
အင်တာဗျူးတစ်ခုမှာ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို တောက်ပြောင်နေစေဖို့ပဲဖြစ်ဖြစ် ပထမဆုံးချိန်းတွေ့ချိန်မှာ တစ်ယောက်ယောက်ကို အထင်ကြီးစေချင်လို့ပဲဖြစ်ဖြစ် သင်ဟာ ဆွဲဆောင်မှုရှိပြီး ပေါ်လွင်နေသင့်ပါတယ်။ အခန်းထဲမှာ ဆွဲဆောင်မှုအရှိဆုံးလူတစ်ယောက်ဖြစ်ခြင်းက သင့်ဘဝမှာ အကျိုးခံစားခွင့်တော်တော်များများရရှိတဲ့ အလွန်အသုံးဝင်သော စွမ်းရည်တစ်ခုဖြစ်ပါတယ်။ ဒီတော့ Charismic ဖြစ်ခြင်းဆိုတာက ဘယ်လိုအဖွဲ့နဲ့မဆို၊ ဘယ်လိုအခြေအနေနဲ့မဆို လိုက်လျောညီထွေဖြစ်အောင် နေနိုင်သူ၊ အသိဉာဏ်ပညာမြင့်မားသူတွေဟာ ဆိုးရွားနေတဲ့အခြေအနေတွေကို ရယ်စရာလေးနက်တဲ့အရာတွေအဖြစ် ပြောင်းလဲနိုင်ကြတဲ့ လူသားတွေဖြစ်ပါတယ်။
အဲ့တော့ အပေါ်က ပြောထားတဲ့အချက်တွေလိုဖြစ်ဖို့ ဘာတွေလိုအပ်မလဲ?
၁။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းကို ဦးစားပေးပါ

လူတွေကို စိတ်အားထက်သန်စေပြီး သင့်ကို အထင်ကြီီးစေမယ့် အရာမျိုးမလုပ်ခင်မှာ အရင်ဆုံးကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရပါမယ်။ မလုပ်မဖြစ် လုပ်သင့်တဲ့အရာလည်းဖြစ်ပါတယ်။ လူအမျိုးမျိုးအတွက် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းနည်းမျိုးစုံရှိပါလိမ့်မယ်။ သို့ပေမယ့် အဓိကအခြေခံအနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းနှင့် ကောင်းကောင်းစားခြင်းတို့က အဓိကကျသော ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းတွေဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်ရဲ့ အကောင်းဆုံးအဖြစ် ခံစားရစေပါလိမ့်မယ်။
၂။ တစ်နေ့တာလုံးမှာ လူတွေကို Hey လို့ နှုတ်မဆက်ရဘဲ မကုန်ဆုံးပါနဲ့

ဘဝဆိုတာကို မျှော်လင့်ချက်တွေအများကြီးထားမနေဘဲ ဆွဲဆောင်မှုရှိရှိဖြတ်သန်းပါ။ တစ်ခါတလေ Hey လို့ပဲ နှုတ်ဆက်နိုင်တဲ့အခါတွေရှိပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတရံ မျက်လုံးချင်းဆုံတာ၊ ပြုံးပြတာ စသဖြင့် လူတွေကို နှုတ်ဆက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုတော့ တကူးတကပြောပြဖို့ မလိုပါဘူး။ အချိန်ကြာလာတာနဲ့အမျှ သင့်ပျော်ရွှင်မှုကို ပေးစွမ်းဖို့အတွက် သင့်ဘဝထဲရောက်လာတဲ့လူတွေ ပိုများလာတာကို တွေ့ရပါလိမ့်မယ်။ အပြုံးတွေ၊ နှုတ်ဆက်ခြင်းတွေက သံလိုက်လိုပဲလေ။
၃။ သင့်ကိုယ်ဟန်အနေအထားကို ဂရုပြုပါ
ပထမအကြိမ်အထင်ကြီးခြင်း (ဒုတိယ၊ တတိယအကြိမ် (ဘယ်နှစ်ကြိမ်မြောက်ပဲဖြစ်ဖြစ်))မှာ ခန္ဓာကိုယ်ဘာသာစကားက အရာအားလုံးဖြစ်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တည့်မတ်မထားဘဲ ပျော့ခွေကျနေမယ်ဆိုရင် သင်ဟာ မောပန်းနွမ်းနယ်နေခြင်း (သို့) ကိုယ့်ကိုယ်ကိုယ်လေးစားမှုကျဆင်းသွားနေတယ်လို့ အထင်ခံရပါလိမ့်မယ်။ ခန္ဓာကိုယ် အတတ်နိုင်ဆုံးဖြောင့်ဖြောင့်မတ်မတ်ထားပါ။
၄။ အတတ်နိုင်ဆုံး support ပေးနိုင်သူဖြစ်ပါစေ

