Ex ကြောင့် နာကျင်နေရတဲ့ မိန်းကလေးတစ်ယောက်ကို မချစ်ခင်သင်သိထားသင့်သောအရာ (၄) ချက်
lifestylemyanmar.com
|
2022-01-07

အဆိပ်အတောက်ဖြစ်နေတဲ့ ဆက်ဆံရေးကနေ ရုန်းထွက်နိုင်တဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့တဲ့အခါ သူမဟာ ထူးခြားပြီး တစ်ခြားမိန်းကလေးတွေနဲ့ မတူတာကို သင်တွေ့ရမှာပါ။ အစပိုင်းမှာတော့ သူမဟာ အချစ်ကို မယုံကြည်သလိုမျိုးဖြစ်နေပါလိမ့်မယ်။ သင့်ကိုလည်း တွန်းထုတ်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် အနီးကပ်လေ့လာကြည့်တဲ့အခါ သူမရဲ့ အပြုအမူတွေက ကာကွယ်ရေးယန္တရားတစ်ခုထက် မပိုဘူးဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုမိန်းကလေးတွေမှာ သူတို့ရဲ့ ပင်ကိုယ်စရိုက်အလွှာလေးတွေရှိကြပါလိမ့်မယ်။ အများစုက သူမဟာ သင့်ရဲ့ ချစ်ခြင်းမေတ္တာ၊ အချိန်နှင့် စွမ်းအားတွေနဲ့ ထိုက်တန်ကြောင်းလည်း တွေ့မှာပါ။ အရေးကြီးတာကတော့ ဒီမိန်းကလေးဟာ အားနည်းပြီး ကြောက်စိတ်လေးတွေရှိနေမှာမို့ သူမကို အထူးဂရုစိုက်ပြီး နူးညံ့သိမ်မွေ့စွာဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အဆိပ်သင့်ဆက်ဆံရေးကနေ ထွက်ခွာလာတဲ့မိန်းကလေးတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်တစ်ချို့ကို မျှဝေပေးမှာဖြစ်ပါတယ်။

၁။ သူမဟာ ငရဲပြည်ကို ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်ဖြစ်တယ်


သူမဟာ ကြောက်စရာကောင်းတဲ့အရာတစ်ချို့ကို ကြုံတွေ့ခဲ့ရပြီး သင်ကြုံတွေ့ဖူးတာထက် ပိုပြီးဆိုးရွားတဲ့နာကျင်မှုတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သူမရဲ့ ကြေကွဲပျက်စီးနေတဲ့နှလုံးသားကို ပြန်လည်ပြုပြင်ပြီး သူမဟာ အရင်ကလည်း သန်မာကောင်းသန်မာနေပါလိမ့်မယ်။

ဒါပေမယ့် အရာအားလုံးထက်ပိုပြီး ချစ်ရတဲ့ကောင်လေးက သူမကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် မဖျက်ဆီးနိုင်ပေမယ့် သူမရဲ့ ကောင်လေးလုပ်ခဲ့သမျှအရာအားလုံးက သူမရဲ့ အကောင်းမြင်စိတ်တွေ၊ ဖြူစင်တဲ့စိတ်နေသဘောထားတွေကတော့ ပြောင်းလဲခဲ့ပါတယ်။ ဒါ့ကြောင့် သူမရဲ့ နှလုံးသားကို နှိပ်စက်ဖို့စိတ်ကူးရင် ဒါမှမဟုတ် သူမကို ကစားဖို့ပဲ စဉ်းစားနေမယ်ဆိုရင် ဒီအရာကို သတိရပါ။ ဒီမိန်းကလေးအပေါ် မှန်ကန်တဲ့ခံစားချက်၊ စိတ်သဘောထားတွေမရှိဘဲ သူမကို နွေးထွေးပေးဖို့ အာမမခံနိုင်ဘူးဆိုရင် သူမရဲ့ ဘဝထဲကို ဝင်ဖို့ မစဉ်းစားပါနဲ့။

