ဝေးကွာနေတဲ့ အေးစက်သွားတဲ့ ဆက်ဆံရေးတွေ အတွက် အကြံပြုချက် ၅ ခု
lifestylemyanmar.com
|
2022-01-21

တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ realationship သက်တမ်း ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် အနားမှာရှိနေပေမယ့် မိုင်ထောင်ချီဝေးသနေလိုမျိုး ခံစားရတတ်ပါတယ်။ အထူးသဖြင့် သက်တမ်းရှည်ကြာလာတဲ့ ဆက်ဆံရေးတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဒီလိုသက်တမ်းရှည်တဲ့ ဆက်ဆံရေးမှ ာဝေးကွာသလို ခံစားနေရတာက ရှေ့ဆက်ဖို့အတွက် အရမ်းထိခိုက်လွယ်ပါတယ်။ ချစ်စခင်စကြင်နာစမှာ အရမ်းရင်းနှီး​နေ​ပေမယ့် နောက်ပိုင်းကြာလာတဲ့အခါ အမူအရာ​တွေ​ပြောင်းသွား​ပြီး အေးစက်စက် ဆက်ဆံရေးသာ ကျန်ရှိတတ်ကြတာ သဘာဝပါပဲ။ ဒီလိုအေးစက်နေတဲ့ ဆက်ဆံရေး တစ်ခုဖြစ်လာပြီဆိုရင် ပိုချစ်တဲ့သူက အရင်ဆုံး ခံစားမိလာမှာပါ။ သူ မင်းကို မချစ်တော့တာ ဒါမှမဟုတ် သစ္စာမဲ့နေတယ်ဆိုတဲ့ ကောက်ချက်ချဖို့ depression တွေစတင်လာနိုင်ပါတယ်။ ဒီလိုအရာတွေက သေချာပေါက်ဖြစ်လာနိုင်ပေမယ့် အမြဲတမ်းတော့ ဖြစ်နေမှာ မဟုတ်ပါဘူး။ ဒီအခြေအနေကို ကောင်းကောင်းကိုင်တွယ်တတ်ပြီး ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ ပျော်ရွှင်တဲ့ဆက်ဆံရေးကို သေချာပေါက် တစ်သက်လုံး ပိုင်ဆိုင်သွားနိုင်မှာပါ။


၁။ သူနည်းနည်း မှုန်နေတယ်လို့ ခံစားရတယ်

အရင် ချိန်းတွေ့တုန်းကထက် မင်းတို့ရဲ့ဆက်ဆံရေးက တော်တော်လေး တင်းမာနေတယ်ဆိုရင် မင်းရဲ့ချစ်သူက နည်းနည်းလေး လေးလံနေလို့ ဝေးကွာနေတာပဲ ဖြစ်တယ်။ သူက မင်းကို ငြီးငွေ့နေတာ၊ မင်းနဲ့တူတူ မနီးချင်ဘူးလို့ မဆိုလိုပါဘူး၊ လူတိုင်းမှာ တစ်ယောက်ထဲ နေချင်လာတဲ့ အချိန်တွေဆိုတာ ရှိတတ်ပါတယ်။ သူလည်းတစ်ယောက်ထဲ တစ်ခါတလေ တိတ်ဆိတ်နေဖို့ လိုအပ်တဲ့အတွက် သူ့ရဲ့ အပြုအမူတွေက အေးစက်စက် သုန်သုန်မှုန်မှုန် ဖြစ်နေမှာပါ။ သူ့ကို ဖြတ်ကျော်ဖို့ အချိန်နည်းနည်း ပေးလိုက်ရင် အချိန်မတန်ခင်သူ ပြန်လာမှာ သေချာပါတယ်။


၂။ သူမှာ ဖိစီးမှုများစွာ ရှိနေတာ

အထူးသဖြင့် သူ့မှာ အလုပ်ကြောင့်၊ မိသားစုကြောင့်၊ လူမှုရေးတွေကြောင့် စိတ်ဖိစီးနေတာ အလုပ်ရှုပ်နေတာတွေက သင့်နဲ့သူ့ရဲ့ဘဝ အခြားအရာတွေကိုတောင် အာရုံမစိုက်နိုင်ပဲ သူကိုယ်တိုင်တောင် သတိမထားမိဘဲ ခပ်ဝေးဝေး ဖြစ်နေတတ်ပါတယ်။ အချိန်နဲ့ အခြေအနေကို ထိန်းချုပ်နေရတဲ့ လူတစ်ယောက်ဟာ စိတ်ဖိစီးမှုအမြင့်ဆုံး အချိန်မှာ ရှိနေပါတယ်။ ဒီလိုအချိန်မှာ သူသင့်ကို တွန်းထုတ်လိုက်သလို ဖြစ်နေပေမယ့် တကယ်တမ်းက မဟုတ်ပါဘူး သူသင့်ကိုပိုပြီး လိုအပ်နေတာပါ။


