စမတ်ကျပြီး ဆွဲဆောင်မှုရှိသော ယောင်္ကျားလေးတစ်ယောက်ရဲ့ အမူအကျင့်များ
lifestylemyanmar.com
|
2022-01-17

လူ့ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်အရ စမတ်ကျပြီး ဆွဲဆောင်ရှိစေတယ်ဆိုတာ ဝင်ငွကောင်းခြင်း၊ ဘော်ဒီတောင့်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ့်အကောင်းဆုံးတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိခြင်းဆိုတာ လိင်ပိုင်းဆိုင်ရာကိစ္စတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ သူတို့ရှင်သန်မှုပုံစံမှာတင် မိန်းကလေးတွေရဲ့ အကြိုက်ဖြစ်နေခြင်းကို ဆိုလိုပါတယ်။ ဒီကနေ့မှာတော့ ယောင်္ကျားလေးတစ်ယောက်ဆွဲဆောင်မှုရှိရခြင်းရဲ့ လျှို့ဝှက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ သူ့ရဲ့ အမှားတွေကနေ ဘယ်တော့မှ ရှောင်မပြေးဘူး

အမှားတစ်ခုခုကျူးလွန်မိရင် လက်ခံပြီး ပြင်ဖို့ မကြောက်ဘူးဆိုပါစို့။ သူ့ရဲ့ ချစ်သူဟောင်းကို လေးလေးစားစားဆက်ဆံနိုင်သူဖြစ်ပြီး သူရဲ့ လုပ်ရပ်တွေကြောင့် ပုန်းလျှိုးကွယ်လျှိုးနေစရာမလိုဘူးလို့ ခံစားရခြင်းက sexy man ရဲ့ ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်ပါပဲ။ သူတို့အမှားကို လက်ခံရဲတဲ့ သတ္တိရှိပြီး အဲဒီ့အတွက် အလုပ်ကြိုးစားသူဟာ မှန်ကန်သော အမျိုးသားတစ်ယောက်ပါပဲ။

၂။ ငိုကြွေးဖို့ ခွန်အားအပြည့်ရှိတယ်


စိတ်နှလုံးနာကျင်မှုကြောင့် ငိုကြွေးခြင်းနဲ့ ပတ်သက်လာရင် အတားအဆီးမရှိ ငိုကြွေးရဲတဲ့လူဟာ အသန်မာဆုံးလူပါပဲ။ Sexy ဖြစ်တဲ့ အမျိုးသားတွေဟာ ယောင်္ကျားပီသခြင်းနှင့် ငိုကြွေးခြင်းကို ဘယ်တော့မှ တွဲဆက်မထားကြပါဘူး။ ငိုကြွေးတာက လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းမှာ ခွန်အားအကြီးမားဆုံးဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

၃။ သူမရဲ့ ရုန်းကန်မှုနဲ့ နာကျင်မှုအကြားမှာ သူဟာ သူမဘက်က အမြဲရှိတယ်

စမတ်ကျတဲ့အမျိုးသားတွေဟာ သူတို့အမျိုးသမီးတွေအတွက် နေရာလွတ်ထားပေးကြပါတယ်။ ရုန်းကန်မှုတွေ၊ အခက်အခဲတွေရှိလာတိုင်း အတူတူဖြေရှင်းတတ်ပြီး သူတို့မိန်းကလေးကို ပံ့ပိုးပေးတတ်တဲ့ယောင်္ကျားမျိုးကို ဆွဲဆောင်မှုရှိသော အမျိုးသားအဖြစ်သတ်မှတ်ပါတယ်။

၄။ ယာဉ်ကြောပိတ်တဲ့အခါ စိတ်ရှည်တတ်ခြင်း

ဒီအချက်က တော်တော်လေးကြောင်တောင်တောင်နိုင်ပေမယ့် စိတ်ထားတတ်ဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့ခြင်းက ကမ္ဘာ့အဆုံးသတ်မဟုတ်သေးပါဘူး။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့က စိတ်ရှည်ခြင်းကလည်း အရေးကြီးတဲ့အကျင့်တစ်ခုဖြစ်ပါတယ်။

၅။ ကလေးကို ပြုစုဖို့ မရှက်ဘူး


ကလေးရဲ့ ပင်ကိုယ်စရိုက်နှင့် ထူးခြားမှုတွေကို လက်ခံပြီး လိမ္မာပါးနပ်သော အမျိုးသားတွေက ကလေးထိန်းဖို့ ဒေါသကို မျိုသိပ်နေစရာမလိုပါဘူး။ ကလေးတွေကို နားလည်ဖို့ အမြဲကြိုးစားနေမှာဖြစ်ပါတယ်။

၆။ သူ့ရဲ့ ပါတနာကို ဖိအားပေးမှာမဟုတ်ဘူး

ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်က သဘောတူကြည်ဖြူခြင်းရဲ့ သဘောတရားကို ကောင်းကောင်းနားလည်ထားပြီး ဘယ်လိုကိစ္စမှာမဆို အတင်းအကြပ်ဖိအားပေးတာတွေလုပ်မှာမဟုတ်ပါဘူး။ စိတ်ခံစားချက်တွေကို နားလည်ဖို့ကြိုးစားပြီး ဘာကြောင့်ဒီလိုဖြစ်နေရတယ်ဆိုတာကိုပဲ အဖြေရှာပါလိမ့်မယ်။

၇။ သူဟာ ကြင်နာတတ်ပြီး ထိရှလွယ်တယ်

လူ့ပတ်ဝန်းကျင်ရဲ့ အကျိုးကို သယ်ပိုးတတ်သူဖြစ်ပြီး ခက်ခဲသူတွေကို ကူညီပေးတတ်သူဖြစ်ပါလိမ့်မယ်။ သူ့ပတ်ဝန်းကျင်က လူတွေအတွက် ကောင်းမှုပြုဖို့ သတိထားနေတတ်သူလည်းဖြစ်ပါတယ်။

