ပွေ့ဖက်မှုရဲ့ကြာချိန်က သင့်ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်စေနိုင်လဲ?
lifestylemyanmar.com
|
2022-01-12

တစ်ခါတစ်ရံမှာ လူတစ်ယောက်အတွက် သင်လုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာက ပွေ့ဖက်ခြင်းကဲ့သို့သော ရိုးရှင်းတဲ့အရာတစ်ခုဖြင့် သူတို့ကို နှစ်သိမ့်မှု၊ နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေ ပေးဆောင်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို နှစ်သက်သူမဟုတ်ရင် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပွေ့ဖက်ခြင်းက ဘယ်လောက်အစွမ်းထက်ကြောင်း လေ့လာမိတဲ့အခါ သင့်စိတ်ပြောင်းလဲနိုင်ပါတယ်။ ပွေ့ဖက်ခြင်းက ဘယ်လောက်အကျိုးရှိလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ လူသားတွေရဲ့ ထိတွေ့မှုက ဘာ့ကြောင့်အရေးကြီးတာလဲ

လူသားတို့ထိတွေ့မှုက အရင်းနှီးဆုံးသော ဆက်သွယ်မှုပုံစံဖြစ်ပြီး သဘာဝအလျောက် အကျိုးကျေးဇူးအများဆုံးကို ယူဆောင်လာပါတယ်။ အထီးကျန်တယ်လို့ ခံစားရသူတွေဟာ တစ်စုံတစ်ခု ပျောက်ဆုံးနေတာကို မကြာခဏ သဘောပေါက်ကြသော်လည်း ပွေ့ဖက်ခြင်းကဲ့သို့သော ရိုးရှင်းတဲ့အရာတစ်ခု ဖြစ်ကြောင်းကို ကျွန်တော်တို့ သတိမမူမိကြပါဘူး။

လူပေါင်း 40,000 ပါဝင်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ထိတွေ့မှုနဲ့ ဆက်စပ်နေတဲ့ အသုံးအများဆုံးစကားလုံးတွေက ” နှစ်သိမ့်မှု” ,” နွေးထွေးမှု” နဲ့ ” ချစ်ခြင်းမေတ္တာ” တို့ဖြစ်ပါတယ်။


၂။ ပွေ့ဖက်ခြင်းက ကျွန်တော်တို့အတွက် ဘာကြောင့် ပိုကောင်းတာလဲ

လူတွေက ခပ်တိုတိုသာ ပွေ့ဖက်ထားလေ့ရှိပေမယ့် အခုမှစပြီး အချိန်ပိုကြာကြာ ပွေ့ဖက်သင့်တဲ့ အကြောင်းရင်းကြီးတစ်ခုရှိပါတယ်။ ပွေ့ဖက်ခြင်း ကြာချိန်နဲ့ ပတ်သတ်လို့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး ပါဝင်သူတွေက ၁စက္ကန့်, ၅စက္ကန့် နဲ့ ၁၀စက္ကန့်ကြာ ပွေ့ဖက်ထားရမှာ ဖြစ်ပါတယ်။ ရလဒ်တွေမှာ ၁စက္ကန့် ပွေ့ဖက်ခြင်းက သာယာပျော်ရွင်မှု အနည်းဆုံးဖြစ်ကြောင်း တွေ့ရှိရပြီး ၁၀စက္ကန့်က သာယာပျော်ရွှင်မှု အများဆုံးရကြောင်း တွေ့ရှိခဲ့ပါတယ်။ ရိုးရိုးပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ကြီးမားပြီး ကျောကုန်းကို ပွတ်သပ်ပေးခြင်းကဲ့သို့သော အပိုထိတွေ့မှုတွေက သာယာမှုကို မြှင့်တင်ပေးပါလိမ့်မယ်။


၃။ ပွေ့ဖက်မှုက စိတ်ဖိစီးတာကို လျှော့ချပေးပြီး ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်

ပွေ့ဖက်ခြင်းက ပျော်ရွှင်မှုဟော်မုန်း (သို့) အောက်ဆီတိုစင် ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ ကျွန်တော်တို့ဟာ အချိန်ကြာကြာ ထိတွေ့ (သို့) ပွေ့ဖက်လေလေ ဟော်မုန်းကို ပိုမိုထုတ်လုပ်ပြီး ခံစားမှု ပိုကောင်းလေ ဖြစ်ပါတယ်။ ဟော်မုန်းက စိတ်ဖိစီးမှုကို ဆန့်ကျင်တဲ့ အာနိသင်ရှိတယ်လို့ သက်သေပြထားပါတယ်။


၄။ ပွေ့ဖက်ခြင်းရဲ့ စွမ်းအားက စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုကို တိုက်ဖျက်ပေးပါတယ်

ပွေ့ဖက်ခြင်းက စိုးရိမ်သောက ရှိသူတွေ၊ မိမိကိုယ်ကို လေးစားမှုနည်းသူတွေနဲ့ အထူးသဖြင့် သေဆုံးမှုကို ကြောက်ရွံ့သူတွေအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ အဲဒီခံစားချက်တွေကို တွေ့ကြုံခံစားရသူတွေဟာ စိတ်သက်သာရာရစေတဲ့ နည်းလမ်းတစ်ခုအနေနဲ့ ထိတွေ့ချင်ကြတယ်လို့ သုတေသနက အကြံပြုထားပါတယ်။ ထိတွေ့မှုခံစားခဲ့ရသူတွေဟာ အခြားသူတစ်ယောက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမရှိသောသူတွေထက် ဖြစ်တည်မှုဆိုင်ရာ စိုးရိမ်ပူပန်မှု နည်းပါးကြောင်း ရလဒ်တွေ ပြခဲ့ပါတယ်။