၃။ သင်ကိုယ်တို် စိတ်အနှောက်အယှက် ဖြစ်တာမျိုးတွေပါ

လူတိုင်းလူတိုင်း အထူးသဖြင့် ကျွန်တော်တို့ ကိုယ်တိုင်လည်း စိတ်ရှုပ်တတ်ပါတယ်။ အထူးသဖြင့် လူတစ်ယောက်နဲ့ အချိန်များစွာ ဖြုန်းလာခဲ့ပြီးနောက် ငြီးငွေ့လာနိုင်ပါတယ်။ သူ့ရဲ့အပြုအမူနဲ့ ပရောပရီလုပ်နေတာတွေကို အပိုတွေလို့ မြင်လာတဲ့ စိတ်ရှုပ်ထွေးနေတဲ့ အခိုက်အတန့်ဆိုတာ လူတိုင်းကျော်ဖြတ်ရမယ့် တိုက်ပွဲတစ်ခုပါ။ ဒါက ကြီးကြီးမားမား မဟုတ်ပေမယ့် ရေရှည်ဖြေရှင်းရန် လိုအပ်တဲ့ ကိစ္စဖြစ်တဲ့အတွက် အကောင်းဆုံးဆုံးဖြတ်ချက်ကို ချနိုင်ဖို့ကြိုးစားပါ။


၄။ သူက လှည့်စားတာ

ဆက်ဆံတစ်ခုမှာ ကြုံတွေ့လာနိုင်တာကတော့ လှည့်စားတာပါ။ ဒါက လမ်းခွဲချင်တာမဟုတ်သလိုပဲ အချိုတည်းဖို့ လိုအပ်နေတယ်လို့ ခံစားရလို့လည်း ဖြစ်နိုင်ပါတယ်။ သူက မင်းနဲ့ ဆက်ဆံရေး ကောင်းနေပေမယ့် မင်းနောက်ကွယ်မှာ တခြားမိန်းမတစ်ယောက်နဲ့ သစ္စာမဲ့နေတာက ဟင်းပွဲကိုလည်းစားချင်တယ် အချိုပွဲကိုလည်း မြည်းစမ်းကြည့်ချင်တာပါ။ ဒီလိုဖြစ်လာတဲ့အခါ ခပ်ဝေးဝေးနေဖို့တောင် မဆိုလိုပေမယ့် ဆက်ဆံရေးနှစ်ခုကို ထိန်းသိမ်းထားဖို့က ခက်ခဲတဲ့အလုပ်ဖြစ်ပြီး တစ်စုံတစ်ယောက်ကတော့ ဆက်ဆံရေးအလျော့အတင်းကြောင့် ချန်ထားခဲ့နိုင်တဲ့ အနေအထားမို့ အန္တရာယ်ရှိပါတယ်။


၅။ နှစ်ယောက်စလုံးအတွက် အချိန်တစ်ခုပဲလိုတယ်

ဒီလိုအေးစက်ပြီး ဝေးကွာလာတဲ့ ဆက်ဆံရေးဖြစ်လာပြီဆိုရင် မြိုသိမ့်မထားပါနဲ့၊ နှစ်ယောက်အတူ တိုင်ပင်ပါ၊ ဆွေးနွေးပါ၊ ဆုံးဖြတ်ချက်ချပါ။ အကောင်းဆုံးကတော့ အချိန်အတိုင်းအတာ တစ်ခုကို သတ်မှတ်လိုက်တာပါ။ ခိုင်မြဲတဲ့ ဆက်ဆံရေးကိုလိုချင်ရင် အမြဲတမ်း စည်းထဲဘောင်ထဲကနေပဲ နေနေလို့မရပါဘူး လွတ်လပ်မှုကိုလည်း ပေးရသလို ကိုယ်တိုင်လည်း ရယူရပါမယ်။ ကိုယ့်ကိုကိုယ် စိတ်ပြေလျော့စေဖို့ ကိုယ်တိုင်လုပ်ဆောင်ဖို့ အချိန်အနည်းငယ်ယူတာက ပုံမှန်ဖြစ်ပြီး ဆက်ဆံရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

Nadi

Lifestyle_Myanmar

ref-bolde


#သဘာဝ
#ဆုံးဖြတ်ချက်
#ခံစားရ
#အရာ
#အချိန်

Some text some message..