မနာလိုစိတ် ခံစားရတဲ့အခါ သင်ဘာလုပ်နိုင်သလဲ?
lifestylemyanmar.com
|
2022-01-25

မနာလိုမှုဆိုတာက တခြားလူလို ဖြစ်ချင်တဲ့ဆန္ဒ(ဒါမှမဟုတ်) သူတို့ ပိုင်ဆိုင်တဲ့အရာကို ပိုင်ဆိုင်ချင်တဲ့ဆန္ဒကို ဖော်ပြတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ဒါကို ကိုယ်မနာလိုသောသူအား ဝေဖန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ငြင်းပယ်ခြင်း ခံစားချက်တွေမှတဆင့် မကြာခဏ ဖော်ပြကြပါတယ်။ သင်ဟာ မနာလိုစိတ်ခံစားရတဲ့အခါ ကိုယ်မရှုဆိတ်တဲ့သူ (သို့) အခြေအနေအပေါ် အဆိုးမြင်တဲ့ သဘောထားတွေ ထုတ်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဘာ့ကြောင့် မနာလိုဖြစ်တာလဲ?

၂၀၁၇ ခုနှစ်မှာ Granada တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Albero Acosta ကကျွန်တော်တို့ မနာလိုစိတ် ခံစားရတဲ့အခါ ” အခြားသူမှာ ရှိတဲ့အရာကို ကျွန်တော်တို့ တောင့်တပြီး ကျွန်တော်တို့မှာ မရှိဘဲ အဲဒီလူမှာရှိနေတာက မတရားဘူးလို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ်”။ မနာလိုစိတ်ရဲ့ အစွဲအလမ်းကြီးပြီး မိမိကိုယ်ကို ဖျက်ဆီးတတ်သော သဘောသဘာဝက မနာလိုဖြစ်သောသူကို အများကြီး ဒုက္ခပေးနိုင်တယ်”လို့ ဆိုပါတယ်။


မနာလိုခြင်းကနေ ဘာသင်ယူနိုင်သလဲ?

မနာလိုခြင်းကနေ သင်ယူနိုင်ဖို့ မနာလိုမှုကို ခွဲခြားသိမြင်ဖို့ လိုအပ်ပါတယ်။ အဲဒီအခါမှာ သင်ကိုယ်တိုင်ခံစားရတဲ့ မကျေနပ်မှုတွေကို အသိအမှတ်ပြုနိုင်မှာပါ။ အဲဒီကနေ ပြောင်းလဲခြင်းကို စဉ်းစားနိုင်ပါတယ်။ ပျောက်ဆုံးသွားတဲ့ ကျေနပ်မှု ခံစားချက်ကို သင်ရှာဖွေနိုင်ပါတယ်၊ သင့်မှာ ဖုံးကွယ်နေတဲ့ စွမ်းရည်တွေကို ရှာဖွေပြီး ကိုယ့်အကြောင်းကိုယ် ရှာဖွေနိုင်ပါတယ်။

မနာလိုတဲ့ ခံစားချက်တွေကို အားကျလေးစားမှု ခံစားချက်တွေအဖြစ် လမ်းကြောင်းပေးသင့်၊ ကြိုးစားသင့်ပါတယ်။ ဒီခံစားချက်တွေက သင့်အား အခြားသူတွေဆီကနေ သင်ယူနိုင်စေပြီး သူတို့လိုချင်တဲ့နေရာမှာ ရှိနေတဲ့ သူတို့ရဲ့ အပြုသဘောနဲ့ ရဲရင့်သော သဘောထားတွေကို သတိပြုမိစေမှာ ဖြစ်ပါတယ်။

အခြားသူတွေကို အားကျလေးစားခြင်းက သူတို့နဲ့ ကိုယ့်ကိုယ်ကို အဆိုးမြင်စွာ နှိုင်းယှဉ်နေခြင်းကို ရပ်တန့်လိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအစား သူတို့ရဲ့ အရည်အချင်းတွေ၊ စွမ်းရည်တွေ၊ ကိုယ်ကျင့်တရားတွေကို အသိအမှတ်ပြုပါတယ်။

ဗုဒ္ဓဘာသာ စိတ်ပညာမှာ မနာလိုမှုအား တိုက်ဖျက်နိုင်တဲ့ ဖြေဆေးတစ်ခုက အခြားသူတွေရဲ့ အောင်မြင်မှုအတွက် ဝမ်းမြောက်ပေးခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်တိုဒေါသထွက်နေမယ့်အစား အခြားသူတွေအတွက် စစ်မှန်စွာ ပျော်ရွှင်ပေးဖို့ သင်ယူခြင်းက သင့်အား ပိုမိုမြင့်မားတဲ့ ပျော်ရွှင်မှုအဆင့်ကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ချစ်ခြင်းမေတ္တာရဲ့ သဘောထားခံယူချက်က သတ္တဝါအားလုံးကို စိတ်ချမ်းသာစေပြီး ပျော်ရွှင်စေလိုတာ ဖြစ်ပါတယ်။ တကယ်တော့ နောက်ဆုံးသိပ္ပံနည်းကျ သုတေသနပြုချက်အရ ချစ်ခြင်းမေတ္တာကို တွေးတောဆင်ခြင်ခြင်းက သင့်ပျော်ရွှင်မှုအဆင့်ကို တိုးမြှင့်စေကြောင်း သုတေသနတွေက သက်သေပြနေပါတယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီး Lama Rinchen ကမေတ္တာဘာဝနာ တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတစ်ချို့ကို ခုလိုဖော်ပြထားပါတယ်။

