ကမ္ဘာပေါ်က အကောင်းဆုံးအရာတွေထဲကတစ်ခုက လွတ်လပ်ပေါ့ပါးစွာ ရယ်မောခြင်းဖြစ်ပါတယ်။ ဒီအရာက သင့်ရဲ့ ဝမ်းနည်းမှုတွေကို လျော့ပါးစေပြီး သင့်ကို အသက်ရှင်စေပါတယ်။ ရယ်မောခြင်းက အကောင်းဆုံးဆေးတစ်လက်ဖြစ်ပါတယ်။
ကျွန်မတို့အားလုံးဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပူပင်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်နေကြပါတယ်။ စိတ်ဖိစီးမှုဟာ လူတိုင်းအတွက် ပုံစံမျိုးစုံရှိပါတယ်။ ညံ့ဖျင်းလွန်းတဲ့ အိပ်စက်ခြင်းအရည်အသွေး၊ အကြွေးတင်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ဆက်ဆံရေးနှင့် အလုပ်ဖိအားတွေကြောင့် စိတ်ဖိအားတွေရှိနိုင်ပါတယ်။ ကွဲပြားသွားတာက ဒီလိုဖိအားတွေအပေါ် လူတွေရဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဒီကနေပြောပြချင်တာက ဒီလိုဖိစီးမှုတွေကို လှိုက်လှိုက်လှဲလှဲရယ်မောခြင်းနဲ့ တုံ့ပြန်ဖို့ဖြစ်ပါတယ်။
၁။ ရယ်မေောခြင်းက သင့်နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပါတယ်
ကျွန်မတို့ရယ်မောလိုက်တဲ့အခါ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က နှလုံးသားတွေကို ပြေးလွှားစေမယ့် နက်နဲသော အသက်ရှူခြင်းကို ဖြစ်စေပါတယ်။ ဒီလိုအသက်ပြင်းပြင်းရှူခြင်းက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကိုယ် အောက်စီဂျင်ပိုရစေပြီး သွေးကြောတွေရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေပါတယ်။
၂။ သင့်ရဲ့ အိပ်စက်ခြင်းတွေကို ကူညီပေးပါတယ်
ရယ်မောခြင်းက သင့်ရဲ့ melatonin ထုတ်လုပ်မှုကို တိုးစေတယ်လို့ ဂျပန်သုတေသီတွေက ဆိုကြပါတယ်။ Melatonin က ညဘက်မှာ ကောင်းမွန်စွာအနားယူဖို့ ကူညီပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။
၃။ ရယ်မောခြင်းက သင့်ကို စွမ်းအင်တွေပေးတယ်
ရယ်မောခြင်းက အောက်စီဂျင်တွေကို ပိုရစေတာကြောင့် endorphin တွေကိုလည်း ထုတ်လွှတ်ပေးပါတယ်။ ဒါ့ကြောင့် ဒီအရာက သင့်ကို လျင်မြင်ထိရောက်သော စွမ်းအင်တွေကို ပေးစွမ်းနိုင်ပါတယ်။
၄။ ရယ်မောခြင်းက စိတ်ကျခြင်းကို တားဆီးပေးနိုင်ပါတယ်
သင်ရယ်မောတဲ့အခါ သင့်ဦးနှောက်က serotonin နှင့် dopamine ကို လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ ကျွန်မတို့ဦးနှောက်ရဲ့ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုတွေကို လုပ်ဆောင်ဖို့နှင့် ကျွန်မတို့ရဲ့ စိတ်ကို မြှင့်တင်ပေးကာ ကျွန်မတို့ရဲ့ အတွေ့အကြုံတွေကို ပျော်ရွှင်မှုတွေအဖြစ် ပြောင်းလဲစေပါတယ်။
ရယ်မောခြင်းဟာ စိတ်ဝိညာဉ်အတွက် အလွန်ကောင်းမွန်ပါတယ်။ သင့်ခန္ဓာကိုယ်၊ နှလုံးနှင့် စိုးရိမ်ပူပန်မှုတွေအတွက် ဆေးလိုမျိုးသာမကဘဲ အံ့ဩဖို့ကောင်းတဲ့ အိပ်စက်ခြင်းနှင့် စွမ်းအင်တွေရရှိဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာ မျက်နှာတွေကိုပါ ညောင်းသွားသည်အထိ ရယ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်အခွင့်အရေးပေးပါ။
Lifestyle_Myanmar
Nyein_Thu
ref-themindjournal
ရယ်မောခြင်းက ဘာလို့အကောင်းဆုံးဆေးတစ်လက်ဖြစ်ရတာလဲ?
ကမ်ဘာပေါ်က အကောင်းဆုံးအရာတွေထဲကတစ်ခုက လွတ်လပ်ပေါ့ပါးစွာ ရယ်မောခြင်းဖြစ်ပါတယ်။ ဒီအရာက သင့်ရဲ့ ဝမ်းနည်းမှုတွေကို လျော့ပါးစေပြီး သင့်ကို အသက်ရှင်စေပါတယ်။ ရယ်မောခြင်းက အကောင်းဆုံးဆေးတစ်လက်ဖြစ်ပါတယ်။
ကျွန်မတို့အားလုံးဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပူပင်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်နေကြပါတယ်။ စိတ်ဖိစီးမှုဟာ လူတိုင်းအတွက် ပုံစံမျိုးစုံရှိပါတယ်။ ညံ့ဖျင်းလွန်းတဲ့ အိပ်စက်ခြင်းအရည်အသွေး၊ အကြေွးတင်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ဆက်ဆံရေးနှင့် အလုပ်ဖိအားတွေကြောင့် စိတ်ဖိအားတွေရှိနိုင်ပါတယ်။ ကွဲပြားသွားတာက ဒီလိုဖိအားတွေအပေါ် လူတွေရဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဒီကနေပြောပြချင်တာက ဒီလိုဖိစီးမှုတွေကို လှိုက်လှိုက်လှဲလှဲရယ်မောခြင်းနဲ့ တုံ့ပြန်ဖို့ဖြစ်ပါတယ်။