ယုံကြည်စိတ်ချရသော ပံ့ပိုးပေးနိုင်သောသူတွေ ကိုယ့်အနားမှာရှိနေရင် ဘယ်လောက်တောင်ပျော်ဖို့ကောင်းမလဲ? ကိုယ့်အတွက် ဘယ်လောက်တောင် အကျိုးကျေးဇူးများမလဲ? အခြေခံအကျဆုံးကတော့ ကိုယ်ချစ်ရသူကို နေကောင်းကျန်းမာကြောင်းမေးပေးတာ၊ သူတို့ခံစားချက်တွေ(သို့) ရင်ဖွင့်သမျှတွေကို နားထောင်ပေးတာ၊ ခရီးအတူသွားရင် ကိုယ့်ပုံချည်းပဲ ရိုက်ခိုင်းနေတာမျိုးမလုပ်ဘဲ ဓာတ်ပုံရိုက်ပေးတာ စသဖြင့်ပေါ့။
၅။ သင့်ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူပါ
နှိမ်ချမှုဆိုတာကလည်း ဘဝရဲ့ တစ်နေရာရာမှာ အမှန်တကယ်လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ သင့်ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူစွာ မျှဝေဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ အကောင်းဆုံးအချိန်တွေကို တစ်ယောက်ယောက်က အသိအမှတ်ပြုတဲ့အခါ သင်ဟာ အတောက်ပဆုံးဖြစ်ပါလိမ့်မယ်။ သင့်ရဲ့ တောက်ပမှုတွေကို လူတွေကလည်း ခံစားမိပါလိမ့်မယ်။
၆။ သင့်ရဲ့ အကောင်းဆုံးအရည်အသွေးကို အာရုံစိုက်ပါ

သင်သာ လူတွေရဲ့ အထင်ကြီးမှုကို ခံယူချင်တယ်ဆိုရင် သင့်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအရည်အသွေးအပေါ်မှာလည်း အာရုံစိုက်သင့်ပါတယ်။ ခဏလောက်အချိန်ပေးပြီး သင့်အတွက် အံ့ဩစရာကောင်းတဲ့အရာတွေအားလုံးကို ချရေးလိုက်ပါ။ သင့်ရဲ့ အတွေးတွေကို သင့်ရဲ့ အမှတ်တရအနေနဲ့ သင်နဲ့အတူ ထားလိုက်ပါ။ မကြာခင် သင်ဟာ အလွန်အပြုသဘောဆောင်တဲ့ သံလိုက်လူသားတွေထဲက တစ်ယောက်ဖြစ်လာပါလိမ့်မယ်။
၇။ ကိုယ့်ကိုယ်ကိုယ်လေးစားမှုထားပြီး အလုပ်လုပ်ပါ
အလုပ်ကိစ္စတစ်ခုကို ပြီးစလွယ်လုပ်ပြီး မြန်မြန်ပြီးစီးအောင်လုပ်တာထက် ကိုယ့်ရဲ့ တန်ဖိုးနဲ့ ကိုက်ညီအောင် ကိုယ်ဟာ အလုပ်ကို တိတိကျကျလုပ်တတ်သူ၊ အလုပ်အပေါ် စေတနာအပြည့်အဝထားပြီး လုပ်တတ်သူအဖြစ် သတ်မှတ်ပြီး ကိုယ့်ကိုယ့်ကိုယ်လေးစားမှုအပေါ် အခြေခံပြီး လုပ်သင့်ပါတယ်။ အောင်မြင်မှုသေးသေးလေးတွေ ဆုလိုက်တဲ့အခါ သင်ဟာ ကိုယ့်ကိုယ်ကိုယ် ကိုယ်စွမ်းကိုယ်စရှိသူအဖြစ်မြင်လာပြီး ယုံကြည်မှုပြည့်ဝလာပါလိမ့်မယ်။
Lifestyle_Myanmar
Nyein_Thu
ref-bustle