သင့်ရဲ့Ex အကြောင်း အိပ်မက်မက်တာက ဘာကြောင့်ဖြစ်နိုင်သလဲ?
lifestylemyanmar.com
|
2021-12-16

လူအများစုက ရည်းစားဟောင်းအကြောင်း အိပ်မက်မက်လေ့ရှိကြပါတယ်။ အများစုက ဒါကို ထူးထူးခြားခြား အိပ်မက်တစ်ခုလို့ ယုံကြည်ကြပြီး ထပ်ခါတလဲလဲ တွေ့ကြုံရဦးမှာကိုတောင် စိုးရိမ်တတ်ကြပါတယ်။ သုတေသီတွေရဲ့ အဆိုအရ ၁၇% မှ ၃၅% အကြားရှိ လူတွေဟာ သူတို့ရဲ့ လက်တွဲဖော်ဟောင်းနဲ့ ပတ်သတ်လို့ အိပ်မက် မက်လေ့ရှိကြပါတယ်။

ဒီအိပ်မက်အမျိုးအစား အများစုဟာ ယခင်ပါတနာနဲ့ သက်ဆိုင်သော်လည်း သူတို့က သင့်ဘဝမှာ အတူရှိဖူးသူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ သင့်ရည်းစားဟောင်းအကြောင်း မကြာခဏ အိပ်မက်မက်နေရင် ကန့်လန့်ကာနောက်ကွယ်မှာ ပုန်းအောင်းနေနိုင်တဲ့ ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ် ခြောက်ချက်ကို ဖော်ပြပေးလိုပါတယ်။

ရည်းစားဟောင်းအကြောင်း ဘာ့ကြောင့် အိပ်မက်မက်ရတာလဲ?

ကျွန်တော်တို့ဟာ အတိတ်မှာ ဆက်ဆံရေးကို မြှုပ်နှံထားလေ့ရှိပြီး သူတို့ကို မမှတ်မိချင်ပါဘူး။ အချစ်သစ်မှာ ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရည်းစားဟောင်းအကြောင်း အိပ်မက်မက်ခြင်းက အနည်းငယ်စိတ်ရှုပ်စရာ ဖြစ်နိုင်ပါတယ်။ ဒီလိုအိပ်မက်မျိုးက လက်တွေ့ဘဝမှာ ဘယ်လို အဓိပ္ပာယ်ရှိနိုင်လဲဆိုတာ ကြည့်ရအောင်။

၁။ အတူတူဖြတ်သန်းခဲ့တဲ့အချိန်တွေကို တောင့်တလို့ ရည်းစားဟောင်းအကြောင်း အိပ်မက်မက်ပါတယ်

ဟုတ်ပါတယ်၊ သင့်ရည်းစားဟောင်းကို အိပ်မက်မက်ခြင်းရဲ့ ပထမဆုံးအဓိပ္ပာယ်က သင်တို့နှစ်ယောက်စလုံးရဲ့ အတိတ်မှာ ပျော်ခဲ့ရတဲ့ အချိန်တွေနဲ့ ဆက်စပ်နေပါတယ်။ သူတို့ကို သတိတရ မှတ်မိသည်ဖြစ်စေ၊ မမှတ်မိသည်ဖြစ်စေ ဒီအခိုက်အတန့်တွေက ရှိနေဆဲဖြစ်ပြီး မမျှော်လင့်ဘဲ ပေါ်လာနိုင်ပါတယ်။

အများအားဖြင့် တွေ့ကြုံနေကျ အတွေ့အကြုံတစ်ခုကို မှတ်မိစေဖို့ ပြင်ပလှုံ့ဆော်မှုတစ်ခု လိုအပ်ပါတယ်။ အရောင်တစ်ရောင် ၊အနံ့တစ်နံ့၊ ရုပ်ပုံတစ်ပုံ၊ အရသာ (သို့) ပြင်ပလှုံ့ဆော်မှုတစ်ခုခုက အတိတ်မှ မှတ်ဉာဏ်ကို မသိစိတ်ဖြင့် နိုးကြားစေနိုင်ပါတယ်။ သင့်အနေနဲ့ ဒါကို အိပ်မက်ထဲမှာ အကောင်အထည်ဖော်နိုင်ပါတယ်။


