
လူ့လောကရဲ့ အကြီးမားဆုံးကြောက်စရာကောင်းတဲ့အရာတစ်ခုက အထီးကျန်ခြင်းဖြစ်ပါတယ်။ လူတွေက တစ်ယောက်တည်းနေရခြင်းမှာ အကြောင်းရင်းများစွာရှိပါတယ်။ ရိုးရှင်းတဲ့အချက်နှစ်ချက်ကတော့ သင့်ဘဝကို တစ်ခြားလူတွေနဲ့ အဓိပ္ပာယ်ရှိရှိမဝေမျှရဲခြင်း နှင့် မဝေမျှချင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ တစ်ယောက်တည်းနေခြင်းနှင့် အထီးကျန်ခြင်းအကြားမှာ အလွန်ကွဲပြားခြားနားသော အရာတွေရှိပါတယ်။
အကြောက်တရားတွေကြောင့် လူ့အဖွဲ့စည်းက သမိုင်းတစ်လျှောက် တစ်ယောက်တည်းနေခြင်းကို အယူအဆကို ရှုံ့ချခဲ့ပါတယ်။ အထီးကျန်သူနေသူတွေကို ဝိုင်းပယ်ကြပြီး တစ်ခါတရံမှာတောင် ရှောင်ဖယ်ရတဲ့အထိ ဖြစ်လာပါလိမ့်မယ်။ ဒီအတွက်ကြောင့် လူတွေက တစ်ခြားလူတွေရဲ့ ဝန်းရံခြင်းကို ခံရဖို့ ကြိုးစားကြပါတယ်။ နောက်ဆုံး မတတ်နိုင်တော့အခါ တစ်ဖြည်းဖြည်းထိတ်လန့်လာကြပြီး တစ်ခုခုမှားနေပြီလို့ ယုံကြည်လာကြပါတယ်။
ဒါ့ကြောင့် ဒီအမည်းစက်က လူတိုင်းကို ကျော်လွှားနိုင်ဖို့ သင်ယူသင့်တဲ့အရာတစ်ခုဖြစ်ပြီး တကယ်တော့ လူတွေဟာ တစ်ခါတရံမှာ တစ်ယောက်တည်းနေဖို့ လိုအပ်ပါတယ်။ လူတစ်ဦးက ဘဝတစ်လျှောက်မှာ အကြိမ်များစွာ တစ်ယောက်တည်းနေရုံနဲ့ အထီးကျန်တယ်လို့ မဆိုလိုပါဘူး။ အထီးကျန်လေ့ရှိတဲ့ အခြေအနေတွေကို မျှဝေပေးချင်ပါတယ်။ဒီတော့ အထီးကျန်မလား? တစ်ယောက်တည်းနေမလား?
၁။ သင်ကြီးပြင်းလာတဲ့အခါ (သို့) ရင့်ကျက်လာတဲ့အခါ

ငယ်ရွယ်စဉ်မှာ ဘဝဟာ လွယ်ကူပြီး ပေါ့ပါးလွတ်လပ်သလို ထင်ရပါတယ်။ သင့်မှာ တာဝန်ဝတ္တရားတွေမရှိဘူး၊ သင့်သူငယ်ချင်းတွေနဲ့ အနီးနားပတ်ဝန်းကျင်မှာ တစ်နေ့တာလုံး လွတ်လွတ်လပ်လပ်ကစားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ့ပျော်စရာကောင်းတဲ့ အချိန်တွေဟာ တဖြည်းဖြည်းကုန်ဆုံးသွားပြီး သင်ဟာ ကြီးပြင်းလာပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ်လူငယ်ဖြစ်စအရွယ်ရောက်လာတာနဲ့ သင်ဟာ လူငယ်တစ်ဦးဖြစ်လာပြီး ဘဝက အထီးကျန်သလိုဖြစ်လာပါလိမ့်မယ်။ ဒီဆက်ကျော်သက်အရွယ်ကျော်လွန်လာပြီး တက်ကြွတဲ့ လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး အရွယ်လွန်လာချိန်မှာလည်း အလားတူအထီးကျန်မှုတွေခံစားရပါလိမ့်မယ်။
အမှန်တော့ ဒီကာလတွေမှာ အထီးကျန်တယ်ဆိုတာကလည်း သင့်ရဲ့ ခံယူချက်ပဲဖြစ်ပါတယ်။ ဒီအဆင့်တွေကို လူတွေက ဝန်ထုပ်ဝန်ပိုးလို့ မြင်ကြပါတယ်။ အမှန်တော့ ဒီအရွယ်တွေက လူတစ်ဦးအနေနဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့နှင့် သင့်ကိုယ်သင်ပြန်လည်ဆန်းသစ်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ သင်ဟာ လူတစ်ချို့နဲ့ မတူကွဲပြားခြားနားလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအရာက သင့်ဘဝထဲကို လူသစ်တွေဝင်လာစေဖို့ အပြောင်းအလဲတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။
၂။ သင်က တစ်ခြားမြို့ကို ရွေ့ပြောင်းတဲ့အခါ

