ကိုယ့်ရဲ့ခံစားချက်တွေကို ဖော်ပြဖို့ အရမ်းခက်ခဲနေတာ ဘာ့ကြောင့်လဲ?
lifestylemyanmar.com
|
2022-01-27

ခံစားချက်တွေက လူသားတိုင်းရဲ့ အတွင်းစိတ်ရဲ့အခြေခံကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သူတို့က ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ဆိုဖို့နဲ့ မိမိကိုယ်ကို နားလည်ဖို့ ကူညီပေးပါတယ်။ သို့သော်လည်း ခံစားချက်ဆိုတာ အတွင်းပိုင်းအတွေ့အကြုံတစ်ခုသာမဟုတ်ဘဲ တခြားသူတွေနဲ့ မျှဝေဖို့လည်း လိုအပ်ပါတယ်။ သင့်ရဲ့ခံစားချက်တွေကို မဖော်ပြနိုင်တဲ့အခါ စိတ်ပျက်မှုတွေနဲ့ မကျေနပ်မှုတွေက မိုးကုပ်စက်ဝိုင်းပေါ်မှာ ပေါ်လာပါတယ်။

ဒါပေမယ့် သင်ဘယ်လိုခံစားရလဲဆိုတာကို ပြောပြဖို့ ဘာ့ကြောင့် အရမ်းခက်ခဲနေရတာလဲ? တကယ်တော့ အကြောင်းပြချက် မျိုးစုံရှိပါတယ်။ ဥပမာအားဖြင့် ဒါက သင့်ရဲ့အစောပိုင်း အတွေ့အကြုံအချို့မှ အစပြုနိုင်ပါတယ်။ အရင်းအမြစ်ကို ရှာပြီးတာနဲ့ action ယူလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ခံစားချက်တွေကို စီမံခန့်ခွဲဖို့၊ သင်ယူဖို့က ဘယ်တော့မှ နောက်မကျသေးလို့ပါပဲ။

သင့်ရဲ့ခံစားချက်တွေကို ဖော်ပြဖို့ သင်ယူခဲ့သလား?

သင့်ခံစားချက်တွေကို မကြာခဏဖော်ပြဖို့ ဝန်လေးရတဲ့ အကြောင်းရင်းတွေက သင့်ကလေးဘဝကို ပြန်ရောက်သွားတတ်ပါတယ်။ တကယ်တော့ သင့်ရဲ့ စိတ်နေစိတ်ထားက တခြားသူတွေအား ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်လိုဖွင့်ပြောသလဲ ဆိုတဲ့အပေါ်မှာ လွှမ်းမိုးမှုရှိသလို သင့်ဘဝရဲ့ ပထမဆုံးသော အတွေ့အကြုံတွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ ကိုယ့်ခံစားချက်ကို ထုတ်ပြတာက အားနည်းတ့ လက္ခဏာတစ်ခုလို့ သွန်သင်ပေးခဲ့တဲ့ မိသားစုမှာ ကြီးပြင်းလာရင် ခံစားချက်ကို ချိုးနှိမ်ဖို့ သင်ယူခဲ့တာ ဖြစ်နိုင်ပါတယ်။ အမှန်တော့ သင့်ခံစားချက်တွေကို ဖော်ပြတဲ့အခါ သင့်ဆွေမျိုးတွေက ငြင်းပယ်တာမျိုး၊ အရှက်ခွဲခံရတာမျိုးဆိုရင် နောက်တစ်ကြိမ် ထပ်မလုပ်မိဖို့ သင်ယူပါလိမ့်မယ်။ အလားတူပဲ အရွယ်ရောက်ပြီးသူအနေနဲ့ သင့်ခံစားချက်တွေကို တုံ့ပြန်ရာမှာ လျစ်လျူရှုခံရတယ်ဆိုရင် သင်ဘယ်လိုခံစားရတယ်ဆိုတာကို ပြသတာက အဓိပ္ပာယ်မဲ့လွန်းတယ်ဆိုတဲ့ အယူအဆကို စိတ်ထဲမှာ ထည့်ထားတာ ဖြစ်နိုင်ပါတယ်။

အမှန်တကယ်တော့ emotional management ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုံလောက်တဲ့ စံနမူနာတွေရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ခံစားချက်တွေကို စီမံခန့်ခွဲရာမှာ ကျွန်တော်တို့ကို လမ်းညွှန်ပြီး နားထောင်ပေးလိုတဲ့ အသိစိတ်၊ မေတ္တာနဲ့ နားလည်မှုရှိသော မိဘတွေ လိုအပ်ပါတယ်။