၂။ အကြောင်းပြချက်တစ်ခုကြောင့် သူဟာ ရည်းစားဟောင်းလို့ အမည်တပ်တယ်


အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးကနေ သူမရဲ့ ကိုယ်ပိုင်အသိနဲ့ ရုန်းထွက်လာတဲ့ မိန်းကလေးဟာ ရူးမိုက်စွာနဲ့ အဲဒီ့ဆက်ဆံရေးကိုတော့ ပြန်သွားမှာမဟုတ်ပါဘူး။ ရည်းစားဟောင်းဆိုတာ အတိတ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့သာ ရည်းစားဟောင်းကြောင့် သူမအပေါ် အပြည့်အဝမချစ်ရဲဘူးဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ချစ်သူအဖြစ် လက်ခံခဲ့လို့ ရည်းစားဟောင်းဆိုတာမျိုးဖြစ်သွားခြင်းဖြစ်ပြီး ဒီကိစ္စအတွက် သင်စိတ်မပူသင့်ပါဘူး။

၃။ သူမမှာ ယုံကြည်မှုဆိုင်ရာ ပြဿနာတွေရှိပါလိမ့်မယ်


အဆိပ်အတောက်ဖြစ်စေတဲ့ ရည်းစားကို ပိုင်ဆိုင်ခဲ့ရဖူးတဲ့ မိန်းကလေးတွေမှာ ပြင်းထန်တဲ့ ယုံကြည်မှုဆိုင်ရာ ပြဿနာတစ်ချို့တော့ ရှိပါလိမ့်မယ်။ သင်နဲ့ပထမဆုံး စတွေ့တဲ့အခါ သင်ပြောသမျှစကားတိုင်းကို သူမက သံသယဖြစ်နေပြီး သင့်ရည်ရွယ်ချက်တွေကိုလည်း မေးခွန်းထုတ်ပါလိမ့်မယ်။ တစ်ခါတရံမှာ သူမနဲ့စကားပြောတဲ့အခါ စုံထောက်တစ်ယောက်ယောက်နဲ့ စကားပြောနေရသလိုတောင်ဖြစ်နေပါလိမ့်မယ်။ စုံစမ်းစစ်ဆေးမှုတွေရှိတာကြောင့်ပါ။

ယောင်္ကျားတိုင်းက အတူတူပါပဲလို့ သူမရဲ့ အတွေ့အကြုံက သူမကို သင်ပေးခဲ့ပြီး အကျိုးဆက်အနေနဲ့ သင့်ကိုလည်း သူမကို နာကျင်စေမယ့်သူလို့ ယူဆပါလိမ့်မယ်။ သင့်ရဲ့ ပုံစံအမှန်ကို အမြဲစောင့်မျှော်နေမယ့်မိန်းကလေးဖြစ်ပြီး သင့်အပေါ်မှာလည်း အများကြီးတော့ မျှော်လင့်ထားမှာမဟုတ်ပါဘူး။

၄။ သူမကိုယ်သူမ စောင့်ကြပ်ပါလိမ့်မယ်


ချစ်ခြင်းမေတ္တာကို နာကျင်ခြင်းနဲ့ တွဲမြင်သူတွေဖြစ်တာကြောင့် နောက်တစ်ကြိမ်ဆိုတာ ထပ်မဖြစ်လာစေဖို့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်စောင့်ရှောက်ပါလိမ့်မယ်။ သင့်ကို သူမ မယုံကြည်မချင်း သင်နဲ့ ပတ်သက်ရင် သူမရဲ့ စိတ်ခံစားချက်တွေကို ပြသမှာမဟုတ်ပါဘူး။ တစ်ဆက်တည်းမှာပဲ သူမရဲ့ အားနည်းချက်တွေကိုလည်း အသုံးချခံရမှာစိုးရိမ်တာကြောင့် ဖုံးကွယ်ထားပါလိမ့်မယ်။ ဒီတော့ ဒီမိန်းကလေးနဲ့ ပတ်သက်ရင် သင်စိတ်ရှည်သည်းခံရမှာတွေကလည်း အင်မတန်များပြားပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

ref-herway


#ရည်းစား
#နှလုံး
#ချစ်ခြင်းမေတ္တာ
#မိန်းကလေး
#အရာ

Some text some message..