တွေကို အမြဲတမ်းစောင့်ကြည့်နေရတာက အဆင်မပြေပါဘူး၊ ဒါ့ကြောင့် healthy relationship တစ်ခုဟာ အပြန်အလှန် ယုံကြည်မှုပေါ်မှာ အခြေခံဖို့ လိုအပ်ပါတယ်။
တကယ်တော့ ယုံကြည်မှုဆိုတာ သူတို့က ကိုယ့်ကို သစ္စာဖောက်မှာ မကြောက်ဘဲ၊ ယုံကြည်မှု ပြဿနာတွေမရှိဘဲ ကိုယ့်ရဲ့အတွေးတိုင်းကို သူတို့နဲ့မျှဝေနိုင်ခြင်းကို ဆိုလိုပါတယ်။ ကိုယ့်အားနည်းချက်တွေကို အသုံးချခံရမှာ မကြောက်ဘဲ ကိုယ့်အားနည်းချက်တွေကို ဒီလူရှေ့မှာ ဖော်ထုတ်ဖို့ လွတ်လပ်ခွင့်ရှိတယ်လို့ ဆိုလိုပါတယ်။ သို့သော် ယုံကြည်မှုကို နေ့ချင်းညချင်း တည်ဆောက်လို့ မရနိုင်ပါဘူး။ အဲဒီအစား သင့်လက်တွဲဖော်ကို ယုံကြည်မှု အပြည့်အဝမပေးခင်မှာ အချိန်ယူရပါလိမ့်မယ်။

၄။ သစ္စာရှိခြင်း
တာဝန်သိစိတ်ကြောင့် သစ္စာရှိခြင်းနဲ့ မေတ္တာခိုင်မာလို့ သစ္စာရှိခြင်းက မတူပါဘူး။ loyalty ဆိုတာ အရေးပါဆုံး ဆက်ဆံရေးတန်ဖိုးတွေထဲမှ တစ်ခုဖြစ်ပြီး faithful ဖြစ်ခြင်းထက် များစွာပိုပါတယ်။ loyal partner ရှိခြင်းက သူတို့ရဲ့ သစ္စာစောင့်သိမှုကို ဘယ်တော့မှ သံသယမဝင်ဘူးလို့ ဆိုလိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းမသွားဘဲ ကိုယ်ချစ်ရတဲ့သူကို တခြားတစ်ယောက်နဲ့ အစားထိုးဖို့ စိတ်ကူးတောင် မယဉ်တာမျိုးဖြစ်ပါတယ်။ ကိုယ်က သီးသန့် relationship တစ်ခုမှာ ရှိနေချိန် တခြားလူနဲ့ ပရောပရည်မလုပ်ခြင်း၊ တခြားတစ်ယောက်နဲ့ မကြိုက်ခြင်းတို့ ပါဝင်ပါတယ်။ ဆိုလိုတာက တတိယလူနဲ့ စိတ်ခံစားမှုဆိုင်ရာ နှောင်ဖွဲ့တာမျိုး(သို့) စိတ်ခံစားမှု ထားတာမျိုး ရှောင်ကြဉ်ခြင်းကို ဆိုလိုပါတယ်။
အခြေခံအားဖြင့် သစ္စာရှိခြင်းဆိုတာက တတ်နိုင်သလောက် သင်ချစ်ရသူရဲ့ ခံစားချက်ကို ထိခိုက်နိုင်ချေရှိတဲ့၊ ထိခိုက်နစ်နာစေမယ့် ဘယ်အရာကိုမှ မလုပ်တာမျိုး ဖြစ်ပါတယ်။ သို့သော် သစ္စာစောင့်သိမှုရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းက သင့်လက်တွဲဖော်ကို ဘယ်တော့မှ မစွန့်လွှတ်ခြင်းပင်ဖြစ်ပါတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာအရ ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ပြောနေတာမဟုတ်ပါဘူး။ အကောင်း၊ အဆိုးအချိန်တွေကို အတူတူဖြတ်သန်းရင်း သူတို့အနားမှာ အမြဲရှိနေမယ့်အကြောင်းကို ပြောတာပါ။ အချိန်တိုင်း ကျောချင်းကပ်ရှိနေတာမျိုးကို ဆိုလိုတာပါ။