၅။ ပွေ့ဖက်ခြင်းက ဖျားနာနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်

လူမှုရေးပံ့ပိုးမှုနဲ့ ပွေ့ဖက်မှုရရှိတဲ့ လူတွေဟာ ရောဂါကူးစက်မှုကနေ အနည်းငယ် ပိုပြီးကာကွယ်နိုင်ကြောင်း လေ့လာမှုတစ်ခုက အတည်ပြုထားပါတယ်။ ၎င်းမှာ ကျန်းမာတဲ့ လူကြီး ၄၀၄ယောက်ပါဝင်ခဲ့ပြီး ပွေ့ဖက်ခြင်းကို ခံယူပြီးနောက် သူတို့ဟာ သာမန်အအေးမိဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့ခဲ့ကြပါတယ်၊ ပြီးနောက် ရောဂါလက္ခဏာတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။ ပံပိုးမှုနဲ့ ပွေ့ဖက်မှုတွေက ကူးစက်နိုင်ခြေကို လျော့ကျစေတယ်လို့ ရလဒ်တွေက ပြသခဲ့ပါတယ်။


၆။ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်

ဒီလေ့လာမှုအရ ပွေ့ဖက်ခြင်းက လူတွေအတွက် သိသာထင်ရှားတဲ့ နှလုံးအကျိုးကျေးဇူးတွေ ရှိနိုင်ပါတယ်။။ သုတေသီတွေက လူ၂၀၀ကို အုပ်စု ၂စုခွဲထားခဲ့ပါတယ်။ ပထမအုပ်စုမှာ စုံတွဲတွေဟာ ရိုမန့်တစ်ဗီဒီယိုတွေကို ကြည့်ရင်း ၁၀မိနစ်ကြာ လက်ကိုင်ထားရပြီး စက္ကန့် ၂၀ကြာ ပွေ့ဖက်ထားရပါတယ်။ ဒုတိယအုပ်စုက ၁၀မိနစ်နဲ့ စက္ကန့် ၂၀ကြာမျှ မထိဘဲ ငြိမ်သက်စွာ ထိုင်နေခဲ့ရပါတယ်။ ရလဒ်တွေကတော့ “ချစ်ချစ်ခင်ခင်ရှိတဲ့ အုပ်စု” မှလူတွေဟာ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန် လျော့နည်းသွားကြောင်း ပြသခဲ့ပါတယ်။

၇။ ထိတွေ့မှုက သင့်ရဲ့ခန္ဓာကိုယ်နာကျင်မှုကို လျှော့ချပေးနိုင်ပါတယ်

ချစ်ရသူတစ်ယောက်ရဲ့ ထိတွေ့ကိုင်တွယ်ခြင်း (သို့) ဆုပ်ကိုင်ထားခြင်းက သင့်အား စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေသာမက ဇီဝကမ္မဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ သင်ချစ်ရသူတစ်ယောက်ရဲ့ ထိတွေ့မှုက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ စုံတွဲ ၂၂ တွဲရဲ့ မွေးခန်းမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို လေ့လာခဲ့ပါတယ်။ အမျိုးသမီးတွေ ဝေဒနာခံစားနေရချိန် ပါတနာတွေကလည်း သူတို့ကို မထိတွေ့တဲ့အခါ နာကျင်မှုကို ပိုခံစားခဲ့ကြပါတယ်။ သို့သော် အမျိုးသားတွေက လက်ကို ဆုပ်ကိုင်လိုက်တဲ့အခါ အမျိုးသမီးတွေရဲ့ နာကျင်မှုတွေ လျော့ပါးသွားခဲ့ကြပါတယ်။


၈။ ပျော်ရွှင် ကျန်းမာနေစေဖို့ ကျွန်တော်တို့ လိုအပ်တဲ့ ပွေ့ဖက်မှု အရေအတွက်

မိသားစုကုထုံးပညာရှင် Virginia Satir ရဲ့အဆိုအရ ရိုးရှင်းတဲ့ ဖော်မြူလာရှိပါတယ်။ တစ်နေ့လျှင် ၄ကြိမ်ပွေ့ဖက်မှုက ရှင်သန်ဖို့ ဖြစ်ပါတယ်။ တစ်နေ့လျှင် ၈ကြိမ် ပွေ့ဖက်မှု ပြုပြင်ထိန်းသိမ်းဖို့အတွက် ဖြစ်ပါတယ်။ တစ်နေ့လျှင် ၁၂ကြိမ် ပွေ့ဖက်ခြင်းက ကြီးထွားဖို့အတွက်ပါ။ အမှန်က ကျွန်တော်တို့ဟာ တတ်နိုင်သလောက် များများလိုအပ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside


#ကျန်းမာရေး
#ချစ်ခြင်းမေတ္တာ
#ပျော်ရွှင်မှု
#အရာ
#လေ့လာ

Some text some message..