ကိုယ့်ကောင်လေး ကိုယ့်ကို အမြဲသတိရနေအောင် လုပ်နည်း ၇ မျိုး
lifestylemyanmar.com
|
2022-01-03

မိန်းကလေးတိုင်းက ကိုယ့်ကောင်လေး ကိုယ့်ကို လွမ်းနေတယ်လို့ သိရတဲ့အခါ ကြည်နူးပြီး ပျော်ရွှင်နေတတ်ပါတယ်။ အလွမ်းဆိုတာက ဆက်ဆံရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာပါ။ ကိုယ့်ကောင်လေး ကိုယ့်ကိုလွမ်းနေဖို့ စကားနဲ့တောင်ပြောဖို့မလိုပဲ လှည့်ကွက်လေး တစ်ခုရှိရုံနဲ့တင်ရတယ်ဆိုတာ မိန်းကလေးတိုင်း သိဖို့လိုပါတယ်။ လိမ္မာပါးနပ်စွာနှင့် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို သိနေရုံနှင့် ကိုယ့်ကိုအချိန်တိုင်း သတိရနေဖို့ လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အချစ်ခံချင်တဲ့ အမျိုးသမီးလေးတွေအတွက် ကိုယ်ချစ်တဲ့ ကောင်လေး ကိုယ့်ကိုအမြဲသတိရနေအောင်လုပ်ဖို့ သိသင့်တဲ့ အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

၁။ သူ့ကို စာမပို့ပါနှင့်

ဒါက ဂိမ်းကစားတာနှင့် ခပ်ဆင်ဆင်တူပေမယ့် ကိုယ့်ကိုသတိရနေဖို့ စွမ်းဆောင်နိုင်ပါတယ်။ ထူးခြားတာကတော့ ကိုယ်ချိန်းတွေ့နေတဲ့ ယောက်ျားတစ်ယောက်က ကိုယ် သူ့ကို ပုံမှန်စာပို့လေ့ရှိရာမှ ရုတ်တရက် စာမပို့တော့တဲ့အခါ တစ်ခုခုလိုသလို ခံစားနေရတယ် ဆိုတာပါပဲ။ မင်းသူ့ကို စာပို့ဖို့အတွက် သူ့ကို ပုံမှန်ထက် နည်းနည်း ပိုစောင့်ခိုင်းခြင်း၊ စာတို ပေးပို့ခြင်းမှ အနားယူခြင်းက အမှတ်တမဲ့ကနေ သူမင်းကို ခဏခဏ လွမ်းနေပါလိမ့်မယ်။

၂။ သင့်ရဲ့ ပစ္စည်းတစ်ခုကို တမင် ချန်ထားခဲ့ပါ

ဒါက အသေးအမွှား စိတ်ခံစားမှုတစ်ခုလို့ သင်ထင်နေပေမယ့် ဒါက ယောက်ျားတစ်ယောက်ကို လွမ်းဆွတ် သွားစေနိုင်ပါတယ်။ သူ့အိမ်မှာ၊ သူ့ကားထဲမှာ မင်းရဲ့ ပစ္စည်းသေးသေးလေးတစ်ခုကို သူမြင်အောင် တမင်ချန်ထားခဲ့ပြီး မင်းမေ့သွားပြီလို့ တွေးလိုက်ပါ။ ဒါက မင်းအနားမှာ မရှိတဲ့အခါ မင်းကို သတိရစေမယ့် မင်းရဲ့ အရာတစ်ခုခု သူ့ဆီမှာ ရှိနေမှာပဲ ဖြစ်ပါတယ်။

၃။ ဆိုရှယ်မီဒီယာမှာ ပိုစ့်တင်ပါ

ကိုယ့်ဘဝကိုယ် ကြည်နူးဖို့ ကောင်းနေတဲ့ ပုံလေးတွေကို တင်လိုက်ပါ။ ယောက်ျားလေးတွေက သူ့ကောင်မလေး ပုံတွေတင်ရင် တစ်ချိန်တည်းမှာ မနာလို ဖြစ်တတ်ကြပါတယ်။ ဘဝမှာ ပျော်မွေ့နေပြီး ပျော်ရွှင်နေတဲ့ ပုံတွေက ယောက်ျားတစ်ယောက်ကို လွမ်းဆွတ်မှု ခံစားရစေပြီး သင်နှင့်အတူရှိချင်တဲ့ အတွေးမျိုးကို ပေးစွမ်းနိုင်ပါတယ်။

