
ကောင်မလေးကို မနာလိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သိချင်ပါသလား?
အမှန်တကယ်တော့ မနာလိုသဝန်တိုတယ်ဆိုတာက အမြဲတမ်းမကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ သဝန်တိုတတ်တဲ့ကောင်မလေးတွေဟာ ဂရုစိုက်သူတွေဖြစ်နေကြပြီး သင့်ကို သူတို့ဂရုစိုက်သေးရဲ့လားဆိုတာမျိုး သိချင်တဲ့အခါမှာ ဒီလိုနည်းလေးတွေနဲ့ စမ်းသပ်နိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံစနောက်တာမျိုးနဲ့ ဒီလိုနည်းလမ်းတွေကို အသုံးချပြီး လှည့်စားတာမျိုး မလုပ်ပါနဲ့။ အိုကေ ကိုယ့်ရဲ့ ချစ်သူကောင်မလေးကို ဘယ်လိုမျိုး သဝန်တိုအောင် စနောက်ကြမလဲ?
၁။ သူမကို ပြည့်ပြည့်ဝဝအာရုံစိုက်ပြီး ခဏလောက်ခပ်ဝေးဝေးမှာထားပါ

သူမကို သင့်ဘဝရဲ့ ဘုရင်မလိုဆက်ဆံပြီးကာမှ ချက်ချင်း သူမကို ပုံမှန်ဂရုစိုက်ခြင်းကို ရပ်လိုက်ပါ။ ဒါပေမယ့် အရမ်းသိသိသာသာကြီးမဖြစ်ပါစေနဲ့။ သူမသတိထားမိပါလိမ့်မယ်။ သူမကို ခေါင်းထဲမှာ အတွေးမျိုးစုံ၊ သံသယမျိုးစုံဖြစ်စေဖို့ ကြိုးစားပါ။ တစ်ခြားတစ်ယောက်တွေ့နေသလား? သူ့ကို ဂရုမစိုက်တော့ဘူးလား? ဘာလို့ အချိုးတွေပြောင်းသွားတာလဲ?စသဖြင့် အတွေးပေါင်းစုံဝင်စေမယ့် ပြောင်းလဲမှုတစ်ခုလုပ်ကြည့်ပါ။
ဒီနေရာမှာ ကိုယ့်ကောင်မလေးရဲ့ အကျင့်စရိုက်တွေကို သိထားဖို့လိုပြီး အခြေအနေအရ လှုပ်ရှားရမှာပါ။
၂။ သူမရဲ့ အရှေ့မှာ တစ်ခြားအမျိုးသမီးတွေကို ချီးကျူးပေးပါ

ဒီအချက်က အလွယ်ဆုံးနဲ့ အန္တရာယ်အကင်းဆုံးလို့ ပြောရမလား? သင့်ရှေ့မှာ သင့်ကောင်မလေးရှိနေစဉ် တစ်ခြားမိန်းကလေးတွေကို ချီးကျူးပါ။ ဒါမှမဟုတ် မိန်းကလေးရဲ့ သူငယ်ချင်းတွေကို ချီးမွမ်းပါ။ ဒါပေမယ့် အသေးစိတ်မကျဖို့တော့ အင်မတန်အရေးကြီးပါတယ်။ မဟုတ်ရင် ပြဿနာတွေပိုကြီးလာနိုင်ပါတယ်။
သူမရဲ့ သူငယ်ချင်းဆံပင်ပုံစံပြောင်းလဲသွားတာမျိုးကို သတိထားမိသလိုမျိုး (သို့) လမ်းပေါ်မှာ လမ်းလျှာက်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ထူးခြားပုံကို မှတ်ချက်ပါ။ သင့်ဘေးမှာ ကျွဲမျက်စောင်းနဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရပါလိမ့်မယ်။ သင်ချက်ချင်း ထပြီး တီးခံချင်လည်း ခံရနိုင်ပါတယ်။
၃။ သင့်ရဲ့ ex အကြောင်း စနောက်ပါ

