
ချိန်းတွေ့ခြင်းနဲ့ ပတ်သတ်ပြီး ရှောင်လွဲမရနိုင်တဲ့ အချက်တစ်ခုက လူတိုင်းမှာ ရာဇဝင်ရှိခြင်းပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အတိတ်ကဇာတ်လမ်းက လက်ရှိဆက်ဆံရေးကို အထောက်အပံ့ မဖြစ်စေနိုင်တဲ့အပြင် တခြားဘေးထွက်ဆိုးကျိုးတွေကိုပဲ ဖြစ်စေနိုင်ပါတယ်။ သဝန်တိုစေချင်တဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ရဲ့လက်ရှိလက်တွဲဖော်ကို အတိတ်က ရည်းစားဟောင်းအကြောင်းကို ပြောတာက ဘောင်ကျော်သွားတဲ့ စနောက်ခြင်းတစ်မျိုးပါ။ ဘယ်သူကမှလည်း ကိုယ့်ပါတနာရဲ့ တခြားလူတစ်ယောက်နဲ့ ဇာတ်လမ်းကို နားမထောင်ချင်ကြပါဘူး။ ဒီလို ရည်းစားဟောင်းအကြောင်းကို ခနခနပြောပြချင်နေတဲ့ သူကလည်း ကလေးဆန်လွန်းတဲ့ အတွေးရှိလို့လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ် ကိုယ့်ရဲ့လက်ရှိ လက်တွဲဖော်ရဲ့ မာနကိုထိခိုက်စေနိုင်တဲ့ အတွက် ရှောင်ရှားသင့်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

၁။ မင်းမပြောင်းသေးဘူးလို့ သံသယဖြစ်လိမ့်မယ်
ရည်းစားဟောင်းအကြောင်းကို မင်းကတော့ ဘာသဘောမှ မဟုတ်ပဲ သဝန်တိုစေချင်လို့ ပြောမိသည်ဖြစ်စေ ဒါက သူ့အတွက် သည်းမခံနိုင်တဲ့ အရမ်းလွန်သွားတဲ့ အနေအထားတစ်ခုကို ရောက်သွားနိုင်ပါတယ်။ ဘောင်ကျော်သလို ဖြစ်နေတဲ့ အဲ့ဒီအကြောင်းအရာတွေကို ခနခန ကြားရဖန်များလာတဲ့ အခါ မင်းကရည်းစားဟောင်းဆီ ပြန်သွားချင်နေတယ်လို့ပဲ မင်းရဲ့လက်တွဲဖော်က မြင်နေမှာပါ။ မင်းတစ်ခုခုအကြောင်းပြောဖို့ စဉ်းစားနေတဲ့အခါမှာတောင် ရည်းစားဟောင်းအကြောင်း တွေးနေတယ်လို့ပဲ ထင်နေမှာပါ။သူ့နောက်ဆုံးလက်တွဲဖော်အပေါ် အတိုင်းရည်းစားဟောင်းအပေါ် ခံစားချက်ရှိနေသေးတဲ့ သူတစ်ယောက်နဲ့ ဆက်ဆံရေးအသစ်တစ်ခုကို ဘယ်သူမှ မစတင်ချင်ပါဘူး။

၂။ ဆက်ဆံရေးအသစ်တစ်ခုနှင့် အနှောင့်အယှက်ပေးနိုင်တယ်
Relationship တစ်ခုရဲ့ အစောပိုင်း အပိုင်းဟာ တစ်ဖက်လူကို သိလာဖို့ပဲ ဆိုတာကို မှတ်သားထားပါ။ ယောက်ျားတစ်ယောက်နဲ့ စတင်ချိန်းတွေ့ရင်၊ မင်းရဲ့ရည်းစားဟောင်းမဟုတ်ဘဲ မင်းအကြောင်းသိချင်ကြတာပါ။ မင်းရဲ့ရည်းစားဟောင်းနဲ့ ပြီးသွားတဲ့ ဆက်ဆံရေးကို တခြားတစ်ယောက်နဲ့ ပထမဆုံး ချိန်းတွေ့တဲ့အချိန်မှာ မပြောပြသင့်ပါဘူး။ ဆက်ဆံရေး အသစ်တစ်ခုကို တည်ဆောက်တော့မယ် ဆိုရင် ရည်းစားဟောင်းကို အတိတ်မှာ ချန်ခဲ့ပါ။ မချန်နိုင်သေးရင်လည်း ဆက်ဆံရေးအသစ်တစ်ခုကို မတည်ဆောက်ပါနဲ့။ ဒုတိယလူလည်း အသည်းနဲ့ပါပဲ။

၃။ နှိုင်းယှဉ်မှုများဆီသို့ ဦးတည်သွား နိုင်ပါတယ်
ကမ္ဘာပေါ်မှာ ယောက်ျားတိုင်းနီးပါး မုန်းတီးနေတဲ့ အရာတစ်ခု ရှိနေရှိပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ ရည်းစားဟောင်းတွေကို တခြားယောက်ျားတွေနဲ့ နှိုင်းယှဉ်ပြတဲ့ မိန်းမပါပဲ။ မင်းရဲ့ရည်းစားဟောင်းကို ပြောတဲ့အခါ၊ ယောက်ျားတစ်ယောက်က မင်းရဲ့အတိတ်က ယောက်ျားတွေနဲ့ သူ့ကိုနှိုင်းယှဉ်ပြီး နှိမ့်ချဖို့ အခွင့်အလမ်း ရှာနေတယ်လို့ပဲ မြင်ပါတယ်။ မင်းအရင်လုပ်ဖော်ကိုင်ဖက်အကြောင်း မကောင်းပြောနေရင်တောင်မှ မင်းရဲ့လူအသစ်က သူ့ကိုယ်သူ မင်းရည်းစားဟောင်းနဲ့ သူ့ကြား နှိုင်းယှဉ်နေတယ်လို့ပဲ မြင်ပါတယ်။

၄။ ဆိုးရွားတဲ့ စကားဝိုင်းကို ဖန်တီးနိုင်တယ်
မင်းရဲ့ရည်းစားဟောင်း အကြောင်းဟာ ချိန်းတွေ့တဲ့ စကားဝိုင်းရဲ့ ဆိုးရွားတဲ့ အကြောင်းအရာ တစ်ခုထက်မပိုပါဘူး။ ရည်းစားဟောင်းရဲ့ အကြောင်းကိုမပြောတာက အကောင်းဆုံး ဖြစ်ပါတယ်။ မဟုတ်ရင် သင်ဘယ်တော့မှ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိတော့မှာ မဟုတ်ပါဘူး။ ဒီရည်းစားဟောင်းဆိုတဲ့ ထောင်ချောက်ထဲမှာပဲ ပိတ်မိနေဦးမှာပါ။
Nadi
Lifestyle_Myanmar
ref-bolde