၄။ သင့်ရဲ့ အချိန်ဇယားပြည့်နေယောင်ဆောင်ပါ

ယောက်ျားလေးတွေက သင့်ဆီကနေ သူ့အတွက်အချိန် မရရှိနိုင်တဲ့အခါ သင့်ကိုလွမ်းဆွတ်ပြီး သင့်ကို ပိုလိုချင်ကြပါလိမ့်မယ်။ ဒီလိုပြောလိုက်တာက မင်းသူနဲ့ တွဲဖို့ အရမ်းအလုပ်ရှုပ်နေတယ် ဆိုတာကို ပြောပြရုံနဲ့ မင်းကိုလွမ်းဆွတ်ဖို့ အခွင့်အရေးပေးလိမ့်မယ်။ ခဏတိုင်းတော့ အဆင်ပြေပေမယ့် အချိန်ကြာလာရင် သူစိတ်ပျက်နိုင်တာကြောင့် ဒါကို ခနခနမလုပ်ပါနဲ့။

၅။ အဖွဲ့လိုက် လှုပ်ရှားမှု တစ်ခုလုပ်ပါ

ယောက်ျား တစ်ယောက်က မင်းကို လွမ်းဆွတ်မိစေဖို့ အကောင်းဆုံး နည်းလမ်းက နေရာ နည်းနည်း ဖန်တီးဖို့ပါ။ အဖွဲ့လိုက် လှုပ်ရှားမှုတစ်ခုမှာ သင်တို့နှစ်ဦးလုံး ပါဝင်ခြင်းက သူနှင့် စကားပြောရန် မလိုအပ်ဘဲ သူ့အနားတွင် ရှိနေနိုင်တဲ့အခွင့်အရေးပါ။ အဲဒီအမှတ်တရတွေက သူ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံမိတိုင်း သင့်ကို လွမ်းဆွတ်စေမယ့် သင့်ကို ပိုလိုချင်လာမယ့် အခွင့်အရေးပါပဲ။

၆။ အမြဲတမ်း ပျော်ရွှင်ပါစေ

အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုတွေရဲ့ အရေးပါမှုကို ဘယ်တော့မှ မလျှော့ပါနဲ့။ ပျော်ရွှင်မှုဆိုတာ အမြဲတမ်း ကူးစက်စေပြီး သင့်အနားမှာ ပိုရှိချင်လာစေပါတယ်။ အကောင်းဆုံးကတော့ သင်ဟာ ပျော်ရွှင်ပြီး တက်ကြွတဲ့ သူတစ်ယောက် ဖြစ်ကြောင်း သူ့ကို အသိပေးပါ။ ဒါတွေအားလုံးက သင်ကိုယ်တိုင် နေထိုင်တဲ့ သင့်ရဲ့ပုံစံနဲ့ သက်ဆိုင်ပါတယ်။ သင်က အမြဲပျော်ရွှင်နေပြီး ယောက်ျားလေး တစ်ယောက်ကို စိတ်ပျော်အောင် အောင်ထားနိုင်ရင် သင်အနားမှာမရှိတဲ့အခါ သူ သင့်ကိုလွမ်းနေမယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။

၇။ သင့်ရဲ့ အကောင်းဆုံး ပုံစံကို ပြသပါ

မပြောဘဲ နေသင့်ပေမယ့် ယောက်ျားလေး တစ်ယောက်က ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေးတိုင်း ကို ပိုနှစ်သက် လိုချင်ကြပါတယ်။ သူ့ပတ်ဝန်းကျင်မှာ ဝန်ဆံ့နိုင်မယ် ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ခြင်းက သူတို့အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင်ဘယ်လောက် ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိလဲဆိုတာ သူ့ကိုပြသပါ။ ဒါက မင်းအနားမှာ မရှိတာတောင် မင်းအကြောင်းတွေးပြီး မင်းအနားမှာ ရှိနေဖို့ပဲ တွေးနေပါလိမ့်မယ်။

Nadi

Lifestyle_Myanmar

ref-bolde


#မိန်းကလေး
#သတိရ
#အရာ
#အချိန်
#အနာ

Some text some message..