တစ်ခြားမြို့ကို ပြောင်းရွေ့ခြင်းက ဘဝအပြောင်းအလဲတွေကို ဖြစ်စေနိုင်ပြီး အထီးကျန်ဆန်မှုကို ဖြစ်စေတာက ပုံမှန်ပါပဲ။ ဒါပေမယ့် တစ်ချိန်လုံးအထီးကျန်ခြင်းမျိုးဖြစ်ဖို့ မလိုပါဘူး။ သင့်ဘဝကိုလည်း အသစ်အဆန်းကနေ ပြန်လည်စတင်လိုက်ပါ။ ချိတ်ဆက်မှုအသစ်တွေနဲ့ စတင်လိုက်ပါ။ အဆက်အသွယ်အဟောင်းတွေကို စွန့်ပစ်ဖို့ ပြောနေခြင်းမဟုတ်ပါဘူး။
၃။ ကိုယ့်ကိုယ်ကိုယ်ဖော်ထုတ်ဖို့ / ပုံဖော်ဖို့ ကြိုးစားချိန်

လူတွေက ဘဝကို နေလာရင်း၊ ဖြတ်သန်းလာရင်းနဲ့ သူတို့ရဲ့ ကမ္ဘာကြီးကို ဇောက်ထိုးပြောင်းသွားတဲ့အခါ အခြေအနေတွေအပေါ် မကိုင်တွယ်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။ သင့်ဘဝဟာ အမြဲတမ်းတော့ ချောမွေ့နေမှာမဟုတ်ပါဘူး။ ကြမ်းတမ်းမှုတွေကိုလည်း သင်ကိုယ်တိုင်ဖြတ်သန်းရမှာပါ။ ၎င်းက တစ်နေ့တာဖြတ်သန်းဖို့ ခွန်အားရှာဖွေခြင်း၊ ခက်ခဲသော ဆုံးဖြတ်ချက်များချခြင်းစသဖြင့် သင့်ဘဝရဲ့ ဘယ်အရာမဆို သင်ကိုယ်တိုင်လုပ်ရပါမယ်။
သင်မျက်နှာသာမရဘူးလို့ ထင်ရတဲ့ ကာလတွေကို ဖြတ်သန်းတဲ့အခါ တစ်ခြားလူတွေနဲ့ ဝေးကွာပြီး တစ်ယောက်တည်းနေဖို့ ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့် ဒီအရာက သင်အထီးကျန်နေမယ်လို့ မဆိုလိုပါဘူး။ အဲ့ဒီအစား ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ သင့်မှာ အထီးကျန်ဆန်မှုတွေ အများကြီးလိုအပ်တယ်လို့ ဆိုလိုပါတယ်။ သင့်အနားမှာ အမှန်တကယ်ရှိနေသူတွေက သင်တစ်ယောက်တည်းအထီးကျန်နေရင်တောင် သင့်အနားမှာရှိနေမှာပါ။
၄။ သင်ရဲ့ ပရော်ဖက်ရှင်နယ်လုပ်ငန်းမှာ အာရုံစိုက်နေတဲ့အခါ အထီးကျန်တယ်လို့ ခံစားရမှာမဟုတ်ပါဘူး

