
စာအရှည်ကြီးရေးရမှာ ပျင်းလာလို့ အဓိကအချက်လေးတွေကိုပဲ မျှဝေပေးပါမယ်။ အပြန်အလှန်ဆွေးနွေးကြမယ်။ သင့်အနေနဲ့ ကောင်လေးတစ်ယောက်ကို ကြိုက်တဲ့အခါ အဲ့ဒီ့ကောင်လေးဟာ ထူးခြားပြီး ဟာသဉာဏ်ရှိတဲ့ ကောင်လေးတစ်ယောက်၊ ဉာဏ်ကောင်းတဲ့ ကောင်လေးတစ်ယောက်အဖြစ် မြင်ပါလိမ့်မယ်။ ဒီတော့ သင်အဓိကလုပ်ရမှာက သူ့မျက်လုံးထဲမှာ သင့်ကို ထူးခြားတဲ့မိန်းကလေးတစ်ယောက်၊ ထက်မြက်ပြီး ဟာသဉာဏ်ရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် မြင်လာစေဖို့ ကြိုးစားရပါမယ်။
အိုကေ၊ အချက်အလက်တစ်ချို့ကို မျှဝေပေးပါမယ်။ သင့်အနေနဲ့ commet မှာ လွတ်လပ်ခွင့် အငြင်းပွားပိုင်ခွင့်ရှိပါတယ်။
အမျိုးသားအများစုက မိန်းမဆန်မှုကို သဘောကျကြမယ်ထင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမိန်းကလေးတွေမှာ မိန်းမဆန်မှုက နည်းနည်းလျော့ပါးလာသလိုပါပဲ။ အမှန်တကယ်တော့ အရာအားလုံးက မိန်းမဆန်ခြင်းကနေ စတာပါပဲ။ မိန်းကလေးတွေရဲ့ မိန်းမဆန်မှုကို ယောင်္ကျားလေးတော်တော်များ မလွန်ဆန်နိုင်တာ များတယ်ဆိုတော့။ နူးညံ့သိမ်မွေ့သော အမူအရာ၊ ကြင်နာနူးညံ့သော မျက်လုံးအကြည့်၊ အပြုံးဆံပင်တွေကို ဆော့ကစားပုံနှင့် လမ်းလျှောက်ပုံစသဖြင့်ပေါ့။ ဒီအရာက မိတ်ဆက်ပါ။ အချက်အလက်တွေ လာပါမယ်။
၁။ နူးညံ့သိမ်မွေ့ခြင်း

လူတော်တော်များများက ငါ့အကြံက အကောင်းဆုံးပဲဆိုတာမျိုးကို အော်ဟစ်ပြီးထုတ်ဖော်ပြသနေချိန်မှာ တစ်ချို့အမျိုးကောင်းသမီးတွေက နားထောင်ခြင်းဘက်ကို ပိုအားသန်ကြပြီး တစ်ဖက်လူအပေါ် ဂရုတစိုက်လေးလေးနက်နက် အာရုံစိုက်ပေးကြပါတယ်။
အကယ်၍ သင့်တို့အုပ်စုထဲမှာ သင်ကြိုက်နေတဲ့ကောင်လေးတစ်ယောက်ပါတယ်ဆိုရင် ကမ္ဘာမှာ ငါသာအတော်ဆုံးဆိုတဲ့ အပြုအမူမျိုး မလုပ်တာက ပိုကောင်းလိမ့်မယ်ထင်ပါတယ်။ ဥပမာ- သဘောထားကြီးပြတာမျိုးပေါ့။
မှန်ပါတယ်၊ ဟုတ်ပါတယ် သင်ထင်သလို လူဆိုတာ သူတို့ပင်ကိုယ် type အတိုင်းလေးကို ချစ်မှသာ အချစ်စစ်လို့ သင်ထင်နေတယ်မလား? ဒါပေမယ့် ခုအခြေအနေက သင့်ဘက်က မြူဆွယ်နေရတဲ့ အခြေအနေဆိုတာ မမေ့ပါနဲ့။ အကြီးအကျယ်အခြေအတင်ငြင်းခုံနေရင် ပိုရုပ်ပျက်တယ်မလား?
၂။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု

အရေးကြီးတဲ့ အချက်လေးတစ်ချက်လာပါပြီ။ သင်အရင်ဆုံးသိထားရမှာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိရင် ဘာမှလုပ်လို့မရပါဘူးနော်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးမှသာ တစ်ဖက်လူရဲ့ ယုံကြည်မှုကို လုပ်ယူနိုင်မှာပါ။ သင့်ဘက်က သူ့ကို ကြိုက်နေကြောင်း သိသာထင်ရှားနေတော့ ပိုမိုက်တာပေါ့။
ကိုယ့်ကိုယ်ကိုယ် လှပပြီး ထူးခြားတယ်လို့ လက်ခံထားပါ။ အကယ်၍ right person ကတော့ သင့်ရဲ့ အားနည်းချက်တွေ၊ အပြစ်အနာအဆာတွေကိုလည်း သူ့အတွက် အေးဆေးပဲဖြစ်နေပါလိမ့်မယ်။
၃။ သင့်ကြိုက်နေတဲ့ ကောင်လေးကို ဆွဲဆောင်ချင်တယ်ဆိုရင် ဆွဲဆောင်မှုရှိအောင်နေပါ