သင့်ရဲ့ခံစားချက်တွေကို ဖော်ပြဖို့ အခက်အခဲ

အခြေအနေရဲ့ ဇစ်မြစ်ကို ကျော်လွန်ပြီး အရွယ်ရောက်ပြီးသည့်တိုင် သင့်ခံစားချက်တွေကို မဖော်ပြနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ သင်ဟာ သင့်ကလေးဘဝကို ခြားနားတဲ့နည်းဖြင့် အသက်ပြန်အသက်မသွင်းနိုင်သော်လည်း ယနေ့ပြဿနာကို ဆက်ရှိနေစေတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းနိုင်ပါတယ်။

၁။ self-esteem နည်းပါးခြင်း

သင့်မှာ ကျန်းမာတဲ့ self-esteem မရှိဘူးဆိုရင် ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြောဆိုခွင့် (သို့) ကွန်ပလိန်းတက်ခွင့်မရှိဘူးလို့ ခံစားရပါလိမ့်မယ်။ တကယ်တော့ သင်ခံစားရတဲ့အရာက အရေးမကြီးဘူးလို့ ထင်နေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘာသာ သိမ်းထားပါတယ်။ ပစ်ပယ်မှာကို ကြောက်တဲ့ အကြောက်က သင့်ရဲ့စိတ်ခံစားချက်အစစ်အမှန်ကို ထုတ်မပြဖို့ တားဆီးထားတာလည်း ဖြစ်နိုင်ပါတယ်။ အမှန်တော့ သင့်ရဲ့ခံစားချက်တွေကို တစ်ဖက်လူက ကိုယ့်ဆီကနေ ရုပ်သိမ်းသွားမှာကို စိုးရိမ်တာကြောင့် သင့်ခံစားချက်တွေကို ထုတ်မပြနိုင်တော့ပါဘူး။

အခြားတစ်ဖက်မှာ သင်ဟာ ကိုယ့်ရဲ့ပျက်စီးလွယ်တဲ့ self-esteem ကိုထိန်းသိမ်းဖို့အတွက် ကိုယ့်ခံစားချက်တွေကို မဖော်ပြတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ငြင်းပယ်ခံရမှာကို ကြောက်ရွံ့ခြင်းက သင့်စိတ်ခံစားချက်တွေကို ဖော်ပြရာမှာ အန္တရာယ်များလွန်းပါတယ်။ တကယ်တော့ သင့်ခံစားချက်တွေကို တံတိုင်းတစ်ခုနဲ့ ကာထားတာပါ။ ဒါက သင့်ကို အထီးကျန်စေပါတယ်။


၂။ ခိုင်မာစွာ ပြောဆိုတတ်မှုမရှိခြင်း

သင့်ခံစားချက်တွေကို ဖော်ပြခြင်းဟာ တဖက်လူက ကိုယ့်ကို နားလည်သဘောပေါက်ပြီး လိုက်လျောညီထွေ ပြုမှုခွင့်ပေးတဲ့ အတွေ့အကြုံတွေ ကြွယ်ဝစေသင့်၊ အကျိုးရှိသင့်ပါတယ်။ သို့သော်လည်း သင့်ကိုယ်သင် ဘယ်လိုဖော်ပြရမှန်း မသိတဲ့အခါ ပဋိပက္ခတွေကို ရှောင်ရှားဖို့ နှုတ်ဆိတ်နေဖို့ ရွေးချယ်လေ့ရှိပါတယ်။

အတိတ်မှာတုန်းက သင့်ရဲ့အတွင်းစိတ်ခံစားချက်တွေကို မျှဝေခြင်းဟာ အငြင်းအခုံ (သို့) နားလည်မှု လွဲမှားအောင် ဖန်တီးခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအကြောင်းကြောင့် အခြားသူရဲ့တုံ့ပြန်ချက်က သင်မျှော်လင့်ထားတဲ့အရာမဟုတ်တဲ့အတွက် အမှန်တရားကို ဖော်ပြမယ့်အစား ရှောင်လွှဲမှုနဲ့ ဆင်ခြေတွေကို အသုံးပြုဖို့ အဲဒီအချိန်ကစပြီး ဆုံးဖြတ်ခဲ့မှာပါ။

