ရည်းစားဟောင်းနဲ့ တစ်ရုံးတည်း အလုပ်လုပ်နေရရင် ပရော်ဖက်ရှင်နယ်ဆက်ဆံရေး ရှိဖို့နည်းလမ်း (၆)ချက်
lifestylemyanmar.com
|
2021-12-10

ရည်းစားဟောင်းနဲ့ ပရော်ဖက်ရှင်နယ်ဆက်ဆံရေးကို ထိန်းသိမ်းဖို့ နေနေသာသာ ရုံးမှာ နေ့တိုင်းမြင်နေရတာက အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် တစ်ကုဗလောက်ပဲ ဝေးနေတဲ့ ချစ်သူဟောင်းနှင့် ပတ်သတ်ပြီး စိတ်ပူနေချိန်မှာ နေ့တိုင်းအလုပ်သွားပြီး အလုပ်ပေါ်မှာ ဘယ်လို အာရုံစိုက်နိုင်မလဲ? အထူးသဖြင့် ခါးသီးစွာ လမ်းခွဲခဲ့ဖူးရင် တွေးမိလိုက်ရုံနဲ့တင် စိတ်ပူပင်မှုတွေ ပြင်းထန်လာမှာပါ။

အလုပ်ခွင် အချစ်ရေးကို အဆုံးသတ်ပြီးနောက် ပရော်ဖက်ရှင်နယ်ဆက်ဆံရေးတစ်ခုထားရှိဖို့ နည်းလမ်း (၆)ချက်

အများစုက အလုပ်တွဲလုပ်မယ့်သူနဲ့ ချိန်းတွေ့တာကို တားမြစ်ထားကြပါတယ်။ HR Daily Adviser မှာဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ ဝန်ထမ်း ၃၉ ရာခိုင်နှုန်းကျော်ဟာ သူတို့အလုပ်မှာ တစ်စုံတစ်ယောက်နဲ့ ချိန်းတွေ့ဖူးပါတယ်။ ခန့်မှန်းခြေအားဖြင့် ၃၀ရာခိုင်နှုန်းက လက်ထပ်သွားကြပါတယ်။ ကျန်တဲ့ ကိုးရာခိုင်နှုန်းကရော?

သူတို့ဟာ အတူတူ အလုပ်လုပ်ဖို့ (သို့) အခြားအလုပ်တစ်ခုကို ပြောင်းရွေ့ဖို့ သင်ယူရပါမယ်။ အလုပ်ခွင်ထဲမှာ လူတိုင်းက မျက်လုံးဒေါက်ထောင့်ကြည့်နေကြတဲ့အတွက် စစ်မှန်တဲ့ အချစ်ကို ရှာမတွေ့တဲ့ ကံဆိုးသူတွေထဲက တစ်ယောက်ဖြစ်နေရင် အခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိထားဖို့ လိုပါတယ်။ သင်ဟာ ရည်းစားဟောင်းနဲ့ လက်တွဲလုပ်ကိုင်နေရတဲ့ အခြေအနေမှာရှိနေရင် အရာရာအဆင်ပြေစေဖို့ ညွှန်ကြားချက်အနည်းငယ်လိုနိုင်ပါတယ်၊ ဒါတွေကတော့ သင့်အတွက် စဉ်းစားဖို့ အကြံပြုချက်တစ်ချို့ ဖြစ်ပါတယ်။

၁။ ပရော်ဖက်ရှင်နယ်ဆက်ဆံရေးကနေ ပါစင်နယ်သို့ ဖြတ်ကျော်တဲ့အခါ ဦးစားပေးမှု စောစောသတ်မှတ်ထားပါ

ရည်းစားဟောင်းနဲ့ အလုပ်တွဲလုပ်ရတဲ့အခါ ခက်ခဲတဲ့ စကားပြောဆိုမှုအချို့ ရှိတာက အကောင်းဆုံးဖြစ်မှာပါ။ လှိုင်းထနေတဲ့ ရေတွေမှာ သွားလာနေသလိုပဲ ဒီလိုအခြေအနေမျိုး မဝင်ခင်မှာ သက်တမ်း သတ်မှတ်ထားဖို့ လိုပါတယ်။ အလုပ်မှာ တစ်စုံတစ်ယောက်နဲ့ ပတ်သတ်လာရင် ပြိုင်ပွဲကို သရေပွဲအဖြစ် ရပ်လိုက်သင့်တာ ဘယ်လိုအရာတွေလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ လိုပါတယ်။ နှစ်ယောက်စလုံးက ကလေးလိုပြုမှုကြပြီး တစ်ယောက်နဲ့တစ်ယောက် ခါးသီးနေတယ်ဆိုရင် အလုပ်မှာ တခြားသူတွေကို စိတ်မသက်မသာ ဖြစ်စေမယ့် အနေအထားမျိုး ဖြစ်စေပါတယ်။