သူတို့ရှေ့မှာ မားမားမတ်မတ် ရှိနေပေးဖို့ ဆန္ဒရှိပြီး သူတို့ရဲ့ ပျော်ရွှင်မှုအတွက် ကိုယ့်ရဲ့ကောင်းကျိုးချမ်းသာတွေကို စွန့်စားဖို့ အဆင်သင့်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ချစ်သူတွေပဲ ဆိုတာထက်ပိုခြင်း၊ အချိန်နှင့်အမျှ အကောင်းဆုံးမိတ်ဆွေတွေ၊ မိသားစုဝင်တွေ ဖြစ်လာခြင်းကို ဆိုလိုတာပါ။ ဘဝရဲ့စိန်ခေါ်မှုအားလုံးကို ဖြတ်ကျော်ပြီး တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ထားတာမျိုးကို ဆိုလိုတာပါ။

၅။ ပြောဆိုဆက်ဆံမှု
ကျန်းမာသော ဆက်ဆံရေးတိုင်းမှာ အရေးကြီးဆုံးအချက်က ကျန်းမာပြီး ပွင့်လင်းတဲ့ ပြောဆိုဆက်ဆံမှုပေါ်မှာ အခြေခံပါတယ်။ ကိုယ်က ဒီလူနဲ့ ဘဝတစ်လျှောက်လုံး ကုန်ဆုံးဖို့ မျှော်လင့်ထားတယ်၊ ဒီလိုအခြေအနေမျိုးမှာ တစ်ယေက်နဲ့ တစ်ယောက် နားလည်ဖို့ မကြိုးစားရင် သင်တို့နှစ်ယောက် ဖြတ်သန်းရမယ့် ငရဲကို စိတ်ကူးကြည့်နိုင်ပါတယ်။ ဒါ့ကြောင့် အောင်မြင်တဲ့ ဆက်ဆံရေးမျိုးကို လိုချင်ရင် အရာရာတိုင်းကို ကိုယ်ကိုယ်တိုင် ထိန်းသိမ်းဖို့ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကို မဖော်ပြတာမျိုး ၊ စိတ်ခံစားချက်တွေ ဖိနှိပ်ချုပ်ချယ်တာမျိုးကို မေ့ပစ်ထားပါ ။ တခြားအရာတွေ မလုပ်ခင် သင်နဲ့ သင့်လက်တွဲဖော်ဟာ ကောင်းမွန်စွာ ပြောဆိုဆက်ဆံတတ်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။
သင်နဲ့ သင့်ပါတနာ သဘောထားကွဲလွဲတဲ့အခါ သူတို့ကို silent treatment လုပ်တာမျိုး၊ လျစ်လျူရှုတာမျိုးက သင့်အချစ်ရေးကို လုံးဝ အထောက်အကူမပြုပါဘူး၊ ဒါ့အပြင် သတိပြုရမယ့်အချက်တစ်ခုက သင်ချစ်ရသူဟာ စိတ်ဖတ်တတ်သူ မဟုတ်ပါဘူး။သူတို့က သင့်ကို အကောင်းဆုံးသိတဲ့သူ ဖြစ်နိုင်ပြီး သင့်စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းနိုင်ပေမယ့် ဘယ်တော့မှ အသေအချာ မသိနိုင်ပါဘူး၊ ဒါ့ကြောင့် ဆက်ဆံရေးမှာ အဆင်မပြေမှု တစ်ခုခုရှိနေရင် ကိုယ်က ဖွင့်ပြောမှသာ သူသိလိမ့်မယ်လို့ သိထားရပါမယ်။
၆။ တန်းတူညီမျှမှု
