
အမျိုးသားတစ်ယောက်ရဲ့ အနမ်းနဲ့တင် သူဟာ သင့်ကို တကယ်ချစ်/မချစ် ဘယ်လိုသိနိုင်မလဲ?
အချစ်နဲ့ ပတ်သက်လာရင် အပြုအမူတွေက စကားလုံးတွေထက် ပိုကျယ်လောင်နေတတ်ပါတယ်။ တစ်ယောက်ယောက်က သင့်ကို အနမ်းပေးတဲ့ ပုံစံအမျိုးမျိုးကနေ သူတို့ရဲ့ ခံစားချက်အစစ်အမှန်ထုတ်ဖော်ပြနိုင်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ အနမ်းပုံစံကို နားလည်ခြင်းကလည်း သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးအပိုင်းတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ ဆွဲဆောင်နိုင်မယ့် ထိုးထွင်းသိမြင်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။ အောက်မှာ ရှင်းပြပေးထားမယ့် အနမ်းအမျိုးစားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သိပြီးတာနဲ့ သင်နဲ့ သင့်ချစ်သူအကြား ဆက်သွယ်နိုင်မယ့် ဝေါဟာရတစ်ခုတိုးလာပါလိမ့်မယ်။
၁။ နှုတ်ခမ်းကို အနမ်းပေးခြင်း

ဒီအဓိပ္ပာယ်ကတော့ သင့်အချစ်တွေကို သူအမှန်တကယ်တန်ဖိုးထားတယ်လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။
လျင်မြင်ပြီး ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေနဲ့ မကြာခဏ ပါးစပ်ကို ပိတ်ပြီး နမ်းခြင်းက ရင်းနှီးသော ဆက်ဆံရေးတွေမှာ နှုတ်ဆက်ခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မမြင်နိုင်တဲ့နေရာတစ်ခုခုမှာ သင့်ကို ဒီလိုနမ်းမယ်ဆိုရင် ဒါဟာ သင့်ရဲ့ နေ့စဉ်ဘဝနဲ့ သင်ဟာ သူ့ဘဝရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့ လက္ခဏာပါပဲ။ လူမြင်ကွင်းမှာ ဒီလိုမျိုးနမ်းမယ်ဆိုရင် သင်တို့ရဲ့ ဆက်ဆံရေးကို အလေးအနက်ထားတယ်ဆိုတဲ့ သက်သေဖြစ်ပါတယ်။
၂။ နဖူးဆံစပ်ကို အနမ်းပေးခြင်း
ဒီအဓိပ္ပာယ်ကတော့ သင့်ကို ဂရုစိုက်ပေးချင်တယ်ဆိုတဲ့ သဘောမျိုးသက်ရောက်ပါတယ်။ ဆိုလိုတာ သင့်ကို ကာကွယ်ပေးချင်တာမျိုးပါ။ သင်တို့နှစ်ယောက်အကြားမှာ နယ်နိမိတ်စည်းမျဉ်းတွေ ခြားနားထားပြီး သင်က သူ့အတွက် ကမ္ဘာကြီးတစ်ခုလုံးလို့ ဆိုလိုတာလည်းဖြစ်နိုင်ပါတယ်။
၃။ သင့်ရဲ့ လက်ကို အနမ်းပေးခြင်း

သူက သင့်ကို flirt နေခြင်းဖြစ်ပါတယ်။ ယောင်္ကျားလေးတစ်ယောက်က သင့်လက်ကို အနမ်းပေးတယ်ဆိုရင် သူဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူဖြစ်ပြီး နည်းနည်းလေး အပိုလုပ်ပြတတ်သူလို့လည်း သိထားနိုင်ပါတယ်။ သင်သာ ဥရောပက တောင်ဝင်မိသားစုဝင်တစ်ယောက်မဟုတ်ဘူးဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ လက်ကို နမ်းဖို့က သတ္တိရှိဖို့လိုအပ်ပါတယ်။
သင့်လက်ကို နမ်းတဲ့လူက သူ့ရဲ့ စွမ်းရည်ကို ပြချင်နေတာလည်းဖြစ်နိုင်တာမို့ သူ့ရဲ့ ခံစားချက်တွေက စစ်မှန်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သင်ရည်းစားထားရတော့မယ့် အချိန်လည်း ဖြစ်လာနိုင်တာမို့ ပြင်ဆင်ထားတာကောင်းပါတယ်။
၄။ လက်ကောက်ဝတ်အတွင်းပိုင်းကို အနမ်းပေးခြင်း
ဒီကိစ္စမှာတော့ တော်တော်လေးပြင်းထန်တဲ့ လိင်နဲ့ ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာလေးတွေ လာပါတော့မယ်။
ယောင်္ကျားတစ်ယောက်က သင့်လက်ကောက်ဝတ်အတွင်းပိုင်းကို အနမ်းပေးမယ်ဆိုရင် ၎င်းအမျိုးသားဟာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလုပ်လုပ်ပုံကို ကောင်းကောင်းသိပြီး အဲဒီ့အသိပညာကို ကောင်းကောင်းအသုံးချဖို့ ကြောက်ရွံ့သူမဟုတ်ကြောင်း ပြောပြနေပါတယ်။
၅။ လည်ပင်းကို အနမ်းပေးခြင်း