ဥပမာ – သင့် ex နဲ့ ပေါ့ပေါ့ပါးပါး စာပို့ပြီး သူငယ်ချင်းပြန်လုပ်ဖို့ စဉ်းစားထားကြောင်း သင့်ကောင်မလေးကို ပြောပြပါ။ သင့်ရဲ့ အသုံးအနှုန်းကို သတိထားပါ။ အဓိကက သင့်ကောင်မလေးက သင့်ကို သင့်ex ပေါ်မှာ စိတ်ရှိနေသေးတာလားဆိုတဲ့ သံသယဝင်စေရုံသက်သက်ပါပဲ။ လိုအပ်တာထက် ပိုဖျက်ဆီးမိတာမျိုး မဖြစ်ပါစေနဲ့။
သင်ဟာ လက်ရှိကာင်မလေးကို အမှန်တကယ်ချစ်တယ်ဆိုတဲ့ အချက်ကို အချိန်တိုင်း မှတ်ထားပါ။ သူမကို နာကျင်စေတာမျိုးအထိ မလုပ်ပါနဲ့။
၄။ သူမဆီကနေ တဖြည်းဖြည်းထွက်ခွာကြည့်ပါ
ဥပမာ – သင့်ရဲ့ ဆိုရှယ်မီဒီယာပိုစ့်တွေမှာ သူမကို ဖယ်ထုတ်ပါ။ သင်တို့ အုပ်စုလိုက်အပြင်ထွက်တဲ့အခါ သူမကို ချန်ခဲ့ပါ။ သူမကို ချန်ခဲ့ကြောင့် သူမသတိထားမိပါစေ။ သူမအနေနဲ့ မေးခွန်းထုတ်ဖို့ လုံလောက်အထိပဲ လုပ်ပါ။ သူမကို ရူးသွပ်စေတာမျိုးအထိတော့ မလုပ်ပါနဲ့။
သူမရဲ့ ခန္ဓာကိုယ်ဘာသာစကားကို ဂရုစိုက်ပါ။ သူမရဲ့ သဝန်တိုမှုတွေက ခန္ဓာကိုယ်ဘာသာစကားကနေလည်း ဖြစ်နိုင်ပါတယ်။
၅။ သူမရဲ့ စာသားမက်ဆေ့ချ်တွေကို ချက်ချင်းစာမပြန်ပါနဲ့

လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းစာမပြန်တဲ့အခါ ရောက်လေရာရာတွေးတတ်တာက မိန်းကလေးတွေရဲ့ အကျင့်ပါပဲ။ ချက်ချင်းတော့ သူတို့စိတ်ဆိုးပါလိမ့်မယ်။ ကြာလာတဲ့အခါ စိုးရိမ်ပူပန်လာပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ့အခြေအနေအထိ ပစ်မထားပါနဲ့။
၆။ နှစ်ယောက်အတူ စီစဉ်ထားတဲ့ အစီအစဉ်တွေကို မေ့ဟန်ဆောင်ပါ

ဒါပေမယ့် နှစ်ပတ်လည်နေ့တွေကိုတော့ မလုပ်ပါနဲ့။ သာမန် ချိန်းထားတဲ့ နေ့ရက်တွေထဲကပဲ ရွေးချယ်ပါ။ ပြီးတာနဲ့ ဒီလိုနေ့ရက်မှာ ဒီလိုဖြစ်သွားတဲ့အတွက် နောက်နေ့ပြန်ချိန်းပါ။ ဒီနေ့ကတော့ စနောက်ရမယ့်နေ့မဟုတ်ပါဘူး။
၇။ သင့်ရဲ့ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ
ရည်းစားရှိသွားလို့ သူငယ်ချင်းတွေနဲ့ မဆက်သွယ်ရတော့ဘူးဆိုတာက မဖြစ်သင့်ပါဘူး။ ပုံမှန်အဆက်အသွယ်ရှိသင့်ပါတယ်။ ခုဆိုလိုတာက ပုံမှန်ထက် ကြာကြာအချိန်ဖြုန်းဖို့ပါ။ အဓိကအချက်က သူမ မနာလိုသဝန်တိုစေဖို့ဖြစ်ပြီး သင်နောင်တရနိုင်မယ့်လောက်အထိ မလုပ်မိပါစေနဲ့။
အိုကေ…။ စမ်းသပ်စရာ၊ စနောက်စရာအချက်အလက်တော်တော်များများလည်း သိသွားပြီမို့ ဒီလောက်ပါပဲ။ အချက်အလက်အတိုင်းမှာ ပြောခဲ့သလိုပဲ အလွန်အကျွံမဖြစ်ပါစေနဲ့။ ဒီအရာက တစ်ခုတော့လည်း ကောင်းပါတယ်။ စိတ်မပါတော့တဲ့ ဆက်ဆံရေးတစ်ခုကို ရှင်းလင်းသွားစေမယ့် နည်းလမ်းတွေလည်း ဖြစ်နိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-herway
Lifestyle_Myanmar
Nyein_Thu
ref-herway