အရေးပါဆုံး relationship တန်ဖိုးတွေထဲမှ တစ်ခုက တန်းတူညီမျှ ဖြစ်ပါတယ်။တန်းတူညီတူရှိခြင်းဆိုတာက အတူတတကွ ဆုံးဖြတ်ချက်ချခြင်းပင်ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ့်ပါတနာရဲ့ သဘောထားက ကိုယ့်သဘောထားနဲ့ မကိုက်ညီရင်တောင် လက်ခံပေးတာမျိုးကို ဆိုလိုပါတယ်။ ၎င်းမှာ တာဝန်တွေ၊ ဝတ္တရားတွေ မျှဝေခြင်းတို့ ပါဝင်ပါတယ်။ ၎င်းမှာ ငွေကြေး၊ စိတ်ခံစားချက် တန်းတူညီမျှမှုတို့ပါဝင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်မှုအတွက် နေရာလွတ်မရှိပါဘူး။
equal relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် လွှမ်းမိုးတာမျိုး၊ နှိမ့်ချတာမျိုး မရှိပါဘူး။ နောက်လိုက်တွေ ၊ ခေါင်းဆောင်တွေ မရှိပါဘူး။ အဲဒီအစား သင်တို့နှစ်ယောက်ဟာ ပြစ်မှုကျူးလွန်ခြင်းမှာ တကယ့်လက်တွဲဖော်လို ဘဝမျိုးကို ချီတတ်ခဲ့ကြပါတယ်၊ ဒီခရီးကို ပခုံးချင်းယှဉ် လျှောက်သွားရင်း ဘယ်တော့မှ စွန့်ပစ်ဖို့ မရည်ရွယ်ဘဲ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားရင်း ဖြတ်သန်းသွားပါတယ်။

၇။ ရိုးသားမှု
ရိုးသားမှုရှိခြင်းက သင့်အချစ်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အခြေခံအားဖြင့် သင်ဟာ အစကတည်းက ကိုယ့်ရဲ့ စစ်မှန်မှုကို ပြသသင့်တယ်လို့ ဆိုလိုပါတယ်။ သင့်ရဲ့အရောင်အစစ်အမှန်တွေကို ထုတ်ဖော်ဖို့ မကြောက်ပါနဲ့။ ကိုယ်ဘာပဲလုပ်လုပ် တဖက်လူ ပိုသဘောကျဖို့သက်သက်နဲ့ ဟန်မဆောင်ဖို့ လိုအပ်ပါတယ်။သင့်ရဲ့အစစ်အမှန်က မကြာခင် (သို့) နောက်ပိုင်းမှာ ပေါ်လာပါလိမ့်မယ် ။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် အမြဲရိုးသားနေရပါမယ်။
ပထမတော့ ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်တဲ့ အဖြူရောင်မုသားပြောခြင်းဖြင့် သင့်အချစ်ရေးမှာ ကျေနပ်စရာတစ်ခုလို့ ထင်ကောင်းထင်နိုင်ပါတယ်။ သင်ဟာ အမှားလုပ်မိပြီး ဖုံးကွယ်ထားတဲ့အခါ ကိုယ်ချစ်ရသူရဲ့ နှလုံးသားကို ကြေကွဲမသွားအောင် ကာကွယ်ပေးနေတယ်လို့ ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ ဒီအလေ့အကျင့်က ဖုံးဖိထားရုံမှတပါး အခြားမရှိပါဘူး။ တစ်ခုတော့ သတိရပါ၊ အမှန်တရားက အမြဲတမ်းနည်းလမ်းရှာနေပါလိမ့်မယ်။ အမှန်တရားကို သိလာတဲ့တစ်နေ့မှာ သူတို့ ပိုနာကျင်ရမှာ ဖြစ်ပြီး သင့်အား ယုံကြည်မှု ပျောက်ဆုံးသွားနိုင်ပါတယ်။

