
Narcissists တွေဆိုတာက သင့်အခွင့်အရေးတွေကို လျစ်လျူရှုပြီး သင့်ဆီကနေ အချို့သော အကျိုးကျေးဇူးတွေကိုသာ ရယူလိုကြပါတယ်။ People-Pleasers တွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် လိုအပ်ချက်တွေကို ဘေးချိတ်ထားပြီး သင့်အား ကျေနပ်စေဖို့နဲ့ သင်အလိုရှိတဲ့အရာကို အချိန်တိုင်းပေးဆောင်ဖို့ တစ်ခုတည်းကိုသာ လိုလားကြပါတယ်။ တကယ်တော့ Narcissists (မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးသူ)နဲ့ People-Pleasers (လူကြိုက်အောင် နေတတ်သူ )တွေဟာ ထူးဆန်းတဲ့ ဆက်နွှယ်မှုတစ်ခုကို ဖုံးကွယ်ထားတတ်ကြပါတယ်။
Narcissistic တွေနှင့် people-pleaser တွေဟာ ပြောင်းပြန်ဖြစ်ပြီး ၊ တစ်ယောက်နဲ့တစ်ယောက်က တုံ့ပြန်ချက်ပေးလေ့ ရှိပါတယ်။ ကိစ္စအများစုမှာ people-pleaser တွေက narcissistic ရဲ့ သားကောင် ဖြစ်ပါတယ်။
Narcissists နဲ့ people-pleasers တှကေ ဘယျလို ဆကျစပျသလဲ?
စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခန်းတွေမှာ people-pleaser တွေ ပြည့်နှက်နေပေမယ့် narcissistic ကိုယ်ရေးအကျဉ်းရှိသူတစ်ယောက်ကတော့ အကူအညီတောင်းတာ ရှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ရဲ့အပြုအမှု(သို့) ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို မမြင်နိုင်တာကြောင့် ဖြစ်ပါတယ်။
People-pleaser တွေဟာ ယေဘုယျအားဖြင့် Self-esteem နည်းပါးပြီး အခြားသူတွေအတွက် သူတို့က အလုံအလောက်မကောင်းဘူးဆိုတဲ့ နာကျင်ခံစားရမှုတွေ ရှိပါတယ်။ ဒီလူတွေဟာသူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုရင်း တခြားသူကို ပျော်အောင်ထားဖို့ သူတို့ရဲ့ ထာဝရ လိုအပ်ချက်ကို အမြဲသတိမထားမိကြပါဘူး။

narcissistic မိသားစုတွေရဲ့ ကလေးတွေဟာ people-pleaser တွေအဖြစ် အဆုံးသတ်တတ်ကြပါတယ်
နယူးယောက် တက္ကသိုလ်မှပါမောက္ခ Elan Golomb က narcissistic စရိုက်ရှိသော မိဘတွေရဲ့ မိဘအုပ်ထိန်းမှု အကျိုးသက်ရောက်မှုတွေကို သုတေသနပြုခဲ့ကြပါတယ်။ Golomb က သူ့စာအုပ်မှာ narcissistic ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ သက်ရောက်မှုတစ်ခုက people-pleaser တစ်ယောက်အဖြစ် လူကြီးဖြစ်လာကြောင်း မှတ်သားထားပါတယ်။
Narcissistic မိဘတွေဟာ သူတို့ရဲ့လိုအပ်ချက်တွေကို သားသမီးတွေထက် အရင်ဦးစားပေးလေ့ရှိပါတယ်။ ကလေးတွေဟာ သူတို့ဆန္ဒတွေ၊ ထင်မြင်ယူဆချက်တွေနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို အနစ်နာခံပြီး နှုတ်ဆိတ်ဖို့ သင်ယူကြပါတယ်၊ ဒါက နှစ်ပေါင်းများစွာ ဆက်တည်ရှိနေတတ်ပါတယ်။
ဒီပတ်ဝန်းကျင်တွေမှာ အလွန်အမင်း ထိန်းချုပ်မှု စည်းမျဉ်းတွေ ။ ။ ကလေးတွေဟာ ဒီစံနှုန်းတွေကို မသိစိတ်ဖြင့် ရယူထားကြပါတယ်၊ ဒါ့ကြောင့် သူတို့ဟာ လက်ခံဖို့နဲ့ အသိအမှတ်ပြုဖို့ တစ်ခုတည်းသော နည်းလမ်းက ‘အခြားသူတွေ တောင်းဆိုသမျှကို လိုက်လျောခြင်း’လို့ စောစီးစွာ လက်ခံသွားကြပါတယ်။
အလားတူပဲ narcissistic မိသားစုတွေဟာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ၊ ဒေါသနဲ့ စိတ်ပျက်မှုကို ဖြစ်ပေါ်စေတဲ့ တစ်စုံတစ်ရာ ချို့တဲ့မှုတွေ အမြဲရှိပါတယ်။ ကလေးတွေဟာ ဒီအခြေအနေတွေကို ငြိမ်သက်စေဖို့ ကယ်တင်ရှင်တွေအဖြစ် လုပ်ဆောင်လာကြပါတယ်၊ မိဘတွေ ကျေနပ်ရင် အမြဲတမ်းပိုကောင်းမယ်ဆိုတာ သူတို့သိပါတယ်။
narcissistic မိသားစုဝင်တစ်ဦးရှိတဲ့ မိသားစုမှာ ကြီးပြင်းလာခြင်းက သူတို့အချစ်မခံရကြောင်း ယုံကြည်တဲ့ ကလေးတွေ ဖြစ်လာစေပါတယ်။ ဒါက သူတို့အား ချစ်ခြင်းမေတ္တာ (သို့) အသိအမှတ်ပြုမှုရဲ့ အသေးဆုံးအပိုင်းအစလေးတွေကိုတောင် ခံယူဖို့ တစ်ချို့အရာတွေကို ပြုလုပ်စေပါတယ်။ လူကြီးတွေ ဖြစ်လာတဲ့အထိ သူတို့ဟာ လူကြိုက်အောင်နေတတ်သူတွေ ဖြစ်လာကြပါတယ်။