ယောင်္ကျားလေးတွေမှာ ပြင်းထန်သော ရိုမန်တစ်ဆန်တဲ့ ခံစားချက်တွေဖြစ်လာပြီဆိုရင် ဒီလိုအနမ်းမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒီအနမ်းမျိုးက ထူးခြားတဲ့အနမ်းလို့ ဆိုကြပါစို့။ အေးဆေးပေါ့၊ သင်ချိန်းတွေ့နေတဲ့လူက သွေးစုပ်ဖုတ်ကောင်မှာ မဟုတ်တာ။ လည်ပင်းကို နမ်းခြင်းက အချစ်ရေးရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ သူက သင့်လည်ပင်းကို နမ်းခြင်းရဲ့ အဓိပ္ပာယ်မှာ သင့်ကို လိုချင်နေကြောင်းနှင့် သင့်ကို စကားတစ်ခွန်းမှ မပြောဘဲ သင့်ကိုအခုချက်ချင်းလိုချင်ကြောင်း ပြသနေခြင်းဖြစ်ပါတယ်။ ထိရောက်သော အနမ်းမျိုးဖြစ်ပါတယ်။
၆။ လျှာနဲ့ အနမ်းပေးခြင်း
ဒီအနမ်းကတော့ သင့်ရဲ့ ဆွဲဆောင်မှုတွေက သူ့ကို လုံးဝအရည်ပျော်ကျသွားစေပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီလိုအနမ်းပုံစံက သင့်ရဲ့ ဆွဲဆောင်မှုတွေက ဘယ်လောက်အထိတောင် အားကောင်းတယ်ဆိုတာ ပြသနေသော နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။
၇။ ပါးပြင်ကို အနမ်းပေးခြင်း
ဒီအနမ်းအမျိုးအစားကတော့ နံပါတ် (၆) အမျိုးအစားနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ ပါးပြင်ကို နမ်းခြင်းက လက်ဆွဲနှုတ်ဆက်တာထက် ပိုဆိုးပါတယ်။ သင့်ရဲ့ ပါးပြင်ကို နမ်းနေတဲ့ ယောင်္ကျားတစ်ယောက်က သင်နဲ့ မလိုက်ဖက်တဲ့ ယောင်္ကျားမျိုးလို့တောင် ပြောလို့ရပါတယ်။
၈။ သင့်ရဲ့ မျက်လုံးတွေကို အနမ်းပေးခြင်း

သူက သင့်ကို အမှန်တကယ်တန်ဖိုးထားတယ်ဆိုတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။
ယောင်္ကျားလေးတစ်ယောက်က သင့်မျက်လုံးကို နမ်းလိုက်လို့ ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ်။ ဒီလိုအနမ်းက သင့်ကို ချစ်ခြင်းနှင့် ကမ္ဘာကြီးအပေါ် သင့်ရဲ့ ထင်မြင်ချက်တွေကိုလည်း သဘောကျတယ်လို့ သိနိုင်ပါတယ်။ ဒီအရာက နည်းနည်းလေး ရီစရာကောင်းနေမယ်ဆိုရင်တောင် ချစ်ခြင်းမေတ္တာရဲ့ လေးမြတ်တဲ့ အမူအရာတစ်ခုဖြစ်ပါတယ်။
၉။ နဖူးကို အနမ်းပေးခြင်း
သင့်ရဲ့ ခန္ဓာကိုယ်ကို ချစ်တာထက် သင့်ကို ပိုချစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ နဖူးကို နမ်းလိုက်တဲ့အခါ သူက သင့်အနီးအနားလေးမှာ ကပ်နေမှာဖြစ်ပြီး သင့်ကို ကာကွယ်ပေးချင်နေခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်သာမက သင့်ရဲ့ အရာအားလုံးကို ချစ်ကြောင်းလည်း ပြောနေခြင်းပါ။
Lifestyle_Myanmar
Nyein_Thu
ref-themindjournal