
ဟောက်ခြင််းက လေလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မနှစ်မြို့ဖွယ်အသံဖြစ်ပါတယ်။ ၎င်းက အိပ်စက်ခြင်းကို အနှောက်အယှက်ပေးပြီး သာယာသော အနားယူခြင်းကို တားဆီးနိုင်သောကြောင့် စိတ်အနှောက်အယှက်အဖြစ်ဆုံး ရောဂါတွေထဲမှ တစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။
ဟောက်ခြင်းရဲ့ ဖြစ်ရပ်အများစုက အများအားဖြင့် ပျော့ပြီး ယာယီသာဖြစ်သော်လည်း obstructive sleep apnea( အိပ်ဟောက်အသက်ရှူရပ်ရောဂါ)ကြောင့် ဆရာဝန်ဆီ သွားပြရသူတွေလည်း ရှိပါတယ်။ ဒီအခြေအနေမှာ ၁၀စက္ကန့်ခန့်ကြာတဲ့ ယာယီအသက်ရှူမှု ပြတ်တောက်ခြင်းကို ဖြစ်စေတဲ့ ပြင်းထန်သော အသက်ရှူရခက်ခြင်း ပါဝင်ပါတယ်။
Obstructive sleep apnea ဆိုတာက သင်အိပ်ပျော်နေစဉ် အပေါ်ပိုင်းလေပြွန်အားလုံး (သို့) တစိတ်တပိုင်းကို တစ်စုံတစ်ခု ပိတ်ဆို့လိုက်တဲ့အခါ ဖြစ်ပါတယ်။ သင့်ရဲ့ diaphragmနဲ့ ရင်ဘတ်ကြွက်သားတွေဟာ လေပြွန်ကိုဖွင့်ဖို့ ၊ အဆုတ်တွေထဲသို့ လေရူရှိုက်ဖို့ ပိုကြိုးစားလုပ်ဆောင်ရပါမယ်။ သင့်ရဲ့ အသက်ရှူမှုက အရမ်းတိမ်လာနိုင်ပါတယ်၊ ဒါမှမဟုတ် ခေတ္တလောက် အသက်ရှူရပ်သွားနိုင်ပါတယ်။ အများအားဖြင့် သင်ဟာ ကျယ်လောင်သော ပင့်သက်ရှိုက်သံ၊ နှာမှုတ်သံ (သို့) ခန္ဓာကိုယ်လှုပ်ရမ်းခြင်းတို့ဖြင့် အသက်ပြန်ရှုတတ်ပါတယ်။
ကိစ္စများစွာမှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်သော်လည်း သင့်အား ဟောက်ခြင်းကို ရပ်တန့်ဖို့ ကူညီပေးနိုင်မယ့် ကျန်းမာသော အလေ့အထတစ်ချို့ရှိပါတယ်။ ဥပမာအားဖြင့် အချို့သော အစားအစာတွေက အသက်ရှူလမ်းကြောင်းတွေကို ပြေလျော့စေတဲ့ ဂုဏ်သတ္တိတွေနဲ့ အာဟာရတွေရှိပြီး ဟောက်နိုင်ခြေကို လျော့ကျစေပါတယ်။
၁။ တို့ဟူး
တို့ဟူးက အာဟာရပါဝင်မှု မြင့်မားပြီး ကယ်လိုရီနည်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ အစားအစာဖြစ်သလို ဆက်တိုက်ဟောက်ခြင်းကို ဆန့်ကျင်ပေးတဲ့ အစားအစာကောင်းလည်း ဖြစ်ပါတယ်။ ၎င်းက လည်ချောင်းကို relax ဖြစ်စေပြီး အိပ်နေစဉ်အတွင်းမှာ အသက်ရှုမှုကို အဆက်မပြတ် ချောမွေ့စေတာကြောင့် ဖြစ်ပါတယ်။

၂။ ပျားရည်
ပျားရည်က အာဟာရဓါတ်တွေနဲ့ သဘာဝသကြားဓါတ်တွေ မြင့်မားစွာ ပါဝင်မှုကြောင့် အိပ်စက်ခြင်းအရည်အသွေးကို ထိခိုက်စေတဲ့ ရောဂါတွေကို တိုက်ဖျက်ရာမှာ အကောငးဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ လည်ချောင်းနဲ့ လေလမ်းကြောင်းကို ပျော့ပျောင်းစေတာကြောင့် လေဝင်လေထွက်နဲ့ ဆက်စပ်နေတဲ့ ဟောက်ခြင်းဖြစ်နိုင်ချေကို လျှော့ချရာမှာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါအ့ပြင် ပျားရည်စားသုံးခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသော ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ မယ်လတိုနင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။

၃။ အဆီများတဲ့ငါး
အဆီများတဲ့ ငါးအမျိုးမျိုးမှာ အင်တီအောက်ဆီဒင့်နဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ်တွေ အများအပြားပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိပါတဘ်။ ဒီငါးအမျိုးအစားကို တစ်ပတ်မှာ အနည်းဆုံး ၂ကြိမ်စားပေးတာက သွေးကြောတွေကို သန့်ရှင်းစေပြီး ပိုနေတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ဒါ့အပြင် သူ့ရဲ့သဘာဝအဆီတွေက လည်ချောင်းကြွက်သားတွေကို ပြေလျော့စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲဖြစ်နိုင်ခြေကို လျှော့ချပေးတာကြောင့် ဟောက်တတ်တဲ့သူတွေအတွက် ကောင်းမွန်သော အာဟာရဖြည့်စွက်စာ ဖြစ်ပါတယ်။

၄။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ဟောက်တာကို ရပ်တန့်အောင် ကူညီပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ဆာလဖာဓါတ်တွေ ပါဝင်တာကြောင့် ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချပေးပါတယ်။ အစိမ်းစားတဲ့အခါ လည်ချောင်းအတွင်း ရောင်ရမ်းမှုကို ဆန့်ကျင်ပေးတဲ့ အာနိသင်ကို ထုတ်ပေးနိုင်ပြီး အိပ်ချိန်မှာ ထွက်လာတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ အသံတွေကို လျော့ပါးစေနိုင်ပါတယ်။
၅။ သံလွင်ဆီ
သံလွင်ဆီက ထပ်တလဲလဲဟောက်ခြင်းကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။ သူ့မှာ essential fatty acids နဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာ ပါဝင်ပြီး သင့်အား ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းက အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းခြင်း (သို့) ဟန့်တားခြင်းကို လျှော့ချပေးနိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-steptohealth