၂။ လက်ရှိမှာ အထီးကျန်နေလို့ပါ

အထီးကျန်တယ်လို့ ခံစားရရင် ရည်းစားဟောင်းနဲ့ တွေ့ကြုံခဲ့ရတဲ့ ကြည်နူးစရာ အခိုက်အတန့်တွေကို သတိရနိုင်ပါတယ်။ အစမှာ ကျွန်မတို့ ကိုးကားခဲ့တဲ့ သုတေသနပြုချက်တွေအရ လူသုံးပုံတစ်ပုံကျော်ဟာ သူတို့ရဲ့ ပါတနာတွေနဲ့ ပတ်သတ်လို့ မကြာခဏ အိမ်မက်မက်လေ့ရှိကြောင်း ဖော်ပြထားပါတယ်။ သင်ဟာ လက်ရှိ single ဖြစ်နေရင် သင့်ရဲ့ အရင်က ပါတနာကို အိပ်မက်မက်ခြင်းက သဘာဝကျပါတယ်။ ဆိုးရွားတဲ့ အချိန်တွေကလွဲလို့ ဘယ် relationship မဆို ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို သင်အမြဲတမ်း ကယ်တင်နိုင်ပါတယ်။


၃။ သင့်မှာ လက်တွဲဖော်ဟောင်းနဲ့ ပတ်သတ်လို့ မဖြေရှင်းနိုင်တဲ့ ခံစားချက်တွေရှိပါတယ်

ဒါက အတွေ့အကြုံများစွာနဲ့ ကိုက်ညီတဲ့ သင့်ရဲ့ပါတနာဟောင်းအကြောင်း အိပ်မက်မက်ခြင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေထဲက တစ်ခုပါ။ မဖြေရှင်းနိုင်တဲ့ ခံစားချက်တွေဖြင့် ကျွန်မတို့ဟာ relationship သံသရာကို ပိတ်ခြင်းကနေ တားဆီးနေတဲ့ အရာအားလုံးကို ရည်ညွှန်းပါတယ်။ သူတို့က အောက်ဖော်ပြပါအချက်တွေ ဖြစ်နိုင်ပါတယ်။

relationship ပြီးဆုံးပြီးချိန်မှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရှိခဲ့လို့

သင့်ရဲ့လက်တွဲဖော်ဟောင်းကို ပြောစရာတွေ ကျန်ပါသေးတာ

တခါမှ မဆွေးနွေးဖူးတဲ့ အတွင်းရေးပြဿနာတွေ ရှိခဲ့တာ

ဆက်ဆံရေးက အဆိုးဆုံးနည်းလမ်းနဲ့ အဆုံးသတ်ခဲ့တာ

ရှင်းပြချက်တွေကို အကြွေးတင်နေသေးတယ်လို့ ခံစားရတာ

သူတို့မှာ သင်ပိုင်ဆိုင်တဲ့အရာတွေ ရှိနေသေးတာ

အထက်ဖော်ပြပါအချက်တွေက သင့်အား မသိစိတ်မှာ အနှောက်အယှက်ဖြစ်စေနိုင်ပြီး ရည်းစားဟောင်းကို အိပ်မက်မက်စေမယ့် ပဋိပက္ခတွေရဲ့ နမူနာအချို့မျှသာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ နိုးနိုးကြားကြားရှိချိန်သာမက အနားယူချိန်မှာလည်း သင့်ကို နာကျင်စေပါတယ်။ အဲဒါ့ကြောင် သင့်ရဲ့ရည်းစားဟောင်းအကြောင်း အိပ်မက်မက်နိုင်ပါတယ်။


၄။ လိင်ပိုင်းဆိုင်ရာ (သို့) စိတ်ခံစားမှု ဆန္ဒတွေ ရှိနေတာ

သင့်ရည်းစားဟောင်းအကြောင်း အိပ်မက်မက်ခြင်းအတွက် ဖြစ်နိုင်ခြေရှိတဲ့ နောက်ထပ်ရှင်းပြချက်တစ်ခုက သင်ဟာ သူတို့အတွက် လိင်ပိုင်းဆိုင်ရာ (သို့) စိတ်ခံစားမှုဆိုင်ရာ အလိုဆန္ဒတွေ ရှိနေခြင်းပင်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ Relationship ကို ပြန်စဖို့ စိတ်မဝင်စားဘဲ နေပါစေ။ ဒါက ဆက်ရှိနေနိုင်ပါတယ်။ အခြားလေ့လာမှုတွေက ရည်းစားဟောင်းအကြောင်း အိပ်မက်မက်ခြင်းက သင့်ရဲ့ လက်ရှိ ဆက်ဆံရေးက အရမ်းမကြာသေးတဲ့အချိန် (သို့) သူတို့အပေါ် ယေဘုယျ မကျေနပ်မှု ခံစားရတဲ့အခါမှာ ပိုဖြစ်နိုင်ချေရှိပါတယ်။ ဒီအတွေ့အကြုံတွေက ထူးထူးခြားခြားမဟုတ်ပေမယ့် အတော်လေး ဆန့်ကျင်ဘက်ပါပဲ။ ပျမ်းမျှအားဖြင့် အမျိုးသားတွေဟာ သူတို့ပါတနာဟောင်းတွေနဲ့ လိင်မှုဆိုင်ရာ အိပ်မက်တွေ မက်လေ့ရှိကြပါတယ်။