၃။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဉာဏ်ရည်

Emotional intelligence ဆိုတာက ခံစားချက်တွေကို ခွဲခြားသိမြင်နိုင်ခြင်း၊ နားလည်ခြင်းနဲ့ ဖော်ပြခြင်း စွမ်းရည်ဖြစ်ပါတယ်။ ကောင်းစွာ မသိနားမလည်တာကြောင့် သင်ခံစားရတဲ့အရာကို ဖော်ပြလို့မရပါဘူး။ စိတ်ခံစားမှုနဲ့ ပတ်သတ်ပြီး ကျယ်ပြန်တဲ့ ဝေါဟာရ အသုံးအနှုန်းတွေ မပိုင်ဆိုင်ထားခြင်းကြောင့် ခံစားရတဲ့ ခံစားချက်ကို ခွဲခြားသတ်မှတ်ဖို့ ခက်ခဲစေပါတယ်။ တကယ်တော့ ဒီစွမ်းရည်မရှိရင် သင့်အတွင်းကမ္ဘာကို နားလည်ဖို့ စီမံခန့်ခွဲဖို့နဲ့ တခြားသူတွေနဲ့ မျှဝေဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။


၄။ ငြင်းဆိုခြင်း

ဝမ်းနည်းမှု (သို့) ဒေါသကဲ့သို့သော စိတ်ခံစားချက်တွေ တည်ရှိမှုကို ဖုံးကွယ်ဖို့ ၊ ငြင်းဆိုဖို့ ကြိုးစားခြင်းကြောင့် သင်ခံစားရတဲ့အရာကို ဖော်ပြနိုင်ခြင်းမရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစိတ်ခံစားမှုဆိုင်ရာ အတွေ့အကြုံမျိုးတွေက အပျက်သဘောဆောင်တယ်လို့ သင်ခံစားရတာကြောင့်ပါ။ အမှန်က ဒါတွေကိုဖော်ပြခြင်းက အားနည်းခြင်း (သို့) ချုပ်တည်းမှုကင်းမဲ့ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သင်ထင်မြင်ပါတယ်။ သို့သော်လည်း ဒီယုံကြည်ချက်တွေက ဆင်ခြင်တုံတရားမဲ့ပြီး အခြားသူတွေကိုဖွင့်ဟ ပြောဆိုဖို့ ၊ သင့်စိတ်ပျက်မှုကို ဖော်ပြဖို့ (သို့) သင်လိုအပ်တဲ့အခါ အကူအညီတောင်းဖို့ သင့်ကိုယ်သင် ခက်ခဲစေပါတယ်။

သင့်ခံစားချက်တွေကို ဘယ်လိုစဖော်ပြမလဲ?

သင့်အတွင်းစိတ် အတွေ့အကြုံတွေကို မျှဝေခြင်းက ကျန်းမာပြီး အရမ်းလိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင်လုပ်ပါ။ ဒုတိယက သူတို့ဆီက သင်ဘာလိုအပ်လဲ၊ သင်ဘာခံစားရလဲ ဆိုတာကို တခြားသူတွေ သိအောင်ပြောပြပါ။ သင့်မှာ စိတ်ခံစားချက်တွေကို ဖော်ပြဖို့ အခက်အခဲရှိပြီး ဒီအခြေအနေကို ပြောင်းပြန်လှန်လိုပါက action ယူရပါမယ်။

ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ self-esteem ကိုမြှင့်ရပါမယ်။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးပြီး လက်ခံတတ်လာတဲ့အခါမှာ အခြားသူတွေရဲ့ ဒေါသ (သို့) ငြင်းပယ်ခြင်းကို သင်ကြောက်ရွံ့တော့မှာ မဟုတ်ပါဘူး။ ပြီးရင် သင့်စိတ်ခံစားချက်ဆိုင်ရာ ဝေါဟာရကို ချဲ့ထွင်ဖို့ ကြိုးစားရပါမယ်။ ဥပမာ- သင့်ခံစားချက်တွေကို ဖော်ပြဖို့ စကားလုံးအသစ်တွေ ရှာဖွေပြီး ” ကျွန်တော် နေလို့ကောင်းပါတယ်” , (သို့) ” ငါစိတ်မကောင်းပါဘူး” လို့သာပြောတတ်တဲ့ အကျင့်ကနေ ရုန်းထွက်လိုက်ပါ။ အဲဒီအခါမှာ သင့်ခံစားချက်တွေကို ပြောပြရတာ ပိုလွယ်လာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ တခြားသူတွကို ပြောဆိုတဲ့အခါ ခိုင်မာတဲ့ သဘောထားကို ခံယူပါ။ သင့်ရဲ့ စကားဝိုင်းကို မထိခိုက်စေဘဲ သင့်ရဲ့ထင်မြင်ယူဆချက်တွေ၊ ဆန္ဒတွေနဲ့ လိုအပ်ချက်တွေကို လွတ်လပ်စွာ ကြောက်ရွံ့ခြင်းမရှိဘဲ ဖော်ပြပါ။ ဒီနည်းဖြင့် နားလည်မှုလွဲမှားခြင်းကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-exploringyourmind


#ခံစားချက်
#ခံစားရ
#အရာ
#အတွေ့
#ခက်ခဲ

Some text some message..