ပရော်ဖက်ရှင်နယ်ဆန်မှုကို ထိန်းသိမ်းပြီး သူတို့ကို တခြားသူတွေလိုပဲ ဆက်ဆံပါ။ သဘောထားကွဲလွဲမှုတွေကို အလုပ်ချိန်ပြင်ပမှာ သင်ကိုင်တွယ်ဖြေရှင်းနိုင်ပေမယ့် ဒီအရာတွေကို အလုပ်ထဲသို့ မယူသွားပါနဲ့။ ဒီအချက်က ပြဿနာများစွာကို ဖြစ်စေတာကြောင့် အချို့သောကုမ္ပဏီတွေက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အချစ်ရေးမှာ ပါဝင်ပတ်သတ်ခြင်းမပြုဖို့ တားမြစ်ထားရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။


၂။ အလုပ်ပေါ်မှာ အာရုံစိုက်ပါ

ကိုယ့်ကိုယ်ကို ပံ့ပိုးဖို့ ငွေရအောင် အလုပ်သွားတာပါ။ ဒါ့ကြောင့် ငါဒီနေရာမှာ ဘာကြောင့်ရှိနေလဲဆိုတာကို သတိရဖို့ လိုအပ်ပါတယ်။ အလုပ်က အသက်မွေးဝမ်းကြောင်းပြုရမယ့် အနေအထားတစ်ခုပါ။ ပရော်ဖက်ရှင်နယ် ဆက်ဆံရေးကို ထိန်းသိမ်းဖို့မှာ မလွယ်ကူသော်လည်း သင်ကိုယ့်သင် အလုပ်မှာ ခြေစုံပစ်ဝင်ခြင်းဖြင့် အရာရာကို ရိုးရှင်းအောင် ပြုလုပ်နိုင်ပါတယ်။

အလုပ်မှာ စိတ်ခံစားချက်တွေကို ပိုင်းခြားထားနိုင်ရင် အကူအညီဖြစ်ပါလိမ့်မယ်။ ပြီးတော့ အလုပ်စွမ်းဆောင်ရည်ကို လျစ်လျူရှုထားပါက စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရနိုင်တဲ့ အချက်ကို သတိရပါ။ လုပ်ငန်းခွင်က ပြိုင်ဆိုင်မှုရှိတဲ့အချက်ကို ဘယ်တော့မှ မျက်ခြေမပြတ်ဘဲ သင့်ဂိမ်းရဲ့ ထိပ်ဆုံးမှာ ရှိနေဖို့ လိုအပ်ပါတယ်။ နှလုံးသားက ဖာထေးလို့ရမှာ ဖြစ်သလို အသက်ရှင်ဖို့အတွက် ငွေရှာဖို့ လိုပါသေးတယ်။


၃။ ဒရာမာနဲ့ ဝေးဝေးနေပါ

သင့်ရုံးဖော်တွေက လမ်းခွဲခြင်းကဲ့သို့သော ပျစ်ပျစ်နှစ်နှစ်ရှိတဲ့ အရာတစ်ခုကို မျက်မြင်တွေ့ရတဲ့အခါ မညှာမတာ အတင်းအဖျင်းပြောကြမှာ သေချာပါတယ်။ သို့သော် ပရော်ဖက်ရှင်နယ်ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ သော့ချက်တစ်ခုက ထိုသို့သော ဂိမ်းတွေထဲကို ဆွဲငင်မခံရဖို့ပါ။ သင့်ဆက်ဆံရေးကို ဆွေးနွေးဖို့ လိုအပ်ရင် ပုံမှန်အလုပ်ချိန်နောက်ပိုင်းမှ ပြုလုပ်ပါ။

အလုပ်နဲ့ ပတ်သတ်တဲ့ လူမှုဆက်ဆံရေးတွေမှာ တခြားလူကို သတိထားပါ။ အချင်းချင်း လေးစားမှုပြသတဲ့ guideline တွေကို လိုက်နာရပါမယ်။ အရေးကြီးဆုံးအရာတစ်ခုက သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြေအနေ (သို့) လမ်းခွဲမှုကို ဘယ်တော့မှ မဆွေးနွေးပါနဲ့။ သင်ဟာ အဲဒီလုပ်ဖော်ကိုင်ဖက်ကို နှစ်ဖက်ရွေးချယ်ရမယ်လို့ ခံစားရတဲ့ အနေအထားမျိုးမှာ ထားချင်မှာ မဟုတ်ပါဘူး။