၈။ သန့်ရပ်မှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို အပြည့်အဝရှိသူဖြစ်ပါတယ်

ဆွဲဆောင်မှုရှိတဲ့ယောင်္ကျားလေးတွေက ကိုယ်သင်းရနံ့လေးကအစ မွှေးပျံ့နေပါလိမ့်မယ်။ ကောင်းကောင်းရေချိုးဖို့ ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းသပ်ရပ်ဖို့ အမြဲဂရုစိုက်ပါလိမ့်မယ်။

၉။ တစ်ခြားလူတွေရဲ့ နာကျင်မှုတွေကို မျှဝေခံစားတတ်သူတွေပါ


သိမ်မွေ့ပြီး စိတ်ခံစားမှုကို လေးစားတတ်သူဖြစ်ပြီး စိတ်ဓာတ်ကျနေသူတစ်ယောက်အတွက် စိတ်အနှောင့်အယှက်မဖြစ်စေဘဲ သူတို့ကို နားလည်ပေးမယ့်သူတစ်ယောက်ပါ။ စာနာမှုဆိုတာ သူတို့ရဲ့ ပင်ကိုယ်သဘာဝဖြစ်ပြီး ခက်ခဲနေသူတွေကို ကူညီပံ့ပိုးဖို့ အသင့်ရှိနေသူတွေဖြစ်ပါတယ်။

၁၀။ ဟင်းချက်တတ်ပြီး အိမ်မှုကိစ္စ ကောင်းကောင်းလုပ်တတ်သူ

သူ့ကလေးတွေရဲ့ မွေးနေ့အတွက် ကိတ်မုန့်ဖုတ်တတ်သူဟာ သူ့ရဲ့ စမတ်ကျမှုတွေက အဆင့်တွေတက်သွားပါလိမ့်မယ်။ အမှန်တကယ် လိမ္မာပါးနပ်တဲ့အမျိုးသားတွေက ထမင်းဟင်းချက်ခြင်းနှင့် အိမ်မှုကိစ္စတွေဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တွေးလေ့မရှိပါဘူး။ ဒီအရာကလည်း ဘဝရဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်တယ်လို့ နားလည်ထားကြသူတွေပါ။ သူ့ရဲ့ လက်တွဲဖော်နဲ့ပတ်သက်ပြီး ဘယ်အရာမဆို ကူညီဖို့ တုံ့ဆိုင်းမနေတတ်သူပါ။

၁၁။ သူ့စာအုပ်ထဲမှာ အဖော်တစ်ယောက်တွေ့တတ်သူမျိုး

လူတစ်ယောက်ဟာ စိတ်မပါလက်မပါနဲ့ ဖုန်းတွေကိုပဲ လှိမ့်ကြည့်နေတာထက် စာအုပ်တွေကို ဦးစားပေးတဲ့အမျိုးသားတစ်ယောက်မှာ မှန်ကန်သော ကိုယ်ရည်ကိုယ်သွေးရှိတတ်ပါတယ်။ စာအုပ်ဖတ်ခြင်းကို နှစ်သက်တဲ့အမျိုးသားတွေဟာ ဆွဲဆောင်မှုရှိရုံသာမကဘဲ လက်တွေ့ဘဝမှာလည်း အကောင်းဆုံးအမျိုးသားတွေဖြစ်ကြပါတယ်။

၁၂။ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို ကဲ့ရဲ့ရှုတ်ချတတ်သူမျိုးမဟုတ်ဘူး


သန်မာပြီး ဆွဲဆောင်မှုရှိတဲ့အမျိုးသားတစ်ယောက်က သူတို့ကိုယ်သူတို့ ပိုကောင်းလာဖို့ အမျိုးသမီးတွေကို နှိမ်ချဖို့ မလိုအပ်ဘူးဆိုတာ ကောင်းကောင်းနားလည်ထားသူတွေဖြစ်ပါတယ်။ ဘယ်အမျိုးသမီးကိုမှ အရှက်ရစေခြင်း၊ နှိမ်ချခြင်းမျိုး ဘယ်တော့မှ မပြုလုပ်ဘဲ သူတို့ကို ခွန်အားပေးဖို့သာ ကြိုးစားကြပါတယ်။

၁၃။ ဘဝရဲ့ အလုပ်လုပ်ပုံတွေကို ကောင်းကောင်းသိတယ်

ဘဝဆိုတာ လူတိုင်းအတွက် တူညီသောအရာတွေသာပေးတယ်ဆိုတာ သိသူမျိုးပါ။ သူ့ကိုယ်ပိုင် ရုန်းကန်မှုတွေနဲ့ လာပြီး သူ့အတွက် အရေးကြီးသော သင်ခန်းစာတွေပေးနိုင်တဲ့ ပြဿနာတွေတိုင်းကို ထိပ်တိုက်ရင်ဆိုင်ပါလိမ့်မယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားဟာ ဘယ်တော့မှ သူ့ကိုယ်သူသားကောင်အဖြစ် ပုံဖော်ဖို့ ကြိုးစားမှာမဟုတ်ဘဲ ဘဝက သူ့ကို နာကျင်မှုတွေပေးတဲ့အခါ ပိုသန်မာသူဖြစ်ဖို့သာ ကြိုးစားပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

ref-themindsjournal


#မိန်းကလေး
#အမျိုးသား
#ဆွဲဆောင်မှု
#ဆွဲဆောင်

Some text some message..