Narcissist နဲ့ people-pleaser တို့က ထာဝရ ဆင်းရဲဒုက္ခရဲ့ နှောင်ကြိုးပါ
Narcissists နဲ့ people-pleaser တွေဟာ အချင်းချင်း ဆွဲဆောင်ပါတယ်။ သို့သော် ဒီချိတ်ဆက်ထားတဲ့ လင့်ခ်ဟာ အချုပ်အနှောင်ပုံစံနဲ့ လာပါတယ်။ တကယ်တော့ အချစ်ဆိုတဲ့ အမှီအခိုနဲ့ ဆင်းရဲဒုက္ခ ဖြစ်လာစေတဲ့ သော့ခလောက်တစ်ခုပါပဲ။ ဒီဆွဲဆောင်မှုပုံစံကို အောက်ပါအတိုင်း ရှင်းပြနိုင်ပါတယ်။
People-pleaser တွေဟာ narcissist တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ တခြားသူတွေရဲ့ ကယ်တင်ရှင်အဖြစ် မြင်ကြပါတယ်။ အမှန်က people-pleasers တွေဟာ သူတို့ကလေးဘဝမှာ သင်ယူခဲ့တဲ့ ပုံစံတွေကို ထပ်ခါတလဲလဲ လုပ်နေကြတာ ဖြစ်ပါတယ်။
narcissist တွေဟာ ဒီလို စရိုက်မျိုးရှိသူတစ်ယောက်ကို သူတို့အနားမှာရှိစေခြင်းဖြင့် တွန်းအားပေးတယ်၊ အားဖြည့်ပေးတယ်လို့ ခံစားရပါတယ်။ ဒီကျေးဇူးကြောင့် သူတို့ဟာ စွမ်းအား၊ အားဖြည့်မှု၊ လေးစားမှု၊ အာရုံစိုက်မှုနဲ့ ချီးမွန်းမှုတို့ကို ရရှိကြပါတယ်။
လူကြိုက်အောင် နေတတ်သူတွေရဲ့ self-esteem နိမ့်မှုက narcissistတွေအတွက် ပြီးပြည့်စုံတဲ့ ပစ်မှတ်တွေ ဖြစ်စေပါတယ်။ သူတို့ဟာ ခြယ်လှယ်ရတာလွယ်ပါတယ်။ narcissist တွေက လှည့်စားရာမှာ ကျွမ်းကျင်ကြပါတယ်။ တကယ်တော့ သူတို့ကို ပြီးပြည့်စုံတယ်လို့ မြင်လေ့ရှိတဲ့ people-pleaser တွေကို ချက်ချင်းနီးပါး ဖမ်းစားနိုင်ပါတယ်။
narcissists နဲ့ people-pleaser နှစ်ဦးစလုံးက ချစ်ခင်မှု လိုအပ်တတ်ပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်စလုံးက အချစ်ကိုတောင့်တနေကြတာပါ၊။ narcissist တွေက မြင့်မားတဲ့ ချို့ယွင်းချက်တွေကြောင့် သူတို့ရဲ့ အတ္တကို ကျားကန်ပေးဖို့ လိုအပ်တတ်ပါတယ်။ တဖက်ကကြည့်ရင် people-pleaser တွေဟာ သူတို့ဒဏ်ရာတွေကို ကုစားဖို့ လိုလားကြပါတယ်။ ဝမ်းနည်းစရာက ဒီ relationship တွေဟာ ရှင်သန်ခဲပြီး ပြိုကွဲသွားတတ်ကြပါတယ်။

narcissist နဲ့ people pleaser တွေဟာ သူတို့ဘဝမှာ ပျော်ရွှင်မှု (သို့) ပြည့်စုံမှု ခံစားရခဲတဲ့ ပုဂ္ဂိုလ်နှစ်မျိုးဖြစ်ပါတယ်။ Narcissists တွေဟာ သူတို့အပြုအမှုရဲ့ အန္တရာယ်ရှိသော သက်ရောက်မှုတွေကို သတိမပြုမိကြပါဘူး။ people pleasers တွေကတော့ စိတ်လုံခြုံတဲ့ ခံစားချက်တွေနဲ့ self-esteem ကျန်းမာမှုတွေလို ကိုယ့်ဆီမှာ ချို့တဲ့တဲ့ အရာတွေကို တခြားသူအား ပေးကမ်းဖို့ ကြိုးစားတာလောက် အန္တရာယ်များတာ မရှိဘူးဆိုတာ သဘောမပေါက်တတ်ကြပါဘူး။
Lifestyle_Myanmar
LM_Nandar
Source-exploringyourmind