၈။ ကတိသစ်စာ
ကတိသစ္စာက အများစုအတွက် relationship goal တစ်ခုဖြစ်ပေမယ့် လူတိုင်းမှာ ဖယ်ရှားလို့မရနိုင်တဲ့ စိတ်ခံစားမှု ဝန်ထုပ်ဝန်ပိုးတွေ အများကြီးရှိနိုင်ကြပြီး၊ သူတို့က ကိုယ်မထိန်းချုပ်နိုင်တဲ့ ကတိကဝတ်တွေကို ကြောက်ရွံ့ကြတာကြောင့် ဒါက လက်လှမ်းမီဖို့ ခက်ခဲပုံရပါတယ်။ သင့်နဲ့ သင်ချစ်ရသူနှစ်ယောက်လုံးက အပြည့်အဝ commit ဖို့ အဆင်သင့်မဖြစ်ဘူးဆိုရင် သင်တို့အချစ်ရေးက အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ ကတိကဝတ်က ဘာအဓိပ္ပာယ်လဲဆိုတာကို ရှင်းလင်းစွာ သိထားဖို့ လိုအပ်ပါတယ်။ committed ဖြစ်ဖို့အတွက်ဆိုရင် သင့်အချစ်ရေးကို စစ်မှန်တဲ့ relationship တစ်ခုအဖြစ် ကြော်ငြာဖို့ ၊ အဲ့ဒီပေါ်မှာ label ကပ်ဖို့ ၊ တစ်ယောက်နဲ့တစ်ယောက် ရည်းစားလို့ခေါ်ဖို့၊ လူမြင်ကွင်းမှာ စုံတွဲတွေလို ပြုမှုဖို့ လုံလောက်တယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ ဟုတ်ပါတယ်။ ကတိကဝတ်က ဒါတွေအားလုံးပါပဲ။
ပထမဆုံးအနေနဲ့ သင်တို့နှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝသစ္စာရှိဖို့ လိုပါတယ်။ နှစ်ယောက်စလုံးက လိုအပ်ရင် စွန့်လွှတ်အနစ်နာခံဖို့၊ ခွန်အားရှိသမျှ ဖြည့်ဆည်းပေးဖို့ ၁၀၀% အဆင်သင့်ဖြစ်သင့်ပါတယ်။ ဆိုလိုတာက သင်ဟာ ကိုယ့်ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး အတူတူဖြတ်သန်းဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဘယ်အရာကမှ ၊ ဘယ်သူကမှ သင့်ကို ခွဲထုတ်နိုင်မှာ မဟုတ်ပါဘူး။

၉။ အခစြျ
ဘဝက ဒဏ္ဍာရီပုံပြင်မဟုတ်သလို အချစ်က အပေါ်မှာ ပြောထားတဲ့ တန်ဖိုးတွေ မရှိရင် committed relationship ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့အတွက် ဘယ်သောအခါမှ မလုံလောက်ပါဘူး။ တစ်စုံတစ်ယောက်က သင့်ကို နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ပြီး ထပ်တူခံစားပေးနိုင်ပေမယ့် သင့်မှာ အလားတူ တန်ဖိုးတွေ မရှိရင် အရည်အသွေးကောင်းမွန်တဲ့ အချစ်ရေးကို တည်ဆောက်ဖို့ သင်စီမံနိုင်မှာ မဟုတ်ပါဘူး။ ဒီဆက်ဆံရေးတန်ဖိုးတွေက အချစ်ဆိုတဲ့ အရေးကြီးဆုံးတစ်ခုနဲ့ တွဲမချိတ်ထားရင် ဘာအဓိပ္ပာယ်မှ မရှိပါဘူး။
Lifestyle_Myanmar
LM_Nandar
Source-herway.