သင့်ရဲ့ တစ်နေ့တာမှာ နွားနို့ကို ပုံစံမျိုးစုံနဲ့ ဘယ်လိုအသုံးပြုမလဲ?
lifestylemyanmar.com
|
2021-12-09

နွားနို့ကို မီးဖိုချောင်အပြင်ဘက်မှာ သုံးလို့ရတဲ့ နည်းလမ်းတွေကို ပြောပြချင်ပါတယ်။ အအေးကြောင့်ဖြစ်လာတဲ့ အနာတွေကို ကုသဖို့၊ သင့်ရဲ့ အသားအရေနှင့် ဖိနပ်တွေကို သန့်ရှင်းဖို့အထိ နွားနို့ဟာ နေရာတော်တော်များများမှာ အသုံးဝင်ပါတယ်။ ဘယ်နေရာတွေမှာ သုံးနိုင်မယ်ဆိုတာ အသေးစိတ်မျှဝေပေးပါ့မယ်နော်။

၁။ ငရုတ်သီးအပူလောင်တာတွေကို သက်သာစေဖို့ နွားနို့ကို သုံးပါ


မျက်လုံးနားတစ်ဝိုက်ကို နွားနို့နဲ့ ဆေးကြောခြင်းက အစပထမမှာ မှန်ကန်တယ်လို့ မထင်ရပေမယ့် မျက်လုံးယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ဥပမာ – ငရုတ်သီးထောင်းရင်း မျက်လုံးကို ငရုတ်သီးလွှင့်စင်ပြီး ပူလောင်လာတဲ့အခါ နွားနို့နဲ့ ဆေးကြောနိုင်ပါတယ်။ အကယ်၍ ရေနဲ့ဆေးမယ်ဆိုရင် ပိုပြီးနာကျင်စေနိုင်ပါတယ်။

၂။ ဓာတ်မြေဩဇာအဖြစ် နွားနို့ကို သုံးပါ


ဟိုအရင်ကာလတွေက နွားနို့ကို မြေဩဇာအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အကြောင်းရင်းတွေကတော့ အပင်ကြီးထွားမှုကို အထောက်အကူပြုပြီး နောက်တစ်ခုက ကယ်လ်စီယမ်ချို့တဲ့မှုကို ကာကွယ်ပေးတာာကြောင့် အပင်ပျက်စီးလွယ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

သန့်စင်တဲ့နွားနို့ကို အပင်အမြစ်အနားတစ်ဝိုက်မှာ တဖြည်းဖြည်းစိမ့်ဝင်သည်အထိ လောင်းချပေးပါ။ နွားနို့နဲ့ တစ်ခြားမြေဩဇာတွေနဲ့ ရောနှောခြင်းမရှိကြောင်း သေချာပါစေ။

၃။ နွားနို့က သင့်ဆံပင်တွေကို ဖြောင့်စင်းစေပါတယ်


နွားနို့တွေကို သင့်ဆံသားတွေအတွက် အသုံးပြုမယ်ဆိုရင် ဆံပင်ကြီးထွားရုံသာမက ပိုတောက်ပပြီး ပိုသန်မာစေပါတယ်။ တစ်ဆက်တည်းမှာပဲ ဆံသားတွေကို ဖြောင့်စင်းနေစေဖို့ ကူညီပေးပါတယ်။ ဆံပင်တွေကို နွားနို့တွေနဲ့ စိမ်ထားပြီး နောက်ပိုင်းမှာ အနံ့ဆိုးမထွက်စေဖို့ ရေဆေးချပါ။ ဒီအရာက လှိုင်းတွန့်ဆံပင်တွေကို ဆံပင်ဖြောင့်ဖို့ ကူညီနိုင်ပေမယ့် ဆံပင်ကောက်တာတွေကိုတော့ ဖြောင့်ပေးနိုင်မှာမဟုတ်ပါဘူး။

၄။ မိတ်ကပ်ဖျက်ရာမှာ နွားနို့ကို အသုံးပြုနိုင်ပါတယ်

နွားနို့ဟာ ဆံပင်အတွက်သာမက အသားအရေအတွက်လည်း အသုံးဝင်ပါတယ်. မိတ်ကပ်ဖျက်ခြင်းအတွက် ဓာတုပစ္စည်းတွေကို အသုံးပြုမယ့်အစား နို့ကို အသုံးပြုပါ။ သင့်မျက်နှာပေါ်မှာ နွားနို့နည်းနည်းကို လိမ်းပါ။ ပြီးတာနဲ့ ဂွမ်းလုံး (သို့) ရေဆေးအဝတ်နဲ့ ဆေးချပါ။ အကျိုးကျေးဇူးက ပရိုတင်းဓာတ်ပြည့်ဝမှုနှင့် အဆီတွေက သင့်အသားအရေကို အစိုဓာတ်ကို ထိန်းပေးထားတာကြောင့် ရေဓာတ်ပြည့်ဝနေပါလိမ့်မယ်။


၅။ အကောင်ပေါက်လေးတွေ ကိုက်လို့ ရောင်ရမ်းတာတွေကို သက်သာစေတယ်

နွားနို့မှာပါဝင်တဲ့ ပရိုတိန်းဓာတ်က ခြင်ကိုက်ခံရပြီးနောက် အသားအရေကို ချောမွေ့စေဖို့ ကူညီပေးပါလိမ့်မယ်။ သို့ပေမယ့် နို့ချည်းသီးသန့်မသုံးပါနဲ့။ ရေလေးနဲ့ ရောပြီး လက်ကိုင်ပဝါနဲ့ ဆွတ်ပြီး ရောင်နေတဲ့ အရေပြားပေါ်မှာ လိမ်းပါ။ နေလောင်တာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

၆။ သားရေကို သန့်ရှင်းရေးလုပ်ဖို့ နို့ကို သုံးနိုင်တယ်


သင့်ရဲ့ သားရေလက်ကိုင်အိတ်၊ သင့်အိမ်ဧည့်အိမ်းက ဆိုဖာတွေ၊ ရှူးဖိနပ်တွေအပေါ်က အညစ်အကြေးတွေကို သန့်ရှင်းဖို့ နွားနို့က ကူညီပေးပါလိမ့်မယ်။ ၎င်းက စျေးမကြီးသော ရွေးချယ်မှုတစ်ခုဖြစ်ပြီး ပစ္စည်းမှာရှိတဲ့ သဘာဝအဆီကိုလည်း ထိန်းပေးတာကြောင့် အလွန်ကောင်းမွန်ပါတယ်။ စွန်းထင်းနေတဲ့အညစ်အကြေးတွေကို သုတ်လိုက်တာနဲ့ နို့ရည်တွေမကျန်ခဲ့စေဖို့ တစ်ခြားအဝတ်ဖြင့် သေချာပြန်လည်ဆေးကြောပါ။

Lifestyle_Myanmar

Nyein_Thu

ref-brightsideme


#အသားအရေ
#မိတ်ကပ်
#ဖိနပ်
#အနာ
#နွားနို့

Some text some message..