လူတော်တော်များများက သူတို့ကိုယ်သူတို့အထီးကျန်မှာစိုးရိမ်ပြီး သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ အပြည့်အဝမြှပ်နှံရမှာကို ကြောက်ကြပါတယ်။ ဒါ့ကြောင့် ပိုမိုကောင်းမွန်သောအလုပ်အတွက် လျှောက်ထားဖို့ (သို့) ရာထူးတိုးလျှောက်ဖို့ အချိန်ယူရမယ့်အစား ၎င်းတို့အား မပြည့်စုံသော အလုပ်တစ်ခုနဲ့သာ ရုန်းကန်ဖို့ ရွေးချယ်ကြပါတယ်။ ကလေးတွေကတော့ အပေါင်းအသင်းအပေါ်မူတည်ပြီး ၎င်းတို့ရဲ့ ဘွဲ့ဒီဂရီတွေကို ရွေးချယ်ကြပါတယ်။
အသက်မွေးဝမ်းကြောင်းတစ်ခုရှိခြင်းက သင့်ကို အထီးကျန်ဖြစ်စေလိမ့်မယ်ဆိုတဲ့ အယူအဆက အဓိပ္ပာယ်မရှိပါဘူး။ သင့်ရဲ့ အိပ်မက်တွေကို လိုက်ဖမ်းတာက သင်တစ်ယောက်တည်း လုပ်ရမယ့်အရာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တာကို ရတဲ့အခါ သင့်စိတ်အတွင်းပိုင်းမှာ ငြိမ်းချမ်းမှုကို ရလာပါလိမ့်မယ်။ ဒီလိုကိုယ်ရေးကိုယ်တာ ပြည့်စုံမှုက သင့်ကို အထီးကျန်စေမှာ မဟုတ်ပါဘူး။ သင်လိုချင်တာတွေကို ရပြီးနောက် ချိတ်ဆက်မှုအသစ်တွေလုပ်ဖို့ သင့်မှာ အချိန်ပိုရပါလိမ့်မယ်။
၅။ သင့်ရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်တေတဲ့အခါ အထီးကျန်တယ်လို့ မခံစားရတော့ပါဘူး

သင့်စိတ်ကျန်းမာရေးအတွက် ရုန်းကန်နေရခြင်းက အထီးကျန်ရခြင်းကို ခံစားရနိုင်ပါတယ်။ စိတ်ကျန်းမာရေးဆိုးရွားလာခြင်းရဲ့ အနိမ့်ဆုံးအဆင့်က အထီးကျန်ခြင်းဖြစ်ပါတယ်။ သင့်စိတ်ကျန်းမာရေးကောင်းမွန်လာတာနဲ့အမျှ သင်ဟာ ပိုပိုပြီး ငြိမ်းချမ်းလာပါလိမ့်မယ်။ အနည်းဆုံးတော့ သင့်ကိုယ်သင်အားကိုးလာနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းဖို့ ကြိုးစားခြင်းက အထီးကျန်ခြင်းမဟုတ်ပါဘူး။
၆။ လူတွေ၊ ပြဿနာတွေရဲ့ အဝေးကို ထွက်ပြေးလာတဲ့အခါ
တစ်ခါတရံမှာ လူတွေဟာ အရာအားလုးကို ချန်ထားခဲ့ချင်ပြီး သူတို့ရဲ့ ပြဿနာတွေနဲ့ ခဏတာ ဝေးကွာချင်ကြပါတယ်။ ဆိုလိုသည်မှာ လမ်းလျှောက်ခြင်း၊ ချက်ချင်းခရီးထွက်ခြင်း (သို့) အိမ်ထဲမှာပဲ တစ်ယောက်တည်းနေနေခြင်းကို ဆိုလိုခြင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ့အခိုက်အတန့်တွေမှာ သူတို့အထီးကျန်မနေပါဘူး။ တစ်ချို့လူတွေက ၎င်းတို့ပတ်ဝန်းကျင်ရှိအရာအားလုံးကို စစ်မှန်စွာ သဘောပေါက်နားလည်နိုင်စေတာကြောင့် တစ်ယောက်တည်းလုပ်ဆောင်ခြင်းကို အမှန်တကယ်နှစ်သက်ကြပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-powerofpositivity