ဘဝစိတ်ကျေနပ်မှုကို တိုးစေပါတယ်

ကိုယ့်ကိုယ်ကို ဝေဖန်မှု လျှော့နည်းစေပါတယ်

လူမှုဆက်ဆံရေးကို အားပေးပါတယ်

အခြားသူတွေရဲ့ လိုအပ်ချက်တွေကို အလေးထား ပြုစုပျိုးထောင်ပေးပါတယ်

အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို တိုးပွားစေပါတယ်။

သင့်ဘဝကို ပုံဖော်ခြင်း

အားကျလေးစားခြင်းဆိုတာက အခြားသူတွေမှတဆင့် ကိုယ်ရေးကိုယ်တာ projection (ပုံဖော်ခြင်း) လုပ်ခြင်းကို ဆိုလိုနိုင်ပါတယ်။ သင်တစ်ယောက်တည်း လုပ်နိုင်စွမ်းထက် ပိုအိပ်မက်မက်နိုင်စေမယ့် သဘောထားတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အခြားသူတွေရဲ့ အောင်မြင်မှုတွေကို သတိပြုမိခြင်းနဲ့ အသိအမှတ်ပြုခြင်းက ကိုယ့်ကိုယ်ကို တိုးတတ်စေဖို့ ၊ ဆက်လက် ကြီးထွားလာဖို့နဲ့ ကိုယ့်ရဲ့personal motivation ကို မြှင့်တင်နိုင်တာကြောင့် ဖြစ်ပါတယ်။ သင့်ဘဝကို ပုံဖော်ခြင်းက မဖြစ်မနေလိုအပ်ပါတယ်။ ဒါကို ဖြည့်ဆည်းပေးဖို့ အတွက် စံနမူနာရှာဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ အိပ်မက်တွေနဲ့ ဆန္ဒတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့သူတွေကို သင်သဘောကျနိုင်ပါတယ်။ ဒီနည်းအားဖြင့် သင်ဟာ သူတို့ရဲ့ စံနမူနာကို လိုက်နာနိုင်ပြီး သင့်အတွက် အကောင်းဆုံးဗားရှင်းဆီသို့ စတင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လေးစားမှုနှင့်အတူ သင်ဟာ အခြားသူတွေနဲ့ သဟဇာတ မျှတမှုကို ရရှိရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ သင်ဟာ သူတို့ရဲ့အောင်မြင်မှုတွေနဲ့ အကျင့်သီလတွေကို အသိအမှတ်ပြုပြီး သူတို့ဆီကနေ သင်ယူဖို့ စိတ်ဝင်စားမှုကို ပြသခြင်းကြောင့် ဖြစ်ပါတယ်။

အပြောင်းအလဲတွေ လုပ်ခြင်း

အားကျလေးစားနိုင်စေဖို့ဆိုရင် ကိုယ့်ရဲ့ အရည်အချင်းနဲ့ သင်ယူချင်စိတ်ကို အသိအမှတ်ပြုပြီး ကိုယ့်ကိုယ်ကို သက်တောင့်သက်သာ ခံစားရစေဖို့ လိုအပ်ပါတယ်။ အိပ်မက်မက်နိုင်စွမ်း၊ ပုံဖော်နိုင်စွမ်းရှိတဲ့လူတစ်ယောက်လို ခံစားရဖို့ လိုပါတယ်။ ဟုတ်ပါတယ်။ သင်ဖြစ်ချင်တဲ့နေရာကို ရယူပါ။ သင်လေးစားတဲ့သူက သူတို့ဘဝမှာ ဘယ်နေရာ ရောက်နေလဲဆိုတာကို ဖော်ထုတ်ပါ။ ပြီးတော့ သူတို့ရဲ့ ဦးဆောင်မှုကို လိုက်လျှောက်ပြီး သင်ဖြစ်ချင်တဲ့သူ ဖြစ်လာနိုင်ပါတယ်။ သင်အလိုရှိရာကို အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

အတိုချုပ်ပြောရရင် သင့်ကိုယ်သင် မကြိုက်ဘူး၊ သင်သဘောကျတဲ့လူတွေရဲ့ စိတ်အားထက်သန်မှုကို လိုချင်ရင်၊ ပြောင်းလဲချင်ရင် အရင်ဆုံး ပြောင်းလဲဖို့ ဖြစ်နိုင်ချေတွေကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ပြီးမှ ကိုယ်ကိုယ်တိုင် လိုချင်တဲ့ ပြောင်းလဲမှုကို စီမံကိန်းချနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-exploringyourmind.c


#အောင်မြင်မှု
#ခံစားချက်
#ခံစားရ
#အပြုသဘော
#အရာ

Some text some message..