ရေရှည်လက်တွဲကြမယ့်ဆက်ဆံရေးတွေမှာ ဘာကြောင့်ကျန်းမာသောဆက်ဆံရေးပုံစံကို လိုအပ်ရတာလဲ?
lifestylemyanmar.com
|
2022-01-05

ဆက်ဆံရေးတစ်ခုကို စတင်ကြတဲ့အခါ ဘယ်လောက်ကြာကြာတွဲကြမလဲဆိုတဲ့ မေးခွန်းမျိုးက ဖွင့်ပြောဖြစ်ရင် ပြောဖြစ်ကြပါလိမ့်မယ်။ မပြောရင်တောင် တွေးဖြစ်ကြပါလိမ့်မယ်။ လူတွေက သူတို့ရဲ့ ဆက်ဆံရေးကို ကျန်းမာပြီး ရေရှည်တည်ဆောက်ချင်ကြပါတယ်။ အဓိပ္ပာယ်ရှိရှိလည်းဖြတ်သန်းချင်ကြပါတယ်။

သင့်ရဲ့ စိတ်ကူးယဉ်ချင်စရာဆက်ဆံရေးကို သက်တမ်းရှည်လာတာနဲ့အမျှ ဖွံ့ဖြိုးလာဖို့ ဘယ်လိုလုပ်မလဲ?

အဆက်မပြတ်ကြည်နူးပျော်ရွှင်နေခြင်း၊ အချိန်နဲ့အမျှ ဆက်သွယ်နေခြင်းက နောက်ပိုင်းမှာ ဆက်ဆံရေးအတွက် အကြပ်အတည်းဖြစ်နိုင်ပါတယ်။ ဆက်ဆံရေးမှာ ပျော်ရွှင်ချင်တာ မှန်ပါတယ်။ ဒါပေမယ့် အဆက်မပြတ်ပျော်ရွှင်သင့်တယ်လို့ ယုံကြည်တာက သင်တို့နှစ်ယောက်စလုံးအတွက် တစ်ခုခုမှားယွင်းသလိုလိုဖြစ်လာစေပါလိမ့်မယ်။


လူတွေရဲ့သဘာဝက နီးလွန်းလို့မမြင်၊ ကြီးလွန်းလည်း မမြင်ဖြစ်တတ်ပါတယ်။ အမြဲတမ်းဆက်သွယ်နေတဲ့အခါ ကိုယ့်ရဲ့ တန်ဖိုးရော၊ တစ်ဖက်ပါတနာရော တန်ဖိုးကိုဟာ အလိုလိုပျောက်ကွယ်နေတတ်ပါတယ်။ ဒါ့ကြောင့် ကြာရှည်ပြီး အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးမျိုးကို လိုချင်တယ်ဆိုရင် အဆက်မပြတ်ဆက်သွယ်နေတာမျိုးကို ရှောင်ကြဉ်ပါ။

ဒီလိုလုပ်နေမယ့်အစား ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်တွေ ဒါမှမဟုတ် နှစ်ဦးသားရဲ့ ရည်ရွယ်ချက်တွေကို သင့်ဘက်ကနေ ဖြည့်ဆည်းနေပါ။ ဒီဆက်ဆံရေးကို အချိန်နဲ့အမျှ တည်တံ့အောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သင်ယူသင့်ပါတယ်။ လက်တွေ့ကျတဲ့စိတ်ကူးတွေကို ခေါင်းထဲထည့်တာကပဲ သင့်ဆက်ဆံရေးကို ရေရှည်တည်တံ့စေမှာပါ။

သုတေသနတွေက ပြောသောအရာများ


လူတွေက အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုကြာရှည်အောင် ထိန်းသိမ်းနေကြသလဲဆိုတဲ့ မေးခွန်းမျိုးက သင်တစ်ယောက်တည်းမေးတဲ့မေးခွန်းမဟုတ်ပါဘူး။ လူတိုင်းစိတ်ဝင်စားတဲ့မေးခွန်းလည်းဖြစ်ပါတယ်။ အချစ်ရေးအောင်မြင်ဖို့ အစပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဆွဲဆောင်ကြပြီး ရေရှည်မှာတော့ တစ်ခြားအရာတွေကိုပါ အာရုံစိုက်ကြရပါမယ်။ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေကလည်း ရေရှည်ဆက်ဆံရေးကို ထိန်းနိုင်ဖို့ မလွယ်ကူပါဘူး။

ဒီတော့ မှန်ကန်တဲ့မျှော်လင့်ချက်တွေထားဖို့ လိုအပ်ပါတယ်။ အပြန်အလှန်အားသာချက်တွေကို တန်ဖိုးထားလေးစားပေးဖို့နှင့် အားနည်းချက်တွေ လက်ခံပေးထားဖို့က အရေးကြီးတဲ့အရာတွေပါ။

လူနှစ်ယောက်က ဆက်ဆံရေးအပေါ် ဘယ်လောက်အထိ စေတနာထားကြသလဲ

ကြိုးစားအားထုတ်မှုမရှိဘဲ ဆက်ဆံရေးဟာ အချိန်ကြာကြာတည်တံ့ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီဆက်ဆံရေးအပေါ် နှစ်ဖက်စလုံးက စေတနာကောင်းကောင်းထားပြီး ဒီဆက်ဆံရေးကို ဖွံ့ဖြိုးဖို့ကြိုးစားနေသရွေ့ ဆက်ဆံရေးဟာ အဓိပ္ပာယ်ရှိရှိရှင်သန်နေမှာပါ။


ဆက်ဆံရေးရဲ့ အပြင်ဘက် ကိုယ်ရေးကိုယ်တာတိုးတက်မှုမှာရော ဘယ်လောက်အထိတိုးတက်ကောင်းမွန်နေလဲ

လူတွေရဲ့ တစ်ဦးချင်းဖွံ့ဖြိုးတိုးတက်မှုဟာ ဆွဲဆောင်မှုနှင့် ကြီးပွားတိုးတက်လိုခြင်းနှစ်ခုစလုံးအတွက် အရေးကြီးတယ်လို့ လူအများက ယုံကြည်ကြပါတယ်။ သင့်လက်တွဲဖော်က သူ့ဘဝကိုတောင် ဘယ်လိုတိုးတက်အောင်လုပ်ရမှန်းမသိသေးဘူးဆိုရင် သင်တစ်နေရာရာကနေ ကူညီပေးသင့်ပါတယ်။ သို့မှသာ သင်တို့ရဲ့ ဆက်ဆံရေးလည်း ရေရှည်ခရီးဆက်နိုင်ဖြစ်ပါတယ်။

လက်တွဲဖော်ရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူတွေကရော ဘယ်လောက်အထိကောင်းမွန်နေသလဲ? အချင်းချင်းဘယ်လောက်အထိ အပြန်အလှန်ထောက်ပံ့ပေးကြသလဲ? ထောက်ပံ့တယ်ဆိုတဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေအားလုံးကို ဆိုလိုပါတယ်။


ဒီတော့ နောက်ဆုံးအနေနဲ့ ဆက်ဆံရေးတစ်ခုကို ရေရှည်တည်တံ့အောင် ဘယ်လိုတည်ဆောက်ရမလဲလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိနေပြီဆိုရင် အထက်ပါအချက်အလက်တွေနဲ့ ပြန်လည်စစ်ဆေးကြည့်ပါ။

Lifestyle_Myanmar

Nyein_Thu

ref-themindjournal


#မေးခွန်း
#ဆွဲဆောင်မှု
#ဆွဲဆောင်
#အရာ
#အချိန်

Some text some message..