၄။ လုပ်ငန်းခွင် ဆက်ဆံရေးတိုင်းမှာ ပရော်ဖက်ရှင်နယ်ဆန်ပါစေ

လေးစားမှုဆိုတာ အဓိပ္ပာယ်ကျယ်ဝန်းတဲ့ စကားလုံးလေးပါ။ ရည်းစားဟောင်းနဲ့ တွဲလုပ်ရတာ မလွယ်ပေမယ့် အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။ သင့်ရဲ့ အသက်မွေးဝမ်းကျောင်းမှာ အများကြီး ရင်းနှီးမြှုပ်နှံထားရရင် ပျက်ယွင်းသွားတဲ့ ဆက်ဆံရေးကြောင့် အလုပ်ကို ဆုံးရှုံးချင်မှာ မဟုတ်ပါဘူး။

လမ်းခွဲခြင်းနဲ့ ပတ်သတ်လို့ သင်ဟာ မှန်ကန်တဲ့သူတစ်ယောက် ဖြစ်နိုင်ပေမယ့် ကိုယ်ရေးကိုယ်တာ ဒရာမာတွေကို ယူဆောင်လာခြင်းက အလုပ်မှာ နာမည်ပျက်သွားနိုင်ပါတယ်၊ အဲဒီအကြောင်းမပြောရင် သင့်ခံစားချက်တွေကို လိုခါထုတ်သုံးဖို့ အရန်သင့်မထားပါနဲ့။ အလုပ်ပေါ်မှာ အာရုံစိုက်ပါ။ သင့်က သင်ဟာ စုံတွဲတစ်တွဲ ဖြစ်ခဲ့တယ်ဆိုတာကို လုပ်ဖော်ကိုင်ဖက်တွေ မကြာခင်မှာ မေ့သွားပါလိမ့်မယ်။ အသက်မွေးဝမ်းကြောင်းတစ်ခု တည်ဆောက်ဖို့ တစ်သက်လုံး အချိန်ယူရနိုင်သော်လည်း ငါးမိနစ်အတွင်းမှာ ပျက်ဆီးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ ရည်းစားဟောင်း ဟုတ်ဟုတ်/မဟုတ်ဟုတ် အလုပ်မှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အတင်းအဖျင်း (သို့) မကောင်းတာ မပြောမိပါစေနဲ့။


၅။ အွန်လိုင်း ဆက်သွယ်ပြောဆိုတာမျိုးကို ရှောင်ပါ

ကုမ္ပဏီအများစုမှာ အွန်လိုင်းနဲ့ အော့ဖ်လိုင်းနှစ်ခုလုံး ပြောဆိုဆက်သွယ်ဖို့ နည်းလမ်းတွေ ရှိကြပါတယ်၊ သို့သော်လည်း လူတွေဟာ သူတို့ရဲ့မကျေနပ်ချက်တွေကို ဖေ့ဘွတ်ခ်လို ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်ရမှ ပိုလွတ်လပ်တယ်၊ နေသာထိုင်သာရှိသွားတယ်လို့ ခံစားရတတ်ပါတယ်။ ဒါက အကြောင်းရင်းအမျိုးမျိုးအတွက် မကောင်းတဲ့ အကြံစည်တစ်ခုဖြစ်ပြီး အဓိကအားဖြင့် သင့်နောက်ကို လိုက်နိုင်တဲ့ ဒစ်ဂျစ်တယ်မှတ်တမ်းတစ်ခုကို ဖန်တီးတာကြောင့် ဖြစ်ပါတယ်။

ထို့အပြင် အလုပ်ခွင်မှာ ကိုယ့်အထုတ်ကိုယ်ဖြေတာမျိုးက အခြားသူတွေအတွက် ရန်လိုသော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးနေပါတယ်။ ရည်းစားဟောင်းနဲ့ တွဲလုပ်ရတာ ဘယ်တော့မှ မလွယ်ပေမယ့် တခြားသူတွေကတော့ အပြစ်ကင်းတဲ့ ပွဲကြည့်ပရိတ်သတ်တွေပါ။ ပရော်ဖက်ရှင်နယ် ဆက်ဆံရေးကို ထိန်းသိမ်းဖို့ သတိရရင် ဒါက အထောက်အကူဖြစ်ပါလိမ့်မယ်။


