ဘာမှမစားဘဲ ၃ ရက်ကြာ နေပြီးနောက် သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲလာမယ့် အရာ (၆) ခု
mystylemyanmar.com
|
2021-12-22

တချို့သိပ္ပံပညာရှင်တွေက တစ်နေ့မှာ ထမင်း သုံးနပ်စားပြီး မုန့်သုံးခေါက်စားနိုင်တယ်လို့ အကြံပေးထားပေမယ့် တချို့ကတော့ ဘာမှမစားဖို့ အကြံပေးထားပါတယ်။ ခွဲစိတ်ခါနီး လူနာတွေဆိုရင် ဘာမှမစားဘဲ နေပေးရပါတယ်။ ဝိတ်ကျချင်သူတွေအတွက် Diet နည်းလမ်း မျိုးစုံရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘာမှမစားဘဲ ၃ ရက်ကြာပြီးနောက် ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်လာမလဲ ဖော်ပြလိုက်ပါတယ်။

၁။ ဆဲလ်အသစ်တွေ အမြန်ပြန်ပေါ်လာမယ်


ရေပဲ သောက်ပြီး ဘာမှမစားတဲ့အခါ ဆဲလ်သစ်တွေ ဖြစ်ပေါ်စေပါတယ်။ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းက အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ခြင်းကနေ ကာကွယ်ရာရောက်ပါတယ်။ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းက အစာမစားဘဲ ၁၈ နာရီကနေ နာရီ ၂၀ အတွင်း စတင်ပြီး ၄၈-၇၂ နာရီကြာပြီးနောက် အမြင့်ဆုံး ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

၂။ သွေးဖိအား လျော့ကျစေတယ်


အစာမစားဘဲ နေခြင်းက သွေးဖိအားကို လျော့ကျစေပါတယ်။ သွေးတိုးတယ်ဆိုတာက အခုခေတ်မှာ အဖြစ်များတဲ့ ဖြစ်ရပ်ပါ။ မစားဘဲ နေတာက သွေးဖိအားကို လျှော့ချပေးပါတယ်။

၃။ ဇီဝဖြစ်စဉ် မြန်ဆန်စေတယ်


ဟော်မုန်းတွေဖြစ်တဲ့ Insulin နဲ့ Leptin က ဇီဝဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။ အစာမစားဘဲ နေတာက ဒီဟော်မုန်းတွေရဲ့ လုပ်ဆောင်ရည်ကို ပိုအားကောင်းစေပါတယ်။ အစာမစားဘဲ နေလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး အဝလွန်ခြင်းကို တားဆီးရာ ရောက်ပါတယ်။

၄။ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးတယ်


၃ ရက် မစားဘဲ နေလိုက်တာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကို ကာကွယ်ပေးပါတယ်။ သုတေသနတွေအရ အစာမစားဘဲ နေခြင်းက ကင်ဆာဆဲလ် ဖြစ်ပွားစေတဲ့ Gene တွေကို လျော့ကျစေပါတယ်တဲ့။

၅။ ဦးနှောက်လုပ်ဆောင်မှု


အစာမစားဘဲ ၃ ရက် ဆက်တိုက် နေလိုက်တဲ့အခါ ဦးနှောက်ပျက်စီးမှုကို လျော့ကျစေပြီး လုပ်ဆောင်မှု အားကောင်းစေပါတယ်။ ဒါ့အပြင် စိတ်ကြည်လင်စေပါတယ်။

၆။ ဝိတ်ကျစေတယ်


အစာမစားဘဲ နေခြင်းရဲ့ အခြေခံကျတဲ့ အကျိုးကျေးဇူးကတော့ ဝိတ်ကျတာပါ။ စွမ်းအင်ရဖို့ လောင်ကျွမ်းစေမယ့် အစာမရှိတဲ့အခါ ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းသွားစေပြီး ဝိတ်ကျစေပါတယ်။ ရေဝိတ်မဟုတ်ဘဲ အဆီဝိတ်ကို ကျစေမှာပါ။

Source: Brightside.me

By MyStyle Myanmar


#ခန္ဓာကိုယ်
#ရောဂါ
#ဦးနှောက်
#ထမင်း
#သိပ္ပံ

Some text some message..