၅။ ပါတနာဟောင်းကို မကြာသေးခင်က မြင်ခဲ့တာကြောင့် အိပ်မက်မက်ပါတယ်

ရည်းစားဟောင်းကို အချိန်အတော်ကြာ မတွေ့ရတဲ့သူတွေဟာ အိပ်မက်ထဲမှာ လိုချင်တဲ့ အဖြစ်အပျက်တစ်ချို့ (သို့) အတိတ်တစ်ချို့ကို တွေ့ကြုံရနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ရည်းစားဟောင်းကို လမ်းမှာတွေ့ခဲ့တာမျိုး (သို့) ဆိုရှယ်မီဒီယာမှာ ပေါ်လာတာမျိုးဆိုရင်လည်း အိပ်မက်မက်ပါတယ်။ သူတို့ရဲ့ ပုံရိပ်ကတောင် သင့်အိပ်မက်တွေကို စိမ့်ဝင်သွားစေနိုင်တဲ့ အမှတ်တရတွေ ဆက်တိုက်နိုးထလာနိုင်ပါတယ်။ လမ်းခွဲခြင်းအခြေအနေတွေ ဘယ်လိုပဲ ရှိစေကာမူ သင့်ပါတနာဟောင်းနှင့်အတူ သင့်မှာ အကောင်းအဆိုးကို စူးစမ်းရှာဖွေနိုင်တဲ့ အိပ်မက်တွေ ရှိနေနိုင်ပါတယ်။

၆။ လက်ရှိ relationship က ရည်းစားဟောင်းနဲ့ ရှိခဲ့တဲ့အရာတွေနဲ့ တူနေလို့

သင့်ရဲ့ လက်ရှိဆက်ဆံရေးဟာ သင့်မှာရှိခဲ့ဖူးတဲ့ အချစ်ဟောင်းနဲ့ တူနေတာကြောင့် သင့်ရည်းစားဟောင်းအကြောင်း အိပ်မက်တွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက အပြုသဘောဆောင်တဲ့ ဖြစ်ဖြစ်၊ အပျက်သဘောဆောင်တဲ့ ရှုထောင့်မှာ ဖြစ်စေ သင့်ရဲ့ တခြားဆက်ဆံရေးနဲ့ အပြိုင်တွေကို ရှာဖွေတာမျိုး မသိစိတ် (သို့) အသိစိတ်မှာ တွေ့ရှိနိုင်ပါတယ်။

လက်ရှိပါတနာရဲ့ ပုံစံအချို့က သင့်အား ယခင်ပါတနာရဲ့ပုံစံကို သတိရစေတာတောင် ဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်သူတို့ ဖော်ပြပုံ၊ ဝတ်စားဆင်ယင်ပုံ (သို့) ပြုမှုပုံမျိုးတွေ ဖြစ်ပါတယ်။ ဒီချိတ်ဆက်မှုကနေတဆင့် အတိတ်မှာ မျှဝေခဲ့တဲ့ အပိုင်းတွေကို ပြန်အမှတ်ရနိုင်ပြီး သင့်ရည်းစားဟောင်းကို အိပ်မက်ထဲမှာ ပြလာတာ ဖြစ်နိုင်ပါတယ်။


ရည်းစားဟောင်းကို အိပ်မက်မက်တာက မှားယွင်းမှု မဟုတ်ပါဘူး။ ဒါက ဝမ်းနည်းပူဆွေးခြင်းဖြစ်စဉ်၊ လမ်းခွဲခြင်း (သို့) ကျွန်တော်တို့အားလုံး ရင်ဆိုင်ဖြေရှင်းရမယ့် စိတ်ခံစားချက်တွေကို စီမံခန့်ခွဲခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သင့်မှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခု ရှိနေတယ်လို့ ထင်ပါက ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေဖို့ မတွန့်ဆုတ်ပါနဲ့။

Lifestyle_Myanmar

LM_Nandar

Source-steptohealth


#ရည်းစား
#ပါတနာ
#ရည်းစားဟောင်း
#အချိန်
#အချစ်ရေး

Some text some message..