၆။ လမ်းခွဲပြီးနောက် ပရော်ဖက်ရှင်နယ်ဆက်ဆံရေးမှာ မြင့်တဲ့လမ်းကို အမြဲတမ်းယူပါ

ကိုယ်က ရည်းစားဟောင်းကို ထိန်းချုပ်လို့မရနိုင်တာကြောင့် အချင်းချင်း ပြောဆိုဆက်ဆံရခြင်းက စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပြီး သူတို့ကို သင်မထိန်းချုပ်နိုင်ပါဘူး။ အမြဲတမ်း မြင့်တဲ့လမ်းကို လျှောက်ရပါမယ်။ တစ်စုံတစ်ယောက်က သင်နှင့်ပတ်သတ်ပြီး သင့်ရည်းစားဟောင်းအကြောင်း မကောင်းတဲ့အရာကို ထပ်ခါတလဲလဲပြောတဲ့အခါ အကောင်းမြင်စိတ်ဖြင့် တန်ပြန်ပါ။

ရုံးအတင်းအဖျင်းတွေ သေစေဖို့အတွက် အမြန်ဆုံးနည်းလမ်းက အဲဒီအဆိုးမြင်မှုတွေကို တိုက်ဖျက်ဖို့ပါပဲ။ အတင်းအဖျင်းပြောသူတွေကတော့ အတင်းအဖျင်း ပျစ်ပျစ်နှစ်နှစ်ပြောရတာကို လိုချင်ကြမှာပါ။ ဒီတော့ သူတို့ရှေ့မှာ ကိုယ့်ရည်းစားဟောင်းအကြောင်း တစ်ခုခုပြောမယ်ဆိုရင် ကောင်းတဲ့အရာတွေပဲ ပြောပါ။


သင့်ရဲ့ Professional Relationship ကို ရုံးအချစ်ဇာတ်လမ်းနဲ့ သီးခြားခွဲထားဖို့ လမ်းညွှန်ချက်များ

ဒေါက်တာ Jane Greer က ရုံးအချစ်ဇာတ်လမ်းနဲ့ ပတ်သတ်တဲ့ Psychology Today မှာဆောင်းပါးတစ်ပုဒ်တင်ခဲ့ပါတယ်၊ အလုပ်မှာ တစ်စုံတစ်ယောက်နဲ့ ပတ်သတ်ပါက အောက်ပါ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အကြံပြုထားပါတယ်။

သင့်အလုပ်ခွင်မှာ ချစ်သူမထားခင် နှစ်ကြိမ်စဉ်းစားပါ

အမြဲတမ်း ထွက်ပေါက် အစီအစဉ်ရှိပါစေ။

လုပ်ငန်းခွင်တစ်ခုလုံး မပါဝင်နိုင်အောင် သိုသိပ်မှုရှိပါ။

သင့်ခံစားချက်တွေကို အလုပ်လမ်းကြောင်းထဲသို့ ဘယ်တော့မှ မရောက်ပါစေနဲ့။

အချစ် (သို့) ပိုက်ဆံနဲ့ပတ်သတ်တဲ့ ဥပဒေကို ဘယ်တော့မှ မချိုးဖောက်ပါနဲ့။

အလုပ်မှာ ချစ်သူမထားမိခင် ဝန်ထမ်းအချင်းချင်း မချိန်းတွေ့ရဘူးဆိုတဲ့ မူဝါဒရှိ/မရှိ စစ်ဆေးပါ။


လမ်းခွဲခြင်းက ခါးသီးတယ်ဆိုရင် အခြားရာထူး (သို့) အလုပ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းက အကျိုးရှိပါလိမ့်မယ်။ လမ်းခွဲခြင်းကို လူတိုင်းက အလားတူ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ သို့သော် အမှန်တရားက အချို့သောသူတွေဟာ ယုတ်မာကြတယ်၊ အာဃာတကြီးကြပါတယ်။ မှားယွင်းတဲ့ ဆက်ဆံရေးတစ်ခုကြောင့် သင့်ရဲ့ပရော်ဖက်ရှင်နယ် ရပ်တည်မှုကို မထိခိုက်စေချင်ပါဘူး။

Lifestyle_Myanmar

LM_Nandar

Source-powerofpositivity.


#ဖက်ရှင်
#လမ်းခွဲ
#ရည်းစား
#ရည်းစားဟောင်း
#ချစ်သူ

Some text some message..