အမျိုးသားတွေက အမြင်အာရုံက အမျိုးသမီးတွေထက် မြောက်များစွာပိုသာပုံ ရပါတယ်။ ဒါ့ကြောင့် သူတို့တွေက အမျိုးသမီးတွေမမြင်နိုင်တဲ့အရာတွေကိုတောင် နှိုက်နှိုက်ချွတ်ချွတ်မြင်နိုင်ကြပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ်ပါ။ လှတဲ့မိန်းကလေးကို မကြိုက်တဲ့ယောင်္ကျား ဘယ်မှာရှိလို့လဲ?
၄။ ပျော်ရွှင်နေပြီး အပြုသဘောဆောင်တဲ့ ပုံစံမျိုးနဲ့ ဆွဲဆောင်ပါ
ကြားဖူးနေကျ အကြောင်းအရာဖြစ်ပါလိမ့်မယ်။ အပြုသဘောဆောင်တဲ့လူတစ်ယောက်အနားမှာ နေရတဲ့လူတိုင်းက ကံကောင်းမှုတွေပိုင်ဆိုင်ကြသူတွေပါ။ အကောင်းမြင်တာနဲ့ တစ်ဖက်က ရွထပြီး အပျော်လွန်နေတာရဲ့ အကြားမှာ ခြားနားမှုလေးလည်း ရှိနေပါဦးမယ်။ အပြုသဘောဆောင်ခြင်းက လေးနက်မှုကိုလည်း ပြသနိုင်သလို လူတွေကို ဆွဲဆောင်နိုင်တဲ့အချက်လည်းဖြစ်ပါလိမ့်မယ်။
၅။ တိုက်ဆိုင်တဲ့အရာတွေကို ရှာဖွေပြီး ဆွဲဆောင်မယ်

အပြန်အလှန်ဝါသနာတွေ မျှဝေရင်းနဲ့လည်း သူနဲ့ နီးစပ်ဖို့ ကြိုးစားနိုင်ပါတယ်။ စာအုပ်တွေ၊ အားကစား၊ ရုပ်ရှင်တွေမှာ အကြိုက်တူတဲ့အခါ အဲဒီ့လူနှစ်ဦးက နီးစပ်နိုင်ခြေမြင့်မားပါတယ်(စာရေးသူပြောတာပါ)။ ဒီလိုအကြိုက်တူတဲ့အခါ ကိုယ်သဘောကျရတဲ့ ကောင်လေးနဲ့ဆိုရင် အနည်းဆုံးတော့ ပျော်ရွှင်ရတာပေါ့။ ဒီအကြောင်းအရာက သင့် crush ကို စကားစဖို့ အကောင်းဆုံး topic လည်းဖြစ်မှာပါ။
၆။ သူ့ကို စိတ်ဝင်စားကြောင်း ပြသခြင်း
ဒီအချက်က တော်တော်လေးကြောင်တောင်တောင်နိုင်တာပဲ။ ဒါပေမယ့် တစ်ဖက်လူကို စိတ်ဝင်စားကြောင်းမပြဘဲ ဘယ်လိုမျိုးရှေ့ဆက်တိုးလို့ရနိုင်မှာလဲ? Right? ဒီတော့ သင်လုပ်ရမှာက သင့်အကြောင်းမေးခွန်းတွေမေးပြီး အဖြေတွေကို ဂရုတစိုက်နားထောင်ဖို့ပါပဲ။ မေးခွန်းတွေကို စီစဉ်ပေးဖို့ လိုသေးလား?
၇။ တစ်ဖက်သား ခံနိုင်ရည်မရှိအောင်နေပါ
What??? ဘာကြီးလဲ? အရေးတကာ့ အရေးအကြီးဆုံးနည်းလမ်းဖြစ်ပါတယ်။ ယောင်္ကျားတိုင်း စွဲမက်စေမယ့်နည်းလမ်းမျိုးပေါ့။ သူ့ရဲ့ စိတ်အားထက်သန်မှုက သင့်ကို ပျော်ရွှင်စေတဲ့အမူအရာမျိုးပြသဖို့ပါပဲ။ အိုကေ… နံပါတ်(၆) အချက်အလက်တွေနဲ့တင် အရာအားလုံး အဆင်ပြေပြီး ဆက်ဆံရေးတစ်ဆင့်တိုးမြှင့်နိုင်ပါစေဖို့ ဆုတောင်းပေးပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-doctorforlove