
မချစ်တတ်ဘူးလို့ ထင်ရတဲ့ လူတစ်ယောက်က တစ်ချိန်က သိပ်ချစ်တတ်ခဲ့ကြတဲ့ လူသားတစ်ယောက်ပါပဲ။ ဒီလိုလူတစ်ယောက်က ဘာလို့ ချစ်ရမှာ ကြောက်နေရတာလဲ? Philophobia ဆိုတဲ့ ချစ်ရမှာကြောက်တဲ့ ရောဂါဆိုတာဘာလဲ?နှလုံးသားမှာ ဒဏ်ရာနက်နက် ရသွားတဲ့လူတစ်ယောက်ဟာ ထပ်ချစ်ဖို့ မဝံ့မရဲဖြစ်တတ်ပြီး Philophobia ရောဂါကို တိတ်တဆိတ် ခံစားနေရတာပါ။ ကိုယ့်ကြောင့် တစ်စုံတစ်ယောက် နာကျင်သွားမှာစိုးတာ၊ ကိုယ်က ထပ်ပြီး နာကျင်ရမှာ ကြောက်တာ စတဲ့ ချစ်ရမှာကြောက်တဲ့စိတ်ကြောင့် လူတွေရဲ့ အဝေးမှာနေဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ဥပမာ_ Disney’s Frozen ကို ကြည့်ဖူးရင် Queen Elsa ကို မှတ်မိမှာပါ။ သူမဟာသူမရဲ့ စွမ်းအားတွေကြောင့် ချစ်ရတဲ့ညီမလေးကို ထိခိုက်စေမိပြီး ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားဖို့၊ ခံစားချက်တွေကို ရပ်တန့်ပြီး ဘေးဖယ်ထားဖို့ ရွေးချယ်ခဲ့တဲ့ ချစ်ရမှာကြောက်သွားတဲ့ ကောင်မလေးပါ။ ကိုယ့်ကိုကိုယ် ချစ်ရမှာကြောက်ပြီး တစ်ယောက်ထဲနေဖို့ ရွေးချယ်နေမိပြီဆိုရင် ဒီစာလေးကိုဖတ်ကြည့်တာက စိတ်ခွန်အားရဖို့ အကူအညီပေးနိုင်မှာပါ။

၁။ ဘ၀မှာ စိတ်ခံစားမှုတွေ လိုအပ်တယ်ဆိုတယ်
လူသားတစ်ယောက်အနေနဲ့ ခံစားတတ်ဖို့ လိုပါတယ်။ နာကျင်ခံစားဖို့၊ ချစ်ဖို့၊ နာကျင်ဖို့၊ ပျော်ရွှင်နေဖို့၊ ဆုံးရှုံးမှုတွေကို လူတိုင်းမဖြစ်မနေ တွေ့ကြုံရမှာပါ။ ဘုရင်မကြီး Elsa လိုမျိုး မင်းကိုချစ်တဲ့သူတွေနဲ့ ဝေးသွားအောင် ရေခဲရဲတိုက်မှာ ခိုလှုံလို့မရပါဘူး။ ဒီလိုလုပ်ရင် နောက်ဆုံးမှာ မင်းရဲ့ကိုယ်ပိုင်နယ်နမိတ်မှာ မွန်းကျပ်နေပြီး မင်းကိုပိုပြီး နာကျင်စေနိုင်ပါတယ်။ ချစ်ခြင်း၊ နာကျင်ခြင်းဆိုတာ လူဖြစ်ရတဲ့ ဘဝရဲ့ အနှစ်သာရမို့ တိုတောင်းလူ့ဘဝကြီးမှာ လူသားဆန်ဆန် နေနိုင်ဖို့ ကြိုးစားလိုက်ပါ။

၂။ ခံစားချက်တွေကို ထိန်းချုပ်ဖို့ မကြိုးစားပဲ လက်ခံနိုင်ရမယ်
နာကျင်ရတဲ့ စိတ်ခံစားမှုကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်တာက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ ရေခဲရဲတိုက်ထဲမှာ သွားနေတဲ့ Queen Elsa က သူမရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ချင်လေလေ၊ သူ့ညီမနဲ့ သူ့တိုင်းပြည်ကို ထိခိုက်လေလေပါပဲ။ ဒီလိုပဲ လူတွေက ဖြစ်ပျက်ခဲ့တာတွေကို လက်ခံပြီး ဆုံးရှုံးမှုများ၊ ကျရှုံးမှုများနှင့် သစ္စာဖောက်မှုများအားလုံးကို ကိုယ်ပိုင်အတွေ့အကြုံအဖြစ် သင်ယူဖို့ ကြိုးစားရပါမယ်။

၃။ ရင်ဆိုင်ဖို့ ကြိုးစားရပါမယ်
ပြဿနာတွေနဲ့ အခက်အခဲတွေအတွက် အပြစ်ရှိတယ်ဟု ခံစားရခြင်း သို့ တာဝန်ယူမှုရှိပြီး အခြားသူတွေနဲ့ ထိတွေ့ဆက်ဆံခြင်း မရှိတော့ပဲ အထီးကျန်ဆန် နေခြင်းက ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုကို အားပေးနိုင်ပါတယ်။ အထီးကျန်ခြင်းက စိတ်မသက်မသာခံစားရမှုကိုသာ တိုးပွားစေနိုင်တာပါ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။ အကောင်းဆုံးကတော့ သတ္တိရှိရှိ ရင်ဆိုင်လိုက်တာ အကောင်းဆုံးပါပဲ။ ရှောင်ပြေးနေတာထက် ရင်ဆိုင်လိုက်တာက နှလုံးသားရဲ့ ဒဏ်ရာကို ဖြေသိမ့်ဖို့ အကောင်းဆုံး ဆေးတစ်ခွက်ပါ။
Nadi
Lifestyle_Maynmar
ref-exploringyourmind